introMay 13, 20101min370
1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့ အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။ ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။ 2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။ 3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊ ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ် သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။ စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil’s workshop တဲ့ […]


introMay 12, 20101min553
ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်တော် တို.ဘယ်လိုကာကွယ်ကျမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကို လိုက်နာပေးလိုက်ပါ။ နေရာ မှန်ပါစေ သင့်ရဲ. ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာ မှန် ထားတက်ဖို.အရေးကြီးပါတယ်။ သင်.ရဲ. ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ. လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ. ၂ဝ ဒီဂရီအောက် နိမ့် နေရပါမယ်။ အလင်းရောင် သင့် အခန်းတွင်း အလင်းရောင်ပျံ.နှံ.နေပါစေ။ […]


introMay 9, 20101min641
တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။ ဆိုကရေးတီးက “ ခဏနေဦး….အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။ ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်…ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား” “မှန်မမှန် ကျွန်တော်လဲ မသိဘူး….လူတွေပြောတာ ကြားလိုက်လို့” “မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်…. ငါ့ကိုပြောမယ့် သတင်းက အကောင်းလား” “မဟုတ်ဘူး” “ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်… ငါ့ကို အရမ်းပြောပြချင်နေတဲ့ […]


introMay 8, 20101min883
ဖယောင်းတိုင် ရဲ့ ကြောက်မက်ဖွယ်ရာ ဆိုးကျိုး ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှု့များ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲ့ဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါတယ်။ ၂၃၈ ကြီမ်မြောက် အမေရိကန်နိုင်ငံ ဓါတုဗေဒ အဖွဲ့အစည်းရဲ့ အစည်းအဝေး မှာတော့ Amid Hamidi ဆိုသူက ဒါက လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေမှာသာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းတဲ့ အခန်းတွေဆို ရင်တော့ ညစ်ညမ်းမှု့နဲ့ လူကို ဆိုးကျိုးပြုမှု့ကို လျော့စေတယ်လို့ ပြောခဲ့ပါတယ်။  ဆက်လက်ပြီးတော့ Hamidi က တခါတလေ ထွန်းတာမျိုးကတော့ လူတွေအတွက် အန္တရာယ်မရှိနိုင်ပေမဲ့ နေ့စဉ်ရက်ဆက် […]


introMay 8, 20101min604
တရုတ်နိုင်ငံက လူတစ်ယောက်ဟာဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကို ထရပ်ကားဖြတ်ကြိတ်မိပြီးကိုယ်တပိုင်းပြတ်ခဲ့တာကို အံ့ဩဖွယ်ရာ အသက်မသေဘဲ ရှင်အောင် ပြန်လည်ကုသနိုင်ခဲ့ပါတယ်။ အသက် ၃ရ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Peng Shuilin ဟာ တရုတ်နိုင်ငံ တောင်ပိုင်းက Shenzhen ဆေးရုံပေါ်မှာ (၂)နှစ် ကြာ ဆေးကုသမှု့ခံခဲ့ ရပါတယ်။ ခက်ခက်ခဲခဲနဲ့ အဓိက ကလီဆာ တွေကို အထဲကို ပြန်ထည့်လို့ရအောင် ခွဲစိတ်ကုသခဲ့ရပါတယ်။ Peng ဟာ ဈေးဆိုင်ငယ်လေးတစ်ခုဖွင့်လစ်ကာ သူများနှင့်မတူ ဈေးကို ချိုသာအောင်ရောက်ချပြီး နာမည်ကိုတော့ လူတဝက် ဈေးတဝက်(Half Man-Half Price) လို့ဆိုင်လေးကို အမည်ပေးထားပါတယ်။ ၂ ပေနှင့် ရ လက္မသာရှည်တဲ့ Peng ဟာ လက်တွန်းလှည်းခုံဖြင့် သွားလာပြီး မည်ကဲ့သို့ ဆေးကုသမှု့ခံ ယူပြီးပြန်လည်ကောင်းမွန်လာတယ်ဆိုတာကို ပြောပြလေ့ရှိပါတယ်။ ကျွန်တော်တို့က […]


introMay 8, 20101min592
ကမာ္ဘ့အရပ်အပုဆုံး မောင်နှံ Douglas Maistre Breger da Silva ဟာ ၂၁ စက်တင်ဘာလ ၁၉၆၉ ခုနှစ်မှာမွေးဖွားခဲ့ပြီး Claudia Pereira Rocha ကတော့ စက်တင်ဘာလ ၆ရက် ၁၉၇၂ မှာမွေးဖွားခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဘရာဇီး နိုင်ငံကဖြစ်ကြပြီး အောက်တိုဘာလ ၂ရ ရက် ၁၉၈၈ မှာ Curitiba လက်ထပ်ခဲ့ပါတယ်။ တိုင်းတာကြည့်တော့ တစ်ယောက်က ၃၅ လက္ခနှင့် နောက်တစ်ယောက်က ၃၆ လက္မသာရှိကြပါတယ်။ နှစ်ယောက်ပေါင်းရင် ၆ ပေမကျော်တာကြောင့် ကမာ္ဘ အရပ်အပုဆုံး ဇနီမောင်နှံ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Ref: myanmarreader


introMay 8, 20101min783
“၃၀၀ဝ ကျပါတယ် အစ်ကို…” “ဗျာ။ ဟိုတစ်ခေါက်က ၂၀၀ဝ ပဲလေ ဗျာ… ကန်လေးတစ်ကန်ကို ၃၀၀ဝ ဆိုတော့ ခင်ဗျားတို့က လွန်တာပေါ့..” “အော်၊ ဟုတ်ကဲ့ အခုက ဈေးတက်သွားလို့ပါ ခင်ဗျာ…” “ခင်ဗျားတို့ကလည်း တက်ပဲ တက်နိုင်လွန်းတယ်… ရေဖြည့်တော့ ၁ဝ မိနစ်တောင် ကြာတာ မဟုတ်ဘူး… အင်းပေ့ါဗျာ… ခင်ဗျားတို့ပဲ အားကိုးနေရလို့ပေါ့…” မနက်မိုးမလင်းသေး ဆူဆူညံညံအသံများကြောင့် ကျွန်တော် အိပ်ရာမှ လန့်နိုးလာရသည်… နာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီ… အိပ်ရာမှ လူးလဲ ထပြီး အသံထွက်လာရာဆီသို့ ထွက်လာမိသည်… “အော်၊ အဖေ၊ မနက်စောစောစီးစီး ဘာတွေ ဖြစ်နေတာလဲဗျ” “ဒီမှာကွာ၊ ရေမလာလို့ ရေဖြည့်တာ၊ ကန်လေးတစ်ကန်ကို ၃၀၀ဝ ဆိုလို့ […]


introMay 8, 20101min855
ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’ အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။ ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’ အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။ ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။ အမေ။ ။ ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$ ^#&.. (တချီဆော်လိုက်တယ်…) အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင် သိတယ်မဟုတ်လား။ ပြောပြစမ်း။ ကွန်တော်။ ။ဟုတ်ကဲ့။ […]


introMay 7, 20102min1078
ကမ္ဘာတဝှမ်းရှိကို့ယို့ကားယားနိုင်သောရေချိုးနည်းများ အကယ်၍သင်ဟာ မောပန်းနေခဲ့ပြီး ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ ရေချိုးလိုပါသလား ။ နို့ရည်နဲ့ ရေချိုးတာကို တော့ ကျွန်တော်တို့ ကြားခဲ့ဖူးတာကြာပါပြီ ။ ဒါပေမယ့် ကျွန်တော်တို့ လုံးဝမကြားဖူးသေးတဲ့ ရေချိုးနည်း သစ်တွေအများကြီးရှိပါတယ် ။ ပုံသဏ္ဍာန်မတူတဲ့ ရေချိုးနည်းတွေဟာ ဒေသတစ်ခု လူမျိုးတစ်ခုချင်းစီရဲ့ ရိုးရာဓလေ့ များဖြစ်ပြီး အဲဒီဒေသတွေမှာ အချိန်တိုအတွင်းမှာပဲ တွင်ကျယ်ခဲ့တာ ဖြစ်ပါတယ် ။ အဲဒီရေချိုးနည်းတွေထဲက အချို့ဟာ တကယ့်ကိုပဲ ထင်ရှားကျော်ကြားလှပါတယ် ။ ဘာကြောင့်လဲဆို လူရဲ့ ခန္ဓာကိုယ်ကို အကျိုးရှိစေပြီး ပါဝင်ဆင်နွှဲကြသူတွေဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့အတွက် ဖြစ်ပါတယ် ။ ဒီလိုကို့ယို့ ကားယားနိုင်တဲ့ ရေချိုးနည်းတွေဟာ ဂျပန်နိုင်ငံကနေ အခြေပြုဆင်းသက်လာတယ်လို့လည်း သိရပါတယ် ။ မြေကြီးရေချိုးနည်း ဂျပန်နိုင်ငံမှာ ရိုးရာဓလေ့အဖြစ် Kyushu ကျွန်းမှာ […]


