BayoteJune 12, 20101min490
သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ သံတမန် အဆက်အသွယ် ပြတ်တောက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမူဝါဒအရ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး ပြန်လည်ထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၆-၄-၂၀၀ရ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား  သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် မြန်မာနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံများဖြစ်သည့်နှင့်အညီ အခြားကမ္ဘာနိုင်ငံများနှင့် နည်းတူ နှစ်နိုင်ငံ အကြားကုန်သွယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်ဖက်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အပြန်အလှန် ကူညီမှုများလည်း ရှိခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၁၇-၅-၂၀၀၈ ရက်နေ့တွင် ဆန်တန်ချိန် […]


BayoteJune 12, 20101min886
အဆိုပါ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန်ရည်ရွယ်ချက်ဖြင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယားအစီအစဉ်တစ်ရပ် ကြိုးပမ်းလုပ်ဆောင်နေကြောင်း စွပ်စွဲထုတ်လွှင့်ခဲ့ကြပါသည်။ ယင်းသို့ ထုတ်လွှင့်ပြော ဆိုချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာဖြစ်ပြီး နိုင်ငံရေးထိုးနှက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ ယင်းစွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ် သတင်းမီဒီယာဌာနများမှ မမှန်မကန် ထုတ်လွှင့်မှုများဖြစ်ခြင်း၊ တပ်ပြေးအချို့နှင့် ပြည်ပြေးအချို့၏ စွပ်စွဲပြောဆိုမှုများအပေါ် အခြေခံထားခြင်းတို့ကြောင့် ယုံကြည်စိတ်ချရသော တိကျမှန်ကန်မှုမရှိသည့် မျှတမှုမရှိသည့် သတင်းများသာ ဖြစ်ပါသည်။ယင်းသို့ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် လုံးဝကွာခြားသော ကိစ္စဖြစ်၍ တုံ့ပြန်ဖြေရှင်းရန် လိုအပ်ခြင်းမရှိဟု ယူဆခဲ့ပါသည်။ အမေရိကန်အစိုးရမှ မြန်မာနိုင်ငံနှင့်ထိတွေ့ဆက်ဆံမှု ပြုလုပ်ရန် မူဝါဒချမှတ်ခဲ့ပြီးနောက် ယင်းမူဝါဒနှင့်အညီ အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ်နှင့် […]


BayoteJune 12, 20101min824
မီးသတ် ပညာရပ်များကို သင်ကြား ပို့ချမည့် မီးသတ် နည်းပညာ ကောလိပ် ကို ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်တွင် မကြာမီ ဖွင့်လှစ်ရန် မီးသတ်ဦးစီးဌာန ရုံးချုပ်က စီစဉ်လျက် ရှိသည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသင်းဌေးရွှေက ပြောသည်။ “မီးသတ် နည်းပညာ တွေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိ လာအောင် ဆောင်ရွက်တဲ့ အနေနဲ့ မီးသတ် နည်းပညာ ကောလိပ်ကို ဖွင့်လှစ်ဖို့ စီစဉ်နေ ပါတယ်။ ၁ဝ တန်းအောင် ကျောင်းသား တွေကို လက်ခံ မှာပါ ”ဟု ၎င်းက ပြောသည်။ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းရှိ မစိုးရိမ် ကျောင်းတိုက် အနီးတွင် ကောလိပ် အဆောက် […]


BayoteJune 12, 20101min570
၂ဝ၁ဝ ရွေးကောက် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ အများစုမှာ သတ်မှတ် ပါတီဝင် ဦးရေ ပြည့်မီရေး ကြိုတင် ဆောင်ရွက် ထားကြပြီး ဖြစ်သဖြင့် လွှတ်တော် ကိုယ်စား လှယ်လောင်း ရရှိရေး ကိုသာ ဦးစားပေး လုပ်ဆောင် ကြဖွယ်ရှိ ကြောင်း မှတ်ပုံ တင်ခွင့် ရရှိ ထားသော နိုင်ငံရေး ပါတီများ ထံမှသိရှိ ရသည်။မှတ်ပုံ တင်ခွင့် ရရှိသော နိုင်ငံရေး ပါတီ အများ စုမှာ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် စတင် လျှောက်ထားသည့် အချိန် မှပင် ပါတီ ဖွဲ့စည်းခြင်း၊ ပါတီဝင်များ စည်းရုံးခြင်း၊ ပါတီဝင် အဆိုပြုလွှာ များ ပေးအပ် ထားခြင်း […]


BayoteJune 12, 20101min611
အစိုးရမှ တရားမဝင် တင်သွင်း လာသည့် ဆိုင်ကယ် များကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၁ဝ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိ အခွန် အခများ ပေးချေ၍ တရားဝင် မှတ်ပုံတင်များ ထုတ်ပေး ခဲ့ပြီး ဖြစ်သည်။ ယခုအခါ တရားဝင် မှတ်ပုံတင် ပြုလုပ် ရေးကို အချိန်ကာလ တိုးမြှင့်ပြီး ၂၀၁ဝ ခုနှစ် ဇွန် ၃ဝ ရက်အထိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရ ပါသည်။ ထို့ပြင် ၂၀၁ဝ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ပြီး မှတ်ပုံ တင်မဲ့ ဆိုင်ကယ် များကို တရား ဥပဒေ […]


