(In Hell, they warned us, while we wnader all over the Earth we will meet monsters that are more horrendous than we are.They warned us that sometimes the biggest monster ar not from Hell. They warned us.) ကျုပ်မှာ နာမည်မရှိဘူး။ နာမည်ရှိခြင်း မရှိခြင်းဆိုတဲ့ အကြောင်းကိုလည်း ကျုပ်တစ်ခါမှ အရေးမစိုက်ခဲ့ပါဘူး။ အရင်တုန်းကတော့ ကျုပ်နေခဲ့တာ စိုက်ပျိုးမွေးမြူရေးခြံတစ်ခြံထဲမှာ။ မိသားစုပေါင်းဘယ်လောက်များများ ပြောင်းလဲ ရွှေ့ပြောင်းသွားလည်းဆိုတာတောင် ကျုပ်မမှတ်မိတော့ဘူး။ မိသားစုတွေ ဘယ်နှစ်ယောက်ပြောင်းပြောင်း ကျုပ်အတွက်တော့ သူတို့အားလုံးဟာ […]


နေ မသာ တသာနေ့ တစ်ရက်မှာ မနှင်းဖြူတစ်ယောက် ကျားစီးလို့ ဆင့်ကာပူနေရတဲ့ဆီမှ ရန်အစုံ ကုန်လင်သောရန်ကုန်မြို့တော်ကြီးကို ရောက်ရှိလာပါတော့တယ်။ ကီလို ၈ဝကို တစ်ယောက်ထဲ သယ်လာတာတောင်မှ ပိုနေတဲ့ ၂ကီလိုအတွက် ၃ဝဒေါ်လာပေးခဲ့ရတော့ မျက်နှာတော်က ညိုတဲ့ဘက်ကျော်လို့ နည်းနည်းတောင် ပုတ်နေတယ်။ အနီရောင် စာအုပ်လေးကို သူများထက် ပိုပြီးမျက်နှာငယ်စွာ ကိုင်ထားပြီးသကာလ (သက်တမ်းကုန်လွန်ရန် ရက်ပေါင်း ၂ဝကျော်သာလိုတော့သဖြင့်) ခတ်ထားတဲ့ ခြံလေးတွေရှေ့မှာ ရပ်စောင့်နေရပါတော့တယ်။ ဒီလိုနဲ့ နာရီဝက်လောက် စောင့်ဆိုင်းပြီးသကာလ ကိုယ့်အလှည့်ကို ကျရောက်လာပါတော့တယ်။ အပေါ်အောက် ဆင်တူဝတ်ထားတဲ့ ခြံခတ်ထားတဲ့အထဲက လူကြီးက အနီရောင်စာအုပ်လေးကို အပြန်အလှန်ကြည့်ပြီးသကာလ … “အလုပ်လုပ်တာလား ..ကျောင်းတက်တာလား” “အလုပ်လုပ်တာ ..ခုတော့ အလုပ်ထွက်ပြီး ပြန်လာတာ” “စာအုပ်က ကုန်တော့မယ်နော်..” “ကျန်ပါသေးတယ်” “အေးလေ .. […]


