htet wayJune 22, 20121min23416
ဒီနေ့ ကျွန်တော်ပျင်းပျင်းရှိတာနဲ့ ဂျာနယ်တိုက်တခုက အယ်ဒီတာ တစ်ယောက်ကို ဖုန်းဆက်ပြီး ကျွန်တော်ပေးထားတဲ့ စာမူတစ်ပုဒ်ရွေးပယ်ကိစ္စမေးမိပါတယ်။ ဆရာမက “ အကိုရယ် ညီမတို့ဂျာနယ်က ခုဆို သတင်း ဦးစားပေးပါ သတင်းဆောင်းပါးတွေရေးပေးစေချင်ပါတယ်ကျမ ကလည်းရသစာပေ သမားပါ ကျမတို့က ရသစာပေကို ….” ဂျာနယ်တစ်ခုမှာ သူ့မူအရ ရွေးခြင်းမရွေးခြင်းကို ဆင်ခြေပေးလို့မရပါဘူး အယ်ဒီတာတစ်ယောက်ဟာ သူကြိုက်ရင် သူရွေးမယ် မကြိုက်ရင်မရွေးဘူး ဒါ သူ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ဒီအယ်ဒီတာက ကျွန်တော်နဲ့ ခင်ပါတယ် သူ့ခမျာ ကျွန်တော့်စာကို ပယ်ရမှာ အားနာနေပုံရပါတယ်။ ဒါကြောင့် ကျွန်တော်ကပဲ ဘာရယ် မဟုတ်ပါဘူး မေးကြည့်တာပါ ။ စိတ်အနှောက်အယှက်မဖြစ်ပါနဲ့ လို့ပြန်ပြောရင်း ရှေ့ဖြစ်နောက်ဟောင်းတွေပဲ ပြောမိပါတယ်။ ကျွန်တော်ပြောချင်တာက စာမူတစ်ပုဒ်ဟာ ဂျာနယ်ရဲ့ မူပေါ်မူတည်ပါတယ် သူ့မူနဲ့ မကိုက်ရင် မရွေးပါဘူး။သောကြာမဂ္ဂဇင်းက ကိုသောကြာကို […]


htet wayJune 20, 20121min23720
မိုးက တဝေါဝေါရွာ ချနေတယ် ။ ပင်လယ်ကြီး သွန်ချ လိုက်သလို လမ်းမတွေပေါ်မှာ တဝေါဝေါ နဲ့ တောင်ကျချောင်း ရေစီးသလို အနိမ့်ပိုင်းကို စီးလို့ ရေ က ဒူးဆစ်ကျော်လောက်ရှိလို့ ကျွန်တော် ပုဆိုးတိုတိုလေး ဝတ်ထားပြီး လမ်းကို ခဲခဲယဉ်းယဉ်းလျှောက်နေရတယ် အရေးထဲ မီးက ပျက်လို့ ပါလာတဲ့ ဓါတ်မီးကို အားကိုးလိုက်ရတယ် ။အချိန်က ည ဆယ်နာရီကို မိနစ်ပဲ စွန်းသေးတယ်။ လမ်းမတွေပေါ်မှာ လူပြတ်နေတယ် တစ်ချက်တစ်ချက် ဝင်းကနဲ လျှပ်စီး လက်တယ်။ ကျွန်တော်က ညနေကတည်းက အပြင်ရောက်နေတာပါ ။ လူနာ အိမ်မှာ ဆေးကုသပေးရင်း တိုင်းရင်းဆေး ပညာနဲ့ အကြောပြင် အတတ်ပညာအကြောင်း စကားကောင်းနေတာပါ။ ညနေကတည်းက မိုးက ညှို့နေတာကို သိရက်နဲ့ […]


