maung hninkharrNovember 10, 20111min801
“မုန်းတီးခွင့်” အိပ်မရတဲ့ အချိန် မင်းအကြောင်း တွေးမိတာ အချစ် နဲ့ အမုန်း ထိပ်တိုက်တွေ့ ပေးသလိုပဲ   နွေခေါင်ခေါင်မှာ နှင်းကျသလို မင်းကို ချစ်မိတာ ကို့ယို့ကားယား နိုင်လှပါတယ်။   အချစ်ရဲ့ သူရဲကောင်းတွေထဲ ငါကလည်း . . . ဖွင့်မပြောရဲ့တဲ့ သူရဲကောင်းလေးပါပဲ။   သွေးဝနေတဲ့ ဓားတစ်လက်က သွေးထပ်မသောက်ချင်သလို မင်းကို မုန်းမိအောင် ဖန်တီးပေးပါလား ? ကောင်မလေးရေ . . . xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ချစ်သူ . . . အလင်းဖွဲဖွဲသာ ပေးနိုင်တော့တဲ့ ကောင်းကင်က မျက်ရည်ပေါက်တွေ ကျလာတော့မယ်လေ ဒီတစ်ခါလည်း ‘လေး’ ကြိုးပြတ် ပြန်ပြီလား ကံဆိုးခြင်း၊ ကံကောင်းခြင်း အားလုံးသိတဲ့ […]


maung hninkharrOctober 16, 20111min1164
“ဆက်စပ်မှု” ‘ဟေ့ မောင်လှ၊ မင်းရဲ့ drum kit ကိုရောင်းလိုက်တယ်လို့ ငါကြားတယ်။ ဘာဖြစ်လို့လဲ’ ‘ဘေးခန်းအိမ်က သေနတ်ဝယ်တယ်လို့ မတော်တဆ ငါသိလိုက်ရလို့ဟေ့’ ——————————————————————————————————————— “ပင်စင်စား” ‘ခင်ဗျားသား ၊ ကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးသလဲ’ ‘ဒီပုံစံအတိုင်း ဒီကောင်စာသင်နေရင်တော့ ကျောင်းလဲပြီးရော၊ ပင်စင်စားလဲ ဖြစ်ရောပဲလို့ ထင်တာပဲ’ ——————————————————————————————————————— “ဘဝတူချင်း မတင်စီးနဲ့” ထောင်ထဲတွင်ဖြစ်သည်။ သူခိုးနှစ်ယောက် တစ်ခန်းထဲ အတူကျသည်။ တစ်ယောက်က နာရီသူခိုး၊ နောက်တစ်ယောက်က နွားသူခိုး ဖြစ်သည်။ နွားသူခိုးက နာရီသူခိုးကို ကျီစယ်ရန် စိတ်ကူးပေါ်လာသည်။ ‘ဟေ့ကောင်၊ ဘယ်နှစ်နာရီရှိပြီလဲကွ’ ဟုမေးလိုက်ရာ ‘နာရီ အတိအကျတော့ မသိဘူး၊ ဒါပေမယ့် နွားနို့ညှစ်ချိန်ရောက်ပြီထင်တယ်’ ဟု နာရီသူခိုးက ပြန်ဖြေသည်။ ——————————————————————————————————————— “နမှုနာ” […]


maung hninkharrOctober 13, 20111min1266
“မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။“ ကျွန်တော် ဒီ Post ကိုရေးတာ မသိသေးတဲ့သူတွေ သိသွားအောင်ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းပါ။ကျွန်တော်ဖတ်ခဲ့ဖူးသမျှထဲကနေ ပြန်ရေးပေးတာ ဖြစ်ပါတယ်။   အမရပူရမြိ့ရှိ ဦးပိန်တံတားအား ပုဂံမင်းလက်ထက် အမရပူရမြို့ဝန်၏တပည့် မြို့စာရေး ဦးပိန်က သက္ကရာဇ် (၁၂၁၁) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါသသည်။   မြန်မာနှင့် ကမာ္ဘ့ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု (၁၉၅၄) ခုနှစ်၊ ဇွန် (၅) ရက်နေ့တွင် ဧရာဝတီတိုင်း၌ဖြစ် ပွားခဲ့ပါသည်။ ကရင်သောင်းကျန်းသူ သုံးဦးက မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ (UBA) ပိုင် ဒါကိုတာ လေယာဉ်အမှတ် (XYACT) ကို ပြန်ပေးဆွဲခဲ့ပါသည်။   မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်ဝေခဲ့သော သတင်းစာမှာ – The Maulamain Chronicle သတင်းစာ ဖြစ်ပြီး တနသာင်္ရီတိုင်းမင်းကြီး […]