နာမည်ဘယ်လိုခေါ်သလဲဟင် ဟုတ်ကဲ့ ခင်ဗျာ .. ကျွန်တော့်နာမည် ကိုမောင်မောင်ပါ မန်းလေးမှာနေပါတယ်။ ညီမ ကရော… ညီမနာမည်က မေမွန်ပါ .. နေပြည်တော်မှာ ဆရာမလုပ်နေပါတယ် .. ဒီလိုနဲ့စခဲ့တဲ့မိတ်ဆက်စကားကနေ .. ရက်အနည်းငယ်စွန်းလာခဲ့ချိန်မှာတော့ သူတို့ရဲ့စကားတွေမှာ ကလူအိသို့ မြူအိသို့ အထာလေးတွေ ပါလာကြတယ် … နောက်ဆုံး ..ရက်ပေါင်း ၂ဝကျော်အကြာမှာတော့ …… ကိုကို …… မေမွန့်ကိုချစ်ရဲ့လားဟင် ….. Screen ပေါ်မှာပေါ်လာတဲ့စာသားနဲ့အတူ မောင်မောင်ရဲ့လက်အစုံဟာ ပြေးလွှားဆော့ကစားသွားတယ် ချစ်တာပေါ့ မေမွန်ရယ် ….  မေမွန်လည်း ကိုကို့ ကို သိပ်ချစ်တာပဲနော်… သူတို့ရဲ့ screen ထက် က စာသားတွေဟာ စကားသံတွေအဖြစ်ကို စတင်ပြောင်းလဲလာတော့တယ် … တစ်ရက် ……. အဲဒီရက်ကတော့ မေမွန်တစ်ယောက် […]


ကီနိုဟာ ဒေါသထွက်လာတယ်။ သူဟာ ကုန်းထလိုက်ပြီး သူမသွားရာနောက်ကို တိုးတိုးတိတ်တိတ်လိုက်သွားတယ်။ သူမရဲ့ပင်လယ်ဘက်ကိုဦးတည်သွားနေတဲ့ခြေသံကိုကြားနေရတယ်။ မြန်မြန်ဆန်ဆန်ပဲ သူမအနောက်ကို သူ အမှီလိုက်နေတယ်။ သူ့ဟာ ဒေါသစိတ်ဖုံးလွမ်းနေတယ်။ သူမဟာ ခြုံပုတ်တွေကိုကျော်ဖြတ်လာပြီးနောက် ရေစပ်နားကိုရောက်ခါနီးလာတယ်။ သူမဟာ ကီနို့ရဲ့ခြေသံကိုကြားလိုက်ရပြီး ပြေးသွားတယ်။ သူမဟာ လက်ကိုမြှောက်လိုက်တဲ့အချိန်မှာပဲ ကီနိုဟာ သူမလက်ကိုဖမ်းဆုပ်လိုက်ပြီး သူမလက်ထဲက ပုလဲကိုလုယူလိုက်တယ်။ သူမရဲ့မျက်နှာကို ရိုက်ချလိုက်ပြီး သူမကိုတွန်းလွှတ်လိုက်တယ်။ ဂျူနာဟာ ရေထဲကိုလဲကျသွားပြီး သူမတစ်ကိုယ်လုံးဟာ ရွှဲရွှဲစိုသွားတယ်။ ကီနိုဟာ သူမကိုငုံကြည့်လိုက်ပြီး သူဟာ အံတင်းတင်းကြိတ်ထားတယ်။ ကီနိုဟာ ဒေါသစိတ်နဲ့ ရှူးရှူးရှဲရှဲဖြစ်နေပေမယ့် ဂျူနာဟာ သူ့ကို သားသတ်သမားရှေ့ရောက်နေတဲ့ သိုးငယ်လို ကြောက်လန့်မှုကင်းတဲ့သနားဖွယ်မျက်ဝန်းအစုံနဲ့ ကြည့်နေတယ်။ ကီနိုဟာ ဒေါသစိတ်နဲ့ခက်ထန်ပြီး လူတောင်သတ်နို်င်တဲ့အခြေအနေမှာ ရှိနေတယ်ဆိုတာကို သူမသိပေမယ့် သူမဟာ သူ့ကို ပြန်လည်မခုခံ မတုန့်ပြန်ဘူး။ အချိန်အနည်းငယ်အတွင်းမှာပဲ […]


