ムラカミAugust 28, 20141min1187
                အင်မတန် ပြောင်ပြတတ်သော မျက်နှာ တည့်တည့်ကြည့်တဲ့အခါ … အလွန် စ-နောက်တတ်သော အလစ်ချောင်းရိုက်ရသော ညီမလေးတယောက်ရဲ့မှတ်တမ်းပါ                     P.S သူက ကျော့်ထက် တတန်းကြီးသဗျ… အုံးသွားစားဂျဘာဂုန်…   အားးးး ဟိ..  


ムラカミAugust 26, 20143min1306
    ရိုက်နေကျ Macro mood ကို ပြန်ခေါ်ရင်း လမိုင်းမကပ်တဲ့နေ့ ဆိုပါတော့ … အတော်များများ … ရိုက်-ပျက်တွေ ကြုံတဲ့တနေ့ပေါ့… အကြိုက်တွေ့တာလေးတွေ ချန်ထားကြည့်တော့ ပုံ ၂ဝပင် မပြည့်တတ်… တချို့ taste တွေက မသေချာမှုတွေနဲ့ … (တကယ်က နည်းနည်း ထုံကူးခဲ့သားရယ်…)   တချို့ ရုတ်ချည်း အကူးအပြောင်းဆိုတာ နည်းနည်းတော့ turbulence ရှိမှာအမှန်ပါပဲ …။ သို့သော် …ပန်းတွေ ရိုက်ရတာ နှစ်သက်နေဆဲ…     တကယ်တော့ နှင်းဆီပန်း ၂ပွင့် မဟုတ်ပါဘူး.. angle သာ ပြောင်းပြီးချိုးချထားမိတာ…။ (မိုးရွာပြီးစ အချိန်ဆိုပါတော့) တခြား နှင်းဆီပုံတွေ ကျနော် ပယ်ဖြစ်တယ်… (ထားပါလေ နှင်းဆီအကြောင်း…)   အဲ.. သစ်ခွတွေ အပိုင်းကတော့ ပိုပြီး ခြားနားတဲ့ […]


ムラカミAugust 21, 20141min1277
  ဒါ ဓါတ်ဆြာ တိုင်းမှာ ရှိတဲ့ပုံ ပါတဲ့.. ဒါ ဒီမြို့ ရဲ့ အကောင်းဆုံးသော နေဝင်ချိန် ရှုခင်း ပုံပါတဲ့ .. ဒါ ကျနော် မှတ်မှတ်ရရ အဖြစ်ဆုံး (လွန်ခဲ့သော၃နှစ်က) ရိုက်ဖူးတဲ့ နေရာပါတဲ့…. ဒါ အဲ့တုန်းကလောက် မလှပေမယ့် … ဝယ်သာရယ် အချိန်အခါရယ် မုဒ် ရယ် ကွာရင်ကွာသလို ခြားနားတာတွေ လုပ်ပြလို့ရတဲ့နေရာပါတဲ့.. ဒါ မပြောင်းလဲသေးတဲ့ သက်ရှိ ပန်းချီကားပါပဲတဲ့… ဒါ ကို ဒီမိုးကုန်ခါနီးလောက်တော့ တခေါက် သွားရိုက်ဖြစ်ပါအုံးမယ် ထင်ပါတယ်…။             ချစ်လှစွာသော ဘော်ဒါယီး ဖွတ်တီးကတ် အိမ်လာခေါ်တော့ … အဲ့မောင်းဗျာ ဆိုပြီး .. စကားပြောအချိန်စောင့်ရင်း ရိုက်ဖြစ်တဲ့ ပုံလေးတွေပါ… […]


ムラカミAugust 20, 20141min32613
  if a picture’s worth a thousand words……. (သဂျီး စာလုံးရေ ၃ထောင်ဖိုး ပွင့်ပေးပါ …) ဒချိ ဒချိ..                 ဘာရယ်မဟုတ် bokeh test shoot ပါဗျ… အိမ်စာမှန်မှန် မလုပ်လို့ မဖြစ်ပါ…။ ကင်မရာ နှင့် ခွက် = ၂ပေ ခွက် နှင့် မီး = ၈ပေ နှုန်းလောက် ခြားပြီး ရိုက်ထားတာဖြစ်ပါသည်။ filter ကတော့ ဗစ်ဇင်းတင်းကတ် အဟောင်းကို ညှပ်ပြီး တေ့ရိုက်တာပါ။ tripod mounted- no flash ပါ. သည်အရွယ် subject မို့ သည်လောက် အကွာအဝေးပါ.. လူကိုယ်တပိုင်း လောက် […]


