ムラカミFebruary 24, 20122min45430
သူမ နာမည်ဟာ Marie Colvin ဖြစ်ပါတယ် … အမေရိကန်နိုင်ငံသူ သူမဟာ တချိန်က ကိုယ့်ကိုကိုယ် ကမာ္ဘမြေအတွက် မီးသတ်သမား အဖြစ် ကင်ပွန်းတပ်ခဲ့တဲ့ သတင်းထောက်တယောက် ဖြစ်ပါတယ်..။ နိုင်ငံရပ်ခြားဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့ မကြောက်မရွံ့့သော ရဲရင့်သော သတင်းထောက် အဖြစ် လက်ရှိမျိုးဆက် တခုလုံးက လေးစားရတဲ့သူပါ..။ ၂၀၀၁ခုနှစ် သီလိလင်္ကာ နို်င်ငံမှာ ဗုံးဆန်ထိမှန်ပြီး ကတည်းက ဆုံးရှုံးခဲ့ရတဲ့ ဘယ်ဘက် မျက်လုံး မှာ မျက်လုံး အကာတပ်ဆင်ပြီး ဆက်လက် တာဝန်ထမ်းဆောင် ခဲ့သူ ကမာ္ဘတဝှမ်းက မီဒီယာတွေ ပေါ်မှာ မကြာခန တွေ့မြင်ရတတ်သူလည်း ဖြစ်ပါတယ်…။     ၁၉၈၅ ခုနှစ်ကတည်းက ဗြိတိသျှ သတင်းစာ the Sunday Times အတွက် […]


ムラカミFebruary 24, 20121min25613
ဂီ ခုတလော ကံနိမ့်နေသလား မသိ… တခြား မကြည့်နဲ့ ရွာထဲ မှာ ပဲကြည့် … ဒါ့ပုံကိစ္စများပြောပါတယ်… ကျုပ် ရိုက်သမျှ ဝိုင်းဟားခံရ၏ .. 😀 စိုင်ပစ်တော့ နှူးဘာ တဲ့ … ပန်းတွေ ရိုက်တော့ ဂျော်လကီ …တဲ့ ကိုယ့်ကိုကိုယ် ရိုက်တော့ မားကတ္တိန်း လုပ်တာတဲ့ … နောက်ဆုံး ကီးဘုတ်ပေါ်က ကီး ရိုက်တာတောင် ဝိုင်း အစ ခံ မလွတ်… တကယ်က ကျနော် ဖြစ်ချင်တာက လန်စကိတ်ပါ ….ပါ သတင်းထောက် တပိုင်း လုပ်ရမယ့် သတင်းဒါ့ပုံ … အမျိုးအစား တော့ သိပ် စိတ်မဝင်စားပါ.. (ပါပရာဇီ တော့ ဖြစ်ချင်သား. .. […]


ムラカミFebruary 22, 20122min36036
အင်း… ခုတလော မောင်ဂီ မက်ခရို အရူးထနေပြီး တမလွန် ကို ပဲချောင်းချောင်းနေမိတော့… တိုကီနာ ငါးမျက်စိလေး ခမျာ မျက်နှာငယ်ရှာမယ်ထင်ပါ့ ….     မောင်ဂီ က ဒီက ရွှေ အသိုင်းအဝိုင်းထဲမှာ ဝင်ဆန့်တာ မဟုတ်ဘူးရယ်…. ကိုယ့် အလုပ်နဲ့ ကိုယ် ရှုပ်နေတာ ဆိုတော့ …အားတဲ့အချိန်လေး ဝါသနာပါရာ မလုပ်ရမှာလည်း စိုးရိမ်လေတော့ …. သည်က အမျိုးမျိုးအထွေထွေသော ဗီဇာဖြင့် မှီတင်း နေထိုင်ကြကုန်သော ရွှေ တွေကြား မဝင်ဖြစ်…..   ပြောပါတယ်…. တနေ့သေကြရမည် မသေခင် လုပ်ချင်တာလုပ်ကြ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုပါတယ်ဆို … (ကျနော့် ဂစ်တာဆြာ တယောက် ပြောလေ့ရှိတဲ့ စကားပါ. ..ကျနော့် အုန်းကျုံးမဟုတ် ဆြာ့တောင် သတိရသွားဘီ..)   သည်က မြန်မာ ဒါ့ပုံဆြာ ၃ယောက် လောက်ပဲ […]