maung hninkharrOctober 6, 20111min500
အပိုင်း (၆) အခုဆို မေသနာ္တသည် အသက် ၆ဝနားကပ်နေပြီ။ သို့သော်ကျန်းမာနေသေးသည်။ သူခြံထဲမှာနေရတာ မပျော်။ သားတွေကို ပြောပြီး သူ့တိုက်ခန်းလေးမှာပြန်နေချင်သည်။ ဘာဖြစ်မှန်းမသိ။ အခုလပိုင်း အတွင်းမှာ သူ့တိုက်ခန်းလေးကို လွမ်းဆွတ်သတိရနေသည်။ နောက် . . . နှစ်များစွာက မမက်ဖြစ်တော့သည့် အိပ်မက်ကို ပြန်မက်သည်။ သုံးလေးခါရှီပြီ။ တစ်ချီန်တုန်းက မမက်ဖြစ်မှာကြောက်နေသည့် အိပ်မက်လေးတစ်ခု ။ အခုတော့ ဒီပြင်စိတ်တွေ မရှီပေမယ့် အပြင်လောကမှာ တစ်ကယ်ရှီတယ်ဆိုလျှင်တော့ မသေခင်မြင်ဖူးချင် သေးသည်။ တစ်ခါက စိတ်အာရုံများစွာကို စိုးမိုးခဲ့ဖူးတဲ့ လူတစ်ယောက်ကိုပေါ့။ တိုက်ခန်းလေးကိုရောက်တော့ စိတ်ထဲမှာ ငြီမ်းအေးသလိုခံစားလိုက်ရသည်။ အီမ်ဖော်တွေကို ထားစရာရှီတာထားခိုင်းပြီး ဝရန်တာလေးသို့ ထွက်လာ သည်။ အရင်ကထက်တော့ လမ်းလေးက ပြောင်းလဲသွားသည်။ အပိုင်း (၇) မင်းလတ်သည် […]


maung hninkharrOctober 6, 20111min781
“အိပ်မက်” အပိုင်း (၁) မင်းလတ်သည် အိပ်ယာမှ နိုးလာသည်။ သူ့ခေါင်းထဲမှာ ထိုကောင်မလေး၏ ပုံရိပ်ပဲ စွဲထင်နေသည်။ သည်အိပ်မက်ကို မက်တာ ၆လကျော်နေပြီ။ ပထမတော့ ၃ပတ်မှ တစ်ခါ နှစ်ခါ ၊ အခုတစ်လော ပိုစိပ်လာသည်။ ၃ရက်ကို တစ်ခါလောက် အိပ်မက်မက်လာသည်။ သူ . . . အိပ်မက်ကနိုးတိုင်း စိတ်ထဲမှာ လွမ်းဆွတ်နေမိသည်။ ဘာကို လွမ်းလို့ လွမ်းမှန်းမသိ။ ထိုကောင်မလေးကိုလည်း ဖြစ်နိုင်သည်။ ဒီနေ့ မက်တာက သူနဲ့ကောင်မလေးနှင့် ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားနေသည်။ ကောင်မလေးက သူ့ကို စကားပြောနေသည်။ သူ့စကားပြောဟန်လေးက ချစ်စရာလေးဟု မင်းလတ်တွေးမိသည်။ ကောင်မလေးက သူ့ကိုယ်သူ ‘မေ’ ဟုသုံးနှုန်းပြီး မင်းလတ်ကို ‘ကိုမင်း’ ဟု ခေါ်သည်။ […]


