introJune 8, 20101min540
ဗြိတိန်၊ မေ ၁၉- မုန့်ပဲသရေစာသည် ဘိန်းဖြူကဲ့ သို့စွဲစေကြောင်း အစီရင်ခံစာတွင်  မ ကြာမီက ဖော်ပြခဲ့သည်။ အဆီနှင့်သကြားများသော မုန့် ပဲသရေစာများကို လူအတော်များများ အဘယ်ကြောင့် ဗိုက်ကားအောင်စား ၍ မဝနိုင်ဖြစ်ကြရသည်မှာ ဦးနှောက် ထဲတွင် မူးယစ်ဆေးများကဲ့သို့အလား တူသာယာမှုဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ယင်းသည် အဝလွန်ကပ် ရောဂါနောက်ကွယ်၌ တည်ရှိနေနိုင် သည်။ လူတို့၏ဦးနှောက်အလေးချိန် သည် သုံးပေါင်လောက်ရှိပြီး ခန္ဓကိုယ် အလေးချိန်စုစုပေါင်း၏ အပိုင်းဂဏန်း တစ်ခုဖြစ်သည်။ သို့ရာတွင် ယင်းက နေ့ စဉ်စားသုံးနေသော ကယ်လိုရီရာခိုင် နှုန်း၂ဝကို ဝါးမျိုပစ်သည်။ ဦးနှောက် ကျန်းမာရေးအတွက် အစားအစာသည် မှတ်ဉာဏ်အပြင် ဉာဏ်ရည်ထက်မြက် မှုနှင့် စိတ်ဓာတ်တက်ကြွရွှင်ပျမှုအ တွက် မရှိမဖြစ်လိုအပ်သည်။ ယခုဤနေရာတွင် အာဟာရ နှင့် ဦးနှောက်အပြင်အထောက်အကူ […]


introJune 8, 20101min994
ကိုလာအချိုရည် အမြောက်အမြား သောက်ခြင်းက အမျိုးသားများ၏ သုက်ပိုးအရေအတွက်ကို လျော့နည်းကျဆင်းစေသည်ဟု ယူဆရကြောင်း သုတေသီများက ပြောကြားလိုက်သည်။ ဒိန်းမတ်နိုင်ငံမှ ပညာရှင်များက နေ့စဉ်နေ့တိုင်း ကိုလာတစ်လီတာစီ စွဲမြဲစွာ သောက်သုံးပါက သာမန်ထက် သုက်ပိုးအရေအတွက် ပျမ်းမျှအားဖြင့် (၃၀)ရာခိုင်နှုန်းခန့် လျော့ကျသွားတတ်ကြောင်း တွေ့ရှိခဲ့သည်။ သုက်ပိုးအရေအတွက် နည်းပါးသော အမျိုးသားတစ်ဦးသည် သာမန်အားဖြင့် သားသမီးရနိုင်ခြေ နည်းပါးလေ့ရှိသည်။ ယင်းသည် ကိုလာတွင် ပါဝင်သော ကဖင်းဓာတ်နှင့် ဆက်စပ်နေကြောင်း၊ သို့သော်လည်း ကဖင်းဓာတ်ပါဝင်သည့် ကော်ဖီကို သောက်ခြင်းကြောင့်မူ အဆိုပါ ဆိုးကျိုးမျိုး ကြုံတွေ့ရလေ့မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကိုလာအချိုရည်များရှိ ကဖင်းသည် ကော်ဖီတွင်ပါသော ကဖင်းထက် အာနိသင်ပြင်းထန်ကာ ပမာဏ ပိုမိုများပြားနေသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။ သုတေသန ရလဒ်သစ်ကို ဖော်ထုတ်နိုင်ခဲ့သည့် ဦးဆောင်သုတေသီ ကိုးလ်ဂျန်ဆန်က ကဖင်းဓာတ်သည် အမျိုးသားတစ်ဦး၏ […]