ムラカミFebruary 20, 20121min26919
  ကံဆိုတာ ဆိုးသည်ကောင်းသည်မရှိ… အမြဲပြောင်းလည်းတတ်လေ၏ … ကျုပ်အကြောင်း ကြားပြီးရင် ခင်ဗျားတို့စဉ်းစားကြည့်….     ကံများ ကောင်းချင်တော့ … ဂျာပန်ကို လေယာဉ်စရိတ်သာ အကုန်ခံပီးရောက်လာတယ်.. ကံများ ဆိုးချင်တော့ ….ကတောက် …..လေးမန်းရှော့ခ်ရှေ့ပြေး လေပြည်တွေ …. ကံများ ကောင်းချင်တော့ မိဘလုပ်စာ ပြန်ထိုင်စားဖို့ အော်တို ပါမစ် ကျတယ်… ကံများ ဆိုးချင်တော့ ….ကောင်းရောင်းကောင်းဝယ်လုပ်စားတယ်ဆိုမှ …လုပ်ရက်တယ် ကိုနာဂစ်ရယ်… ကံများ ကောင်းချင်တော့ ….အလုပ်ထဲမှာ ဆြာလိုလိုဘာဂလိုလို … ကံများ ဆိုးချင်တော့ … လုပ်လိုက်ရတဲ့အလုပ်…. ကံများ ကောင်းချင်တော့ ဂျာပန်တွားရမယ်ဒဲ့ …. ကံများ ဆိုးချင်တော့ လေးမန်းရှောခ့် …(ခုမှ ဂယ်ရှော့ခ်) ကံများ ကောင်းချင်တော့ ရုံးချုပ် […]


ムラカミFebruary 18, 20127min26329
မနေနိုင်တော့လည်း ရေးဘီဗျို့ …… ဘဖောမေးထားတာလေးတွေ ပါ အဖြေ ဖြစ်လောက်ရဲ့ထင့်…   ကိုင်း စဘီ…. ခုတလော ရွာထဲမှာ ဒီ အသံတွေ အလွန်ကြားရရဲ့ …. ဒီ ဆိုတာ အများမျှော်လင့်တောင့်တ နေတဲ့ ဒီ တော့မဟုတ်… ဒီ အက်စ်အယ်လ်အာရ် D-SLR Camera သဂျိုင်ခီး ၊ ဦးဖော ၊ ချစ်ရင်ထူး …နောက်တယောက် (နာမည်မေ့နေ) တို့က ဒီ ချင်နေကြပြီ ဆိုတော့ ဒီ လို့ရအောင် ရေးသားတင်ဆက်လိုက်ရပါတယ်…   ပထမဆုံး ဒီမယ့် လူတွေအတွက် အန်ထွီ လယ်ဗယ် ဒီ တွေ ရဲ့ နှိုင်းယှဉ်ချက်တွေ တင်ပေးလိုက်ပါတယ်..။ အစိမ်း ၁ထောင် ပတ်ချာလည် လောက်နဲ့ ဝယ်နိုင်မယ့် လက်တလော […]


ムラカミFebruary 16, 20127min62335
MaaS လော ?     Music as a Service? ကျနော်တို့ဆီမှာများ ပြောပါတယ် …သီချင်းတွေ ဝယ်စရာ မလိုတော့ဘူးလား … အလကား စိတ်ကြိုက်နားထောင်ခွင့် ရပြီလား..??   နည်းနည်းလောက် တူးဆွကြည့်ချင်လို့ပါ…။   ၁။ အနုပညာ   သိပ်လှတဲ့ မြန်မာစာလုံးပါဗျာ။ ဆြာကြီး ဒဂုန်တာရာ တီထွင်တာ လို့ မှတ်ဖူးရဲ့ ….။ ဂီတဟာ အနုပညာ တပါးပါ … ။ အဲ … တခုတော့ ရှိရဲ့ …. ဂီတရပ်ဝန်းကို ဘိုလို ရေးကြည့်ရင် ပိုပြီးရှင်းတယ်…။ Music Industry တဲ့ … Music NGO မဟုတ်ဘူးခင်ဗျ. ..။ […]


ムラカミFebruary 15, 20124min23819
ရိုက်ချင်သလို ရိုက်ထားတာမို့ ကြည့်ချင်မှ ကြည့်ပါ… မန့်ချင်မှ မန့်ပါ …..နည်းနည်း ဦးနှောက်ပျက်ချင်နေလို့ .. ဆေးမသောက်မီ စိတ်ထွက်ပေါက်ရှာတယ်ပဲ မှတ်ပေးပါ …     ကျနော် ရည်စူးတာက လန်စကိတ်ပါ… သို့သော် ခရီးမသွားနိုင်  … စိုင်မပစ်နိုင်… အသစ်အသစ် မဆည်းပူးနိုင် …အလွန် ကျပ်တည်းနေသောကြောင့် မရိုက်ရ မနေနိုင် မရေးရမတင်ရ မနေနိုင်တာမို့ …. ဖြစ်သလို ရှိစုမဲ့စု အပေါစား ရိုက်တင်မိပါကြောင်း… စိတ်အနှောက်အယှက်ဖြစ်ရင် ခွင့်လွတ်စေလိုပါကြောင်း…     ၁။ မျက်စိ   ၂။ သိမ်းငှက်   ၃။ သိမ်းငှက် ၏ လက်   ၄။  တြိဂံ     ၅။ […]


ムラカミFebruary 13, 20124min34432
                            ဟီး …… အရဂါး နောက်တာ… စိတ်မထိခယက်သွားနဲ့ဦး…. သများကိုသများ မွေးနေ့လက်ဆောင် ဟိုနေ့ကမှ ဝယ်ပေးထားတဲ့ Tamron (တမလွန်) 90mm f2.8 လေးစမ်းထားတာပါ… ရွာ သူား တွေ အတွက် ..ဟက်ပီး ဗယ်လင်တိုင်း အမှတ်တရ   ခင်တဲ့ …. စီစီလီယာ  အင်ဇာဂီ


ムラカミFebruary 13, 20124min49327
ခေါင်းစဉ်ဖတ်ပီး ရည်းစားဆယ်ယောက် ထားဖို့ ကြံနေတယ် မထင်လိုက်ပါနဲ့ခညာ ….။ Lust Caution ထဲက တီလုပ်မင်းတမီးလေး Tang Wei ကို ရည်စူးတယ် လို့လည်း မထင်လိုက်ကြပါနဲ့..။ (ဖန်ပင်းပင်း ပဲ ကြိုက်ပါတယ် ဆို ..) အင်ဖိုဂရပ်ဖစ်မှာတွေ့တဲ့ ၂၀၁၂မှာ ရောင်းအားကောင်းစေဖို့ နည်း ၁ဝနည်း ကို မျှဝေချင်လို့ပါ (သူကအွန်လိုင်း အခြေပြု ရေးထားပေမယ့် …. နည်းနည်း ဗမာမှုပြုပြီး ရေးကြည့် အဲ့လေ ရွှီးပါ့မယ်ဗျ..)   ၁။ ခွဲခြမ်း စိတ်ဖြာပါ …။       တခြားမကြည့်နဲ့ သဂျီးကို ကြည့် …။ ဂူဂဲလ် အနဲလတစ် ဆိုတာကြီးထည့်ပြီး သူ့ဆိုက် ကို တနေ့ […]


ムラカミFebruary 7, 20125min56926
ဘာမှမဟုတ်ပါဘူးဗျာ … အစခုစ ဆိုတဲ့ မြို့ ကိုရောက်တုန်း ရိုက်နှက်ထားတာလေးတွေ ရှဲချင်ယုံပါ …..   စာမရေးဖြစ်ပေမယ့် ပုံ နည်းနည်းရိုက်ဖြစ်နေသေးတဲ့အတွက် …. ရှိစုမဲ့စု ရှဲလိုက်ပါတယ်ဗျာ….   ၁. တံတားပေါ်က တိုကီယို စကိုင်းထွီး..   ၂. ပုံဟောင်းလေး တစ်ပုံပါဗျာ…     ၃. ရှိတမချိ တဲ့ …… တောဆန်တဲ့မြို့ ဆိုပဲ…     ၄. ပုံဟောင်းတပုံပါ …. ပြန်ပြောပြဖို့ အတော်ခက်လိမ့်မယ့် အတွေ့အကြုံတခု အမှတ်တရပါဗျ…     ၅. ယခု မဖွင့်သေးပေမယ့် လက်ရှိ တိုကီယိုရဲ့ အမြင့်ဆုံး တာဝါ …စကိုင်းထွီးရဲ့ ရေထဲက ပုံရိပ်     ၆. ခမိနလိ မွန်း […]


