ムラカミNovember 15, 20121min19115
赤目四十八滝 Akame shijuhachi taki ကို ၁၀-၁၁-၁၂ မှာ လက်ဆော့ထားတဲ့နောက်ဆက်တွဲ ဖြစ်ပါသည် ခင်ဗျားး ဒီနှစ်ထဲမတော့ ကျနော်လည်း အောက်ဒိုးအထွက် နည်းသွားတော့မှာပါဗျာ တော်သေးပြီ ခင်တဲ့ ဂီ


ムラカミNovember 15, 20126min23127
ပြောရရင် ပိတ်သတ်ကြီးရယ်. … စင်္ကြာဝဠာလုံးဆိုင်ရာ ဒီဇိုင်း(Universal Design) ပါတဲ့…. ထိပ်ဆုံးဗျာ ဒီဇိုင်း ဆိုတဲ့ ကိစ္စရပ်ကို အရင်ရှင်းမှ သင့်တော်မယ် ထင်ပါတယ်… ဖြစ်ပုံက ဂလို…. ကျုပ်တို့ ရွှေပြည်ကြီးမှာ ဒီဇိုင်းဟေ့ ဒီဇိုင်နာဟေ့ လို့ ပြောလိုက်ရင် စက်ချုပ်တဲ့သူတွေ …ဆိုင်းဘုတ်ရေးတဲ့ သူတွေ လောက် ပြေးပြေးမြင်တတ်တာပါပဲ။ တကယ်တော့ ဒီဇိုင်း ဆိုတာ ထုတ်ကုန် Product ရဲ့ physical ပိုင်း သွင်ပြင်လက္ခဏာ လို့ မြင်ကြည့်သင့်တာဗျ..ဆိုတော့ ..   သီအိုရီတွေ လျှောက်ပြောနေမယ့်အစား ဥပမာတွေ နည်းနည်း အစ ဆွဲထုတ်ကြည့်မယ်ဗျာ.. ၁။ ဒီဇိုင်း ဆိုသည်မှာ အပျော့ကြွက်     မသုံးတဲ့အချိန်မှာ အကွေးလေးကို ဖြောင့်ထားလိုက်ခြင်းအားဖြင့် […]


ムラカミNovember 14, 20123min35620
  Mind map အကြောင်းရေးမလို့ပါဗျာ။ သွားလေသူ ဟိုဆြာလေးရဲ့ ဝတ္ထုခေါင်းစဉ် ယူသုံးလိုက်ပါရဲ့။ ကျနော်တို့ ..idea ကောင်းတယ် smart ဖြစ်တယ် တွေ ပြောကြ ဆိုကြ တယ်။ အဲ .. တကယ်တမ်း Smart ဖြစ်ဖို့ idea ကောင်းတခုရဖို့ ဘယ်ကစမလဲ လို့ မေးလာ ပြောလာရင်တော့ ဖြေရခက်သွားတတ်လေ့ ရှိပါရဲ့။   အလွယ်ဖြေလေ့ရှိတဲ့ စကားကတော့ Brainstorming လုပ်ယူပေါ့ ဆိုတဲ့အဖြေပါပဲ။ ဒါဟာ policy ဆန်လွန်းနေသေးသဗျ။ ကောင်းပြီ Brainstorming ။ ဒါကို ကျနော်တို့ ဘယ်လိုအနှစ်ချုပ်ယူမလဲ။ တခါတလေမှာ ဦးဆောင်သူကောင်း မပါတဲ့ Brainstorming တွေဟာ ပုံပြင်ပြောသလို case-study တွေချည်း ချပြောဖြစ်တာ။ရန်ပွဲဆန်တဲ့ ငြင်းခုန်မှုသက်သက် […]


ムラカミNovember 11, 20121min26510
မနေ့က ၁၀-၁၁-၁၂ အမှတ်တရအနေနဲ့ ရော်ရွက်ဝါတွေ ဒါ့ပုံသွားရိုက်ခဲ့ဖြစ်ပါကြောင်းရယ် နောက်လတော့ ရွှေကျောင်းကို ရမယ် ရှာဖြစ်လိမ့်မယ် ဖြစ်ကြောင်းရယ်ပါ. တော်သေးပြီ ခင်တဲ့


ムラカミNovember 9, 20129min27318
  Typography ဆိုတာ ဘာပါလဲ ….     သူဟာ ဘာသာစကား တစ်ခုနဲ့ တူပါသတဲ့…     စာရွက်ပေါ်က စာလုံးတွေ ဆိုတာထက်လည်း ပိုသလို       စာလုံးပုံစံ ဆိုတာထက်လည်း ပိုပါသေးတယ်တဲ့     Typography ဆိုတာ အနုပညာ ဖန်တီးမှု နဲ့ နည်းစနစ်ပိုင်းတွေ ပါဝင်နေတဲ့ စာလုံးဒီဇိုင်း ဆင်မှုပါပဲ …     ၁၄၄ဝ မှာ Gutenberg ရဲ့ Movable Type နဲ့ စတင်ခဲ့ပါသတဲ့     Typography ဆိုတာ တကယ်တော့ ဆင့်ကဲဖြစ်စဉ်ပါ..     ဆက်လက်ပြီးတော့လည်း ဆင့်ကဲ […]