ムラカミAugust 18, 20141min25115
ဘာရယ် မဟုတ် အမှတ်တရပေါ့ … နေကောင်းတဲ့နေ့တနေ့ စိတ်လိုလက်ရရှိတုန်း.. (ဆြာသမားလို့ပြောလို့ရမယ့်) ကျေးဇူး ရှိသူ ..ငယ်သူငယ်ချင်းတယောက် နဲ့အတူတူ ထွက်ရိုက်ဖြစ်တဲ့ နေသာသော မိုးတွင်းနေ့တနေ့ဆိုပါတော့ဗျာ..။           f/6.3 ISO 800 (off flash- w/reflector) ပါ…   ဖြစ်ချင်တော့ ကျနော်ကလည်း prime 90mm နဲ့ ရွေ့လျားရ ခက်နေချိန်…..ဆိုပါတော့ (location ကိုတော့ မမေးကြေးဗျ) သည်လောက်ထိ တင်ရိုက်ထားပေမယ့် အဆင်ပြေခဲ့တဲ့အတွက် (ညီမလေး ကိုလည်း ကျေးဇူးပါ..)   သည်တပုံတော့ မှတ်မှတ်ရရ ရှိပါရဲ့…     နောက်ပုံတွေကတော့ …အင်း … ဖြည်းဖြည်းပေါ့ဗျာ..   (အဆင်ပြေသလို ထပ်ဖြည့်လိုက်ပါ့မယ်) တော်သေးဘီ ခင်တဲ့ […]


ムラカミAugust 15, 20141min24818
    ဘလပ်ဒီး ဘုန်းကျော် ..unique အကြောင်း FBမှာ ရေးတာဖတ်မိတုန်း…. ဟီဟိ.. ဘာရယ်မဟုတ်… သူမရယ် ကျနော်ရယ် အကြိုက်ညီတဲ့ ဖိုတို တင်လိုက်ပါတယ်.. (ဘွားသိုက် မမြင်ဇီယ)


ムラカミAugust 11, 20141min19014
ကနေ့ မိညီမနဲ့ ဖုန်းပြောတယ်…အထွေအထူး မရှိပါဘူး… သည်လိုပဲ.. (မှတ်မထားပေမယ့် … သတိတရ ရှိမနေပေမယ့် … မသိစိတ်က သိနေတဲ့ ဒင်းဖုန်းနံပါတ်ပေါ့) အရှက်ကကွဲချင်တော့ ဖုန်းအားကုန်တယ်လေ… ချစ်ဖို့ကောင်းတာက ဒင်းက ကျနော် ့အိမ်ဖုန်းမှတ်မိနေတာလေး… (သူတယောက်ပဲ ခေါ်တဲ့ နာမည်ပြောင် နဲ့ဆိုပါတော့) 😛   တခုပဲ …အိမ်ကိုလာ .. ဟိုလူ့ အော် .. ဒီလူ့ငေါက် … (အဘိုးဘွားတွေဆို) ခြေဆုပ်လက်နယ်နဲ့… မကြာမကြာ အနိုင်ကျင့် တတ်တဲ့မိညီမ ကို လွမ်းမိရဲ့…   သူ့ရည်းစားဟောင်းကောင်းမှုနဲ့ နောက်ရီးစား အော်တိုမက်တစ် ခေါင်းရိုက်ခွဲချင် မယ့် ဇာတာရှင် ဖြစ်မှန်းမသိ ဖြစ်နေတာ ခုမှ သဘောပေါက်မိဖူးတယ်… အိုကွယ် ဖြစ်ရလေ… ဂဇက်မန်ဘာများ အမျိုးတော်ချင်ရင်ပြောပါလေ… ကျုပ် မိညီမ က … ကျုပ် ၂ဆ စမတ်ဖြစ်ကြောင်းရယ်…။။ P.S. […]