သာယာတဲ့ မနက်ခင်း …. ဒီနေ့ဟာ ကီနို သူ့ရဲ့ပုလဲကို မြို့ထဲမှာ သွားရောင်းမယ့် နေ့ဆိုတာကို ငါးဖမ်းသမားတွေ ၊  ပုလဲငုပ်သူတွေ စသည်ဖြင့် တစ်ရွာလုံး တင်မကဘူး ပုလဲဝယ်တဲ့ တရုတ်ကုန်သည်တွေ၊ ဘုရားကျောင်းရှေ့မှာ တောင်းတဲ့ သူဖုန်းစားတွေပါ  သိကြတယ်။ ပုလဲဝယ်မယ့်ကုန်သည်တွေဟာ ကီနိုလာရောင်းမယ့်အချိန်မှာ ဟိတ်ဟန်ထုတ်ပြီး ဘယ်လိုအမူအရာလုပ်နေရမလဲ ဆိုတာကို စဉ်းစားတွေးတောနေကြတယ်။ အမှန်တကယ်တော့ အဲဒီ ပုလဲဝယ်တဲ့ကုန်သည်တွေဟာ တစ်ဦးချင်းစီ သီးသန့်ပုံစံမျိုး ဟန်ဆောင်ကြပြီး ပုလဲတွေကို မတန်တဆဈေးချိုချိုနဲ့ရအောင် ကြံဖန်ေလေ့ရှိကြတယ်။ တကယ်တော့ သူတို့ရဲ့အထက်မှာ ကုန်သည်တစ်ဦးထဲသာရှိပြီး သူကသာ ကုန်သည်အားလုံးရဲ့အနောက်ကွယ်ကနေ ချုပ်ကိုင်နေတာဖြစ်တယ်။ သူတို့ဟာ ကီနို့ရဲ့ပုလဲအတွက် ဈေးနှုန်းဘယ်လောက်ပေးသင့်သလဲ၊ ဘယ်လို အကြံအဖန်မျိုးလုပ်ရမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ စဉ်းစားနေကြတယ်။ အဲဒီမနက်ခင်းမှာ နေဟာ ပူပြင်းတောက် ပနေတယ်။ ကနူးလေတွေဟာ […]


ပရိတ်သတ်ကြီးကို အသိပေးကြေငြာအပ်ပါတယ် ရှန် မနှင်းဖြူတစ်ယောက် ပုလဲတစ်လုံး ကောက်ရပြီးနောက် … ဇာတ်လမ်း မဆက်နိုင်ဖြစ်နေရတာ..ပြောရမယ်ဆို အားနာပါတယ် မနှင်းဖြူလေး ပြည်တော်ပြန်ဖို့အရေး .. အရှုပ်ထုတ် ..အဲလေ..ပစ္စည်းထုပ်များ ပြင်ရဆင်ရ နောက် … ရှင်းရလင်းရ … ဒီကြားထဲ ထရန်စဖော်မာ စက်ရုပ်တွေကိုက်လိုက်တာ..တစ်နေကုန် . တီဗီရှေ့က မထနိုင်ဖြစ်နေပြီး ဇာတ်လမ်းမဆက်နိုင်ဖြစ်နေတာပါ.. နောက်..ရုံးက ကွန်ပျူတာများက အင်တာနက်သုံးမရတဲ့အခြေအနေ ၂ပါတ်နီးပါးကြာသွားသဖြင့် .. ပုလဲတစ်လုံးမှာ ဆန့်ငင်ဆန့်ငင်နဲ့ မြန်မာဇာတ်ကားထဲမှ ဇာတ်ကောင် အသက်ထွက်သလို တော်တော်နဲ့ မဆက်နိုင်ဖြစ်နေပါတယ်… ဇာတ်လမ်းအဆက်ကို အားပေးနေသူများ ကို အား ..အားကြီးနာမိပါတယ်.. ဒါပေမယ့် စိတ်မပျက်ပါနဲ့…… မနှင်းဖြူလေး..ဇာတ်လမ်းကိုရေးသားထားသည် မှာ ခုဆိုရင် တစ်ပိုင်း စာမကရောက်နေပါပြီ။ ဒါပေမယ့်..ဇာတ်လမ်းအပြီးထိပဲ တင်မယ်လို့ စဉ်းစားနေပါသဖြင့် ရေးပြီး […]