introJune 5, 20101min491
မင်းသမီးနီကိုးလ်ကစ်ဒ်မင်းဟာ ဆစ်ဒ်နီမြို့မှာကျင်းပတဲ့ InStyleAward ဆုပေးပွဲမှာ ဆုနှစ်ဆုတောင်ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဩစတြေးလျနိုင်ငံ ရဲ့ဖက်ရှင်အကျဆုံး သရုပ်ဆောင်တစ်ဦးဖြစ်သွားပါတယ်။ အော်စီလူမျိုးမင်းသမီးဟာ InStyle မဂ္ဂဇင်းကနေစာဖတ်သူတွေရွေးချယ်ပေးတဲ့ Reader’s Choice ဆုကို ရခဲ့တာ ဖြစ်သလို သတင်းနဲ့ ဖျော်ဖြေရေးကဏ္ဍက ပေးတဲ့ဆုကိုလည်းရခဲ့တာဖြစ်ပါတယ်။ ဒီလိုဆုတွေ ချီးမြှင့်ခြင်း ခံရပေမယ့် နီကိုးလ်ဟာ မင်းသမီး ဂျနီဖာအင်န်စတန်၊ အဒမ်ဆန်ဒလာတို့နဲ့အတူ ဇာတ်ကားသစ်ဖြစ်တဲ့ “Just Go With It”မှာပါဝင်သရုပ်ဆောင်နေတဲ့အတွက် ဆုပေးပွဲကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခမ်းအနားမှာ ဖွင့်ပြပေးဖို့အတွက် ဗီဒီယိုမက်ဆေ့ချ်တစ်ခုကို နီကိုးလ်ကပေးပို့ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာနီကိုးလ်က “စတိုင်ဆိုတာကကိုယ့်ရဲ့ကိုယ်ပိုင်အမြင်ပါ။ လူတွေပြောသလိုလိုက်လုပ်စရာမလိုပါဘူး။ ကိုယ့်ဖက်ရှင်ကို အမျိုးမျိုးပြောင်းချင်ပြောင်းလို့ရတယ်။ ဒါပေမယ့် ကိုယ်နဲ့ အဆင်ပြေပစေပေါ့” လို့ ပြောထားပါတယ်။ Source: MYMCNews


introJune 5, 20101min813
မှော်ကဝေလေး ဟယ်ရီပေါတာအဖြစ် သရုပ်ဆောင်သည့် ဒင်နီရယ်လ်ရော စုန်းမလေး ဟယ်မီရွန်ဂရိန်ဂျာအဖြစ် သရုပ်ဆောင်ခဲ့သည့် အီမာပါ ယခုသီတင်းပါတ်အတွင်း ဟယ်ရီပေါ်တာ နောက်ဆုံးအဆုံးသတ် ဇာတ်သိမ်းခန်း ပါဝင်ရိုက်ကူးနေရခြင်းအတွက် ဝမ်းနည်းမိကြောင်း ပြောကြား ဟယ်ရီပေါ်တာ ဇာတ်ကားများမှ အဓိကသရုပ်ဆောင်များဖြစ်သည့် အီမာဝပ်ဆန်နှင့် ဒင်နီရယ်လ် ရက်ကလစ်ဖ်တို့က ဇာတ်ကား၏ နောက်ဆုံးပိုင်း ရိုက်ကူးနေရခြင်းအပေါ် အလွန်ဝမ်းနည်းမိကြောင်း ပြောကြားလိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးက ငယ်ဘဝကတည်းက စတင်ပါဝင်ခဲ့သော အဆိုပါ ဇာတ်လမ်းတစ်ခုလုံး အဆုံးသတ်မသွားစေလိုသေးဟုဆိုသည်။ မှော်ကဝေလေး ဟယ်ရီပေါတာအဖြစ် သရုပ်ဆောင်သည့် ဒင်နီရယ်လ်ရော၊ စုန်းမလေး ဟယ်မီရွန်ဂရိန်ဂျာအဖြစ် သရုပ်ဆောင်ခဲ့သည့် အီမာပါ ယခုသီတင်းပါတ်အတွင်း ဟယ်ရီပေါ်တာ နောက်ဆုံးအဆုံးသတ် ဇာတ်သိမ်းခန်း ပါဝင်ရိုက်ကူးနေရခြင်းအတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ ဟတ်ဖို့ရှိုင်းယားတွင် ရိုက်ကူးနေသည့် သတ္တမမြောက် ဟယ်ရီပေါ်တာဇာတ်ကား ပြီးဆုံးသွားတော့မည်ဆိုသော အသိက သူမနှင့်ရင်းနှီးသူတစ်ဦး ကွယ်လွန်သွားသလို […]


