introJune 25, 20101min803
အမျိုးသားများ ဝတ်ဆင်သည့် အတွင်းခံ ဘောင်းဘီတွင် လုံခြုံရေး စနစ် တစ်ခုအား တပ်ဆင် စမ်းသပ် နေကြောင်း သိရသည်။ အဆိုပါ နာနို အင်ဂျင်နီယာ နည်းပညာသုံး ဘောင်းဘီသည် ဝတ်ဆင်သူ၏ ခန္ဓာကိုယ် အတွင်း သွေးဖိအား၊ နှလုံး ခုန်နှုန်းနှင့် အခြားသော အသက်ဓာတ်နှင့် ဆက်စပ်နေသည့် လှုပ်ရှားမှုများကို အာရုံခံ တိုင်းတာ ပေးမည်ဟု သိရသည်။ ဘောင်းဘီ၏ အနောက်ဖက် ခါးရှုံကြိုး နေရာတွင် တပ်ဆင် ထားသည့် သေးငယ် လှသော ကိရိယာလေးအား အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ဆန်ဒီယေးဂိုး တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျိုးဆက်ဝမ်က တီထွင် ထားခြင်း ဖြစ်သည်။ အဆိုပါ အတွင်းခံ ဘောင်းဘီများကို အမေရိကန် တပ်မတော်တွင် စတင် […]


introJune 22, 20101min563
မုန်လာဥထဲမှာတော့ ကျွန်တော်တို့ အများသိတာ အနီရောင်နဲ့ အဖြူရောင်ပါ။ ဒီလိုခရမ်းရောင်ကိုတော့ မြင်ဖူးသူ ရှားမယ်ထင်တယ်။ အမှန်တော့ ဒါဟာမုန်လာဥနဲ့ purple haze (မြန်မာလို့မသိပါ) တို့ နှစ်မျိုးစပ်ထားတဲ့အသီးဖြစ်ပါတယ်။ အရသာကတော့ ချိုတယ်လို့ ဆိုပါတယ်။ ဒီအသီးကတော့ Pududu ကျွန်းပေါ်မှာသာ သီးတဲ့ အသီးဖြစ်ပါတယ်။ နာမည်ကတော့ pepper of the black island လို့ခေါ်ပါတယ်။ အပင်ကတော့ နွယ်ပင်မျိုးဖြစ်ပြီး အရသာကတော့ ငရုပ်ပွ သီးနဲ့တူတယ်လို့သိရပါတယ်။ နာမည်ကတော့ ဗုဒ္ဓလက် ရှောက်ချို သီးလို့ခေါ်ပါတယ်။ အာရှတိုက်မှာ ရှိတဲ့အသီးတစ်မျိုးဖြစ်ပြီး အနံရော အရသာပါ ကောင်းမွန်းတယ်လို့ သိရပါတယ်။  သိပ္ပံပညာရှင်တွေကတော့ ဒီခရမ်းနုရောင် ဂေါ်ဖီပန်းကတော့ ပန်းဂေါ်ဖီ အဖြူနဲ့မတူဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချစေနိုင်တယ်လို့ ဆိုပါတယ်။ ဝယ်ခြင်ရင်တော့ အင်္ဂါဂြိုလ်မှာသွားဝယ်ရမှာလားလို့ […]


introJune 21, 20101min910
အသက်(၉)လ အရွယ်အထိ မိမိဖာသာ ဝမ်းလျားမမှောက်နိုင်သေး၊ မထိုင်တတ်သေးသည့် ကလေးငယ်များသည် ကျောင်းနေသည့်အရွယ်တွင် စာလိုက်နိုင်ရန် ရုန်းကန်ရတတ်ကြောင်း သုတေသီများက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကျောင်းစာသင်ခန်းတွင် ညံ့ဖျင်းကြောင်း သတ်မှတ်ခံရသည့် ကလေးအတေ်ာများများသည် ငယ်စဉ်က မိမိဖာသာ တည့်မတ်စွာ ထိုင်နိုင်ခြင်း၊ ဝမ်းလျားမှောက် သွားလာခြင်းနှင့် အခြားသော ကလေးငယ်များ ကိုယ့်အားကိုယ်ကိုး စမ်းသပ်သည့် အပြုအမူများတွင် သာမန်ထက် နောက်ကျပြီးမှ ပြုလုပ်လာနိုင်ကြောင်း ပညာရှင်များကဆိုသည်။ (၂၀၀၀)ပြည့်နှစ်မှ (၂၀၀၁)ခုနှစ်အတွင်း မွေးဖွားလာသည့် ကလေးငယ် (၁၈၈၁၈)ဦး၏ ငယ်ဘဝ အလေ့အထများကို ခြေရာခံ စစ်တမ်းပြုစုပြီးနောက် လန်ဒန်တက္ကသိုလ်၊ ပညာရေးဌာနက ယခုသုတေသနရလဒ်အား ကြေညာခဲ့ခြင်းဖြစ်သည်။ လန်ဒန်တက္ကသိုလ်မှ ပညာရှင်များသည် ယခင်ကလည်း ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးငယ်များသည် ချမ်းသာသော မိသားစုများမှ ကျောင်းနေဖက်များထက် အများအားဖြင့် ကျောင်းစာလိုက်နိုင်မှုစွမ်းရည်တွင် တစ်နှစ်စာမျှ […]


