ムラカミMay 25, 20131min52038
ကိုခင်ခနဲ့ ရွာသူား အပေါင်းတို့ရေ… ဒေဝေါအကြောင်း ကျနော် သိသလောက်ကတော့….ဂလိုဗျ…   ကိုခင်ခပြောခဲ့တဲ့ စာအုပ်တစ်ခုကို ထုတ်ဝေလိုက်တယ် အဲဒီစာအုပ်ကို တတ်နိုင်တဲ့သူက ဝယ်ဖတ်တယ်၊ မတတ်နိုင်တဲ့သူက ဌားဖတ်ကြတယ်။ အဲဒီမှာ တစ်ခုရှိတာ ဝယ်လိုက်တဲ့သူက အဲဒီစာအုပ်ကို သတ်မှတ်တန်ရာ တန်ကြေး ပေးပြီးဝယ်လိုက်တာမို့ သူအနေနဲ့ အဲဒီစာအုပ်ကို ပြန်လည်ဝေဌ လိုက်ဖတ်စေတယ်။ ဒီလို ဖြန့်ဝေတာမျိုးက(အခကြေးငွေမယူဘူးနော်) မူပိုင်ခွင့်ချိုးဖောက် သူလို့ ပြောလို့ရလား။ မရဘူးနော် သူက စာအုပ်ရဲ့ တန်ရာတန်ကြေးကို ပေးခဲ့ပြီးသားပါ။ အဲ အခကြေးငွေယူပြီး ဖြန့်ဝေခြင်း စီးပွားရှာခြင်းမှသာ မူပိုင်ဆိုတာနဲ့ ညှိမယ်ထင်ပါ၏။ ငွေကြေး ပါသလား မပါသလား ဘက်ကပြောပါ့မယ်.. ဆိုပါစို့ ….နာမည်ကြီး စာရေးဆြာ ၂ယောက် စာ ၂အုပ်ထွက်တယ် .. ဥပမာ ကိုခင်ခ […]


ムラカミMay 24, 20131min25526
ရွာသူား အပေါင်းတို့ ခည ..။ ဖတ်ရွေး လူကြီးမင်းများ က ပိတ်ရက်များတဲ့ ဧပြီ နဲ့ မေ ကို ၂လပေါင်းပြီး ရွေးမယ် ပြောထားတာသတိထားမိကြမပေါ့ဗျာ။ လစဉ်ဖတ်ရွေးတွေ အနေနဲ့ အချိန်ကို ငဲ့ကွက်လို့ စာစုံဖတ်နိုင် မန့်နိုင် အကဲဖြတ်နိုင်ဖို့က အခက်အခဲ ရှိနေလေတော့ CHANGE ကြဖို့ .. ရွာ့ အော်ကျောလန် မိဂီ နဲ့ ဖွတ်တီးကတ်ကို တာဝန်ပေးလာကြတာလည်း ကြားသိပေမပေါ့ဗျာ။ အဲ့ .. ကျနော်တို့ ၂ယောက်ကလည်း တက္ကနစ်ကယ် ဒစ်ဖစ်ကယ်လ်တီးစ် အတွက် သူခိုးသေဖော်ညှိဖို့ မစ္စတာအံ နဲ့ ဦးသဂျား ကို မျက်စိကျနေတာလည်း သိကြား ကြပေမပေါ့ဗျာ။ အဲ … ရွာကို မီးပတ်ရှို့တဲ့ စောဖွပြေး ယွဲစည်ကိုလည်း […]


ムラカミMay 16, 20131min27735
တကယ်ဆို ကိုယ်တွေက မျိုးရိုးအစဉ်အဆက် ပြည့်စုံချမ်းသာတာပါ လောကကြီးအကြောင်း…. ဆင်းရဲသားတွေဘယ်လိုရုန်းကန်ရတယ်ဆိုတဲ့အကြောင်း….. သိချင်စိတ်လေးတခုကြောင့် ခုလို သူများတိုင်းပြည်မှာ ဖွတ်ကလိဒင်္ဂါးမဖြစ်စလောက်လေးနဲ့ အပျင်းပြေအလုပ်လုပ်နေတာပါ အခုလဲ ဖူးခက်ကအပြန် ဘာလီဘက်ဆက်သွားမလို့ လေယာဉ်ပေါ်မတက်ခင် ပါလာတဲ့ ipadလေးကို အထုပ်သယ်ပေးတဲ့ ခလေးမလေးကို လက်ဆောင်ပေးခါနီးလေးမှာ ဒီစာကိုရေးလိုက်တာပါ ချမ်းသာတယ်ဆိုတာကိုသိလိုက်လို့ ကိုယ့်ကိုကိုယ် သိမ်ငယ်မသွားကြပါနဲ့နော် သူငယ်ချင်းအားလုံးကို အရမ်းခင်ပါတယ် ဆင်းရဲသားလဲလူပါပဲ…. ကိုယ်တွေလို သိပ်ချမ်းသာတဲ့လူတွေလဲ လူပါပဲ ကိုယ်တွေက အဆင့်တန်းမခွဲခြားတတ်ပါဘူး   (just for fun) 😀 😀 😀 Fust Copied from Paing P@ing https://www.facebook.com/winpaingsoe11?hc_location=stream LolZZz    


