koko ixoMarch 2, 20121min481
အခုတလော သုးံခွဘက်မှာ နာမည်ကြီးနေတဲ့ စာရေးဆရာ တစ်ယောက်အကြောင်း အင်တာနက်စာမျက်နှာ တစ်ခုမှာ ဖတ်လိုက်ရတယ်၊ သတင်းကတော့ စာရွှက်တွေလိုက်ဝေလို့ဆိုပဲ၊ စာရွှက်ဝေတာပဲ ဘာလို့သတင်းဖြစ်လဲပေါ့နော်၊ ဘက်စ်ကားတွေပေါ်မှာဝေတဲ့သူတွေကျ သတင်းမဖြစ်ပဲ သူ့ကျမှ ဘာလို့သတင်းဖြစ်သွားလဲ နည်းနည်းစိတ်ဝင်စားသွားတယ်၊ ဘာတဲ့ အဖွဲ့အစည်းတစ်ခုကို အကြည်ညိုပျက်စေတဲ့ စာဆိုလားပဲ၊ ထိုသူရေးထားတာ တကယ်ပဲ အကြည်ညိုပျက်စေတာလား မဟုတ်ဘူးလား သိရမဲ့ စာမူရင်းတော့ မတင်ထားပဲ ဓါတ်ပုံတစ်ပုံနဲ့ သတင်းရေးထားတော့ အဲဒီသတင်းကိုဖတ်လိုက်မိတဲ့သူတွေကတော့ ဟိုစာရေးဆရာကို ထိုးမယ် သတ်မယ် တကဲကဲနဲ့ ကွန်မန့်(ဝေဖန်ချက်)တွေပေးထားတာ၊ လူအများဖတ်မဲ့ သတင်းတစ်ပုဒ်ဟာ သတင်းဖြစ်မဲ့ ခေါင်းစဉ်လေးပါရုံနဲ့ မရပါဘူး၊ လူစွဲမထား ဘက်မလိုက်ပဲ မှန်ကန်ဖို့လိုပါတယ်၊ မှန်နေဖို့နဲ့ မပြီးပါဘူး အထောက်အထားခိုင်လုံရပါမယ်၊ တကယ်ပဲ အကြည်ညိုပျက်စေတာလား ဘာလားမသိ၊ အခုဟာက ဟိုစာရေးဆရာရေးထားတာ ဘာရေးလို့ ရေးထားမှန်းမသိ၊ ထိုးမယ် […]