introMay 5, 20101min712
ကြာတော့ ကြာပါပြီ… ဒါပေမယ့် အခုအချိန်အထိ အသုံးတည့်နေသေးလို့ ပြန်တင်ပေးလိုက်တာပါ… အခုတစ်လော အပူချိန်တွေ သိတ်မြင့်နေတဲ့ အပြင် အပူရှိန်ပြင်းတာနဲ့ ပတ်သတ်လို့ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့အထိ ဖြစ်လာတဲ့အတွက် ရှိနေသေးတဲ့ Mail အဟောင်းလေးထဲက ပြန်တင်ထားတာ ဖြစ်ပါတယ်… နေပူထဲသွားလာ ဆင်ခြင်စရာ လူ့ခန္ဓာကိုယ်၏ သာမန် အပူချိန်မှာ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ ခန္ဓာကို အပူချိန် ၁၀၆-ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် ကြာရှည်ပါက ဦးနှောက်ကို ထိခိုက်နို်င်သည်။ အပူချိန် ၁၀၉.၆ ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် သေဆုံးနိုင်သည်။ လူ့ခန္ဓာကိုယ်တွင် အပူထိန်းချုပ်မှု စနစ် ရှိရာ ခန္ဓာကိုယ်အတွင်း အပူချိန် မျှတစေရန် ဆောင်ရွက်ပေးသည်။ ပြင်ပပတ်ဝန်းကျင် အပူချိန်မြင့်တက်လာသော်လည်း ခန္ဓာကိုယ် အပူချိန် မမြင့်တက်စေရန် ထိန်းချုပ်ပေးသည်။ […]


introApril 26, 20101min21521
အင်တာနက်အွန်လိုင်းပေါ်မှာ အဝတ်အစား၊ တေးဂီတပွဲလက်မှတ်နှင်.မော်တော်ကားများပါမကျန် ရောင်းဝယ်နေကြတဲ. ဒီခေတ်ကြီးမှာအမေရိကန်နိုင်ငံက နာတာလီဒိုင်လန်အမည်ရှိတဲ. တက္ကသိုလ် ကျောင်းသူတစ်ယောက်ကတော. သူမရဲ.အပျိူစင်ညကို အင်တာနက်ပေါ်မှာလေလံတင်ခဲ.တာ တစ် ပတ်ရစ်ပေါချောင်ကောင်းကားထက်တောင် လူတွေအလုအယက်နဲ.စိတ်ဝင်စားခဲ.ကြတာတွေ.ရပါတယ်။ အခုအချိန်အထိတော. ဒီလောက်စီးပွားပျက်နေတဲ.ကြားကတောင် အမြင်.ဆုံးပေးထားတဲ.ဈေးကပေါင်စတာလင်၂.၆ သန်း ( ဒေါ်လာ ၅ သန်းနီးပါး )ပါတဲ. ……အဲဒီလေလံပွဲကိုလူပေါင်း ၁၀၀၀ဝသောင်းကျော်လာရောက်ပြီး ဈေးပြိုင်ပေးခဲ.တာလို.ဆိုပါတယ်။ အမြင်.ဆုံးဈေးပေးခဲ.တဲ.ယောင်္ကျာဘသားကတော.အသက်၃၉နှစ်ရှိဩစတေးလျနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူကထိုကျောင်းသူအမျီူးသမီးရဲ. အင်တာနက်ဝက်ဘ်ဆိုဒ်ကနေလာပြီး ကမ်းလှမ်းခဲ.တာပါတဲ. … အသက်၂၂နှစ်ရှိလုံးကြီးပေါက်လှထိုနှမကတော. မြင်ကြရတဲ.အတိုင်းရွှေသဘောတော်အလိုကျ၊ပျိူနှမစတိုင်လ်နဲ. ဓါတ်ပုံအရိုက်ခံခဲ.ပြီးသူမရဲ.စိတ်ကူးအစီအစဉ်ကိုရေဒီယိုအစီအစဉ်တစ်ခုမှာမနှစ်ကစတင် အကောင်အထည်ဖော်ခဲ.တာဖြစ်ပါတယ်… သူ.မရဲ.မဟာအကြံအစီကြီးကိုတော. သူ.မရဲ.အမဖြစ်သူဟာ တက္ကသိုလ်ကျောင်းစားရိတ်ကိုပြည်.တန်ဆာအဖြစ်ရက်သတ္တပတ်သုံးပတ်ကြာပြုလုပ်ပြီး ငွေရှာခဲ.တာကိုအားကျအတုယူပြီးရခဲ.တာဖြစ်ပါတယ်… ဒါပေမယ်နာတာလီကိုအဲဒီအချိန်ကတည်းက သူမအပြုအမူအပေါ်အမျီူးသမီးထုကပြစ်တင်ဝေဖန်ခဲ.ပြီး သူမရဲ.အပျိူစင်ပါလို. ဆိုတဲ.ပြောဆိုခဲ.တဲ. အချက်အလက်ကိုလည်း ယောင်္ကျားအများစုကမယုံကြည်ကြဘူးဆိုတာရင်ဆိုင်ခဲ.ရပါတယ်။ သူမကတော.ဒါဟာအင်တာနက်ပေါ်က ကုန်ပစ္စည်းတွေလေလံတင်ရောင်းချတဲ. e-bay ရဲ.ဈေးရောင်းပွဲတော်လို.မဟုတ်ဘူး၊ သူမအနေနဲ.အမြင်.ဆုံးဈေးပေးတဲ.သူကို မဖြစ်မနေလက်ခံစရာမလိုပါဘူး။သူမအနေနဲ.အချိန်ယူပြီးကမ်းလှမ်းတဲ.သူတွေကိုလေ.လာနေပါတယ်။သူတို.တစ်တွေနဲ.အဆက်အသွယ် တွေပြုလုပ်နေပါတယ်လို. သူမကဆိုပါတယ်။ ညီမကအင်မတန်မှယဉ်ကျေးသိမ်မွေ.တဲ.အပျိူစင်ပါ…. သူမရဲ.အမည်မှန်ကိုလျှိူ.ဝှက်ထားတဲ.ငွေကြေးလိုအပ်နေတဲ.သူမဟာ Tyra […]


