jackalin jonginJuly 17, 20122min711
အများတကာလိုပဲ လောကအလယ်မှာ ယက်ကန်ယက်ကန်အသိတွေနဲ့ ရှင် သန်နေရတယ်ပြောရမလား။ နေနေရတယ်ပြောရမလား။ ဝါးဝေနေတဲ့ အသိတွေကို ဝေဝါး နေကြရတော့ ငြီးတာလိုလို ငွေ့တာလိုလို ။ လူတစ်ယောက်လူပီသဖို့ဆိုတာ မလွယ်ဘူးကွ….။ ဘာပညာတတ်မှ ဘာဘာ သာကိုးကွယ်မှ ဘာအလုပ် လုပ်မှနဲ့ အများပြောစကားတွေကို အားအား ယားယား လိုက်နာ ရင်း အများနဲ့ငါ ငါနဲ့အများ အတူတူလိုလို မတူဘူးလိုလို။ လောကက သင်ပေးတဲ့အသိနဲ့ တွက်ရတဲ့ အသက်ကလည်းကြီးလာပြီလို့ မြင် မိတော့…၊ ငယ်လာပြီလို့လည်း ပြောင်းပြန်လှန်ပြီးတော့ မစဉ်းစား။ ဘာမှန်းမသိ ညာမှန်းမသိဆိုတဲ့ စကားအတိုင်း ဘာမှန်းမသိတော့ ညာမှန် လည်း မသိဆိုတာလိုများ မသိတွေများ ပွားများနေမိရော့လား။ တချို့ပြောကြတယ် မသိတာကို မသိဘူးလို့ သိတာကကောင်းတယ် ပြောလို့ပြော၊ သိတာကို သိတဲ့အလျောက် မသိတာ […]


jackalin jonginMay 6, 20121min531
ထိုကဲ့သို့သော တောင်သူ တောသားတို့၏ စီးပွားရေး အလျဉ်မမှီ ဖြစ်ရာမှသည်………. ထိုတောသူတောင်သားတို့ သားသမီးများ၏ ဘဝ၌ ရှေ့ဆက်ရှောက်လှမ်းရမည့် လမ်းကြောင်းဖြောင့်ဖို့အတွက် သင်ကြားရသော ပညာရေးကဏ္ဍ၌ အခက်အခဲ များစွာဖြင့် ရင်ဆိုင်နေကြရပေ၏။ တချို့ဆိုလျှင် ၃တန်း ၄တန်းမျှနှင့် မိဘ၏တောင်သူလုပ်ငန်းခွင်၌ ဝင်ရောက်လျက် စားဝတ်နေရေးအတွက် ကူညီရှာဖွေပေးရပေ၏။ တချို့ကားကျောင်းမျှပင် မတက်ရောက်နိုင်ချေ။ ကျောင်းတက်ကြရသော ကျောင်းသားကျောင်းသူများကြတော့လည်း ကျူရှင်တက်ရတာနှင့်ပင် အချိန်ကုန်ကြရလေ၏။ ကျူရှင်တက်ပြန်သော်လည်း အတန်းပိုင်နှင့်ဆိုင်ရာဆိုင်ရာ ကျူရှင်တက်မှသာလျှင် အဆင်ပြေတတ်လေ၏။ သို့မဟုတ်လျှင် ဒုက္ခကြုံရပြန်၏။ စီးပွားရေးကကျပ်တည်း ရသည့်အထဲ ပညာရေးကလည်း ငတ်ရမည့်ပုံ။ အစုံစုံသော အဖုံဖုံသော ဒုက္ခတို့နှင့် ထွေးရာယှက်တင် ရစ်ငင်လျက်ရှိသည့်  တိုင်းပြည်ထမင်းအိုးတို့၏ သားသမီးတို့သည်ကား စအိုထဲ ရွှံ့ဝင်ရာလမ်းသို့သာ မြန်းရပြန်တော့၏။ (ရင်နာစရာ)။ အချို့ကား ဉာဏ်ပညာထက်မြက်ပါလျက် ရှေ့ဆက်ပြီး ပညာသင်ကြားဖို့ ငွေမလုံလောက်သည့်အတွက် […]