introJune 3, 20101min700
သိပ္ပံသုတေသီများက ကမ္ဘာ့မြေပြင်၊ ရေပြင်ပူနွေးလာမှုသည် ကျေးငှက်တိရစ္ဆာန်များနှင့် သစ်ပင်၊ ပန်းပင် ငယ်များအား ပို၍အေးသောဒေသများ သို့ပြောင်းရွှေ့စေကာ အခြားအပြောင်း အလဲများလည်း ဖြစ်ပေါ်စေကြောင်း ထုတ်ဖော်ပြောလာ ကြပါသည်။ အဆိုပါ လေ့လာမှုများအရ ပူနွေးလာသည့် ဥတုရာသီက တောသတ္တဝါများအား မိမိတို့ ဇာတိဒေသ သဘာဝ ဝန်းကျင်များမှ စွန့်ခွာသွားစေကြောင်း တွေ့ရှိလာကြပါသည်။ သဘာဝ Nature မဂ္ဂဇင်းပါ ဖော်ပြချက်အရ သစ်ပင်ပန်းပင်များ ဖူးပွင့်မှု၊ ငှက်များ၏ ခရီးဝေးပျံသန်း ပြောင်းရွှေ့မှုတို့သည် ယခုနှစ်တွင် အချိန်ပိုမိုစောစွာ ဖြစ်ပေါ်ခဲ့ရသည်။ အကျိုးဆက်အားဖြင့် သဘာဝဝန်း ကျင်ယိုယွင်းခြင်း၊ ဒေသတွင်း သဘာဝ တောတိရစ္ဆာန်နှင့် ငှက်များ ဆုံးရှုံးပျက်စီးရခြင်း၊ အချို့သော ရှားပါးသတ္တဝါများ လုံးဝမျိုးသုဉ်း ကွယ်ပျောက်ခြင်း စသည့် အန္တရာယ်များရှိ လာနိုင်ကြောင်း သိပ္ပံသုတေသီတို့က သတိပေးကြပါသည်။ သစ်ပင် […]


introJune 2, 20101min780
ခုနစ်ရက်သားသမီးများအတွက် အောင်အတိတ်အောင်နိမိတ်ဟောစာတမ်း သက်နှင်းဆွေ-ပုပ္ပါး 2010 ဇွန်လအတွက် တနင်္ဂနွေသားသမီးများ ယခုလတွင် သင်သည်ငွေဝင်သလောက် အကုန်အကျလည်း များပေလိမ့်မည်။ ငွေထွက်ပေါက်များ ပိတ်ဆို့၍ မရအောင်ဖြစ်နေလိမ့်မည်။ ခရီးရှည်သွားရတတ်ပါသည် ထိုခရီးမှာ သင့်အတွက် ကောင်းပါသည်။ နိုင်ငံခြားသို့ပင် သွားရတတ်ပါသည်။ ထိုခရီးမှာ သင့်အတွက်ကောင်းပါသည်။  မီးလျှပ်စစ် ဒုက္ခပေးတတ်၏။ အမှုပေါ်တတ်၏။ အလုပ်မှ ရုတ်တရက် ရပ်နားရတတ်သည်။ အတိုက်အခံပေါ်တတ်ပါသည်။ တစ်သက်လုံး တွဲလာသော မိတ်ဆွေနှင့် စိတ်ဝမ်းကွဲတတ်ပါသည်။ မုဆိုးဖို၊ မုဆိုးမများ အိမ်သို့ရောက်လာပါက အမှုအခင်းဖြစ်တတ်၍ လက်မခံပါနှင့်။ ခါးနာခဲ့သော် ဆေးထိုးခြင်းမပြုဘဲ လူးဆေးသောက်ဆေးဖြင့်သာ ကုပါ။ သင့်အား သူတစ်ပါးက ဆေးဝါးအတတ်ဖြင့် ဒုက္ခပေးတတ်ပါသည်။ အိုးအိမ်နေရာ ထိုင်ခင်း အတွက်လည်း စိတ်သောကရောက်စရာများ ပေါ်တတ်ပါသည်။ ကံညံ့နေတာတော့မဟုတ်ပါ။ တိုးတက်ဖို့ရှိနေတာကိုအဖျက်တွေဝင်နေတဲ့ သဘောပါ။ ဝန်းကျင်ကိုအာရုံပြုပါ။လေ့လာပါ။ သူမျာတွေကိုစိတ်ဝင်စားကြည့်လိုက်ပါ။ […]