ムラカミMay 8, 20138min40912
Golden Week အတွင်း ခရီးထွက်ခဲ့တုန်း ဖုန်းနဲ့ ရိုက်ဖြစ်ခဲ့တဲ့ ပုံတချို့ပါခည.. ပထမဆုံး ကျနော် နဂိုရွာ ကနေ နာရ လို့ ခေါ်တဲ့ ရှေးဟောင်းမြို့ကို သွားပါတယ်… ဒန်တန့်တန် … မိုင် ၁၀ဝ ပျော့ပျော့ခရီး ကို ရထားစီးလို့ပေါ့…   Nara (奈良市 Nara-shi?) is the capital city of Nara Prefecture in the Kansai region of Japan. The city occupies the northern part of Nara Prefecture, directly bordering Kyoto Prefecture. Eight temples, […]


ムラカミApril 23, 20131min18216
အို ဘယ့်ဟဲ့ဟဲ့ဟဲ့ …ပြောရဦးမယ်တဲ့ ညီဘွားရယ်…. ပြောကို ပြောချပလိုက်ရဦးမတဲ့ ညီဘွားရယ်.. နောင်နောင် တို့ မြန်မာပြည်မှာလေ… အိုဘယ့်ဟဲ့ဟဲ့ ..ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နမိတ်ထွန်းလေတဲ့ တိုင်းမြန်မဟာမှာတဲ့လေ.. ညီဘွားရဲ့ .. အို ဘာတဲ့ ..။ အသစ်တွေချည်းပြောင်းသွားတဲ့ ခေတ်ရေစီးကြောင်းမှာတဲ့ လေ… အော်.. ရွာစားရဲ့ .. ခေတ်ရေစီးကြောင်းကိုလ..အချစ်တွေ ခရီးမထောင်းရဘာဘု .. အံမယ်မင်း … အပြစ်တွေချည်း တောင်းခဲ့ရပါဘီ ခိုင် … အဲ့လေ. ..ခင် ..။ စီးတော်ကျားရယ်လို့ …အော်…. စီးတော်ကျားနဲ့ ..ခရီးအတော်သွားပြီး ခါမှလေ… နောင်နောင့်မှာလေ… အော်.. သမီးတော်ကုလားနဲ့ လိုက်ပြေးကိန်းပါလား ..ညီဘွားရဲ့… အဖြစ်ကတော့ကွယ်.. အိုဘယ့်ဘယ် အဖြစ်ကတော့ကွယ်. .မနှစ်ကနဲ့ မတူဘာဘု.. သငယ်ချင်းရယ်လို့ …အော်.. […]


ムラカミApril 18, 20131min27411
ဒီမှာ မကြည်ပြာ ကျုပ်ဟာ ဘဝကို ရေမျောသီး တလုံးလို ဖြတ်သန်းခဲ့တာ ကြာပါပြီ လေထဲမှာပျံဝဲသူများ နဲ့ အလုပ်တွေလုပ်ရင်း လရောင်ကိုကြောက်သူကျနော်ဟာ လရဲ့အောက်ဘက်မိုင်အဝေးမှာ အမှတ်တရ တွေ ရှိခဲ့ဖူးသူ ဆိုပါတော့ဗျာ ဟုတ်တယ် မကြည်ပြာ မြရဲ့လ ကြောင့် အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ တွေ ရပ်တန့်ခဲ့ချိန်ရောက်မှသာ ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့ ပါကွယ် …ကျုပ်ဟာ ကမ္ဘာမြေရဲ့ချစ်သူ တယောက်ပါ နံရံ၏အခြားတစ်ဖက် မှာ ချစ်သူ၏သမီး ကို မတော်တရော် ပြုတာဟာ ရဲရင့်သောနှလုံးသား ပိုင်ရှင်တွေ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူးဗျာ..     ဒီလိုလေ ..မကြည်ပြာ ကျနော် ဖျားနေတဲ့မြို. မှာနေတယ်။ ချစ်ခြင်း၏အနုပညာ ကိုလည်း ယုံသလို ဆဲတတ်သူများနဲ့တစ်ညနေ မှာ မိန်းမနှစ်ယောက် နဲ့အတူ ကြယ်ကြွေတို့ရဲ့အတောင်ပံ ကို […]