jackalin jonginMay 4, 20121min905
တောအရပ်ဒေသ တောင်သူလုပ်ငန်းခွင်၌ စိုက်ပျိုးကြသူတို့၏ ဘဝတွင် အခက်အခဲ အဆင်းအရဲများနှင့် ပြည့်ပြည့်ဝဝ ရင်ဆိုင်နေရတာဟာ နှစ်ကာလကြာရှည်ခဲ့ပြီ။ မြေနိမ့်ရာ လှံစိုက်ဆိုသလို မိုးလေကခေါင်းပါး သီးနှံဈေးနှုန်းက ကျဆင်း ထွက်နှုန်းကလျော့ကျ ဘယ်လိုမှနားလန်မထူနိုင်တဲ့ အထဲမှာ စိုက်ပျိုးရေးအတွက် သုံးရတဲ့ ဆေးဘိုးနဲ့ မြေဩဇာ စရိတ်မှာ ဆင်ဖိုးထက်ချွန်းဖိုးကြီးခဲ့ကြသေး၏။ စိုက်ပျိုးရေးအတွက်သုံးရတဲ့မြေဩဇာနှင့် ဆေးတွေမှာ သီးနှံပင်အတွက် ကောင်းသလိုလိုနှင့် ရေရှည်သုံးစွဲလာသောအခါ ထိုမြေဩဇာနှင့်ဆေးတို့က သုံးစွဲသူနှင့် သီးနှံပင်များကို စနစ်တကျ ဖျက်ဆီးတတ်သည်ကို မသိခဲ့ကြချေ။ သိတတ်ကြသော စိုက်ပျိုးရေးပညာရှင်တို့သည်လည်း ဘာမျှမတတ်နိုင်ချေ။ ထိုသို့မတတ်နိုင်သော် တောင်သူတို့၏ဘဝကား လဲရာသူခိုးထောင်းခံရသကဲ့သို့ ဖြစ်ချေပြီ။ ဒါကို နိုင်ငံတော်နှင့် နိုင်ငံ၏စိုက်ပျိုးရေးပညာရှင်များ ဂရုတစိုက်သုံးသပ်ဆင်ခြင် အကြံဉာဏ်ပေးဖို့လိုချေပြီ။ နိုင်ငံတော်၏ စီးပွားရေးဈေးကွက်သည်ကား နိုင်ငံတကာအထိ ခြေမဆန့်နိုင်သည့်အတွက် စိုက်ပျိုးသူနှင့် စားသုံးသူတို့အကြား ပဋိပက္ခ ဖြစ်ကြလျက် အစိုးရစစ်တပ်နှင့် […]


jackalin jonginApril 21, 20121min15619
မြန်မာပြည်မှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုတဲ့ လူ့အခွင့် အရေးဟာ ယနေ့အထိ အမည်ခံသက်သက်ပဲ ရှိသေးတယ်။ ကျွန်တော်လေ့လာမိသလောက် ပြောရရင် လုံးဝကိုပဲ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့ ပြောလိုက်ချင်ပါတယ်။ အာဏာရှင်စစ်အစိုးရဆိုတဲ့ အုပ်ချုပ်ရေးအောက်က လွတ်မြောက်သယောင် ရှိလာခဲ့ပေမယ့် “အာဏာရှင်ဘာသာရေး အစိုးရ”ကတော့ ယခုထက်ထိ ဆက်လက်ရှင်သန်နေဆဲပါပဲ။ တရားပွဲတစ်ခုလုပ်ကြမည်ဆိုလျှင် သံဃနာယက အကြောင်းကြားရ၊ သာသနာရေးနဲ့ တိုင်းမှူး၊ မြို့နယ်မှူးတွေဆီ သတင်းပို့ရနဲ့ ပြီးတော့ သူတို့ ထောက်ခံချက်မရရင် ဘာမှလုပ်လို့ မရဘူးဖြစ်နေတယ်။ ဒါနဲ့များ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာတဲ့ ဗျာ။ ဟဲ…ဟဲ ရှက်စရာ။ ဗုဒ္ဓဘာသာကို လက်ခံယုံကြည်တဲ့ ဒကာ ဒကာမတွေရှိတဲ့ နေရာကို ဗုဒ္ဓဘာသာဖြစ်တဲ့ ရဟန်းတွေ ဓမ္မကထိကတွေက ဗုဒ္ဓ၏ တရားတွေ ဟောတာပြောတာတောင်မှ ဒီလိုလုပ်နေရတယ်ဆိုတော့ ဒီနေ့ဗုဒ္ဓ ဘာသာ ဟာ “အာဏာရှင်ဘာသာရေးအစိုးရဆိုတဲ့” […]