maung hninkharrSeptember 29, 20111min944
“ဝှက်ဖဲလေးနှစ်ချပ်” အဲ့ဒီနေ့ပါဘဲ။ အဲ့ဒီနေ့မှာပေါ့ ကောင်မလေးတစ်ယောက်ကို တွေ့တာ။ ရိုးရိုးလေးပါ။ကောင်မလေးတစ်ယောက်  ပန်းရောင်အကျႋလေးနဲ့ ကပိုကယို အလှဆင်လို့လေ။ ကျွန်တော့်ရှေ့ကို လျှောက်လှမ်းလာတယ်လေ။ ‘ထိုင်ခုံလွတ်မရှိလို့ ထိုင်မယ်နော်’တဲ့။ အဲ့ဒီအချိန်ကတည်းက ကျွန်တော်သိလိုက်ရမှာ သူဟာ ကျွန်တော့်ရဲ့ အော်ရိုရာ (အာရုဏ်ဦး နတ်သမီး) လေးဖြစ်မယ်ဆိုတာကို။ ဘာကိုမှ လေးလေးနက်နက်မရှိတဲ့ ကျွန်တော်ခဏလေးအတွင်းမှာ မေ့ပျောက်သွားတယ်လေ။  သူငယ်ချင်း တွေရဲ့ကောင်းမှုကြောင့်ဘဲ သူတို့နှင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လေ။ ခံစားချက်ခြင်း ခံယူပုံခြင်းတူတဲ့ ကျွန်တော်တို့ ခဏလေးအတွင်းမှာလဲ တော်တော်ရင်းနှီးသွားတယ်လေ။  နောက် သူလည်းကျွန်တော့်လိုဘဲ လက်ဘက်ရည် ဆိုင်ထိုင်ရတာကို နှစ်သက်မြတ်နိုးတဲ့သူတစ်ယောက်ပေါ့။ ကျွန်တော်နဲ့သူ  လက်ဘက်ရည်ဆိုင်ရင်း ကျွန်တော်တစ်ကိုယ်တည်း ခံစားမိတဲ့ လမ်းဘေးလက်ဖက်ရည် ဆိုင်ထိုင်ခြင်းရဲ့ Feel ကို ပြောပြဖြစ်တယ်။ “လမ်းဘေး လက်ဖက်ရည်ဆိုင်က လွတ်လပ်ခြင်းကိုပေးတယ်လေ။ စီတ်အညှစ်အကြေးတွေကို ခဏမေ့ထားပေးတယ်။ […]


maung hninkharrSeptember 28, 20111min1077
“ယာဉ်နံပါတ်နဲ့ ရင် နံပါတ်” ‘ဟဲလို ဟဲလို၊ ကျွန်မကို ကူညီပါရှင်၊ ပလာဇာမှာ ဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကိုပြန်လာတာ၊ ကားပေါ်မှာ အဝတ်အစားတွေ ပါသွားလို့ အကျႋတွေက တစ်ထည်ကို သုံးသောင်းလာက်တန်တယ်ရှင့်’ ‘ဟုတ်ကဲ့ ကူညီပြီး ရှာပေးပါမယ်၊ ဒါထက် ယာဉ်နံပါတ် မသိဘူးလား ခင်ဗျာ’ ‘သိပါတယ်ရှင်၊ ရင် ၃၆၊ ခါး ၂၂၊ တင် ၃၈ ရှိပါတယ်ရှင်’ =========================================================== “မေမေ့စကား” ‘လက်ရေးညံ့လိုက်တာကွာ၊ မင်းကို နေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်က ဘာမှ ဂရုမစိုက်ဘူးလား’ ‘ကျွန်တော့် မေမေက ပြောတယ်ဆရာမ၊ ငါ့သား လက်ရေးကမလှလည်း ကိစ္စမရှိဘူးတဲ့၊ ဘယ်သူမှ မဖတ်တတ်ရင် နေပါစေတဲ့၊ ကြီးလာရင် ဆရာဝန်လုပ်ခိုင်းမှာတဲ့’ =========================================================== “ဗေဒင်ဆရာ” ဗေဒင်ဆရာ      […]


maung hninkharrSeptember 27, 20111min2348
“ဟိုမရောက် ဒီမရောက်ဝတ္တုတို”   ဒီနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။ ဒါဆိုမနက်ဖြန် တနသာင်္နေ့ပေါ။ ဒီလိုနဲ့ပဲ ကျွန့်တော့်ဝတ္ထုစတင်သည်။ ဝတ္ထုထဲမှာ ဇာတ်လိုက်မပါဘူး။ မင်းသမီးမပါဘူး။ သူတို့အစဉ်ပြေအောင်ပို့ပေးမယ့် ဇာတ်ပို့ မပါဘူး။အိမ်ခန်း ဒါမမဟုတ် အင်းယားကန်ဘောင်စတဲ့ မြန်မာကားလို မစဘူး။ ဟိုမရောက် ဒီမရောက်နဲ့စတင်တယ်။ ဗန္ဓုလ က ကျွဲခတ်ခံရပြီး နတ်ရွာစံတယ်။ ပီမိုးနှင်းက ဆိုက်ကားတိုက်ခံရပြီး ဆုံးတယ်။ ကျွန်တော်ကတော့ ဟိုမရောက် ဒီမရောက်ဝတ္ထုကိုဆက်ရေးနေတုန်းပဲ။ ကျွန်တော့် သူငယ်ချင်းကလာပြီး ဧရာဝတီမြစ် အကြောင်းလာပြောတယ်။ ကျွန်တော်က ကမာ္ဘပျက်တဲ့ကားကြည့်နေတယ်။ အမေကတော့ ထမင်းစားချိန်ရောက်ပြီလို့ လာပြောတယ်။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင် ရောက်သွားတယ်။ ကျွန်တော်က ကဗျာအကြောင်းပြောမယ်လို့ စိတ်ကူးရင်း ကောင်မလေးတွေ အကြောင်းရောက်သွားတယ်။ သတိထားမိတော့ ကျွန်တော် အိပ်ယာထဲရောက်နေပြီ။ ဒီလိုနဲ့ ကျွန်တော် နိုးဖို့အတွက် […]