ムラカミNovember 8, 20123min107846
Google Nexus 7 အားသာချက် ၃ခုတိတိ တွေ့မြင်မိပါတယ် ပထမတခုကတော့ Android 4.1 ဖြစ်ခြင်းပါ။ လုံးဝသစ်လွင်တောက်ပတဲ့ Google ရဲ့ OS အသစ်ဖြစ်သလို တလောလေးကပဲ Google Play Store ရဲ့ Apps count ဟာ Apple ရဲ့ App Store ကို သာလွန်သွားပြီ ဖြစ်ပါတယ်။ ဒုတိယ အားသာချက်ကတော့ NFC ပါဝင်ခြင်းဖြစ်ပါတယ်။ Credit ထည့်ပြီး ပိုက်ဆံအိတ် လို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကြွေဇိတွေ ဝဲလိုက်လို့ရပြီပေါ့။ ဒီ Feature ဟာ တခြား tablet တွေမှာ မပါဝင်ခြင်းက အားသာချက်ဖြစ်ပါတယ်။ တတိယ အားသာချက်ကတော့ ဈေးနှုန်းပါ။ ဒေါ်လာ ၂၀ဝအောက်နဲ့ ဝယ်ယူနိုင်မယ့် […]


ムラカミNovember 1, 20123min27019
လွန်ခဲ့သော တလ ကျော်က ဒစ်စနီ သွားခဲ့တုန်းကပေါ့ဗျာ. တကယ်က ညပုံတွေချည်း တင်ဖြစ်တာက နေ့ဖက်က သူတို့လှည့်တာတွေ ကို မကြည့်ဖြစ်လို့ပါ ဒစ်စနီ ကိုသွားရင် ဝင်ကြေးပေးပြီးတာကြိုက်တာ အကုန် တန်းစီစီးရုံပဲ စီးခ သပ်သပ် ပေးစရာ မလိုတော့. ဆိုတော့. လူအလွန် စောင့်ရတယ် ခည. တခုခု စီးဖို့ ၁နာရီ နာမည်ကြီးတဲ့ ဟာဆို ၂နာရီ ထိပေါ့. ဆိုတော့ ကျနော်တို့ တိုက်ပင်လိုက်ကြတယ်. နေ့ဘက် အကအဖွဲ့တွေ အကုန်လျှော်မယ် ညပွဲ နောက်ဆုံးပွဲမှ ကြည့်မယ်. ပေါ့ (ဂငယ်တေက တန်းစီတာ သိပ်ဝါသနာကြီးတာ ) ဒင်းတို့. အကကြည့်နေတုန်း များများ ပတ်စီးပစ်လိုက်တယ်. ကျနော် ကံကောင်းပါတယ် ဟယ်လိုဝင်း မတိုင်ခင်ဆိုတော့. ဟယ်လိုဝင်း […]


ムラカミOctober 23, 20121min25929
မေမေ   သားသား သတိရခြင်း များစွာနဲ့ စာရေးလိုက်ပါတယ် မေမေ။ မေမေ နေကောင်းပါတယ်နော်။ သားလေ မေမေ့ကို သတင်းကောင်း တခု ပြောချင်လို့ပါမေမေ။ သား လေ ဟို ဘုရားမကြိုက် နတ်မကြိုက်တဲ့အရည်ကို ပါနုပေတံလိုက်ပါပြီမေမေ။ သတင်းဆိုးကတော့.. အဲ့ဒါတွေ ကျိကျိက စိတ်မဝင်စားတော့တာပါပဲ ဗျာ။   စကားမစပ် သတင်းကျွတ်ပြီ မေမေ။ မေမေ ပါဠိဘွဲ့ ယူနေတုန်း မေမေ့သူငယ်ချင်းသမီးတွေလည်း တယောက်ပီးတယောက် လင်ရကုန်တာပဲ မေမေ။ မေမေ သဘောကျတဲ့ နိချိဒါ ချန် လေးလည်း အမေရိကား ကို ထွက်သွားပါပီမေမေ။ ကံကောင်းပါဇီကွယ် လို့ သားဆုတောင်းပေးလိုက်ပါတယ်မေမေ။ စကားမစပ် ဟို အရက်သမားကုတဲ့ ဆြာဝန်မလေး ကို ကျေးကျေးပါ လို့ ပြောပေးပါမေမေ။ […]


ムラカミOctober 19, 20121min17615
ချစ် တယ်ဆိုတာ ပြောဖို့ လွယ်ပါတယ် မောင် တော ရောမြို့ပါ ချစ်တတ်ကြတယ် မဟုတ်ပါလားရှင် နွယ် မြက်သစ်ပင် ဆေးဘက်ဝင်သတဲ့ ချစ်သစ္စာတွေ မြဲတဲ့အခါများ ကို ညီထွဋ် ကတော့ အဲ့လို ဆိုခဲ့တာပဲရယ် ကို ငှက်ကတော့ ချစ်ရဲ့လက်တွေနဲ့ ကမာ္ဘကိုထုဆစ်ပါသတဲ့ ဝင်း ဝင်း အခြေအနေကို တည်ဆောက်နိုင်ဖို့သာ လိုပါတယ်လေ ကြည် ပဲပြုတ် နဲ့ နံပြား ရရင် စားချင်တယ် လို့ ဗိုလ်ချုပ်ရဲ့ စာလေး ဖတ်ဖူးတယ်မဟုတ်လား ..အော်..သူက စ လို့ အညတရ လေးတွေအဆုံး ချစ်တတ် ကြ တယ် မဟုတ်လားကွယ် နောက် ပြီး အချစ်ဆိုတာ စစ်ပွဲတွေအားလုံး အဆုံးသတ် ကြ ဖို့ သဘောဝတရားကြီးက […]


ムラカミOctober 19, 20121min23720
  ငါးကြင်းကင်။ အဲ့လေ။ သတင်းစဉ် အမည်မဖော်လိုသူ အမတ်မင်း တစ်ဦးမှ ၎င်း ဦးဆောင် ဖွဲ့စည်းထားသော နယ်စည်းမခြား အရက်သမား သမဂ္ဂမှ ဦးဆောင်၍ တိုင်းပြည်တဝှမ်း ဆန္ဒ ထုတ်ဖော်ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပသွားရန်ရှိကြောင်း ရတနာပုံ မန္တလေးဇေသောက် သတင်းစာအား ယနေ့ မနက်ခင်းက ပြောကြားသွားခဲ့ပါသည်။ သတင်းအစုံအလင်မှာ။ လက်ရှိ အခြေအနေသည် ဝါတွင်းကာလ ကင်းလွတ်တော့မည် ဖြစ်ပါသောကြောင့် အရက်သမားတို့၏ သေသောက်ကျူး ရာသီ စတင်တော့မည်ဖြစ်ပါသည် ။ လက်ရှိအချိန်အခါဝယ် အရက်သမား များ၏ အခွင့်အရေးဖြစ်သော ၁။ အရက်အပေါ် ထားရှိသော အခွန်အခများကို ဝါတွင်းကာလ မှလွဲ၍ ယမကာ အပေါ်တွင် စည်းကျပ်ထားသော အခွန်အတုတ်များ လျှော့ချပေးရေး။ ၂။ ဥပုသ်နေ့ လပြည့်နေ့ မှအပ […]


ムラカミOctober 18, 20121min21516
ကို .. မ ချစ်တော့ဘူးလားကို ပြော ပါကိုရယ် ပြောပါ ဘာမှ မ ပြောဘဲ မနေပါနဲ့ကွယ် ခုတော့ နေ နိုင်သူကြီး သူစိမ်းကားကြီးပေါ့လေ နိုင် ရှုံး ဆုံးဖြတ်စတမ်းဆို ချစ်က မိန်းမသားပါ တကယ် လို့ ဝေးရမယ် ဆိုရင် ဆိုတဲ့အတွေးက အရမ်းကို ခြောက်လှမ့်နေ ပါ တယ် ဗျာ လို့ ခနခန မထူးနဲ့ ကွယ် ကြောင် တောင်တောင် မလုပ်နဲ့နော် .. ဘာလဲ အစာ ဝ သွားတဲ့ ငှက်ကလေး လို သူများ ကို ပစ်ပြေးတော့မလား ဟင် တကယ်ဆို မိန်းမသားမို့ ပြန်တွေးတိုင်း အနာပေါ် တုတ် ကျသလို နာကျင်ခံစားရပါတယ် […]


ムラカミOctober 18, 20121min16815
နေရာက တောင်ပေါ်မြို့လေး တစ်မြို့ ၏ သေတင်းကုတ်တွင် ဖြစ်သည်။ မှုန်ပြပြ မီးရောင်အောက်တွင် လူ၄ယောက် ဝိုင်းဖွဲ့၍ အရက်သောက်နေကြသည်။ သို့ရာတွင် မည်သူမျှ စကားမပြောကြ …။ မှုန်ကုပ်ကုပ်နှင့် အရက်ကိုသာ တွင်တွင်သောက်နေကြသည်။ အမြည်း ကို လည်း မတို့ကြ။ ဘယ့်နှယ့် သည်လူတွေ …။ တာဝန်တခု ထမ်းဆောင်သည့် အလား …အရက်သောက်နေကြပုံကို ကြည့်ရင်း ဆိုင်ပိုင်ရှင် ဦးဖက်တီး သက်ပြင်းချမိ၏။ အတွေ့ အကြုံ အရမို့ သိသည်။ ဒါဟာ တခုခု ထူးတော့ ထူးဆန်းပြီ ။ သို့သော် သူ့တာဝန်က မှာတာ ချပေးယုံ ။ ကျသင့်ငွေ ရှင်းလျင် လက်ခံယူရုံ သာ ဖြစ်သည်။ ပဲလှော်လေး မြည်းပါဦးလားဗျ။ ငါးရှဥ့်ခြောက် […]