Flash Player ကိုလူတိုင်းသိကြမှာပါ … online media တွေကို ကြည့်ရှုတဲ့အခါမှာ ဒီ Flash player မရှိရင် မဖြစ်ပါဘူး …. ဒီကောင်ကတော်တော်ဒုက္ခ ပေးပါတယ် … oline ကနေ Adobe flash playerတိုက်ရိုက် update လုပ်တဲ့အခါမှာ အဆင်မပြေတာတွေအများကြီး ရှိပါတယ် …. ဒါကလည်း မြန်မာပြည် အင်တာနက်ကြောင့်ပါ…. ကျွန်တော် update လုပ်တဲ့အချိန်တိုင်း တဝက်တပျက် ပြတ်သွားတာချည်းပဲ … တစ်ခါတစ်လေ လိုင်းတော်တော်ကောင်းရင်တော့ update လုပ်လို့ရပါတယ် … ဒါပေမယ့် ရှာရင်း အခုတင်ပေးထားတဲ့ ဖိုင်လေးကိုသုံးလိုက်တာ တော်တော်အဆင်ပြေတယ်ဗျ … ဒါကြောင့်မို့ ကျွန်တော်တို့ရွာထဲကလူတွေလဲ အလွယ်တကူ သုံးလို့ရအောင် ပြန် share ပေးလိုက်ပါတယ် …. […]


၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်ကာ Myanmar Inspirations Exam Center တွင် ဖြေဆိုမည့် စာမေးပွဲများအားလုံးအတွက် စာမေးပွဲကြေးသာ ပေးသွင်းရတော့မည်ဖြစ်ပါသည်။   Myanmar Inspirations တွင် Cisco Systems မှ စစ်ဆေးသော CCNA, CCNP, CCDP, CCDA, CCNA Security, CCNA Service Provider Operations, CCNA Wireless အစရှိသော စာမေးပွဲကြေးများကို အောက်တွင် ဖော်ပြထားပါသည်။ Myanmar Inspirations Exam Center တွင် မိမိဖြေဆိုလိုသော စာမေးပွဲများကို တစ်ခါတည်း ငွေပေးသွင်း၍ ချက်ချင်း ဖြေဆိုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။     Cisco […]


ယနေ့ နံနက် ၈ နာရီခန့် …. အလုပ်သွားရန် လိုင်းကားစီးအလာ …. ၁ဝ မိုင်ကုန်းကျော်တော့ စတွေ့ရတာ လုံထိန်းတွေ …. ပထမတုန်းကတော့ ဘာမှန်းမသိ … နောက်တော့ သတိရသွားသည် …. ဒီနေ့ အမေစု ရန်ကုန်ကို ပြန်လာမယ့်နေ့ပဲ …. ၉ မိုင်ခွဲရောက်တော့ ခေါင်းစည်းတွေ … အလံငယ်လေးတွေ … အလံကြီးတွေ… ဓါတ်ပုံကြီးတွေ …. ကြိုဆိုရေးစာတန်းတွေ …. တီရှပ်အနီတွေနဲ့ တွေ့လိုက်ရသော ကြိုဆိုရေး အဖွဲ့ ၁ ဖွဲ့… သူတို့  မျက်နှာလေးတွေ ကြည့်ရတာ တစ်ခုခုကို စိုးရိမ်စိတ် ဝင်နေသလိုပဲ … ပျော်ချင်သလောက် မပျော်နိုင်ကြ … သူတို့ အလွန် လုံထိန်းကား ၈ […]


