ムラカミNovember 5, 20131min15710
    ဖွတ်ဟင်းကိုလ ဇွတ်အတင်းငယ် ဆီပြန် အတည်ကြံ ချက်မယ့် နှမငယ် ဘဝရယ် ဆုံးပဇီဦးတော့ အပြုံးတော့ မပျက်ပေါင် ဘုန်းမောင့်သက်လှယ် မျိုကျရင်ပ စိုလှမယ့် အူနံရံအတွက်ဆို   အိုကွယ် ခန္ဒာကိုယ် စတေးလို့ အသက်ပေး ပွဲတော်တည်စေတော့ကွယ့် ကျန်စေမယ် ပါးစပ်သမိုင်းမှာပ. ရာဇွင်ငယ် မရိုင်းစေရဘု နှိုင်းမရ ကမာ္ဘလွှားမယ့်.   ဟောဒိက အမြဲညွှတ်တွားနေတဲ့.   ငါဟဲ့. အသည်းနဲ့ဖွတ်ကျားးးးးး     ဒချိ ဒချိ   ကဗျာအမျိုးအစား မီးကျိုးမောင်းပျက် ဖွတ်ချင်း. စာဆို. ထိပ်တင် မိဂီ     ငိငိ    


ムラカミOctober 28, 20133min24214
ရွာ့ သုခုမရဲ့ မှော်အောင်ထားသူ ဟိုဦးလေး ရဲ့ ဈေး ဆိုတဲ့ ပိုစ့်ထဲက ပန်းချီ၂ကား အနက်မှ ၁ကားကို ခပ်တည်တည် နဲ့ မြင်တာ လျောက် ရွှီးပါ့မယ်ခည..   (အော်… အားယားနေ တုန်းမို့ …ရှိသမျှ အလုပ်တွေက ထွက်ပြေးရင်း.. ဟိုဟာလျှောက်ကြည့် ဒီဟာလျှောက်ဖတ်ရင်း အုံးနှောက် ဘတ်လဘိုင်ဖြစ်တုန်းရေးထားတာမို့ သီးခံ ဖတ်ရှု ဝါ … ကျော်ဖတ်ကြပါကုန်)     မူရင်းပုံ က သည်ပုံပါခည …အဲ …. အူးလေးက ဆွဲပီးသား ပုံကို  စကင်ဖတ် ထည့်ထားတာလား ..ဒါတ်သေရိုက်ပီး တင်တာလားတော့ မသိပေမယ့် အရောင်တွေ အလင်းအမှောင်တွေကတော့ အော်ရီရျင်ဒယ် နဲ့ ထပ်တူမဟုတ်တောင် အနီးစပ်ဆုံး ထင်ဟပ်မယ် လို့ […]


ムラカミOctober 21, 20131min44321
ဆိုရေးရှိက ဆိုရဦးမပေါ့ဗျာ…. ဆိုရေး (ဆိုတေးမဟုတ်ပါ) က ၄ကြောင်းတောင် တိုက်ဆိုင်နေမှတော့ သေဂျင်းဇိမ်းလည်း မနေသာတော့ဘဲ ပြောရဦးမဗျ…. (အသန့်ကြိုက်သူများ ကျော် ဖတ်ကြပေကုန်) ညှီ ပဟေ့ …။ ဆိုရေး-၁ တမြန်နေ့က ဗဂျီကျော် ။ ထွစ်ဒစ်ရှင်နယ်ဒန်ဇာ ။ သုခုမရဲ့ ပဂေးကြီးကို ခွန်းထောက် မေးမိရာကနေ …စသဗျ.. ဆြာသမားက မြန်မာသံ ၅ပေါက် ၆ပေါက်တွေ အကြောင်း ပါ လှည့်ပတ်တူးသွားသေးတာရယ်.. (အဲ့အကြောင်း နောက်မှ သပ်သပ် မေးပါ့မယ်ဗျ) ခွန်းထောက်ဆိုလို့ပါ တခါက အငြိမ့်ခွင်က ပြက်လုံးတခု သွားသတိရမိတာရယ်… အို ဘာတဲ့ .. ကျောက်ခဲ အောင်ဘာလေ စူဠ တဲ့ ခည …. စကားလိမ်ပေါ့ဗျာ… (ဒါအရေးကြီးတယ်… ဘာကြောင့်တုန်း […]


ムラカミOctober 5, 20131min1315
    မေ့မရလို့ တွေ့ကြစို့ ဆိုပေမဲ့ ငိုနေတဲ့ မင်းမျက်နှာနဲ့ ရှိုက်သံသိမ့်သိမ့် လွမ်းစိမ့်စိမ့်ကို ဖေးမချော့မြူ မကူနိုင်လို့ အပြစ်မို့ရယ် ဝန်ခံပါရစေကွယ် . . . . . . . . . . . . . . . . . . . . . . . . . . . . . . ငါ့ကိုငါပဲ မုန်းမိရဲ့               တွေ့ကြသေးတာပေါ့ ကရင်မ ဝတုတ် […]


ムラカミOctober 2, 20131min23215
  အဝေးရောက်ချစ်သူ ဆွေးပူသော်ညား ခေါ်ကာမထား ပျော်မအားတည့် သက်ရောက်ချိန်ခါ မတန်ပါသေး ဖော်ကွာဝေးလို့ မျှော်တွေးမှန်းကာ လွမ်းရပါသည် ဪ ချစ်သူငါ့အား လွမ်းပါများမှ လွမ်း စလေ ။ ၂၀၁၃ ၁ဝ ဝ၂                                              


ムラカミSeptember 27, 20131min17911
ကျနော်. စတိုင်း နောက်တိုင်းး. နင်နော်. နဲ့မွန်ကောင်ဇုတ်. ကလွဲပီး တခြားလည်း. မဆဲတတ်ရှာတဲ့. ကရင်မဝတုတ်လေးကို. ကျနော် ချစ်တယ်မေမေ. သေချာပါတယ်. နင်က. ငါ့. အမျိုးသမီးပါ. နော်ရှီးရယ်. PS ဒါအရှေ့ကျွန်းက. နောက်ဆုံးတင်တဲ့ပိုစ့်ဗျ. နက်ဖျင်မနက်. ရွာကို လိမ့်ဘီ.


ムラカミSeptember 26, 20131min37321
မိုးလင်းတိုင်း မကြားရတော့မှာ. ကြောက်မိတဲ့ အသံလေးတသံ မခေါ်ရတော့မှာ စိုးမိတဲ့. နာမည်လေးတခု. ရှိပါရဲ့. ဂီတာတလက်. လက်ဆောင်ပေးမယ်ဆိုတော့. အိုဗေးရှင်းတဖက်ကောက် ဟော်လိုတလုံး. ပူဆာပါရစေ. ဟန်နီ. ထင်းရှူးသား မဟုတ်ရင်. မေပါယ်သားပေါ့. မဟောဂနီရောင်. နော်. မတီးဖြစ်တာ နှစ်နည်းနည်းကြာလို့. နည်းနည်းပြန် လေ့ကျင့်ခွင့်ပဲပေးပါ. စိတ်ချ. နင့်နားသယ်စပ်က ဆံပင်တွေ ဖြူကုန်တဲ့အထိ တသက်လုံး. ဆိုတီးပြနေဦးမှာ. အော်. ဘာပြန်ပေးမှာလဲဆိုတော့. နင်သေတဲ့ထိ. ဝတ်သွားမယ့်လက်စွပ်တကွင်း ပေါ့ နော်ရှီးရယ်.