Hein ThuSeptember 20, 20101min670
ကြယ်ကြွေချိန်ဆုတောင်း အာကာယံ ဟိုအထက်ဆီက သွေပြန်လေကြယ်တစ်ပွင့်ရယ် ပျယ်လွင့်ကာကြွေ….။ ကြယ်စင်ကြွေ ချိန်တွေတိုင်းမှာလ တောင်းဆုတွေချွေလျှင် ပြည့်တယ်လို့ ကြားဖူးပလေ…။ ကြားတိုင်းသာအမှန်ဖြစ်ရင်ဖြင့် တောင်းဆုတွေ မြန်ချွေချင်ပ ရွှေကြယ်စင် အလင်းလှရယ် နောက်တစ်ဖန်မြေမခအောင် တမ်းတ ဆုတောင်း…။


Hein ThuSeptember 16, 20101min520
မိန်းမတို့ ဘုန်း ယောက်ျားတို့ဘုန်း လက်ရုံး မိန်းမတို့ဘုန်း ဆံထုံး….။ မဟူရာအနက်သွေး ရှက်ပြေးကာ တစ်မူပို တစ်ပတ်လျှိုု ဆံထောက်ဝိုင်း ရစ်သိုင်းငယ်ဆို ။ ရစ်သိုင်းငယ်ဆံနွယ်မြတ်ကိုလ တိုနံ့နံ့ လိုအောင်ဖြတ်ပါလို့ ညို ၊ နီ ၊ ပြာ ရောင်စုံဆိုးတာကြောင့် ပင်ကိုယ်ဟန်မူမှာ ပျောက်ပြီပါ့ ဆိုးလှပေတကား ။


Hein ThuAugust 27, 20101min22911
ကြုံနေကျပြသနာများ အင်တာနက်ဆိုင်ထဲသို့ ကောင်လေးတစ်ယောက် ဝင်လာသည်။ ပြီးလျှင်လွတ်နေသည့် ခုံတစ်လုံးတွင် ဝင်ထိုင်သည်။ Google Search ကို ဖွင့်လိုက်သည်။ နာမည်ကြီး ဝက်ဘ်ဆိုက် တစ်ခုကို ဖွင့်၏။ ထိုဝက်ဘ်ဆိုက်က လူငယ်များအကြားရေပန်းစားနေ သော ဝက်ဘ်ဆိုက် တစ်ခု ။ အရင်ဆုံး member ဝင်ပြီးမှ သုံးလို့ရသည့်ဆိုက်မျိုး ။ ကောင်လေးက ထိုဝက်ဘ်ဆိုက်ကို တော်တော်ကြိုက်သဖြင့် လွန်ခဲ့သည့် တစ်ပတ်လောက်က sign up လုပ်ခဲ့ခြင်းဖြစ်သည် ။ ဒီကြားထဲစာမေးပွဲရှိသဖြင့် အင်တာနက်ဆိုင် သို့ မရောက်ဖြစ် ။ ယခု မှ လာသုံးခြင်းဖြစ်သည် ။ ဟော…ပေါ်လာပါပြီ ။ ဝက်ဘ်ဆိုက်၏ Home Page စာမျက်နှာ ။ ကောင်လေးက user name တွင် […]


Hein ThuAugust 24, 20101min18315
ပြီးခဲံတဲ့ တစ်ပတ်လောက်က ကျောင်းကခိုင်းလို့ မြို့ထဲကို ကျွန်တော်ရောက်ခဲ့ပါတယ်။ ကျောင်းက တစ်ပတ်တစ်ခါမှ အပြင် ထွက်ရတာဆိုတော့ အပြင်ထွက်ရတဲ့ ရက်ဆိုရင် အိမ်ပဲ ပြန်ဖြစ်တာ များပါတယ်။ မြို့ထဲကို မရောက်ဖြစ်တာတောင် တော်တော် ကြာပါပြီ ။ ကျောင်းက ခိုင်းတာလုပ်ပြီးတော့ နေ့လည် ၁၁ နာရီလောက်ပဲ ရှိပါသေးတယ် ။ အဲ့ဒါနဲ့ ကျောင်းကို ပြန်မဝင်သေးဘဲ အိမ်ပြန်မယ်ဆိုပြီး လှည်းတန်းကားဂိတ်မှာ မင်္ဂလာဒုံ ဘက်ပြန်မယ့် ကားကို စောင့်နေခဲ့ပါတယ် ။ တနင်္ဂနွေရုံးပိတ်ရက်ဆိုတော့ လှည်းတန်းကားဂိတ်မှာ လူတော်တော်များ  ပါတယ် ။ ကျွန်တော်ကားစောင့်နေတုန်း သားသားနားနား ဝတ်ဆင်ထားတဲ့ (အသက်ကတော့ ၄၅ နှစ်လောက်ရှိမယ်ထင်တယ် ) လူကြီးတစ်ယောက် ကျွန်တော့်နား ရောက်လာပါတယ် ။ ပြီးတော့ကျွန်တော့်ကို ပြောပါတယ် ။ […]