တံခါးမှာရပ်နေရင်းနဲ့ ကီနိုဟာ မီးအိမ်ကိုင်ထားတဲ့ လူနှစ်ယောက်ယောက် လှမ်းလာတာကို တွေ့တယ်။သူတို့ဟာ ကီနိုရဲ့ ခြံဝင်းစပ်ကိုဖြတ်လို့ တံခါးနားကိုရောက်လာတယ်။ အဲဒီလူနှစ်ယောက်ဟာ တစ်ယောက်က ဆရာဝန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဆရာဝန်အိမ်က မနက်က တံခါးဖွင့်ပေးခဲ့တဲ့လူ ဖြစ်တယ်။ သူတို့နှစ်ယောက်ကို မြင်လိုက်တာနဲ့ ကီနိုဟာ ဒေါသစိတ်နဲ့ လက်သီးကို တင်းတင်းဆုပ်လိုက်မိတယ်။ဆရာဝန်က ပြောတယ် “မနက်က မင်းလာတော့ ငါအိမ်မှာမရှိဘူး။ ဒါပေမယ့် အခုရောက်ရောက်ခြင်း မင်း ကလေး ကို ကြည့်ဖို့ ငါလာခဲ့တာ” ကီနိုဟာ တံခါးဝမှ ရပ်နေရင်းကနေ မီးဝင်းဝင်းတောက်တဲ့ မျက်လုံးအစုံနဲ့ ကြည့်နေမိတယ်။ ဒေါသစိတ်နဲ့အတူ သူ့မှာ နှစ်ပေါင်းများစွာ အမြစ်တည်လာတဲ့ ကြောက်ရွံ့စိတ်ကပါ လွမ်းမိုးနေတယ်။ “ကလေးက ခု နေကောင်းလုနီးပါး ဖြစ်နေပြီ” လို့ တုံးတိတိပြောလိုက်တယ်။ ဆရာဝန် ပြုံးလိုက်တယ်။ နှုတ်ခမ်းကပြုံးနေပေမယ့်မျက်လုံးတွေက […]


တကယ်တော့ မိန်းမလိုမိန်းမရ စိတ်ဓါတ်ဆိုတာဟာ ..မိန်းမတွေကို နှိမ်ထားတယ်လို့ တချို့ကထင်ကြပါတယ်။ တကယ်တော့ ယောကျင်္ားလေးမှာ ယောကျင်္ားစိတ်ဓါတ် ၊ မိန်းကလေးမှာ မိန်းမစိတ်ဓါတ်ဆိုတာမျိုးရှိကြပါတယ်။ လူတွေ သတ်မှတ်ကြတဲ့ ယောကျင်္ားစိတ်ဓါတ် ဆိုသည်မှာ ယောကျင်္ားပီသသော စိတ်ဓါတ်ကိုဆိုလိုကြပါတယ်။ ယောကျင်္ားပီသတယ်ဆိုရာမှာ .. အားနည်းသူကို ဖေးမတယ် ၊ ကြင်နာသနားမှုရှိတယ် ၊ စိတ်ဓါတ်အဆင့်အတန်းကောင်းတယ် ၊ နောက် .. အားနည်းသူ မိန်းကလေးများကို ဖေးမကူညီတတ်တယ်။ တာဝန်ယူလိုစိတ်ရှိတယ်၊ အတင်းအဖျင်းမဆိုဘူး ..နောက် ပြဿနာကို ဖြေရှင်းရာမှ မှန်ကန်တဲ့နည်းလမ်းနဲ့ ရင်ဆိုင် ဖြေရှင်းတယ် …စသည် စသည်ဖြင့်ပေါ့ဗျာ … နောက်…မိန်းမစိတ်ဓါတ် ..