htet wayJune 15, 20121min47040
ကိုယ်ချင်း စာသောနုတ်ခမ်းများနှင့် စကားပြောပါ ထက်ဝေး ညီမလေးရေ စိတ်ထောင်းတော့ ကိုယ်ကြေ ..တဲ့ လူမှာ စိတ်ချမ်းသာဖို့ အရေးကြီးလှပါတယ်။အသား အရည် စိုပြေ ပြီး အဝလွန်တဲ့ အမျိုး သမီးတစ်ယောက် ပိန်သွားတော့ ဟယ်..ပိန်သွားလိုက်တာ ပိန်ဆေးတွေ သောက်လို့ လားတဲ့။ တကယ်တော့ ကလေး မလေး ခမျာ မှာ အလွမ်း ဆိုတဲ့ နိပ်စက်မူအောက်မှာ ပိန် ချုံး ကျခဲ့ရတာ ဆို ညီမလေး ယုံနိုင်မလား။ အချစ်ဆိုတာ မလေးနက်သူတွေ အတွက်ပျော် စရာ လေးနက်သူတွေ အတွက်တော့ ဝေဒနာပါ ညီမလေးရယ်။နုစဉ်တုန်းကတော့ အကိုတို့ လည်း ကြေကွဲ ခံစားဖူးခဲ့ပါတယ် နာကျင် ဖိစီး ခဲ့ရဖူးတယ် သွေးပေါင်ကျလောက်အောင် စိုးထိတ်ကြေကွဲ လွမ်းတ လောင်မြိုက်လို့..။ […]


htet wayJune 9, 20121min27215
ဖြစ်သော ဆင်းရဲ ၊ အိုမင်းသော ဆင်းရဲ မချစ်သောသူနှင့်တကွ နေသော ဆင်းရဲ ၊ချစ်သောသူနှင့်ကွေကွင်းသော ဆင်းရဲ ၊လို၍မရသော ဆင်းရဲ …………………….။ ညီမလေးရေ သိင်္ဃသူ့ သမီး ကျောက်စာပါ စာသားတွေကို အကိုပြန်တွေးမိပါတယ်။ ချစ်သောသူနှင့်ကွေကွင်းသော ဆင်းရဲ…တဲ့ ဝေးကွာခြင်းဆိုတဲ့ နိပ်စက်ချက်အောက်မှာ နှလုံးသားတွေကြွေကျလို့ ပူဆွေးသောကတွေကို ညီမလေး တွေးကြည့်ဖူးလား။ တစ်ယောက်နဲ့ တစ်ယောက် မမြင်မတွေ့နိုင်လောက်အောင် အဝေးကြီးဝေးသူတွေရဲ့ လွမ်းစိတ်၊ မြင်ချင်တွေ့ချင်လွန်းတဲ့ ဆန္ဒတွေ ဟာ ပူလောင်လွန်းလှပါတယ်ကွယ်။ ချစ်သူကရက်စက်လို့ ၊ ချစ်သူက ဖြတ်လိုက်လို့ အသစ်တစ်ယောက်တွဲ ပြီးနေတာကိုတွေကို ကြားသိရတဲ့ အစွန့်ပစ်ခံ ချစ်သူဟာ ကြေကွဲမူနဲ့ အတူ နာကြည်းခြင်း ဖြစ်လို့ နောက်တော့ အသွင်ပြောင်းပြီးဒေါသကနေ လက်စားခြေ လိုစိတ်တွေ ဖြစ်ခဲ့ကြတယ်။ ညီမလေးရေ […]