introJune 2, 20101min630
၂ဝဝဝပြည့်နှစ် ဩဂုတ်လတွင် မြောက်ဝင်ရိုးစွန်း – North Pole သို့ ရေလမ်းခရီးထွက်ခဲ့ကြသည့် သိပံ္ပပညာရှင် တစ်စုက အပြန်ခရီး၌ မေးခွန်းတစ်ခု မေးခဲ့ကြသည်။ ”ရေခဲတောင်ကြီးတွေ မတွေ့ရဘဲ ရေပြင်ကြီးသာ တွေ့မြင်ရမဲ့ ၉ဝံ မြောက်ကို ရောက်ဖူးကြသလား”ဟူ၍ဖြစ်၏။ ဟုတ်ပါသည်။ သုတေသီ သိပံ္ပပညာရှင် အချို့သည် နော်ဝေပင်လယ် ပြင်ရှိ စဗဲလ်ဖတ်ကျွန်း – Svalbardမှနေ၍ မြောက်ဝင်ရိုးစွန်းသို့ ညူကလီး ယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘော ယာမဲလ် Yamal ဖြင့် ခရီးထွက်ခဲ့ကြသည်။ ရေခဲခွဲသင်္ဘောသည် ရေလမ်းတစ်လျှောက် ခွဲစရာရေခဲများနှင့် သိပ်မတွေ့ခဲ့ရဘဲ မြောက်ဝင်ရိုးစွန်းသို့ ရောက်လာခဲ့သည်။ မြောက်ဝင်ရိုးစွန်းတွင် သူတို့ထင်သလို ရေခဲတောင်ကြီးများကို မတွေ့မြင်ကြရဘဲ တစ်မိုင်သာသာ ကျယ်ပြန့်သည့် ကြည်လင်ပြာလဲ့သော ရေပြင်ကြီးကိုသာ တွေ့လိုက်ကြရသဖြင့် အံ့ဩသွားကြသည်။ ထိုသတင်းသည် ကမ္ဘာတစ် […]


introJune 1, 20101min430
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုထားသည့် စက်သုံးဆီဆိုင်အချို့တွင် လက်ရှိသုံးစွဲလျက်ရှိသည့်ဆီပန့်များအစား ဒီဂျစ်တယ်ပန့်များကို အစားထိုးတပ်ဆင်ပြီး ဆီရောင်းချမှုကိုလည်း ကွန်ပျူတာစနစ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုပန့်များကို တင်သွင်းရောင်းချပေးသည့် International Marine Services Co.,Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဟိန်းက မေလ ၂၁ ရက်တွင် ပြောကြားသည်။ အဆိုပါ ဒီဂျစ်တယ်ဆီပန့်များသည် သတ်မှတ်ပေးထားသော စက်သုံးဆီရောင်းဈေးအတိုင်း ဝယ်ယူသူထည့်လိုသည့် ဆီပမာဏကို တိကျစွာထည့်ပေးနိုင်မည့်ပန့်များဖြစ်ကာ လက်ရှိတွင် ထိုပန့်များကို ကုမ္ပဏီသုံးခုမှ လုပ်ကိုင်ဆောင်ရွက်မည့် စက်သုံးဆီဆိုင်ပေါင်း ၂ဝ တွင် ပြောင်းလဲတပ်ဆင်ရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဒီဂျစ်တယ်ပန့်တွေကိုတော့ ကုမ္ပဏီတော်တော်များများက စိတ်ဝင်စားကြတယ်။ သုံးစွဲမယ့်ကုမ္ပဏီတွေကလည်း လက်ရှိပန့်တွေနေရာမှာ ဒီပန့်တွေကို အမြန်ဆုံးပြောင်းလဲတပ်ဆင်သွားဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။ ထို့ပြင် စက်သုံးဆီရောင်းချပေးရာတွင် လက်ရှိကျင့်သုံးလျက်ရှိသည့်ပုံစံအစား ကွန်ပျူတာဖြင့် ကျသင့်ငွေဘောက်ချာထုတ်ပေးသည့်စနစ်ကို ပြောင်းလဲကျင်သုံးမည်ဖြစ်ကြောင်းဆိုသည်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များအနေဖြင့် ဝယ်ယူသူများကို […]