မိန်းကလေးဆိုတာမျိုးက ခေတ်အဆက်ဆက် အားနည်းသူအဖြစ်သတ်မှတ်လာခဲ့ကြတယ်။ မှန်ပါတယ်..လက်သင့်ခံပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာတယ်..မာကျောတယ်ဆိုတဲ့အမျိုးသမီးဖြစ်စေ .. စိတ်နုတဲ့အချိန် အားငယ်တဲ့ အချိန် ဆိုတာရှိကြပါတယ်။ […]


မနှင်းဖြူမှန်မှန်ဖော ..အဲလေ.. မနှင်းညို မှန်မှန်ရှော .. မနှင်းညို …အာ ..မနှင်းဖြူမှန်မှန်ပြော …ဖြစ်ပုံလာပုံလေးပြောချင်လို့ပါ .. ကျုပ်ကို စရောက်ကထဲက နာမည်ဖျက်ကြလို့ နာမည်ရေးတာတောင် မှားကုန်ကြပြီ … ဂျူနီယာဆိုပြီး ဝိုင်းဖဲ့ကြတာဗျာ ..သူများနာမည်အလှအပလေးကို … ဟို ..အရှေ့တောင်အာရှမှာ အကျူဆုံးဘွဲ့ရထားတဲ့ ဖားသက်ပြင်း ဆိုလား ဘာ ဇာဂီဆိုလား နာမည်ပေါင်း ၁၀၈မျိုးနဲ့သူက မနှင်းဖြူမှန်မှန်ရှော တဲ့ …… ဟို သိကြားမင်းရဲ့ နတ်သမီးတစ်ဖက် ငါးရာရှိတာကို အားကျပြီးသကာလ သံတူကြောင်းကွဲ နာမည်နဲ့ မာဂိန်ဆိုတဲ့ သိကြားမကျ ထန်းလျက်မကျ လူသားက မနှင်းဖြူမှန်မှန်ရှောတဲ့ ………. ဟို ငါးပေကိုးနဲ့ ပါခန့်စော်ကြည်ဆိုတဲ့ … ပါလေရာ .. ခန့်ငြားချင်ယောင်ဆောင်သော ၊ ခဏခဏ ဆော်ခံရသော […]


ကျွန်တော် အခုရေးမယ့်အကြောင်းအရာက မည်သူ့ကိုမှ ထိခိုက်လိုခြင်းမရှိသလို မည်သူ့ကိုမှ မရည်ရွယ်ပါဘူး။ မြင်နေသမျှ ၊ ကြားရသမျှကို အခြေခံပြီး အတွေးကို ဖော်ထုတ်ခြင်းသာဖြစ်ပါတယ်။ သဘောထားမတူရင် ကွဲလွဲနိုင်ခွင့်ရှိသလို .. မခံမရပ်နိုင်လို့ ဆဲကြမယ်ဆိုလည်း . ဆဲနိုင်ပါတယ်။ လားလားမှ မတုန်လှုပ်ပါဘူး။ 😀 ကျုပ်တို့လောကမှာ အဆင့်အတန်းဆိုတဲ့စကားကို လူတွေအားကြီးပြောကြပါတယ်။ ဒီကောင်ကွာ..