htet wayJune 8, 20121min18514
လူသံတွေ တိတ်နေတဲ့ ညတစ်ညမှာ ကျွန်တော် လရောင်ထဲ လမ်းလျှောက်နေမိပါတယ်။ရာသီဥတု ကကြည်စင်လို့ လရောင်က ဝင်းပ ကြည်မြနေတယ် ။မြို့ပြင်လမ်းမထက်မှာ ကျွန်တော် လျှောက်နေမိတာပါ။ ကျွန်တေညာ်က လရောင် လှုံသလိုမျိုး ဖြေးဖြေး မှန်မှန် တနွဲ့ နွဲ့ တစ်လှမ်းချင်း လျှောက်ရင်း လေနုအေးရဲ့ အရသာကို ခံစားလို့ ။ပုဇင်းရင်ကွဲတွေကလည်း ရင်ကွဲအောင်အော် နေသလား ထင်မိ။လမ်းဘေးမှာတော့ သစ်ပင်ကြီးတွေ ဟိုနေရာနည်းနည်း ဒီနေရာစုစု ပေါက်နေတယ်။ လရောင်ဆမ်းထားလိ်ု့ ဝင်းဝင်းပပ ရွေရည်လူးထားသလို။ အပင်အုပ်အုပ်ကြီးတွေကို လရောင်ထိုးဖေါက်လို့ မရနိုင်ပေမယ့် တစ်ချို့ သစ်ပင်တွေက တော့ သစ်ရွက်ကြိုကြားက လရောင်ဟာ ဆလိုက်ထိုး ထားသလို လင်းလို့နေတယ်။ ကျွန်တော်က လရောင်ထဲပြေးထွက်လာသူပါ မွန်းကြပ်မူတွေကို ခဏဖျောက်ချင်လို့ လရောင်ကို အဖေါ်ပြုမိတာပါ။ ထနောင်းခက်ကြိုကြား လရိပ်တိတ်တခိုး […]


htet wayJune 3, 20121min26818
စာရေးဆရာ အသင်းတွေ မြို့နယ် တွေမှာ ဖွဲ့ ပြီးကြောင်း မကြာခဏ ဂျာနယ်တွေမှာ သတင်း ဖတ်ရတယ်။ စာရေးတယ်ဆိုတာ ကိုယ့် ခံစားချက်ကို မျှဝေတာ၊ ကိုယ်သိတာကို သိစေချင်တာ။ သူတပါးကို သိစေချင် မြင်စေချင်တာ ကို စာအဖြစ် ခင်းကျင်းပြတာလို့ ကိုယ့် ဘာသာပဲ နားလည် ထားပါတယ်။သုတ ၊ရသ ဘယ်စာပေမျိုး မဆို နက်နည်းတာပဲ ၊ အပျော် ဖတ်စာပေတွေတော့ မပါဘူး။ ဒီနေရာမှာ အပျော် ဖတ်စာပေ ရှိသလို အပျော်ရေးတာ လည်းရှိတယ် ။ တလောက ညီငယ် တစ်ယောက်က ဟာသ ဝတ္ထု တစ်ပုဒ်ရေးပြီး မဂ္ဂဇင်းကို ပို့တယ် ပါမလာသေးတော့ ဖုန်းနဲ့ မကြာ ခဏမေးတယ်။ နောက်တော့ မဂ္ဂဇင်းက […]


htet wayMay 22, 20121min26959
ညီမလေးရေ မိုးက သည်းသည်းမည်းမည်းရွာနေတယ် မေလ လယ်ပေမယ့် မိုးက တစ်နာရီလောက် ပင်လယ် တစ်ခု မှောက်ချ လိုက်သလို ရွာ ချလိုက်တာ ဓနိ မိုး အိမ်လေးတွေ မိုး ယိုလို့ တစ်ချို့ဆို ဓနိဟောင်းလေးတွေ ကေက်လို့ ပေါ့ အကိုကတော့ လမ်းဘေး လက်ဖက်ရည် ဆိုင်လေးမှာ မိုးကို ငေးလို့ အတွေး နယ်ချဲ့မိတယ်။ ဆရာ သစ္စာနီ ကဗျာ ထဲက လို မိုးကလွဲလို့ အားလုံးနဲ့ လွဲခဲ့ပေါ့ ဆိုသလို လွဲချော် ခြင်းတွေနဲ့ ပေါ့ ညီမလေးရယ်။ အကို က မိုးရေထဲပြေးနေတဲ့ ကလေးတွေကို ကြည့်လို့ ။ကလေးတစ်ယောက်က အိတ်တစ်လုံး လွယ်ပြီး မိုးရေထဲ အဆောင်းမပါဘဲ လျှောက်နေတယ် လက်ထဲမှာ […]