introApril 23, 20101min751
မြန်မာနိုင်ငံအတွင်းကနေ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် မလေးရှားနိုင်ငံကို ရောက်လာကြတဲ့ ချင်းတိုင်းရင်းသားတွေ ၁ဝနှစ် အတွင်းမှာ လေးသောင်းလောက် ရှိလာတယ်လို့ မလေးရှားရောက် ချင်းတိုင်းရင်းသားတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုတွေနဲ့ ဖိနှိပ်မှုတွေဘေးကနေ လွတ်မြောက်ဖို့ထွက်လာကြတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေ ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် ကူညီစောင့်ရှောက်ဖို့ မလေးရှား အာဏာပိုင်တွေကို UNHCR ကုလသမဂ္ဂ အရာရှိတွေက တိုက်တွန်းနေပါတယ်။ မလေးရှားရောက် မြန်မာဒုက္ခသည်တွေအကြောင်း Reuter သတင်းတပုဒ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ မှတ်တမ်းတွေအရ မလေးရှားနိုင်ငံမှာ နိုင်ငံရေးခိုလှုံဖို့ ဒုက္ခသည် အဖြစ် တရားဝင် မှတ်ပုံတင်ထားတဲ့သူ ၈၆,၀၀ဝ ရှိပါတယ်။ အဲဒီအထဲက ၉၂ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ် လို့ UNHCR […]


introApril 23, 20101min1147
ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် လက်ပစ်ဗုံးအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ်အင်ဂျင်နီယာ တပ်အရာရှိ တဦးက ပြောသည်။ စစ်မြေပြင်အင်ဂျင်နီယာတပ်၊ မှုခင်းရဲတို့ပါဝင်သော အဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သော နေရာများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဒေသမှူးနှင့် ရဲတိုင်းမှူးတို့က ကွပ်ကဲမှုပေးခဲ့သည်။  မဏ္ဍပ်ရှေ့ ရှုပ်ထွေးနေသော လူအုပ်အကြားသို့  လက်ပစ်ဗုံးသုံးလုံးကို ကိုက်အနည်းငယ်အကွာမှ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ပစ်ဗုံးစနက်တံ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။ “လူအုပ်ကြားထဲ ပစ်ထည့်လိုက်တာပါ။ Safety Pin နှစ်ခုကို ရှာတွေ့တယ်။ တွေ့တဲ့နေရာနှစ်ခုက ကိုက် ၂ဝ လောက်ခြားတယ်။” ဟု သူကပြောသည်။ ပေါက်ကွဲမှုတွင် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး […]