ムラカミJuly 9, 20153min4378
ဟို တနေ့က သစ်ခွပန်းပင် တပင် လက်ဆောင်ရပါတယ်။ သူပြတဲ့ ပုံအရ ကတ္တလီယာ ဖြစ်မယ် ထင်ခဲ့ပေမယ့် တကယ်တမ်း အိမ်ရောက်လာတဲ့အခါ ကတ္တလီယာ မဟုတ်ခဲ့ပါ။ လိပ်ပြာ လို့ အလွယ်ခေါ်တဲ့ တရုတ်ပြည်မ ဘက်က လာတဲ့ သစ်ခွ တမျိုးလို့တော့ ပြောရောင်းကြတယ် ဆိုပါတယ်။   လိုက်ရှာကြည့်တော့ သည်သစ်ခွ ၂မျိုး သွားတွေ့သဗျ… http://www.orchidspecies.com/phalamablis.htm http://www.orchidspecies.com/phalaphrodite.htm   ပွင့်ချပ်တွေက တော့ ၂မျိုးစလုံးထက် ပိုပြီး ကြီးမား ထွားကျိုင်းတာကို တွေ့ရသဗျ။ ဖြစ်နိုင်ချေရှိတာကတော့ .. ကျနော်ရှာတွေ့ခဲ့တဲ့ sites တွေက ညွှန်းတာသည် မျိုးရင်းတွေဖြစ်ပြီး အိမ်ရောက်လာတာက နောက်ပိုင်း hybrid မျိုးတွေစပ် ဆေးတွေ ကျွေးပြီး ပြုပြင်ပြောင်းလဲ ယူထားတဲ့ ပန်းတွေဖြစ်ဖို့များတာပါပဲ။ လခြမ်းပုံ (ပဲကြီးစေ့ပုံ) ဘယ် နဲ့ ညာ ပွင့်ချပ် ၂ခု ရဲ့ နောက်မှာ တြိဂံပုံ […]


ムラカミJuly 8, 20153min1979
ကျေးဇူးပြု၍ ဘိတ်သိတ် ပန်းဟု ခေါ်ပါ။   တနေ့က ဝါဆိုသင်္ကန်း ကပ်တယ် … အမေ ဈေးက ပန်းဝယ်လာတယ်။ မနေ့က ပွင့်တယ်။ ထိပ်ဆုံးပွင့်တဲ့ အပွင့်ကို စင်ပေါ်ကချ ဆက်တင်ချိန်လို့ ရိုက်ရင်း နှက်ရင်း အောက်က ပုံတွေ ထွက်လာကြောင်းရယ်။     ဆက်တင် အကြမ်းဖျဉ်း ကတော့ ၁၊ စာကြည့် မီးအုပ်ဆောင်း ၂၊ ဟန်းဖုန်း ၃၊ လက်နှိပ်ဓာတ်မီး ၄၊ ရီဖလက်တာပြား ၅၊ တီဗီ စခရင် ၆၊ ခရစ်စမတ်မီး ၇၊ ထရိုင်ပေါ့ စတာတွေကို သင့်သလို သုံးပြီး ရိုက်ခဲ့ပါတယ်။ အဲ့သည်လောက်ပါပဲ….။     P.S ယနေ့ သည်အခက် မှာ ၄ဖူးရှိတဲ့အနက် ၃ပွင့် ပွင့်သွားပြီ အရောင်မတူသော နောက်ထပ် […]


ムラカミJuly 6, 20157min23213
ဘာရယ် မဟုတ် ပုံတွေ တင်ရင်း ပုံတွေ ပြင်တဲ့ အကြောင်းလေး ပြောပြချင်လို့ပါ။ Photo Post Production (Photo Editing) ဆိုပါတော့ဗျာ။ အကောင်းဆုံးသော နည်းလမ်း၊ အလွယ်ဆုံးသော နည်းလမ်း ဒါမှမဟုတ်လည်း အမြန်ဆုံးသော နည်းလမ်းတို့ ကျနော်မသိဘူး။ ကျနော် သိတာ ကျနော် သုံးလေ့ရှိတဲ့ (အများဆုံး သုံးဖြစ်နေတဲ့) နည်းလမ်း ကိုပဲ ပြောပြချင်တာပါ။ ထုံးစံအတိုင်းပေါ့ဗျာ။ Floral Macro Photo တပုံနဲ့ စပြောတာပေါ့။ အစအဆုံး ဆို ၂ပိုင်း ပြောရမယ်ဗျ။ Photoshop ထဲ မဝင်ခင် အပိုင်း နဲ့ Photoshop ထဲမှာ ပြင်ဆင်တဲ့အပိုင်း ဆိုပြီးတော့ပါ။ သည် ၂ပိုင်း မစခင်မှာ ထိပ်ဆုံး Step-0 အနေနဲ့ ပုံကို RAW file format […]