အဆင့်ကိုမရှိဘူး ဘာညာ စသည်ဖြင့်ပေ့ါလေ… တကယ်တော့ အဆင့်အတန်းဆိုတာ ဘာကိုဆိုလိုချင်ပါသလဲ။ ကိုယ်တိုင်ပါးစပ်က အဆင့်အတန်းလို့ပြောနေပေမယ့် တကယ်ရော အဆင့်ရှိလား …. တစ်ချို့ပိုက်ဆံရှိလူတန်းစား လူကုံတံကြီးတွေကတော့ ငွေမရှိဆင်းရဲသားတွေကို အောက်တန်းစားလို့ သုံးနှုန်းကြတာ ကြားဖူးပါတယ်။ ဒါဆို ပိုက်ဆံဆိုတာအဆင့်အတန်း လား? .. တကယ်တော့ ကျွန်တော့်ရဲ့ ခံယူချက်က လူတစ်ယောက်ကို အဆင့်သတ်မှတ်တဲ့အခါမှာ ဒီလူရဲ့ စိတ်ဓါတ်ကိုအခြေခံလို့ အဆင့်ကို သတ်မှတ်ပါတယ်။ […]


ဟဲဟဲ … ခေါင်းစဉ်လေးကတော့ လန်းသဗျိုု့ .. ဒါပေမယ့် ဆက်ရေးမှာတွေက သိပ်တော့မလန်းလှဘူး မနှင်းဖြူတစ်ယောက် တစ်ခါလာလည်း ယောကျင်္ားတွေကို ဖဲ့တယ်လို့တော့ မထင်စေချင်ပါဘူးဗျာ မြင်နေတာလေးတွေ အားမရတာလေးတွေကို ပြောချင်တာပါ ..ဖဲ့တယ်လို့ ယူဆလည်း စောင်းမြှောင်းပြောတယ်လို့မယူဆစေချင်ဘူး .. ဒဲ့ပြောတယ်သာမှတ်.. ကျုပ်တို့ ရှေးခေတ်က မြန်မာကြီးများဆိုရင် ပေါင်မှာ ထိုးကွင်းမင်ကြောင်တွေထိုးမှ သတ္တိရှိတယ်လို့ ယူဆကြသတဲ့ … ပျိုလေးတို့ ရေခပ်ချိန်များဆိုရင် ခါးတောင်းကိုမြှောက်နေအောင်ကျိုက်လို့ သူတို့ ထိုးကွင်းတွေကို ရှိူးပြပြီး ခြင်းလုံးခတ်ကြတာက လူလုံးပြခြင်းတစ်မျိုးပေါ့ဗျာ ဒါက ရှေးခေတ်တုန်းက နောက် မြန်မာပြည်ကို ဂျပန်တွေအုပ်စိုးစဉ်ကာလပေါ့ဗျာ .. ဂျပန်တွေက လူကောင်သေးပြီး ပုတက် ကြလွန်းလို့ ကျုပ်တို့တွေက ဂျပန်ငပုတွေလို့ ခေါ်တာလည်း မှတ်သားခဲ့ရပေ့ါဗျာ … အဲ …….ခု ကျုပ်တို့ […]


ကီနို၏အိပ်မက် ကီနိုတစ်ယောက်ပုလဲရှာတွေ့သွားတယ်ဆိုတဲ့ သတင်းဟာ တမုဟုတ်ချင်းမြို့လေးထဲမှာ မထင်မှတ်လောက်အောင်ကို ပျံ့နှံ့သွားတယ်။ ကီနို၊ ဂျူနာနဲ့အခြား ငါးဖမ်းသမားတွေဟာ ကီနိုရဲ့ သစ်သားအိမ်လေးဆီကို ပြန်လာကြတယ်။ တစ်မြို့လုံးမှာတော့ ကီနိုတစ်ယောက် ကမ္ဘာ့အကြီးဆုံးပုလဲကြီးကို ရှာတွေ့သွားပြီဆိုတဲ့ သတင်းပျံ့နှံ့နေတယ်။ ဘယ်လောက်များမြန်လဲဆိုရင် သားသည်အမေတွေဟာ သူတို့ကလေးတွေ အဲဒီသတင်းအကြောင်း လာပြောတဲ့အချိန်မှာ သူတို့က သိနှင့်နေပြီ။ ဒီသတင်းဟာ သစ်သားအိမ်လေးတွေတင်မက လူချမ်းသာတွေနေထိုင်တဲ့ ကျောက်တုံးအိမ်တွေအထိပါ ပျံ့နှံ့သွားတယ်။ ဘုန်းတော်ကြီး ဟာ အဲဒီသတင်းကြားတော့ သူရဲ့ ဘုရားကျောင်းမှာ ပြင်ဆင်ဖို့လိုအပ်နေတဲ့ နေရာတွေအကြောင်းကို စဉ်းစားမိတယ်။ ဘုန်းတော်ကြီးဟာ ပုလဲရဲ့ တန်ဖိုးကို ခန့်မှန်းနေတယ်။ ကီနိုဟာ ကိုရိုတီတိုကို ဘုရားကျောင်းကိုများ ခေါ်လာဖူးသလား လို့ စဉ်းစားနေတယ်။ နောက် ..ကီနိုနဲ့ ဂျူနာကို သူ လက်ထပ်ပေးဖူးခဲ့သလားဆိုတာကို အသည်းအသန် စဉ်းစားနေတယ်။ ဈေးဆိုင်တွေဆီကို […]


  ၁။ပိုက်ဆံချွေတာသုံး နှပ်ချီင်္းလုံးစားတဲ့ယောကျင်္ား ၂။အွန်လိုင်းတက်ပြီး ဖူးစာရှာ ၊ ဗူးတာတောင် အထာမကျတဲ့ယောကျင်္ား ၃။ဆရာကြီး အရမ်းလုပ် ဘာမှမဟုတ်ဘဲ ဟန်လုပ်တဲ့ယောကျင်္ား ၄။ဗိုင်းကောင်းကျောက်ဖိဆိုပြီး အမတွေ အများကြီးရှိတဲ့ယောကျင်္ား ၅။စိတ်ကပျို ကိုယ်ကမနု အပျိုဆို “အခု” “အခု” ဖြစ်နေတဲ့ယောကျင်္ား ၆။ရည်းစားနဲ့လမ်းသွား ပိုက်ဆံများများမပါတဲ့ယောကျင်္ား ၇။ပိုက်ဆံဆိုမရှိကြောင်းပြော ေ****ွ အသေအလဲလောင်းတဲ့ယောကျင်္ား ၈။ဘိုင်ပြတ်ကျရင် တိုင်ပတ်ကချင်တဲ့ယောကျင်္ား ၉။အိုင်တွေ့ခြေဆေး၊ ဘိုင်ကျဗိုက်မှောက် အလကားနေ“တောက်”ခေါက်နေတတ်တဲ့ယောကျင်္ား ၁၀။တရားဗန်းပြ ဩကာသတောင် မရတဲ့ယောကျင်္ား ၁၁။ထိုင်ရာမထ တိုင်ပင်ဖော်တောင်မရတဲ့ယောကျင်္ား ၁၂။ဒီနားဆိုပြီး ကာရာအိုကေသွားတဲ့ယောကျင်္ား ၁၃။ဖုန်းတစ်လုံးနဲ့ဟန်လုပ် အကြံပုတ်တဲ့ယောကျင်္ား ၁၄။နားကပ်တစ်ဖက်နဲ့ ရှိုးထုတ် အပုတ်အသိုးရုပ်နဲ့ယောကျင်္ား ၁၅။ပလီပလာစကားတွေနဲ့ မှုယာတွေများတဲ့ယောကျင်္ား ၁၆။ဓူဝံကြယ်တောင်ဘက်ပြောင်းမယ် အပြောနဲ့ ဗိုက်မှာဟောင်းလောင်းယောကျင်္ား ၁၇။ငိုင်တိုင်တိုင်နဲ့ အလွန်မှိုင်တဲ့ယောကျင်္ား ၁၈။ဈေးဝယ်ရင်ကပ်စီး လက်ချည်းပြန်လာတဲ့ယောကျင်္ား ၁၉။“မ”ဝါသနာထုံ မှုံယိုနေတဲ့ယောကျင်္ား ၂၀။ယိမ်းနွဲ့ကာလမ်းလျှောက် […]