HM SApril 30, 20123min27023
ယဉ်ကျေးလိမ္မာ၊ ဂရုဏာထားတဲ့ အပြုအမူတွေ ပျောက်ဆုံးသွားပြီလား? ရိုင်းစိုင်းသလိုဖြစ်သွားရတဲ့ အမူအကျင့်တွေအတွက် ကျွန်တော်တို့မှာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့…အဲဒီအပေါ်မှာ ဆင်ခြေပေးလို့တော့ မရပါဘူး။ ဒါဖြင့် ဘယ်လိုနည်းလမ်းတွေ သုံးပြီး ပိုယဉ်ကျေးလာအောင်လုပ်ကြမလဲ? ကမာ္ဘလောကကြီးတစ်ခုလုံး ပျက်သုန်းသွားတော့မယ် (ဒါမှမဟုတ်) ချောက်ထဲကျတော့မဲ့ ကမာ္ဘကြီး တစ်ခုလုံးကို ဒူးတစ်ဖက်ထဲနဲ့ ထိမ်းထားရတဲ့ အခြေအနေမျိုးမှာတောင် တစ်ချက်လောက်ပဲ ငဲ့ကြည့်ပြီး အပူအပင်မရှိ လပေါ်အထိ မက်ဆေ့ ပို့နေနှိုင်ကြတဲ့ လူတွေရှိပါတယ်။ ဒီလိုမျိုး ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ ဖြစ်ရပ်မျိုးကို ကျွန်တော်တို့ နေရာတကာမှာ တွေ့နေရပါပြီ။ ဒီဖြစ်ရပ်တွေအားလုံးက လူတွေဟာ ဘယ်တုန်းကမှ ပိုပြီးရိုင်းစိုင်းလာမှုမရှိပါဘူးဆိုတဲ့ အနုမာနသုံးသပ်ချက်တွေ မှန်ကန်ကြောင်း သက်သေပြဖို့ အားဖြည့်ပေးနေသလိုပါပဲ။ “အလျင်စလို လုပ်ဆောင်ရမှုတွေ၊ အရင်နဲ့စာရင် အားလပ်ချိန်တွေ ပိုပြီးရှာပါးလာတာတွေကြောင့် ယနေ့အခါမှာ လူတွေဟာ လွန်ခဲ့တဲ့အနှစ်(၅၀) လောက်နဲ့စာရင်ပိုပြီးရိုင်စိုင်းလာကြပါတယ်” […]