ムラカミJuly 3, 20153min23011
    ခုတလော ခေတ်စားနေတဲ့ ပန်းတမျိုး ပဲ ပြောရမှာပေါ့…။ အင်း… ပန်းအိုးကျကွဲတာတို့ ငလျင် လှုပ်တာတို့တော့ မပါဘူးပေါ့ဗျာ..။ စိတ်ရှင်းရှင်းနဲ့ ဝင်ကြည့်လို့ရပါတယ်။     ၁။ Natural Lighting ဗျ… ။ နည်းနည်းတော့ပူတယ်… ညနေဘက်မို့လို့ပါ..။ အပင်ပေါ်မှာတော့ မဟုတ်ဘူး..။ အမည်းရောင် BG ထားပြီး ရိုက်ထားတာပါ။   ၂။ နံပါတ် ၁ ကိုရိုက်ခဲ့တဲ့ နံရံဘေးနားက အခန်းကန့်ထားတဲ့ဘောင်ပေါ် တင်ရိုက်လိုက်တာပါ..။ ပြတင်းပေါက်က ဝင်တဲ့အလင်းသက်သက်ပါပဲ။         ၃။ ဒါလည်း ပထမပုံရဲ့ အဆက်ပါပဲ။ ပထမပုံက အလျားလိုက် မှာ နောက်ခံ သစ်ရွက်က အလင်းရောင်ကြောင့် ဖွေးတက်သွားတာမို့ အဲ့သည့်တရွက်ကို ဖယ်ပြီး ဒေါင်လိုက် ပြန်ရိုက်ထားလိုက်တာပါပဲ။ တခြား ထူးထူးခြားခြား မရှိ။ […]


ムラカミJuly 1, 20153min24411
တလောကပေါ့… မက်ခရို အကြောင်း ပြောကြ ဆိုကြ ရင်း..။ DIY တခု ဖောက်သည်ချရင်း ဆိုပါတော့…   တခြားမဟုတ်ပါဘူး … lighting technique နဲ့ ပါတ်သတ်ပြီးတော့ပါ…. ဘာမဟုတ်တဲ့ အိမ်သုံးလက်နှိပ်ဓာတ်မီးပဲဖြစ်ဖြစ် ဖုန်းမှာပါတဲ့ မီးပဲ ဖြစ်ဖြစ်ပေါ့.. ။ (တခြား photography တွေထက်) macro photography မှာ ဘယ်လိုသုံးလို့ရတယ် ဆိုတာနဲ့ ပတ်သတ်ပြီးတော့ပါ..။ ကျနော်လည်း macro ကို lighting အမျိုးမျိုး နဲ့ စမ်းခဲ့ ..စမ်းနေ စမြဲပါ…။ ခုလည်း နည်းနည်း ထပ် စမ်းထားပါတယ်။     ဒီတခါကတော့ ပန်းထိမ်ငိုတွေပါ…။ (တချို့ အရပ်မှာလည်း ပန်းထိမ်မနိုင် လို့ ခေါ်တတ်သေးတယ်တဲ့ဗျ) ထားပါတော့ လေ ပြောလိုရင်းက နာမည်မဟုတ်ပါဘူး …။ ဓာတ်ပုံအကြောင်းပါ။ နှင်းဆီ […]


ムラカミJune 29, 201510min18913
ဒီဂျုပ်လှော်ဗီ အန်တီ ဂွ.. အဲလေ အန်တီ မျဆာဂယေး ကို အားကျလို့ သီချင်းတပုဒ် အကြောင်း တင်ဆက်ပရစေ။ မော်ဒန် ကလပ်စစ် သီချင်းတပုဒ် အကြောင်း ဖြစ်ပါတယ်..။ ကဲ .. စပြီ။   ==================================================================================== “Every Breath You Take” ဒီသီချင်းကို ရွာသူားတွေ နားရည်ဝနေပြီးသားပါ..။ (နားရည်ဝပြီးသားဆို ကော်ပီသီချင်းကလည်း နာမည်ကြီးတာကိုး သည်အကြောင်းအောက်မှာ ပါပါမယ်။ ) Every Breath You Take အကြောင်းဆက်ပြောရအောင်။ သည်သီချင်းက ဗြိတိသျှ Rock band “The Police” က ရေးစပ် သီဆိုခဲ့တာဖြစ်ပါတယ်။ The Police ဆိုတာက အမေရိကကို ထိုးဖောက်ခဲ့တဲ့ ဒုတိယမြောက် ဗြိတိသျှ […]


ムラカミJune 9, 20151min47621
ရွာကား ခြောက်ကပ်နေသည်..။ အရေးအကြောင်းဆို သဂျီးက ပျောက်နေ၏။ လူ့ဘောင်ညီး၍ ဘုန်းကြီးဝတ်သွားပြီလား မဆိုနိုင်။ တိတ်တိတ်ပြန်လာကာ တောထွက်၍ တရားအားထုတ်နေပြီလားမသိ။ အဲ.. ဟိုတလောကပဲ ကျုပ်နယ်ဘက်ကပြန်လာတာဆိုတော့ … ဘားမန်းပြည်ဝယ် ထွက်စရာတော မကျန်သလောက်ဆိုတာ မျက်မြင်။ အညာဘက်တွင်မတော့ ကျိုးတိုးကျဲတဲ ထန်းတောလောက်သာကျန်ရှိသည်။ သင်္ကန်းဝတ်ပီး ထန်းတေတာထွက်တယ်ဆိုတော့လည်း မသင့်တော်။ ထားတော့ သူ့အကြောင်း။     ဟိုသင်္ဘောကတ်ပီတန်ကတော် နှခမ်းတလန် ပန်းတလန် မွသဲလည်း ပျောက်နေ၏။ သူကတော့ ဒီမိုးတွင်းဝယ် သူ့ ကွန်ဒိုလေး အင်းယားကန်တိုးချဲ့သည့်အထဲပါသွားလို့ မြစ်တဖက်ကမ်း ပြောင်းနေသည်ဟုကြားရသည်။ အိမ်ပြောင်းကန်ပနီများ ဘားမန်းပြည်တွင်ပေါ်လာပြီဖြစ်သည်။ နှပ်ချေး ငါးပိလုပ်စားနေသော ကတ်ပီတန်ကတော်ကတော့ အကုန်အကျမခံလိုသဖြင့် ဝန်ဆောင်မှုကန်ပနီများ မသုံးပါ။ သူ့လေးဘီးကားလေးနှင့် အထပ်ထပ်အခါခါ ပစ္စည်းရွှေ့နေသည်ဟူသတတ်။     ကြောင်နှာကြီးလည်း […]


ムラカミJune 8, 20151min27610
စိတ်ညစ်နေတာဗျ ကျုပ်ရှောင်မိလေး ပျက်သွားလို့…. တျောက်သောသူက ပန်းသီးပြန်သုံးတဲ့…. သူ့ဆီကယူတဲ့… မယူချင်ပါဘူးဆို… ဇွတ်…. အမေက ငသားလေး…. ဆိုနီပဲသုံး တဲ့… အတင်း ဆိုနီသွားဝယ်မယ်လုပ်နေတာ…. အဖေက သူ့ ဆမ်ဆောင်း ပေးလိုက်တယ်.. ရော့ … ဒါပဲသုံးတဲ့…ကျုပ် စိတ်တွေမကောင်းနွန်းနွန့်ပါ… ရှောင်မိလေး ပြန်ကောင်းသွားရင် အေးမယ်… မဟုတ်ရင် တဖက်ဖက်ကို မျက်နှာလိုက်ရာကျတော့မယ်လေ…. သိတယ်မလား…. ကျုပ်ကလည်း အသည်းမမာတော့…. အဲ… အယ်လ်ဂျီလေးတော့ ကိုင်ချင်သားဗျာ… ထားပါလေ ဖုန်းကိစ္စ …… ကျုပ်ကလည်း သိပ်ရိုးသားချင်သားကလားဗျာ….. ကျုပ်ယီးဇား အယ်စတုံကြီး နေပြန်ကောင်းတာတောင် ငယ်ချစ်ဦး ဒက်စတွတ်လေး မေ့သလောက်ရှိတခါတခါ ပြန်ပြန်ကိုင်နေသေးတာရယ်…. အသည်းမမာတာတော့ဗျာ…. ကျုပ်က အားနာတတ်တာကိုး…. မနက်က ပေါက်ဆီလေး သွားစားတယ်…. အိမ်ရောက်တော့ ဆြာဂီကို ကြည်ညိုလွန်းလို့တဲ့… မျက်စောင်းထိုးအိမ်က နို့ခေါက်ဆွဲတွေ လာဂါသွားတယ်… အော်… ဓါနလေးမြောက်အောင် ၂ဇွန်းလောက်ပဲ စားနိုင်တော့ ရင်ဘက်ထဲသိပ်မကောင်း.. နေ့လည်ကျ […]