ကျွန်တော်တို့ ရွာထဲမှာ ဓါတ်ပုံဆရာကြီးတွေအများကြီးရှိတယ်ဆိုတာသိပါတယ် … ဆရာတို့ပြောသလို ကလိဖို့ကလဲ မတတ်တော့ကိုယ့်ဟာကို စမ်းပြီးတော့ ကလိပြီး အတွေ့အကြုံလေးတွေ ကို ဝေမျှလိုက်ရပါတယ် …. တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ …. ဒိပိုစ့်လေးဟာ မသိသေးတဲ့ လူတွေအတွက်ရည်ညွန်းပါတယ်… Facebook သုံးတဲ့သူတွေတော်တော်များများ ကြုံတွေ့ဘူးမှာပါ …. ဓါတ်ပုံတစ်ပုံ တင်လိုက်ပြီ ဆိုရင် တမေ့တမော စောင့်ခဲ့ရတာတွေ …. တဝက်တပျက်နဲ့ ပြတ်သွားတာတွေ …. ကျွန်တော်ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် …. ကွန်နက်ရှင်ကောင်းရင်တော့ မပြောလိုပါ … သို့သော် ကွန်နက်ရှင် နှေးနေတဲ့ အခါကျရင် တော်တော်ကို စိတ် ရှည်ရပါတယ် …. အဓိကတရားခံကတော့ ဖိုင်ဆိုဒ်ပါ …. ကျွန်တော်တို့ ကင်မရာကနေ ကော်ပီလုပ်လိုက်တဲ့ ဓါတ်ပုံဖိုင်တစ်ဖိုင်ဟာ အနည်းဆုံး 2 […]


ဟောင်းနွမ်းနေသော ဝန်ကြီးများရုံး အတွင်းပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားသောနေရာကို အင်္ဂလန်မှ မဒမ်းတူးဆော့ကဲ့သို့ ဖယောင်းရုပ်တုပြတိုက် ပြုလုပ်သွားရန် ကုမ္ပဏီတစ်ခုအား လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ “ကျွန်တော်တို့ပစ်ထားတာလည်းကြာပြီ။ အခုတော့ ဒေါ်လဲ့ရည်စိုးတို့ ပါတဲ့အဖွဲ့၊ အနုပညာလုပ်တဲ့အဖွဲ့ ယာယီအားဖြင့် ဦးစားပေး ရွေးချယ်ထားပါတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတဲ့နေရာကို အင်္ဂလန်က မဒမ်တူးဆော့လို ဖယောင်းရုပ်နဲ့ လုပ်သွားမှာပါ” ဟု ဝန်ကြီးက ဧပြီလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ အဆိုပါ အတွင်းဝန်ရုံးဟောင်း (ဝန်ကြီးများရုံး) ကိုလုပ်ပိုင်ခွင့် လျှောက်ထားသောအဖွဲ့ ငါးဖွဲ့ရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရေ ွှ( ဇေကမာ္ဘကုမ္ပဏီ) လည်း ပါဝင်ကြောင်း၊ အလားတူ ပန်းဆိုးတန်းလမ်းမဘေးရှိ ဗဟိုတရားရုံးဟောင်းအား ဦးသိန်းထွန်း၏ ကုမ္ပဏီမှ ပြုပြင်မွမ်းမံခွင့် […]


ရန်ကုန်၊ ဧပြီ ၃၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။ “အလျှော့ပေး လိုက်တာလားလို့ မေးရင် ဟုတ်ပါတယ်။ အလျှော့ပေးလိုက်တာပါ။ ပြည်သူ့ဆန္ဒအတွက်ပါ” ဟု ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် မေလ ၂ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ဖွယ် ရှိကြောင်း မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာနေသူများက ခန့်မှန်းပြောဆိုသည်။ […]


ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂ ရက်နေ့က ပြဋ္ဌာန်းခဲ့သော  လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့ အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်မှ အနားယူပြီး ပင်စင်လစာ ရရှိရန်မှာ လုပ်သားတစ်ဦးသည် လုပ်ငန်း တစ်ခုတည်းတွင် အနည်းဆုံး လုပ်သက် ၁၅ နှစ် ရှိရမည့်အပြင် အလုပ်ရှင်နှင့် အလုပ်သမားတို့မှ လစဉ် အချိုးကျ သတ်မှတ်နှုန်းထား ပမာဏကို […]