introJune 1, 20101min721
သင်္ကြန်အကြတ်နေ့..X2o မဏ္ဍပ်ရှေ ့မှာ ဗုံးပေါက်ပီးကတည်းက….လူတော်ေ တာ်များများ ပြောနေကြတယ် …. ကန်တော်ကြီးပတ်လမ်းမှာ…..ဖြတ်သွားဖြတ်လာကားတွေကို …မကျွတ် မလွတ်သေးတဲ့ … သူတွေ ခြောက်လှန့်နေတယ်ဆိုပြီး..ကြားပါတယ် ….ဒါပေမယ့် မဖြစ်နိုင်ဘူး လို့ စိတ်ထဲက ထင်ထားပေမယ့် …တကယ်လက်တွေ ့ကြုံခဲ့ရတဲ့သူတွေကတော့ …အခုလိုပြောပြကြတယ်။ တာမွေမြို ့နယ်က…ညဘက်တက္ကစီမောင်းသမားတစ်ယောက်……. ကျုပ်..ဆယ်နာရီခွဲလောက်….တာမွေကနေ…မြို ့ထဲကစားသောက်ဆိုင်တစ်ခုက ဝန်ထမ်းတွေကို ကြိုပို့လုပ်ဖို့ …ကန်တော်ကြီးပတ်လမ်းအတိုင်း….မောင်းလာခဲ့တယ်ဗျ…အဲဒီနေ့မှထူးထူးဆန်းဆန်း အဲဒီ ဗုံးပေါက်တဲ့နေရာလည်း ရောက်ရော… ကားက ရှေ ့မှာရော နောက်မှာရောတစ်စီးမှမရှိအောင် ကို ပြတ်နေတယ် … ဒီအချိန်မှာ ….သိမ်ဖြူကွင်းဘေးအရိပ်တစ်ခုအောက်က အမျိုးသမီးတစ်ယောက် ပြေးထွက်လာပီး …ကျွန်တော့်ကားကိုတားပါတယ် ..ကောင်မလေးက ခပ်ငယ်ငယ်ဘောင်းဘီတိုနဲ့ပါ။ ကျွန်တော်လည်း ရပ်ပေးလိုက်တယ်… သူက တောင်ဥက္ကလာကို ဘယ်လောက်ပေးရမလဲတဲ့ ဟာ …ဒါဆိုလိုက်တော့ဘူး….ကျွန်တော်က ဟိုဘက်မှာသွားကြိုစရာရှိသေးလို့ပါလို့ပြောလိုက်တယ် သူက လိုက်ပို့ပေးပါ […]


introMay 30, 20101min430
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB) တို့သည် တောင်အာဖရိကနိုင်ငံတွင် ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင် လ ၁၁ ရက်နေ့အထိ ကျင်းပမည့် ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပယ်နယ်တီကန်သွင်းမှုနှင့် ပတ်သက်၍ စည်း မျဉ်းသစ်တစ်ခုကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ အဆိုပါ စည်းမျဉ်းသစ်အရ ပြိုင်ပွဲဝင်အသင်းများမှ ပယ်နယ်တီကန်သွင်းမည့် ဘောလုံးသမားများသည် ပယ်နယ်တီမကန်မီအချိန်တွင် ပြိုင်ဘက်အသင်းမှ ဂိုးသမားကို အနှောင့်အယှက်ဖြစ်စေသည့် အပြုအမူမျိုးး ပြုလုပ်ခြင်း၊ ဘောလုံးကို ကန်ရန်ပြေးလာရာမှ ရုတ်တရက် ရပ်တန့်၍ ပြိုင်ဘက်ဂိုးသမား ဟန်ချက်ပျက်သည့်အချိန်မှ ကန်သွင်းခြင်း စသည်အပြုအမူတို့ကို ပြုလုပ်ခွင့်ရှိတော့မည်မဟုတ်ကြောင်း သိရသည်။ အကယ်၍ ယင်းကဲ့သို့ အပြုအမူမျိုး ပြုလုပ်မည်ဆိုပါက အားကစားသမား မပီသသည့်အပြုအမူဟု သတ်မှတ်ကာ ပင်နယ်တီကန်သွင်းသည့် အားကစားသမားကို အဝါကတ်ပြ၍ သတိပေးခြင်းခံရမည်ဖြစ်ကြောင်း […]


introMay 30, 20101min580
မင်္ဂလာဈေးမီးလောင်မှုကြောင့် ရွှေ့ပြောင်းရမည့် စတုတ္ထထပ်နှင့် ပဉ္စမထပ်ရှိ ဆိုင်ခန်းများကို ဦးစားပေးအဖြစ် မင်္ဂလာဈေးသစ်(မင်္ဂလာမွန်ဈေး)ရှိ ဆိုင်ခန်းအလွတ်အချို့တွင်နေရာချထားပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မေလ ၂ရ ရက်နေ့က ပြုလုပ်သည့် မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ကျန်အထပ်များများမှ ဆိုင်ခန်းများကို မင်္ဂလာမွန်ဈေးအနီး (Favourite Karaoke ဆိုင်နောက်) ရှိဘောလုံးကွင်းတွင် ယာယီအကွက်ငယ်များပြုလုပ်၍ ယာယီဈေးအဖြစ် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။ အဆိုပါဘောလုံးကွင်းကို ယာယီဈေးအဖြစ် အသုံးပြုနိုင်ရန် မြေတိုင်းမှုများစတင်ပြုလုပ်လျက်ရှိပြီး မြေတိုင်းမှုများပြီးစီးပါက အကျယ်အဝန်းအလိုက် မြေကွက်ငယ်များပြုလုပ်၍ ဆိုင်ခန်းပိုင်ရှင်များကို မြေနေရာခွဲဝေပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Eleven Media Group မှ ဖော်ပြထားပါသည်။