introJuly 5, 20101min942
(၁) ဂျာမနီ နိုင်ငံ ဟမ်းဘတ် မြို.က ဒေါက်တာ ရုဒေါ့ဖ်ဗီယက်သီးစ် ဟာ ၁၅၂၁ ခုနှစ်မှာ ကမာ္ဘ.ပထမဦးဆုံး အမျိုးသား သားဖွားဆရာဝန် ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီး တစ်ယောက် ကလေးမွေးရာမှာ အခက်အခဲဖြစ်လို. သူ မိန်းမ တစ်ယောက်လို ဟန်ဆောင်ပြီး ကူညီ မွေးဖွားပေးခဲ့ပါတယ် ။ ဒီလို ကူညီပေးခဲ့တဲ့အတွက် ဆုလာဒ်ကတော့ ဝမ်းနည်းစရာပါပဲ ….။ သူ.ကို တိုင်မှာချည်ပြီး မီးရှို.သတ်တာကို ခံခဲ့ရပါတယ် ။ (၂) တစ် ကနေ တစ်သန်းထိ အစဉ်လိုက် ရေတွက်မယ်ဆိုရင် အချိန်ဘယ်လောက်ကြာမယ်ထင်ပါသလဲ ။ ဒီစာကို ဆက်မဖတ်သေးဘဲ အချိန် ဘယ်လောက်ကြာနိုင်မလဲ စဉ်းစားကြည့်ပါ ။ သွားမစမ်းလိုက်လေနဲ့ မိတ်ဆွေ …။ မစားမသောက် မအိပ် ပဲ […]


introJuly 3, 20101min922
ဒီမနက် ဖေဖေအိမ်ရာထတော့ အိမ်မှာဘယ်သူမှ ရှိမနေဘူး။ ဒါနဲ့ သမီးမေမေရဲ့ဟမ်းဖုန်းကို ကောက်ဆက်ေတော့ ဖုန်းကို သမီးကကိုင်တယ်။ “သမီးတို့ ဘယ်သွားနေကြတာလဲ?”လို့ ဖေဖေမေးတယ်။ “ဒီနေ့ တရုတ်စာသင်တန်းရှိတယ်ဆိုတာ မသိဘူးလား?” ဖုန်းတစ်ဘက်က သမီးအသံကို ကြားလိုက်တယ်။ “ဆရာမအိမ်အသွားလမ်းမှာ ရောက်နေတယ်” လို့ သမီးပြောတယ်။ ညစာထမင်းစားချိန်မှာ ကြောင်အိမ်ထဲက ဘီယာပုလင်းကိုယူဖို့ ဖေဖေ မီးဖိုထဲရောက်လာတယ်။ အဲဒီအချိန်မှာ သမီးလည်းရောက်လာပြီး ဖေဖေရှေ့ကနေ တစ်ခုခုယူဖို့ ကြောင်အိမ်ကိုဖွင့်တယ်။ “သမီး ဘာယူမလို့လဲ?” ဖေဖေအမေးကို သမီးက ပြန်မဖြေဘဲ ကြောင်အိမ်ထဲကနေ ပန်းကန်တစ်ချပ်ယူပြီး ဖေဖေ့မျက်စိရှေ့ဝှေ့ယမ်းပြတယ်။ ပြီးတော့ လှည့်ထွက်သွားခဲ့တယ်။ မနက်မှာ သမီးကျောင်းသွားဖို့ ပြင်ဆင်ရတာမို့ ဖေဖေစကားများများ မပြောခဲ့ဘူး။ သမီးစိတ်ခံစားချက် ပျက်ပြားမှာစိုးလို့ ညနေ ထမင်းမစားခင်မှာလည်း ဖေဖေမပြောခဲ့ဘူး။ ဒါပေမယ့် သမီးကို ဖေဖေအသိပေးစကားပြောဖို့ […]


introJuly 2, 20101min570
TV​ ရှေ့တွင် ထိုင်နေသည့် အချိန်​ တိုင်းသည် နှလုံး ရောဂါ ဖြစ်နိုင်ခြေ မြင့်တက် လာအောင် အားပေး အားမြှောက် ပြုနေခြင်း ပင်​ ဖြစ်ကြောင်း ဆရာဝန်များက ပြောကြား​ ခဲ့သည်။လေ့လာမှုများက TV ရှေ့ ထိုင်နေသည့် တစ်နာရီ​ တိုင်းသည် နှလုံး ရောဂါကြောင့် သေဆုံး​ နိုင်ခြေ (၇) ရာခိုင်နှုန်း မြင့်တက် လာစေ​ သည်ဟု ဖော်ပြ​ နေကြောင်း သိရှိရသည်။ ဗြိတိန်တွင် လူ​ အတော်များများသည် ၎င်းတို့​ ကြိုက်​ နှစ်သက်သည့် TV​ အစီအစဉ်များ​ အတွက် နေ့စဉ်​ (၄)​ နာရီမျှ အချိန်​ ကုန်ခံ​ နေရာ နှလုံးနှင့်​ ဆိုင်သော ရောဂါများ ဖြစ်ပေါ်နိုင်ခြေ (၂၈)​ […]


introJune 30, 20101min1003
၁) ငါးများများစားပေးပါ။ ငါးများမှာမျက်ခုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများငါကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။ ၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေကိုအကာအကွယ်ပေးတယ်။ ဆောက်လုပ်ရေးတို.၊စက်ပြင်ဆရာတို.ဆိုရင်လည်းအကာအကွယ်မျက်မှန်တပ်ဆင်သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။ ၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ ခြေထောက်လောက်အထိကိုချိန်ထားပါ။ မျက်နှာတည့်တည့်ထားရင်လေအေးပေးစက်ကထွက်လာတဲ့လေဟာမျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူတက်တယ်။ ဒါကြောင့်ခြေထောက်လောက်ကိုစိုက်ထားပါ။ မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာပျက်စီးတက်ရုံမက ကြာရင်မျက်စိပါကွယ်သွားနိုင်ပါတယ်။ ၄) ဟင်ချက်ရင် အခြားကြက်သွန်တွေထက်ကြက်သွန်နီကို ပိုသုံးပေးပါ။ကြက်သွန်နီမှာ မျက်စိတိမ်ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုးပါဝင်လို့ပါ။ ၅) အိမ်အပြင်နေကူထဲသွားရင်နေကာမျက်မှန်တပ်ပေးပါ။ စူရှတဲ့နေရောင်ခြည်ကို ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ ၆) ညစာစားတဲ့အခါ စိမ်းစာဥစားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။ […]


introJune 29, 20101min863
သူငယ်ချင်းတို ့အတွက် ဟာသလေးတစ်ခုပေါ့။ တောရွာမှာတုန်းကဖြစ်ခဲ့တဲ့ ဟာသဖြစ်ရပ်မှန်လေးပါ။အားလုံးရီမောနိုင်ပါစေ။ ဘယ်ကစရမယ်မသိတော့  အဆင်ပြေသလိုစလိုက်ပါတယ်။ တောမှာကနွေဆိုရင် မီးရှို ့ပြီးတော့ထင်းခုပ်တဲ့ဓလေ့ရှိခဲ့တယ်။ထင်းခုပ်တယ်ဆိုတာ လူစုပြီးအစုလိုက် ခုပ်ကြတာများတယ်။ တောဓလေ့ဆိုတော့ သိတဲ့အတိုင်းပဲလေဗျာ တောထဲမှာထင်တွေခွေပြီဆိုတာနဲ ့ အိမ်မှာထဲက ထမင်းကြမ်းအပြီးစား နေ ့လည်စာကို ထမင်းထုပ်ထုပ်ပြီးသယ်ယူသွားရတာ ထုံးစံတစ်ခုပေါ့။ထမင်းထုပ်ကိုလည် တောမှာက အင်ဖတ်တို ့ ငှက်ပျောဖတ်တို ့ ပေါတယ်ဆိုတော့ မီးကလေးကင်ပြီးပျော့ သွားတာနဲ ့ထမင်းလေးထည့် လိုက်ရုံပဲ။ ဘာချိုင့်မှမလိုဘူးလေ။ထမင်းစားချိန်ရောက်ပြီဆိုတာနဲ ့ ထင်းခွေလာတဲ့ လူတွေ အကုန်စုပြီး ထမင်းစားကြတာကလည်း တောဓလေ့ရဲ့ ပျော်စရာတစ်ခုပါပဲ။ တစ်နေ ့ထုံးစံအတိုင်းပဲ ထင်းခွေထွက်ကြတာပေါ့။နေကလည်း ပူလိုက်တာဗျာ။ချစ်ချစ်တောက်ပဲ အေးပေါ့ မီးရှို ့ ထားတာဆိုတော့ အားလုံးပြောင်သလင်းခါနေပြီး အောက်ပိုင်းကိုရှင်းနေတာပဲ။မီးလောင်တာဘယ်လောက်ပြင်းသလဲ ဆိုရင်စည်းမရှိကမ်းမရှိ ပါထားတဲ့ ချီးပုံလေးတွေတောင် ခြောက်သရောင်….. ထင်းခွေရင်းနဲ […]