တနေ့က ကျွန်တော်တို့ ရပ်ကွက်ထဲက အန်တီကြီး တစ်ယောက် ဖုန်းသွားဝယ်တယ် … ဘယ်သူ ဘယ်လိုညွှန်လိုက်လဲမသိဘူး WCDMA နှစ်လုံးတောင်ဝယ်လာတယ် … handsent က  Nokia 2700 (China) ပုံစံ နဲ့ ထည့်ထားတယ် … ဝယ်ပြီး ညနေပဲ ကျွန်တော့် အိမ်ကို ရောက်ချလာတယ် … သားကြည့်ပေးပါအုံးတဲ့ … ဘာမှလုပ်လို့မရဘူးဆိုပြီး ….ကျွန်တော်လဲ တတ်သလောက် မှတ်သလောက် ဟိုကလိ ဒီကလိပေါ့ … ကျွန်တော်ကြည့်လိုက်တော့ တစ်လုံးက လိုင်း တစ်တုံးပဲမိတယ် … နောက်တစ်လုံးက no network ဆိုပြီးပေါ်နေတယ် … သူ့ကို ပြန်မေးကြည့်တော့ … မြို့ထဲက ဟန်းဆက်ဝယ်တဲ့ဆိုင်က လုပ်ပေးလိုက်တုန်းက ဆက်လို့ရသေးတယ်တဲ့ … မင်္ဂလာဒုံရောက်တော့ […]


ဒီခေါင်းစဉ်ကို တွေ့လိုက်ရင်ပဲ ခရီးသွားခေါင်းစဉ်တစ်ခုဆိုတာ လူတိုင်းသိမှာပါ … ဟုတ်ပါတယ် … သင်္ကြန်ရုံးပိတ်ရက်ရှည်မှာ ခရီးတစ်ခုထွက်မယ်လို့ ကြိုတင်စီစဉ်ထားပြီး သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့က နေ စပြီးတော့ အဲဒီခရီးစဉ်ကို ထွက်လာခဲ့ပါတယ် … ထွက်လာတယ်ဆိုရင်ပဲ ကိုု်ယ်မရောက်ဘူးတဲ့ နေရာကိုရောက်တော့မှာမို့  အပျော်တွေ အပြည့်နဲ့ ပေါ့ဗျာ …ရောက်တော့လဲ နေထိုင်လို့ကောင်းလိုက်တာဗျာ … ရာသီဥတု … ရှုခင်း … မြို့သူမြို့သားတွေရဲ့ ယဉ်ကျေးပျူငှာမှု … ရိုးသားမှု … စသည်တို့ကို မြင်တွေ့လိုက်တဲ့ အခါမှာတော့ ရန်ကုန်ကို ပြန်ကို မပြန်ချင်တော့ဘူး … သာမောဖွယ် ရှုခင်းများကို ရွာသူရွာသားတွေဆီကို share ပေးလိုက်ရပါတယ် ….   ပင်းတယလှိုဏ်ဂူတော် အတွင်းတစ်နေရာ


Window XP သုံးနေတဲ့ လူတွေတော့ ဒီ Error ကို မြင်ဘူးကြမှာပါ …. အခု Window 7 မှာ တော့ ဒီအားနည်းချက်တွေကို ပြင်ဆင်ပြီးသားပါ …. အဲဒီဖိုင်ပျောက်ရင် window မတက်တော့ပါဘူး …. အဲဒါကြောင့် အမြန်ဆုံး ပြုပြင်နည်းလေးကို share လိုက်ရပါတယ် …. သိပြီးသားတွေဆိုရင်လဲ ခွင့်လွှတ်ပါ …. ဒီနည်းကတော့ အလွယ်ဆုံးပါ ၁။     အရင်ဆုံး Hiren Boot CD (version 13 or later ) အခွေရှိဖို့လိုအပ်ပါတယ် ၂။     BIOS မှာ Boot ကို Optical Drive ကို 1st Boot ပြောင်းပေးရပါမယ် ၃။    […]


ရွာသူ ရွာသားများခင်ဗျား …. ရွာထဲမှာ ဖုန်းအကြောင်းသိတဲ့ လူလေးများရှိရင် ပြောပြပါအုံးခင်ဗျ …. GSM နဲ့ WCDMA ဘာကွာတာလဲဆိုတာ …. မန်ဘာအသစ်ဖြစ်လို့ ရောက်ရောက်ချင်း ဦးနှောက်ဖောက်စားတယ်လို့တော့ မထင်ကြပါနဲ့ ….. တစ်ကယ်သိချင်လို့ပါ …..