ムラカミJanuary 31, 20121min15911
အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးမှာ တွေ့နေတာ ၃ရက်ရှိဘီ … သည်မှာတော့ ဘယ်သူမှ မတင်သေးလို့ …မဆွေးနွေးသေးလို့ တင်လိုက်ပါတယ်ဗျာ…။ သိပြီးဖတ်ပီးဖြစ်ရင်လည်း သည်းခံပေးကြပါ…. မသိသေးမဖတ်ရသေးရင်လည်း အားပေးကြပါ.. ပီး …သည်ဥစ္စာကြီးက ဖိုတိုရှော့ကြီးလား အစစ်အမှန်လား … ကွန်ဖမ်းပေးကြပါဦး …. အစစ်အမှန်ကြီးဆိုလည်း ဒီသတင်း ဘယ့်နှယ့်မြင်တယ် ဆွေးနွေးစေချင်ပါတယ်ဗျာ..။ ခုတလော အထူးအဆန်းတွေချည်း ကြားကြားနေရလွန်းလို့ … သတင်းထူးမကြားရ တဲ့ နေ့ကပဲ ထူးဆန်းတဲ့နေ့လိုတောင် ဖြစ်နေလေရဲ့ ….။ ဖွတာမဟုတ်ဘူးနော …(ပွပြီးသားကိုပဲ လက်တို့တာပါ….)   အင့် အင့်..     စလုံးဂျုပ် နဲ့ တွေ့ဖို့ ထိုင်စောင့်နေရတယ်လို့ … အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးမှာ ပလူပျံနေတဲ့ တို့ဘကြီးစိန် ..     […]


ムラカミJanuary 30, 20121min25820
ဆန်းဒေး…   စိုင်…………….. ပစ်ဖို့ ထွက်တယ်… နှင်းတော ထဲ သွားတယ်.. ဘုရား သွားတယ် … ဇီးချိုလား ဆားငန်သီးလား မသိတဲ့ တော ကို သွားတယ် … ရေကန် နဲ့ ချယ်ရီပင်တွေ ကြားကိုသွားတယ်. … ခွေးကျောင်းတဲ့ …ကွင်းပြင်ကိုဖြတ်လို့..       ရွက်ကြွေတော တခု ကိုရောက်တယ်….. ငှက် ……… တစ်ကောင်တွေ့တယ်… လှတယ် …ချစ်ဖို့ကောင်းတယ် …. အသံသာတယ် …… ဘေးက စိုင်ကို ငြိမ်ငြိမ်နေခိုင်းပြီး … စိုင်အစား ငှက်ပစ်ခဲ့တယ်…..   ရွက်ကြွေတောမှာ …. ဘာငှက်လဲ ကျနော် မသိ … ဖလက်ရှ်တောင် မဖောက်ရဲ … လန့်ပြေးမှာ စိုးတာကိုး … […]


ムラカミJanuary 27, 20121min16935
  ရွာသူားအပေါင်းတို့ခင်ဗျား … ရွာအတွင်း လွန်စွာ ဆိုးသွမ်း သောင်းကျန်းသော …. လှည့်ပတ် မီးဒုတ်ရှို့တတ်သော.. ရွာအပျိုချောများကို သွားရည်တမြားမြား ငန်းတတ်သော …. ရွာ့အော်ကြော်လန် ပြည်လုံးအန် တစ်ဦးဟု ဆိုနိုင်သူ ပါခင်ဗျား….။ ထိုလူသည် ..စကားပြောသည့်အခါ လိပ်ကို ကြမ်းပိုး ဖြစ်အောင် ပြောတတ်လွန်းသည့်အတွက် …လိပ်ကြမ်းပိုးကိုရင် ဟု လူတကာ ခေါ်ကြသော သူလည်းဖြစ်၏ …။   သတ္တိအရာတွင်မူ သဂျီး နှုတ်ခမ်းမွေးကို တပင်ချင်း နှုတ်၍ ကျီစားဝင့်သော်ငြား…ပုံမှန်အားဖြင့်မူ …. ရွာ့ တံခါးစောင့်ကြီး၏ စွပ်ကျယ် ၂ထည်အား ခိုးယူ၍ ကြက်တိုက်ခြင်း….။ အရီး အရီးဟုခေါ်ကာ …အရီးလတ် အိမ်တွင် မွေးမြူထားသော ကြက်ကို ခိုးယူသတ်ဖြတ်၍ …ရွာ့တောင်ဘက်ခြမ်းမှ ခွင်ခွင် ဆိုသူနှင့်ပေါင်းကာ …အစိမ်းလိုက် ကလိမ်းလိုက်ကြခြင်း……။ ရွာ့ တီလုပ်ချစ်တီး ဖူးဆွား ဆိုသော တီလုပ်မဂျီးထံမှ […]