ムラカミAugust 4, 20148min18022
          အပိုင်းက။ ဘုရားပေါ် က HDR   မထင်မှတ်ဘဲ ဘုရားရောက်သွားတဲ့ နေ့တနေ့ပေါ့ဗျာ ဘာရယ်မဟုတ် မိုးတိတ်ချိန် ၁ရး၃ဝ ကနေ ၁၈း၃ဝ ကြား ရိုက်ဖြစ်ခဲ့တဲ့ ပုံတချို့ ဆိုပါတော့..။ လူရိုက်ဖို့ ချိန်းတာ ပျက်သွားတဲ့အတူတူ ဘုရားပဲ ရိုက်တော့မယ် လို့ စိတ်ဆုံးဖြတ်ပီးသကာလ.. (ကုသိုလ်တွေတော့ အတုံးလိုက် အတစ်လိုက်ရအုံးမယ်) ဒီရက်ပိုင်း တော်တော်လေး  တွေ့ရများတဲ့ dynamic range ကို ဆွဲချဲ့ တဲ့ပုံမျိုး တွေ ရိုက်ချင်မိခဲ့တယ် ဗျ (တိမ်တွေကလည်း ကိုယ့်ဘက်မှာ ကိုး) အချိန်ရရင် ရင်ပြင်ထဲ ထပ်သွားရိုက်ချင်သေးပေမယ့် .. မိုးကျလာတာတကြောင်း မှောင်သွားပြီး မီးတွေ ဖွင့်လာတာတကြောင်းမို့ စိတ်လျှော့ခဲ့ပါကြောင်းရယ်..။     […]


ムラカミJuly 29, 20144min3419
ဘောလုံးအကြောင်း မရေးရတာ နည်းနည်း ကြာသွားသမို့ ..ရေးလိုက်အုံးမယ်ဗျို့…။ ခုတလောက နိုင်ငံအသင်း ပွဲတွေ ပြီးဆုံးသွားခဲ့ပြီး ကလပ်အသင်းတွေကလည်း ရာသီကြို ခြေစမ်းပွဲတွေချည်း ကန်နေတာမို့ …အသင်းရဲ့ခြေစွမ်းဆိုတာ ပြောဖို့ (ရင်ခုန်စရာမကောင်းသေး) စောသေးတဲ့ ကာလလည်းဖြစ်.. အပြောင်းအရွှေ့ ရာသီ ရဲ့ ခြေ၂ချောင်း ဈေးကွက်ကလည်း ဂျာနယ်တွေက ဝေဝေဆာဆာဖော်ပြနေတာမို့… ရေးကွက် အတော် ကျပ်တာကလား ..။ အဲ့လိုနဲ့ ဖေ့စ်ဘုတ်ပေါ်က ရွာ့ဘောလုံးဝါသနာရှင် ဂရုထဲ မယ် ရေးစရာလေးတခု သွားတွေ့မိလို့ စရေးဖြစ်တယ် ပြောရမယ်ဗျ။ စမေးတဲ့လူက ရွာသား မင်းခန့်ကျော် ခင်ဗျ… သူမေးထားတာက ဘောလုံးတကွင်းရဲ့ အလျား × အနံ ဂိုးပေါက် အကျယ် × အမြင့် အစရှိတဲ့ ဘောလုံးကွင်း တခုရဲ့ အတိုင်းအတာလေးသိချင်ပါတယ်။ […]


ムラカミJuly 1, 20141min2626
ဒီနေ့ ကိုငှက် မွေးနေ့ဗျ… ဟုတ်တယ် သူက ၁၉၆၃ ဇူလိုင် ၁ရက်မှာ မွေးသူဆိုတော့ ..။ သူရှိနေရင် သည်နေ့ အသက် ၅၁ နှစ် ပြည့်မှာပေါ့ဗျာ။ ဘာလိုလိုနဲ့ သူဆုံးတာတောင် ၁ဝနှစ် ပြည့်တော့မှာပါလာ (ဩဂုတ် ၁၄ ဆိုရင်) သူရှိနေရင် … အင်း သူရှိနေရင် … နောက်ထပ် အဖန်ဖန်တောင် သေချင်မလားပဲ..။ သည်ဘက်ခေတ် ဂီတ ရေစီးကြောင်း ကို ကြည့်ပြီးသကာလလေ…။ ဟိုဆြာသမား ပြောသလို ခင်ဗျား စောစော သေတာပဲ အေးပါတယ် ဘိုးတော် ရာ …။ လို့ပဲ ပြောရမလိုလို…။ ဒါ စကားအဖြစ်ပြောတာပါ…။       ပိုမို ဖွံ့ဖြိုးလာတဲ့ နည်းပညာ […]