jackyangonMay 11, 20101min691
သီတဂူဆရာတော်၏ အတွေ့အကြုံများကား လွန်စွာ စိတ်ဝင်စားစရာ ကောင်းလှ၏။လူငယ်တို့အတွက် အတုယူဖွယ်တို့ ပြည့်နှက်နေ၏။အတွေးအမြင်စာစောင်တွင် ဖော်ပြခဲ့သော ဆရာဘိုးလှိုင်၏ “သီတဂူဆရာတော်”ဆောင်းပါးများကို လေ့လာဖတ်ရှုသင့်၏။ဆရာတော်၏ ၂၄နာရီပတ်လုံး သာသနာတော်အတွက် ဆောင်ရွက်နေပုံများမှာ အင်မတန် ကြည်ညိုစရာပါ။ သီတဂူစာစဉ် ၁ မှာပါရှိသော ဆရာတော်၏စာတန်းကလေးအကြောင်းကို ပြန်လည်မျှဝေလိုပါသည်။ဆရာတော်၏ ပညာရှာပုံကို တစေ့တစောင်း အကဲခတ်နိုင်ပါလိမ့်မည်။အားကျကြည်ညိုရုံသာမက အတုယူ ကျင့်ကြံကြဖို့လည်း တိုက်တွန်းလိုပါသည်။ မိမိသည် အစိုးရ ဓမာစရိယအတန်းကို အောင်ပြီးသောအခါ ကမ~ဘာသို့ လှည့်လည်ရျ် မြတ်ဗုဒ္ဓဒေသနာတော်များကို ဟောပြောချင်လှသောကြောင့် ရန်ကုန်မြို့ ကမ~ဘာအေးကုန်းမြေ သံဃတကသိုလ်သို့ ဝင်ရောက်ရ အင်္ဂလိပ်စာနှင့် အခြားလောကီပညာများကို သင်ကြားခဲ့သည်။ သုံးနှစ်မျှသင်ကြားခဲ့ရပြီး သုံးနှစ်မျှ အဆက်ပြတ်သွားပါသည်။အဆက်ပြတ်ခဲ့ရသည့် သုံးနှစ်အတွင်း မြန်မာ့ကျေးလက်တောရွာရှိ ဆင်းရဲနွမ်းပါးသော ကလေးတို့အား ပညာသင်ပေးခြင်း ဗုဒ္ဓဘာသာ အခြေခံ ယဉ်ကျေးမှုများကို သင်ပြခြင်းဖြင့် အချိန်ကုန်ခဲ့ပါသည်။ […]


jackyangonMay 10, 20101min1031
ရွာဖို့သင့်ရာ ချိန်ကာလမှာ ကောင်းစွာ ရွှေမိုး ရွာပါစေ။ ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာ ရွှေမိုးရွာပါစေ။ တိုင်းကားရှင်လူ ပြည်သူများကို တရားမင်းများ စောင့်ပါစေ။ ဒီနှစ်က တော်တော်ပူတာပါ။မိုးကလဲ ခုချိန်ထိ မရွာနိုင်သေး။နာဂစ်ကြောင့် သစ်ပင်တွေ နည်းသွားတော့ ပိုပြီး ပူနေတယ်။လူတွေကတော့ မိုးကို မျှော်နေကြပါပြီ။မိုး…ဘယ်တော့ ရွာမှာလဲ …ပေါ့။မြန်မာပြည်ရဲ့ ချစ်မိတ်ဆွေ တိမ်တမန် အိုအဆွေ တို့များ ရွှင်လန်းအောင် မိုးပန်းပုလဲတွေ ဘယ်တော့များ ချွေမှာပါလိမ့်။ ရွာဖို့သင့်ရာ ချိန်ကာလမှာ ကောင်းစွာ ရွှေမိုး ရွာပါစေ။ ဒီဆုတောင်းလေးက ကျမ်းစာတအုပ်ရဲ့ နောက်ဆုံးမှာ ပါဠိဂါထာနဲ့ ဆုတောင်းထားတာ တွေ့ဘူးပါတယ်။ဖတ်ခဲ့ရတုန်းက ဒီဆုတောင်းကို သိပ်ပြီး ဂရုမထားခဲ့မိ ပါဘူး။ အခုအချိန်ကျတော့ ဒီဆုတောင်းရဲ့ လေးနက်မှုကို တော်တော်လေး ခံစားမိနေပါပြီ။အခုခေတ်မှာတော့ မိုးလေမမှန်ရင် အယ်နီညိုကြောင့် […]