ムラカミJune 3, 20153min25917
ကနေ့နေ့လည်က စကားကောင်းကြတယ်… ဓါတ်ပုံနဲ့ ပါတ်သတ်လို့ပါ… မက်ခရိုတွေ ဆေးထိုးတာနဲ့ ပါတ်သတ်ပြီး မေးကြ တယ်ဆိုပါတော့… ကျနော်လည်း သည်ရက်ပိုင်း ဒါတွေချည်း လှိမ့် ရိုက်နေတာကိုး.. အဲ … တခုတော့ စကားခံပါရစေ မက်ခရိုက ကျနော် အနှစ်သက်ဆုံး အမျိုးအစားမဟုတ်ဘူး ဆိုတာပါပဲ… (ထသွားထလာ အရိုက်ဖြစ်ဆုံးမို့ အရိုက်များနေတာပါ)   ၁။ Macro ရိုက်မယ် ဆိုရာဝယ် အထူးသဖြင့်တော့ ရာသီစာလည်းဖြစ်နေတဲ့ ပန်းတွေပေါ့ဗျာ… ရိုက်တော့နှက်တော့မဟဲ့ ဆိုရင်ပေါ့။ စံပါယ်ပန်းဗျာ … စံပါယ်တရုံလုံးမှာ အသီးသီး ပွင့်နေတာကို ပြချင်တာလား … ဒါဆို ရှင်းပါတယ် ရိုးရိုး ဓါတ်ပုံရိုက်တဲ့နည်းနဲ့ ရိုက်ရုံပေါ့…။ အဲ .. တပွင့်သော်လည်းကောင်း တခက်သော်လည်းကောင်း ကွက်ပြီး ပြချင်တာမျိုး ဆိုရင်တော့ […]


ムラカミJune 2, 20153min23214
ဘာရယ်မဟုတ်… အိမ်က အပင်တွေ မပွင့်လို့သော်လည်းကောင်း အပြင်ထွက် မရိုက်ဖြစ်လို့သော်လည်းကောင်း… ဘုရားစင်ပေါ်တင်ထားလည်း အေးအေးမနေရရှာသော်လည်းကောင်းပေါ့ဗျာ                       ဂန္ဓမာ ပိစိပေါက်စလေးတွေပေါ့ဗျာ…   တော်သေးပြီ..


ムラカミJune 1, 20151min24010
အဖြူခံ ဟုတ်လား ..သဂျီး… အင်း .. အဖြူခံ ဆိုတော့လည်း အဖြူခံ ပေါ့ဗျား…       အကျင်္ီ အသစ်တထည်ထဲက ကတ်ထူပြားအထူတချပ်ယူပြီး ရိုက်ထားသဗျ… အစက ခူးပြီး တေဘယ်လ်တော့ပ် လုပ်ပစ်ဦးမလို့ပဲ … အချိန်မရလို့ဗျာ…   တော်သေးဘီ..


ムラカミMay 30, 20152min1569
  ဟိုနေ့ကပဲ အန်တီအိ ပိုစ့် တွေ့တယ်.. မန့်ဖြစ်ရင်း ကနေ့မနက် မထင်မှတ်ဘဲ ယုဇနပန်း ရိုက်ဖြစ်တယ် ပြောရရင် အိမ်မှာ ယုဇနပန်း ရှိမှန်းမသိ.. အမေက ပွင့်တယ်ပြောမှ အပြေးသွားရိုက်ဖြစ်တာ…   အော်… ယုစ့် .. ယုစ့်…           မိုးဦးကျတော့ ပန်းတွေပဲ ဆက်ရိုက်ဖြစ်နေမယ် ထင်ပါရဲ့ဗျာ..   တော်သေးဘီ