hsu hsuApril 25, 20111min20122
မြန်မာလူမျိုးတွေက သဘောကောင်းတယ်..ဖော်ရွေတယ်..ရိုင်းပင်းကူညီတတ်တယ်တဲ့……သီချင်းတွေထဲမှာ ကြားရတယ်..စာထဲမှာ ဖတ်ရတယ်… တကယ်ကိုယ်တွေ့ကြုံရတာကတော့ ဒီလိုပါ.. ဆုဆုတစ်ယောက် မိသားစုနဲ့ အတူ ကိုယ်ပိုင် ဖွတ်ချက်ကလေး အဲလေ ကိုယ်ပိုင်ကားလေးနဲ့ သင်္ကြန်အပြီးမှာ နယ်မြို့လေးကနေ ရန်ကုန်ကို ပြန်လာခဲ့ပါတယ်..နေပြည်တော်-ရန်ကုန်လမ်းပိုင်းမှာ ရန်ကုန်ရောက်ဖို့ မိုင်၅ဝ လောက် အလိုမှာ ဆုဆုရဲ့ ဖွတ်ချက်ကလေးက ဆီပြတ်လုနီး ဖြစ်သွားပါတယ်..အမှန်က ဆီတိုင်ကီထဲမှာ ၂ ဂါလံ နီးနီးကျန်သေးပေမယ့် ဆီတိုင်ကီက ကြီးတော့ အောက်ခြေမှာ ကပ်နေပြီး ဆီပြတ်သလို ဖြစ်သွားတာပါ.. ကားက လီဗါကုန် နင်းတာတောင် ၃ဝ ကီလို လောက်ပဲ ရွေ့တော့တယ်လေ..ကားပေါ်မှာ အမေရော..မောင်လေးတွေရောပါလာ တော့ စိုးရိမ်စိတ်ကြီးမိပါတယ်..ဒါနဲ့ ကားကိုရောက်သလောက်မောင်ပြီး လမ်းဘေး အိမ်စုစုလေးရှိရာမှာ ဒီဇယ်ရမရ မေးကြည့် တော့ ရပါတယ်..ဒီဇယ် ၁ ဂါလံကို ၆၀၀ဝ […]


hsu hsuJanuary 19, 20111min1258
ဆုဆုတစ်ယောက် တနေ့က ဆူးလေဘက်ကနေ လှည်းတန်းကို ၂၀ဝတန် အထူးကားကြီး စီးပြီးပြန်လာခဲ့ပါတယ်..ကားပေါ်မှာ ထိုင်ခုံစေ့လောက်ပဲ ခရီးသည်ပါပါတယ်။ ဆိုလိုတာက မတ်တပ်ရပ်ခရီးသည် မပါပါ၊ ဟယ်လ်ပင်မှတ်တိုင်မရောက်ခင် ဆုဆုတို့ စီးလာတဲ့ကားကြီးကို ရဲကတားပါလေရော။ ဒရိုင်ဘာက မဆင်းဘဲ သူ့စပယ်ယာသာ ဆင်းသွားပါလေရော၊ ဒရိုင်ဘာက သူု့လူတွေကို ငါတ်ု့ကို ဘာလို့ဖမ်းတာလဲလို့မေးလို့ အော်ပြောနေတယ်၊ ခနနေတော့ စပယ်ယာက ယာဉ်မောင်းလိုင်စင် ကို ဒရိုင်ဘာဆီလာတောင်းတယ်၊ ဒရိုင်ဘာက ပိုက်ဆံ တစ်ထောင်လောက်ပေးလိုက်လေကွာတဲ့၊ လိုင်စင်တော့မပေးလိုက်ပါ၊ ခနနေတော့ ဆုဆုတို့ ကားကြီးပြန်ထွက်ခွင့်ရသွားတယ်။ ကားထွက်တော့ စပယ်ယာနဲ့ ဒရိုင်ဘာတို့က အဲဒီ မော်တော်ပီကယ်ရဲကြီးကု ိမိုက်မိုက်ရိုင်းရိုင်းတိုင်းထွာပြီး ပြောလိုက်တာက ” မအေ…ရဲတွေ..မှားရင်ဖမ်းတယ်..မမှားရင် တောင်းစားတယ်” တဲ့၊ ဒီတခါ ဘတ်စ်ကားကြီးမမှားမှန်း ဆုဆုတို့ ခရီးသည်တွေ အားလုံးသိကြပါတယ်………