maung hninkharrSeptember 26, 20111min755
“ဘာအချိုးလဲ” ကိုလှသည် စားသောက်ဆိုင်တစ်ဆိုင်၌ ထမင်းသွားစားသည်။ အတော်ကြာအောင် အော်ဟစ်မှ စားပွဲထိုးလေးတစ်ယောက် သူ့အနားရောက်လာ၏။ ထိုစားပွဲထိုးကလေးသည် ကိုလှ အားရိုင်းရိုင်းပျပျပင် အော်ဟစ်ဆက်ဆံ၏။ ကိုလှသည် သည်းမခံနိုင်တော့၊ ဒေါ်သထွက်လာ၏။ မန်နေဂျာကို တိုင်၏။ မန်နေဂျာက စားပွဲထိုးကလေးကိုခေါ်ပြီး ပြစ်တင်ကြီမ်းမောင်းလေ၏။ “ဟေ့၊ ဟောဒီလူကြီးမင်းက ခွေးလို အကျယ်ကြီးဟောင်ပြီး မင်းကိုခေါ်နေတာတောက် မင်းက ဂရုမစိုက်ဘူးဆိုကွ၊ အေး. . .မင်း ဒီပုံအတိုင်းဆက်သွား၊ ဘယ်ခွေးမှ ဒီဆိုင်မှာ လာစားမှာမဟုတ်ဘူး။” ဟူ၏။ ========================================================== “ရိုက်မှာစိုးလို့” ‘သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့အနေနဲ့ အန်တီ့ကို မွှေးမွှေးပေးလိုက်ပါဦး’ ‘ဟင့်အင်း ၊ သားကြောက်တယ်မေမေ’ ‘ဘာဖြစ်လို့လဲ’ ‘မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်လိုက်တယ်ဗျ။’ ========================================================== “သဘာဝ” […]


maung hninkharrSeptember 21, 20111min1003
“အမှတ်တရ” ရှင်ကွဲဟာ ငါ့ကို ဘူတာ အမှတ်နဲ့ ဆိုက်ရောက်လာချိန် . . . ‘မင်း’ မျက်နှာမှာလည်း မိုးတွေညိုလို့ . . . ကောင်မလေးရေ . . . မင်း မငိုနဲ့ဦး မျှော်လင့်ချက် မှိန်မှိန်လေးကြားမှာ ငါလည်း ကံကြမ္မာကို ခံစစ်နဲ့ ကစားသွားချင်တယ်။ ‘မင်း’ မငိုနဲ့ဦး  ချစ်သူရယ်။ ငါ့ကို ဆုပ်ကိုင်ထားတဲ့ ‘မင်း’လက်တွေ ကြိုးဖြေလိုက်နော် . . . လမ်းရဲ့ သယ်ဆောင်ရာဆီ မင်းသွားပါ ဒီဘဝရဲ့ အချိန်ခဏတာလေးထဲ ဘာပဲဖြစ်ဖြစ် စိတ်မညစ်ကြေး ‘မင်း’ ကို ချစ်ခဲ့ဖူးတယ် ဆိုတာလေးကို ‘ငါ’ သိမ်းထားသးတယ်။   “ကျွန်တော်နဲ့ ၄ ပေ x […]