introJune 29, 20101min732
ကျွန်မတို့ရုံးရဲ့ Bulletin Board ပေါ်က “12 quick tips for boosting your happiness at work” ဆိုတဲ့ Article လေးပါ။ တနေ့တနေ့မှာ အိမ်မှာနေတဲ့ အချိန်ထက်  ရုံးမှာရှိတဲ့အချိန်က ပိုများနေတဲ့ ကျွန်မတို့လို ရုံးဝန်ထမ်းတွေအတွက် ရုံးမှာပျော်မှ ဘဝကလည်း နေပျော်မှာပါ။ ဒါကြောင့် ကိုယ့်အတွက်လည်း လက်တွေ့အသုံးဝင်တဲ့ အချက်တွေမို့ မကြာခဏ ပြန်ဖတ်မိသလို စိတ်ဝင်စားတဲ့ မဖတ်ရသေးသူတွေ အတွက်လည်း ဘာသာပြန်ပြီး ဝေမျှလိုက်ပါတယ်။ မူရင်းရေးသူက Happiness Project Blog ကိုရေးသားနေသူ Gretchen Rubin ဖြစ်ပါတယ်။ ၁) မျက်လုံးအားစိုက်ရတဲ့ ပမာဏကို စစ်ဆေးပါ။ အလေးပြုသလိုမျိုး နဖူးပေါ်မှာ လက်ကို တင်ကြည့်ပါ။ မျက်လုံးကြည့်ရတာ သက်သာသွားတယ်ဆိုရင် […]


introJune 29, 20101min760
ဗီဇာ စနစ် (Visa-on-arrival) စတင်ပြီးနောက် မြန်မာနိုင်ငံသို့ ခရီးသည် အဝင်နှုန်းမှာ မေလ တလတည်းတွင် ၂ သောင်းနီးပါး ရှိခဲ့ကြောင်းမြန်မာ့ခရီးသွား လုပ်ငန်း သတင်း ရပ်ကွက်မှ သိရသည်။ ဆိုက်ရောက် ဗီဇာ စနစ် ကို ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် နှစ်ခုတွင်မေလ ၁ ရက်နေ့က စတင်ခဲ့ ပြီးနောက် ခရီးသည် အဝင်နှုန်း သာမန်ထက် ၂ရ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ “ဆိုက်ရောက် ဗီဇာ ဖွင့်လိုက်ပြီး ကတည်းက ခရီးသည် အဝင် များလာတယ်။ ခရီးသွားလုပ်ငန်းလှုပ်လှုပ်ရှားရှား ပြန်ဖြစ် လာတယ်။ အရင်က တိုးရစ်တွေ ဒီကို လာချင်ရင် ပုံမှန်ဆို ထိုင်း ဒါမှမဟုတ် စင်ကာပူကနေ […]


introJune 25, 20101min984
တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက ဘုန်းကြီးတစ်ပါးဟာကိုရင်တစ်ပါး ကို တောင်အောက်လွတ်ပြီး ဆီအဝယ်ခိုင်းခဲ့တယ်။ ကိုရင်ဆီမဝယ်ထွက်ခင် ဘုန်းကြီးက ဆီထည့်ဖို့ ခွက်တစ်လုံးပေးပြီး ” ကျောင်းမှာ အသုံးစရိတ် မလုံလောက်တဲ့အတွက် ဆီကို လုံးဝ မဖိတ်စင်အောင် ဂရုတစိုက် ထည့်ခဲ့ပါ ကိုရင်” လို့ သတိပေး မှာကြားလိုက်တယ်။ ကိုရင်က တောင်အောက်ဆင်း ဆီဝယ်ပြီးနောက် တောင်ပေါ်ကို ပြန်လာလာခဲ့တယ်။ လမ်းမှာ ဘုန်းကြီးရဲ့ အမှာစကားကို ပြန်ကြားယောင်ပြီး လက်ထဲကဆီဖိတ်မှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဆီခွက်ကိုပဲ စိုက်ကြည့်ပြီး တောင်ပေါ်လမ်းအတိုင်း တက်လာခဲ့တယ်။ ဘေးဘီကိုလဲ မကြည့်ရဲခဲ့သလို ရှေ့ကလမ်းကိုလည်း မကြည့်ခဲ့ဘူး။ အဲဒီလိုနဲ့ ကျောင်းရောက်ခါနီးမှာ ရှေ့ကိုမကြည့်ခဲ့တာကြောင့် ချိုင့်တစ်ခုကို နင်းမိပြီး ယိုင်လဲသွားခဲ့တယ်။ လက်ထဲကဆီ သုံးပုံတစ်ပုံလောက် ဖိတ်သွားခဲ့တယ်။ ဘုန်းကြီးဆူတော့မယ်ဆိုတဲ့ အတွေးနဲ့ ကိုရင်ဟာ […]


introJune 25, 20101min1002
ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေက သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့ လှေနဲ့တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုဆောင်းမိပြီး အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့ လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။ အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ Catfish လို့ခေါ်တဲ့ ငါးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို Catfish နဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတယ်။ Catfish ရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က […]