introJune 21, 20101min610
“ကျွန်မက ဉာဏ်ကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာချင်ပါတယ်” ဒီစကားကို ကင်မရွန်မော့တ်က မျှော်လင့်ချက်အပြည့်နဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။ အသက်(၉)နှစ်ပဲ ရှိသေးတဲ့ အမေရိကန်သူ ကောင်မလေးဟာ အကြီးစား ခွဲစိတ်မှုတစ်ခုပြုလုပ်ပြီး သူ့ရဲ့ဦးနှောက် တစ်ဝက်လောက်ကို ဖယ်ထုတ်ခြင်း ခံထားရသူပါ။ ဒါပေမယ့်လည်း ကင်မရွန်ဟာ မိသားစုနဲ့ ဆရာဝန်တွေ အံ့အားသင့်ရလောက်အောင် ပြန်ပြီးကျန်းမာလာခဲ့ပါတယ်။ မိန်းကလေးဟာ သူ့အသက် (၃)နှစ်လောက်ကစပြီး ထူးဆန်းတဲ့ Rasmussen’s Syndromeဆိုတဲ့ ဦးနှောက်ရောဂါ တစ်မျိုးကို ခံစားခဲ့ရရှာတာပါ။ အဲဒီရောဂါက ကင်မရွန်ရဲ့ ညာဖက်ခြမ်းဦးနှောက်ကို တစထက်တစ ဝါးမျိုဖျက်ဆီးလာခဲ့ပါတယ်။ (၂၀၀၇)ခုနှစ်မှာတော့ ဆရာဝန်တွေက ကလေးမလေးရဲ့ အခြေအနေကို လေ့လာပြီးတဲ့နောက် သူ့ရဲ့ဦးနှောက် တစ်ခြမ်းလုံးကို ဖယ်ထုတ်ပစ်လိုက်မှသာ ဒီရောဂါ ဆက်ပျံ့လာတာကို တားဆီးနိုင်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကင်မရွန်ရဲ့အမေ ရှယ်လီမော့တ်က “ဘယ်လောက်ကြောက်စရာ ကောင်းလိုက်သလဲရှင်။ […]


introJune 21, 20101min1142
တကယ်တော့ ဝါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ဝါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ဝိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ ဝါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ဝါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ဝိနည်းဥပဒေဟာ ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ ပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ဝါဆိုဖို့ ပညတ်ချက်တွေ […]


introJune 20, 20101min621
မြန်မာ့ သဘာဝ ရှုခင်းများကို ရိုက်ကူးရန် ဝါသနာပါပြီး ပြိုင်ပွဲဝင်လိုသော ဓာတ်ပုံ ဝါသနာရှင်များ အတွက် Special Style Photo & Electronics နှင့် Nikon Fans Myanmar တို့ ပူးပေါင်း၍ မြန်မာ့ရှုခင်း  ဓာတ်ပုံ ပြိုင်ပွဲ ကျင်းပမည် ဖြစ်၍ Nikon DSLR ကင်မရာ သုံးစွဲ သူတိုင်း ပါဝင် ယှဉ်ပြိုင်နိုင်သည်။ 10″ x 15″ အရွယ်ရှိ မိမိ ကိုယ်တိုင် ရိုက်ကူး ထားသော ရှုခင်း ဓာတ်ပုံ ငါးပုံနှင့် ဓာတ်ပုံပါ စီဒီချပ် တို့ကို ပူးတွဲ တင်သွင်း ယှဉ်ပြိုင်ရမည်။ အခြား ပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသော၊ ပါဝင် ယှဉ်ပြိုင်ထားဆဲ ဖြစ်သော […]


introJune 20, 20102min521
ကမာ္ဘဖလား ဘောလုံးပွဲကြီး နှင့်အတူ ဘောလုံးအားကစား သမားများထဲမှ စတိုင်အကျဆုံး နာမည်ကျော် ဘောလုံး အားကစား စတား ၁ဝ ယောက်ကို ပြင်သစ် ဖက်ရှင် မဂ္ဂဇင်း L’OFFICIEL HOMMES  က ရွေးချယ်ထားသည်။ နံပါတ် 10. Rio Ferdinand 10. Rio Ferdinand နံပါတ် 9. Aaron Lennon 9. Aaron Lennon နံပါတ် 8. Francesco Totti 8. Francesco Totti နံပါတ် 7. Frank Lampard 7. Frank Lampard နံပါတ် 6. Thierry Henry 6. Thierry Henry နံပါတ် […]