htet wayMay 19, 20121min13812
ကိုယ့်ဆရာရေ ကျွန်တော်က သူရစိုးပြတဲ့ စာရွက်လေလးကို ကြည့်လိုက်မိတယ်။ကိုမင်းနဲ့ သူ့ချစ်သူ ရတနာ ခင်တို့ ပြောနေတဲ့ ဂျီတော့ ကစကားတွေပါ။ ုko min ခင်ရယ် အကို က ပြန်သာပြန်ခဲ့ရတာပါ စိတ်က ခင့်ဆီမှာ chocho1500 ခင်လည်း ကို့လိုပါပဲ ုko min ကို … ခင့်ကို တကယ်ချစ်တာပါ လက်ထပ်ဖို့ ထိရည်ရွယ်ခဲ့တာပါ chocho1500 ကို့ … စိတ်မကောင်းတော့ မဖြစ်နဲ့နော် ခင့်ကို အမေက လက်ထပ်ပေးဖို့ လုပ်နေတယ်။ အမေက သူစီစဉ်တာလက်ခံရမယ်တဲ့ တကယ်လို့ ငြင်းရင် သေခန်းပြတ်တဲ့ ခင်က မိဘကို စိတ်မဆင်းရဲစေချင်ဘူး ကို့ ကိုလည်း အားနာပါတယ်။ တနေ့က ကိုယ်လာတာ အိမ်က သိသွားတယ် ဒါကြောင့် […]


htet wayMay 17, 20121min21219
ကျွန်တော် လည်း အိမ်ပြန်ဖို့ ဆက်လျှောက်လာတော့ ချယ်ရီလမ်း ထိပ်မှာ ကို လှ မင်း နဲ့ တွေ့ပါတယ်။ ဆရာ တိုင်ပင်စရာ ကိစ္စနည်းနည်းရှိလို့ အိမ်ကို ဝင်ပါအုံးဆိုလို့ ဝင်လိုက်ရတယ်။အိမ်ပေါ်မှာတော့ ကိုလှမင်းရဲ့ အစ်မ က ဆီးကြိုလို့ ဆရာ ထိုင်ပါ တဲ့ ကိုယ့်ဆရာရေ ။ သူတို့ မှာ ပြဿနာတခုခု ရှိနေမှန်း ကျွန်တော် သိလိုက်ပါတယ်။ ကိုလှမင်း အမ ဒေါ် နှင်းဆီက “ ဆရာရေ ပြဿနာလေးတစ်ခု ကို တိုင်ပင်စရာရှိလို့ပါ အကြံဉာဏ်ပေးပါအုံး ”..တဲ့ ကိုယ့်ဆရာရေ လူတွေကလည်း ကောင်းတာမွန်တာဆို နေရာမပေး ကြပါဘူး ပြဿနာဖြစ်ပြီ ဆိုရင် သာ စာရေးဆရာ မို့ပါ တို့ မီဒီယာ […]


htet wayMay 14, 20121min20416
အိမ်ဘေးက ဒေါ် စိန်ထွေးရဲ့ အသံ ကျယ်ကြီး ဟစ်လိုက်သံကြောင့် ကျွန်တော် အိပ်ယာက လန့်နိုးသွားတယ်။လက်က နာရီကို အားစိုက်ကြည့်လိုက်တော့ ရနာရီ ရှိနေပြီ။ဒေါ်စိန်ထွေးကတော့ သူ့သမီးကို ပွဲကြမ်းနေပြီ။ “ ဒီမှာ လှလှထွေးရဲ့ နင်ဝက်ဆိုက်တွေပဲ ကြည့်ပြီး ဝက်လို ဝလာပြီ ။ ဟင် ..တစ်နေ့တစ်နေ့ ချက်ပြီးရင်း ချက်ကြ ဟုတ်လား အိမ်မှာ ထမင်း ဟင်းလေးချက်ပါဆိုတော့ မလုပ်ချင်ဘူး အခု အိပ်ယာလည်းစောစော မထနိုင်ဘူး။ နင်မရှက်ဘူးလား ဟဲ့ လှလှထွေး ရဲ့…. ကိုယ့်ဆရာရေ မနက်တိုင်း ဖွင့်နေကြ ဓါတ်ပြားဟောင်း အပ်ကြောင်းထပ်နေတဲ့ ဒေါ်စိန်ထွေးရဲ့ အော်ကြောလန်အသံပါ။သူ့သမီးလေးက ဘွဲ့ရ အလုပ်လက်မဲ့ ပါ မြို့မှာ အင်တာနက်ဆိုင်တွေဖွင့်တော့ လေ့လာချင်တယ်ဆိုပြီး သွားရာက အင်တာနက်ကို ချစ်သွားခဲ့တယ် […]