ムラカミApril 17, 20131min21917
ဒီမယ် မကြည်ပြာ … တခါတလေတော့လည်း လေ သိလား တကယ်ဆိုရင် အချစ်ပဲ လိုပါတယ် ကွယ်..။ ညည်းကျုပ်ကို အရင်လိုပဲ အရင်အတိုင်းပဲ ဆဲနိုင်ပါတယ်အေ။ ဒါပေသိ ကျုပ်ကို သီးသန့် ဖြစ်တည်မှု အဖြစ်တော့ အသိအမှတ်ပြုပေးပါ။ ညည်းနဲ့ တူတူရှိနေချိန်တိုင်းက တကယ်တော့ အမှတ်တရလေးများ ပါပဲ။ အဲ့ဒါကို အသိအမှတ်ပြုတယ်ဆိုရင် မှားပြန်တယ် လို့ ခနခန မပြောပါနဲ့ ကွယ်။ ဒီမယ် မကြည်ပြာ … ဘုရားအလိုအတိုင်း ဆိုပြီး ဒီအတိုင်း ရေစုံမျှောလိုက်တော့မလားကွယ်..။ နောင်ဘယ်တော့မှ မတွေ့တော့ပြီ ဆိုရင်… ဆိုပြီး စိတ်ပူမိတာ ကျုပ်အပြစ်လားဗျာ .. ညည်းမရှိတဲ့ နေ့ရက်များ မှာ တစက္ကန့်လောက်မှ မပျော်နိုင်သူပါ။ တကယ်ပဲလဲ ညည်းမချစ်ပါဘဲ နဲ့ မနေ့က […]


ムラカミApril 4, 20131min37515
မန်းဂဇက် ရွာသူားများအတွက် တပါတ်စာ ဗေဒင်ကို ဖောက်သည်ချရင်း နှုတ်ဆက်လိုက်ပါဒယ်ခီညော်   တနင်္ဂနွေ ယခုတပါတ် အလိုလိုနေရင်း  အိမ်ပေါ်မှ ကန်ချခံရကိန်းမြင်သည်။ စီးပွားရေးအနေနှင့် အုတ်နီခဲ ရွက်ခြင်းနှင့် အကျိုးပေးပါသည်။ အလုပ်အကိုင် အခွင့်အလမ်းအတွက်မူအိမ်သာကျင်း တူးခြင်။ အဝီဇိတွင်း ဆယ်ခြင်း တို့ကဲ့သို့အလုပ်ကြမ်းများ တာစားသည်။ ကျန်းမာရေးက ဒေါင်ဒေါင်မြည် ကောင်းမယ် ထင်ရသော်လည်း အိပ်ယာထဲ လဲကိန်းရှိသည်။ အလိုလိုနေရင်း အားကုန်နေတတ်၏။ အရက်သမားများ အတွက် အမြည်း ပြဿနာ တွေ့ကိန်း မြင်သည်။ အသုဘတွင် အပ်တိုတချောင်းတောင် မခိုးမိပါစေနှင့်။  အချစ်ရေးတွင်မူ အူတိုတတ်သော အတီးအတ အမျိုးသမီးများ အောင့်သက်သက်နှင့် အိမ်ထောင်ကျကိန်းမြင်၏။အဲယားကွန်း နှင့် အိပ်ခြင်းကို ရှောင်ကျဉ်ပါ။ ဦးတို့အရွယ်များ  အောင်အောင်မြင်မြင် အစွံထုတ်ရန် မသင့်သော ကာလဖြစ်သည်။ ဥမကွဲသိုက်မပျက်ရန်သာ […]