introJune 20, 201080min490
1503 A.D.: A New World —————- 5447-7278892-7648258-2126 9750-0553133-8300899-5758 2012-1236143-5723266-5867 3475-0914223-0632734-6745 9385-8677964-7296207-4572 1503 A.D.: Treasures, Monsters and Pirates —————- 7TWN-CFQM-T2B3-7F2K-KEPX HGEE-77DC-J86W-F9WG-S8FN V9L4-5L3C-BQKF-J6AJ-JW37 P99R-H5W5-GM62-NETL-URNP PPDM-UNW3-7VRQ-3NWE-RPE2 Age of Mythology —————- XDWXF-2JCVG-VTX6T-6KYQ9-QDC4G RD4D4-B94XK-QVWFP-K9PJD-GVRV3 QVW83-4MC67-FDPTH-49PT8-6HGRD P3HM4-WDM27-662XW-9BPTV-CFVMQ HYQRH-FV79R-RHHPW-23G37-BDM76 Age of Mythology: The Titans —————- B23B7-JTKPR-4TQT3-HXGD6-HXY96 T2HB2-G4PK6-MQPDR-CTYPQ-64JK6 XG9Q9-TJCWG-MKV2Q-TGBFK-KP8K6 BQBBY-4T8MK-8TP28-GRHJ4-2RP7G JXFTX-YRVX6-YRRYQ-PBTXP-4YKHG Axis and Allies —————- 1005-493D-C922-17D3 1201-7333-7458-686D 1705-3453-2570-A0F9 1022-7053-5324-7ACC 1627-4420-0243-523D Battlefield 1942 —————- […]


introJune 19, 20101min711
2004 Marchကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။2005 JanHacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ […]


introJune 19, 20101min772
ဝိုင်တစ်ခွက်စီ နေ့စဉ်ပုံမှန် သောက်သုံးခြင်းသည် အမျိုးသမီးများအား အဆီကျ လှပစေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။ သင့်တော်မျှတသည့် အယ်လ်ကိုဟော ပမာဏကို နေ့စဉ်မှီဝဲခြင်းသည် အမျိုးသမီးများအတွက် ကိုယ်အလေးချိန်တက်ခြင်းကို တားဆီးပေးပြီး အဝလွန်မှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြခဲ့သည်။ ယင်းသတင်းသည် Archives of Internal Medicine ဆေးပညာဂျာနယ်တွင် ဖော်ပြထားမှုကို ကိုးကားထားခြင်းဖြစ်သည်။ ဝိုင်ကဲ့သို့ အယ်လ်ကိုဟော ပမာဏ သင့်တော်မျှတရုံ ပါဝင်သည့် အရက်ကို နေ့စဉ်သောက်သုံးခြင်းသည် သက်လတ်ပိုင်း အမျိုးသမီးများတွင် ကယ်လိုရီ လောင်ကျွမ်းမှုကို သိသိသာသာ မြင့်တက်စေသဖြင့် ကိုယ်အလေးချိန်တက်မှုကို ဟန့်တားပေးထားကြောင်း သိရသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်နှင့် ကျန်းမာရေးဌာနများမှ ပညာရှင်များ သီးခြားစီ ပြုလုပ်သော သုတေသန စစ်တမ်းများကို စုပေါင်းကောက်ချက်ချကာ […]


introJune 18, 20101min711
လူတွေ ဘာကြောင့် ချစ်ကြတာလဲ??? ဓာတုဗေဒ ပညာရှင်များရဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ စူးစမ်းလေ့လာ တွေ့ရှိချက်များအရ အချစ်ဆိုတာ တော်တော်ထူးဆန်းတဲ့ အချက်ကလေးတွေ အပေါ် အခြေခံကြောင်း တွေ့ရပါတယ်။ ဘက်ဖ်လိုတက္ကသိုလ်က စိတ်ပညာရှင် Mark Kristal က ခုလိုရှင်းပြခဲ့ပါတယ်။ “ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ရင်ခုန်ရတဲ့ အချစ်ဆိုတာ ဖြစ်လာစေဖို့ ခန္ဓာကိုယ်တွင်း ဓာတုဓာတ်ပြုမှု တော်တော်များများ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီဓာတ်ပြုခြင်းတွေ ဆိုတာက ဦးနှောက်အာရုံကြောတွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပြုခြင်းတွေ ဖြစ်ပြီး ဒီဓာတ်ပြုခြင်းတွေရဲ့ အစီအစဉ်တကျ ပါဝင်ဖွဲ့စည်းမှု၊ ရှေ့နောက်အစီအစဉ် ကျနမှု တွေကြောင့် လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို စူးနစ်နက်ရှိုင်းစွာ ချစ်မိသွားတာ ဖြစ်ပါတယ်” အဲဒီလို ဓာတ်ပြုခြင်းတွေ ဖြစ်ပေါ်လာစေတဲ့ ပြင်ပလှုံ့ဆော်မှု (External Stimuli) တွေကတော့ ……….. (၁)ရနံ့ […]