htet wayMay 11, 20121min17311
ဒီအချိန်မှာပဲ လက်ဖက်ရည် ဆိုင်ထဲကို လိပ်ပြာဖြူ ဝင်လာပါတယ်။ လိပ်ပြာဖြူဆိုတာ နာမည်ပါ ကလောင် နာမည်ပဲ ဆိုရမှာပေါ့ သူက ကွန်ပျူတာနဲ့ အင်တာနက် သုံးနည်းကို အိမ်မှာ ဖွင့်ထားတယ် အိမ်လည်း လိုက်သင်တယ်။ ဒီမြို့ မှာတာ့ တော်တော် အဆင်ပြေတယ်။ အင်တာနက်မှာ သတင်းတွေလည်းရေးတယ် ။ သူ့သတင်းတွေက “ ဗူးသီးကြော်သည် မတုတ်ရဲ့ အကြော် အိုးထဲ အေအိုင် ဒီအက်စ် ရောဂါသည် လက်နိုက်မိခြင်း တို့ ချက်တင်ထဲကပြလိုက်လို့ မြို့ပေါ်မှာ နာမည်ကြီးသွားတဲ့ ကောင်မလေးတို့ …ဒါတွေရေးတာကိုယ့်ဆရာရေ့ ။ ဒါပေမယ့် ကောင်မလေးက ကြိုးစားပါတယ် နည်းပညာ သစ်တွေရှာတယ် အင်တာနက်ထဲက အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေ လုပ်တယ်။ အကျိုးရှိတာတွေ လုပ်တာပါ ။ ကဲ […]


htet wayMay 9, 20121min38218
ကိုယ်ဆရာရေ မီဒီယာ ခင်မောင်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ကိုမင်းဆိုတဲ့ ကွမ်းယာရောင်းတဲ့ ကောင်လေး ဝင်လာတယ် အသက်က ၂၃နှစ်လောက်ရှိပြီ ကွမ်းယာရောင်းတယ် ဆိုပြီး လျှော့မတွက်နဲ့ ကိုယ့်ဆရာရေ ဆိုင်နဲ့ ကန္နားနဲ့ ရောင်းတာပါ ဆိုင်ကယ်နဲ့ ဟမ်းချိန်းနဲ့ တော်တော်လေးပြေလည်တယ်။ “ ဆရာခင်မောင်ကို လိုက်ရှာနေတာ ကျွန်တော် တိုင်ပင်စရာ ရှိတယ် ” ကိုမင်းက ခင်မောင်ကို ဆရာလို့ခေါ်ပုံထောက်တော့ အင်တာနက်ကိစ္စပဲဖြစ်မယ် ဆိုတာ ကျွန်တော်သိလိုက်တယ်ခင်မောင်ကို ကြည့်လိုက်တော့ ခပ်တည်တည်ကြီးနဲ့ မသိမသာ ရင်ကော့ထားတယ် ဟန်ပါပါ စီးကရက်ကို ဖွာပြီး “ပြောလေကွာ ” လို့ မပွင့်တပွင့် ပြောတယ်။ “ ဒီလို ဆရာ မီဒီယာရေ့ ဆရာသမားကျေးဇူးနဲ့ ရန်ကုန်က ကောင်းမလးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားပြီ ဘာရမလဲ ဆရာရယ် […]