maung hninkharrSeptember 14, 20111min1419
“မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။” ကောင်းကင်ဘုံ ကိန်းဂဏန်းလို့ခေါ်တဲ့ ‘1.618’ ဟာ လောကကြီး တစ်ခုလုံးကို တည်ဆောက်ထားတဲ့ အချိုးအစားပါ။ အဲ့ဒီ ‘1.618’ ရဲ့ တန်ဖိုးကို ဖီ (PHI) လို့ခေါ်တယ်။ ကမာ္ဘလောကကြီးကို ဖန်ဆင်းတဲ့ ဗိသုကာကြီးဟာ သက်ရှိသက်မဲ့ အရာဝတ္ထုတိုင်းကို ‘1.618’ ဆိုတဲ့ သချာင်္ဂဏန်းနဲ့ အချိုးကျ တည်ဆောက်ခဲ့တယ်။ ကြိုက်တဲ့ ထင်းရှူးသီးတစ်လုံးကို ကောက်ယူလိုက်ပါ။ ထင်းရှူးသီးရဲ့ ပတ်ပတ်လည်မှာ အကြေးခွံပုံသဏ္ဌန် အရွက်တွေ အဆင့်လိုက် အဆင့်လိုက်စက်ဝိုင်းပုံ ရစ်ခွေနေတာ တွေ့ဖူးတယ် မဟုတ်လား။ အပေါ်အရစ်မှာ ရှိတဲ့ အရွက်အရေအတွက်ကို အောက်အရစ်မှာ ရှိတဲ့ အရွက်အရေအတွက်နဲ့ စားရင် 1.618 ရတယ်။ ခြင် ၊ ယင်ကောင် ၊ ပုရွက်ဆိတ် စတဲ့ ကြိုက်ရာ အင်းဆက် […]


maung hninkharrSeptember 14, 20111min1365
      “မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။”   Q – “လီယိုနာဒိုဒါဗင်ချီ ဆွဲခဲ့တဲ့ ပန်းချီကားတွေထဲမှာ  မိုနာလီဇာဆိုတဲ့ ပန်းချီကားဟာ အရမ်းထူးခြားတယ်လို့ နာမည်ကြီးတယ်၊ အဲ့ဒီပန်းချီကားကို ပုံတူအဆွဲခံတဲ့ မိုနာလီဇာ ဆိုတဲ့ အမျိုးသမီးဟာ ဘယ်သူလဲ?” A – “မိုနာလီဇာ ဆိုတာ မိန်းမတစ်ယောက် မဟုတ်ပါဘူး၊ အဲ့ဒီပန်းချီကားဟာ လီယိုနာဒိုဒါဗင်ချီကိုယ်တိုင် သူ့ပုံတူကို သူမိန်းမအဝတ်အစားဝတ်ပေးပြီး အမျိုးသမီးအသွင်အပြင်ပေါက်အောင် ဆွဲထားတာပါ၊ လီယိုနာဒိုဒါဗင်ချီဟာ တစ်ခါ တစ်ခါ မိန်းမစိတ်ပေါက်နေတဲ့ Homosexual တစ်ယောက်ပဲ . . . “ Q – “မိုနာလီဇာဟာ ဖရန်ဆက်စကို ဂျီယိုကွန်တာ ဆိုတဲ့ ကုန်သည်ကြီးရဲ့ ဇနီးလို့ ဖတ်ဖူးတယ်။” A – “အဲ့ဒါကို မှတ်ချက်ပေးသွားတဲ့ ဝေပန်ရေးဆရာရဲ့ […]


maung hninkharrSeptember 12, 20111min1429
                                               “မသိသေးသူများအတွက်သာရည်ရွယ်ပါသည်။“ Q – “တိရစာ္ဆန်တွေထဲမှာ အသိဉာဏ်အနည်းဆုံးသတ္တဝါလို့ သိပ္ပံပညာရှင်တွေက သတ်မှတ်ထားတာ ဘာအကောင်လဲ” A – “ကြက်ဆင်ပါ . . . မိုးရွာချလို့ တစ်ကောင်လုံး စိုုနေရင်တောင် မိုးလွတ်တဲ့နေရာခိုဖို့ ဗီဇအသိဉာဏ် မပါလို့ပါပဲ . . .”   Q – “လူတော်တော်များများက ဒီဇင်ဘာ ၂၅ ရက်နေ့ကို သခင်ယေရှုရဲ့မွေးေနေ့လို့ ပြောကြတယ်။ ဒါပေမယ့် ဂန္ဓာရီကျမ်းတစ်အုပ်ထဲမှာကျတော့ ယေရှုကို မွေးတာ မေလထဲမှာ ဖြစ်နေတယ်။ ဘာဖြစ်လို့အဲ့ဒီလို ကွဲလွဲနေတာလဲ” A – “ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုတွေ တစ်ခုနဲ့တစ်ခု ရောနှောပေါင်းစပ်သွားလို့ပါ၊ တကယ်တော့ ဒီဇင်ဘာ ၂၅ ရက်နေ့ဟာ ခရစ်တော် မတိုင်ခင်  ကိုးကွယ်ခဲ့ကြတဲ့ […]