ムラカミApril 3, 20132min16910
ရိုက်တော့ရိုက်ဖြစ်နေတာပါပဲ. ဖိုတိုဂလပ်ဖီ လိုက်စားရင်း. ပန်းတွေ ရိုက် ပန်းတွေအကြောင်းဖတ် ရှာဖွေ လေ့လာ. အဲ့ လူတွေရိုက်ဖို့ လူတွေ ကိုယ်နေဟန်ထား တွေ အကြောင်း ထောင့်တွေအကြောင်း နဲ့ post တွေ အကြောင်းဖတ်. နောက်ဆုံး အားမရသေးဘု မိတ်ကပ်ပြင်ဆင်မှုအပိုင်း လိုက်ဖတ်. လူလည်း မာမီ ဂီဂီ ဖြစ်တော့မလားပဲဗျို့ ဒီနှစ်အတွက် နောက်ထပ်. Sakur@ Report ဆိုပါတော့ဗျာ. ထပ်ရိုက်ဖြစ်ဦးမယ်ထင်ပါရဲ့. အချိန်သိပ်မယူနိုင်ခဲ့တာအတွက်တော့ သိပ်အားမရဘူးဗျာ ကျနော် ၉ဝ မမ ကို f/2.8, f/3.5 & f/4.0 တွေ သုံးထားပါကြောင်း တော်သေးဘီ ခင်တဲ့ ဂီ  


ムラカミApril 1, 20131min909
            if a picture worths a thousand words ….ဘလားဘလားဘလားပေါ့ဗျာ… သီချင်းနာမည်က If တဲ့ …ကျုပ် တအားနှစ်သက်တဲ့ Eric Martin ပြန်ဆိုထားလို့ အလွတ်ရနေတာ.. မူရင်း ဘယ်သူတုန်း ကျနော်မသိ.. ကိုငှက်ကတော့ တခါသား တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ဆိုဖူးသေးရဲ့… ထားပါလေ… ဘာမှမဟုတ်ပါဘု … တင်ချင်လို့ကို တင်လိုက်တာပါ… အော်.. ဘာမှမဟုတ် ..၃နှစ် ကျော်ပြီပဲ … ရက် ၁၀၀ဝ ကျော်… တချိန်ချိန်တော့… ကျကျနန အလင်းနဲ့ ပန်းချီရေးတတ်ဦးမှာပါလေ… တော်သေးဘီ..  


ムラカミMarch 25, 20133min17214
                      နောက်တပါတ်မှ အသည်းအသန် ပွင့်မှာမို့ ..ဒီတပါတ် ပွင့်သလောက် ကို ရိုက်နှက်ထားပါကြောင်း.. ဆာဗာ လေးနေပါတယ်ဆိုကာမှ ဒါ့ပုံတွေ ပြန်တင်ဖြစ်ပြီး သဂျီးကို ရန်ရှာခြင်း မဟုတ်ပါဂျောင်း.. အာ..ဟိ.. ပုံတွေအကုန်လုံးကို Tamron 90mm f/2.8 ဖြင့် နှက်ထားပါကြောင်း..    


ムラカミMarch 20, 20131min23720
သူဟာ သူကိုယ်တိုင်ချမှတ်ထားတဲ့ ခိုင်ကြည်သော ပြဉာတ်ချက် ဆုံးဖြတ်ချက် တွေနဲ့ အတိအကျ နေထိုင်သူဖြစ်ပါတယ်. သူ ဟာ ဆုံးဖြတ်ထားတာကို ဖြစ်မြောက်အောင် လုပ်နိုင်မယ် ဆိုတာ ၂နာရီကြာ သူနဲ့စကားပြောအပြီးမှာ ယုံကြည်မိခဲ့ပါပြီ သူဟာ ဝါရှင်တန် ဒီစီ က အမေရိကန် တက္ကသိုလ်ရဲ့ ဒုတိယနှစ် ဥပဒေ ကျောင်းသား တစ်ယောက် ဖြစ်ပါတယ် တချိန်တည်းမှာ ကောလိပ်ကျောင်းသား ရီပဘလစ်ကန် သမဂ္ဂ ရဲ့ ဒုတိယ ဥက္ကဌလည်း ဖြစ်နေပါသေးတယ် သူဟာ အမေရိက ရဲ့ သမ္မတ ဖြစ်ဖို့ ရည်မှန်းချက်ထားပြီး ဘက်စုံ ကြိုးစားအားထုတ်နေသူလည်း ဖြစ်ပါတယ် သူနဲ့စကားပြောဖြစ်တော့ သူဟာ မေးခွန်းတွေ ကို တိကျပြတ်သားတဲ့ သူ့ရဲ့ယုံကြည်မှု သံတမန်ရေးရာ မူဝါဒရေးရာ ဆိုင်ရာ ပြည့်စုံကောင်းမွန်မှု […]