BayoteJune 12, 20101min600
တောင်အာဖရိကနိုင်ငံ၏ ခေါင်းဆောင်ကြီးလည်းဖြစ် သမ္မတဟောင်းလည်းဖြစ်သည့် နယ်(လ)ဆင် မင်ဒဲလား ယနေ့ သောကြာနေ့နှောင်းပိုင်းတွင် ကျင်းပမည့် ကမာ္ဘ ့ဖလား ကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်တော့မည်မဟုတ်ကြောင်း ၎င်း၏ရုံးမှပြောဆိုသည်။ အကြောင်းကတော့ ၎င်း၏ မြေးဖြစ်သူ Zenani တစ်ယောက် ကမာ္ဘ ့ဖလားပွဲအကြိုနေ့ တေးဂီတဖျော်ဖြေပွဲမှ အိမ်အပြန်လမ်းတွင် သူမစီးလာသည့် ယာဉ်မတော်တဆ တိမ်းမှောက်မှုတွင် သေဆုံးသွားခဲ့ရသောကြောင့်ဖြစ်သည်။ အဆိုပါကားမောင်းသူမှာ အရက်အလွန် အကျွံသောက် ထားသည်ဟုသိရပြီး ၎င်းအား ယခုအချိန်တွင် ရဲ က ဖမ်းဆီးထားသည်ဟုသိရသည်။ Zenani အနေဖြင့် ယခုလ ၉ ရက်ကပဲ အသက် ၁၃ နှစ် ပြည့်ခဲ့တာကြောင့် မွေးနေ့ပွဲကျင်းပခဲ့သေးသည်ဟုသိရသည်။ နယ်(လ)ဆင် မင်ဒဲလား ၏ရုံးမှထုတ်ပြန်သည့် ကြေငြာချက်ထဲတွင် ယခုလို ဝမ်းနဲကျေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးတွင် တောင်အာဖရိကပြည်သူများနှင့် ကမ္ဘာပြည်သူများမှာ ခေါင်းဆောင်ကြီး နယ်(လ)ဆင် […]


BayoteJune 12, 20101min732
မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုမရှိကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ညတွင် သတင်းထုတ်ပြန်လိုက်သည်။ နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် သောကြာနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ” နျူကလီးယားလက်နက် ပိုင်ဆိုင်သော စစ်အင်အားကြီးနိုင်ငံအဖြစ် ရည်ရွယ်ချက်မရှိ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကို ဖတ်ကြားသွားသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယားရရှိရေး ဆောင်ရွက်နေသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန (DVB) က သတင်းထုတ်ပြန်မှုများကြောင့် အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝဘ်က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ဆိုင်းငံ့ထားခဲ့မှုဖြစ်ပေါ်ပြီးနောက် စစ်အစိုးရက ပထမဆုံးအကြိမ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။


BayoteJune 11, 20101min16411
ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဒဂုံမြို့သစ် တောင်မြောက်လမ်းဆုံအနီးတွင် ပြီးခဲ့သည့် ဇွန် (၆) ရက်ည၌ တက္ကစီမောင်းသူတဦးကို ကြေးစားလူသတ်သမားများက သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့သည်။ သေဆုံးသူသည် အသက် (၃၇) နှစ်အရွယ် ကိုလှဝင်းဆိုသူဖြစ်ပြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၇၁) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မွတ်စလင်လူမျိုးဖြစ်ကာ ဇနီးနှင့်အတူ သားသမီး (၅) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ သေမှုသေခင်းဖြစ်စဉ်ကို သွားရောက် စစ်ဆေးခဲ့သည့် နယ်မြေရဲတဦးက “လှဝင်းကားကို ကားတစီးက လာပြီးတော့ ပွတ်ဆွဲတယ်။ သူက စက်ရပ်ပြီးတော့ ကားပေါ်က ဆင်းလိုက်တယ်၊ ကားပေါ်မှာ ခရီးသည် (၂) ယောက်ပါတယ်၊ အဲဒီ ခရီးသည်တွေလည်း ကြောက်လန့်ပြီးတော့ နောက်ကား ငှားပြီးတော့ ပြေးရော၊ ဖိနပ်တောင် ကျန်ခဲ့သေးတယ်။ […]


BayoteJune 10, 20101min672
တောင် အာဖရိက နိုင်ငံသို့ ကမာ္ဘ့ဖလား ပြိုင်ပွဲ သတင်းယူရန် လာရောက် နေကြသော နိုင်ငံခြားသား ဂျာနယ်လစ် ၃ ဦး လွန်ခဲ့သည့် ညက ဓားပြတိုက် ခံခဲ့ရကြောင်း သတင်းရရှိ ပါသည်။ အဆိုပါ ဂျာနယ်လစ် ၃ ဦးမှာ ပေါ်တူဂီမှ ၂ ဦးနှင့် စပိန်မှ ၁ ဦးတို့ ဖြစ်ကြပြီး နာမည်ကျော် သတင်း ဋ္ဌာနများ ဖြစ်သည့် Expresso ၊ Global Noticias နှင့် Marca သတင်းဋ္ဌာန များမှ ဖြစ်ကြသည်။ ၎င်းတို့ ၃ ဦးသည် မာဂလိစ်ဘတ် မြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးသော နေရာတွင် ရှိသည့် ဟိုတယ် တစ်ခုတွင် အိပ်စက်နေစဉ် […]


BayoteJune 10, 20101min903
မြန်မာနိုင်ငံ ရွေးကောက်ပွဲ အောက်တိုဘာ ၁ဝ ရက် နေ့တွင် ကျင်းပမည်ဟု ဂျင်မ် ဝက်ဘ် ပြောကြားခဲ့ကြောင်းပါ။