jaryittAugust 26, 20111min19813
အွန်လိုင်းပေါ်မှာ အဟဲ နဲနဲပါးပါး ရေတတ်လာ ပြောတတ်လာတော့ မြင်ရကြားရတာ မတော်မတဲ့တာလေးတွေ တွေ့ရတော့ ဝင်ဝင်ပြီးပြောချင်လာတယ်…။ ဒီတစ်ခါ ပြောမှာကတော့ အများအကျိုးကို ရှေးရှု့ပြီး ပြောမှာဖြစ်တဲ့ အတွက် အနာရှိတဲ့ လက်တွေတော့ စပ်ပါလိမ့်မယ်..။ ဒါပေမဲ့ မျက်စေ့ ရှေ့ ဖြစ်နေတာ ကြားနေရတာဆိုတော့…။ ဖြစ်ပုံက ဒီလို ….။ တစ်မနက် ဂျာရစ် အိပ်ယာက နိုးတော့ ဂျာရစ်ရဲ့ တူမ ကျောင်းဆရာမ သူ့သူငယ်ချင်း လုပ်ဖော်ကိုင်ဘက် ဆရာမတစ်ယောက်နဲ့ အိမ်ကိုရောက်လာပါတယ်..။ သူမရဲ့ ဦးရီးတော်ထံ အကြံဉာဏ်လာတောင်းတာပါ..။ အကြံဉာဏ်တောင်းတယ်ဆိုတာထက် ခံစားနေရတာကို မျှဝေခံစားလို့ ပေါ့သွားအောင် ရင်လာဖွင့်တာပါ…။ ဂျာရစ်တို့ တွေက ဒီလိုပဲ …။တစ်ယောက်ယောက်က ရင်ထဲမှာ ကျပ်တည်း ခံစားလာရပြီဆိုရင် အကြံဉာဏ်လေးပေးပါဦးဆိုပြီး ရင်ဖွင့်တတ်ကြတယ်…။ အလုပ်မရှိတဲ့ […]


jaryittAugust 25, 20111min23311
တစ်နေ့ နေပြည်တော်မှာနေတဲ့… (……………..) ဆီကို ဖုန်းပိုင်ရှင် အမည်…။ ဖုန်းနံပါတ်အမှန်အကန်ပြောပြီး ဖုန်းခေါ်ဆိုလာလို့ ဖုန်ကိုင်လိုက်တော့ ယခု ဖုန်းပိုင်ရှင် အနေနဲ့ အောင်ဘာလေ ထီ ထိုးထားတဲ့ ထီ ကဒ်ကနေ ကံစမ်းမဲ ပေါက်နေပါသတဲ့…။ ဆုမဲက နှစ်သိန်းတန် ဒီဂျစ်တယ် ကင်မရာတစ်လုုံးပါတဲ့…။ ပြောလာပုံက …။ဆုမဲကို ကံစမ်းမဲ ပေါက်သူ ဖုန်းပိုင်ရှင်ဆီကို ပို့ပေးပါ့မယ်တဲ့…။လေ ဒါပေမဲ့ သူတို့ဆီကနေ (ဖုန်းဆက်သူထံမှ ) နောက်ဖွင့်မဲ့ အောင်ဘာလေထီ (၁၁) သိန်းဘိုး ကံစမ်းရမယ်တဲ့လေ…။ အဲဒိတော့….. (…………………) မှ “ ဟာ…….အဲဒိလောက်ကြီးတော့ ကျွန်တော် မတတ်နိုင်ဘူး”လို့ ပြန်ပြောတော့ (ဖုန်းဆက်သူထံမှ ) အဲဒိလိုဆိုရင် သူကတစ်ဝက်စိုက်ပါ့မယ်တဲ့…။ တက်ဝက်ဆိုတော့ ငါးသိန်းခွဲပေါ့နော်….။ အဲဒိလောက်လည်းမတတ်နိုင်ဘူးပေါ့လေ……….။ (ဖုန်းဆက်သူထံမှ ) […]


jaryittAugust 22, 20111min29617
ဆင်းရဲနွမ်းပါးမှု လျော့ချရေးတဲ့လား?…… ရယ်ချင်လိုက်တာဖတ်ဖတ်မော….ရင်ဘတ်နောက်ကကျောလို့ အော်အော်ပြီးရယ်ချင်လိုက်တာ……။ နေပြည်တော် ပရဝဏ်ထဲမှာ ဝန်ထမ်းအချို့မြေကြီးစားနေကြတဲ့ အကြောင်းပြောပြချင်တယ်…။ ဘာကြောင့်လဲ ဘာလုပ်မလဲ လုပ်လိုလုပ်ရင်ကောင်းမလဲ ပြောပေးကြပါဦး…။ မြေကြီးစားသူများ ဆိုလို့ တစ်မျိုးတော့ မထင်လိုက်ပါနဲ့ဦး…။ နေပြည်တော်ရယ်လို့ စတင်ဖွဲစည်းရာမှာ မန္တလေးတိုင်းရဲ့ တောင်ဘက်အစွန်ဆုံး မြို့နယ်သုံးခုနဲ့ စတင်ဖွဲစည်းထားတာပါ..။ တောင်ဘက်ကနေ စပြောရရင် လယ်ဝေးမြို့နယ်..။ ပျဉ်းမနားမြို့နယ် နဲ့ တပ်ကုန်းမြို့နယ်တို့ ပါဝင်ပါတယ်….။ မြို့တော် တည်ဆောက်မယ်ဆိုတော့ ကြားကွက်လပ်က ကျေးရွာတွေ လယ် ယာတွေ ဟာ မြို့သစ်တည်ဆောက်ရေးထဲပါမှာပါကုန်ပါတယ်..။ ဒီသုံးမြို့နယ် အပြင် နောက်ထပ် ငါးမြို့နယ် ထပ်ပြီးဖွဲ့စည်းပါတယ်..။ ဒီတော့ ကျေးလက်မြေတွေ လယ်ယာ တွေဟာ တန်ဘိုးတွေ မြင့်တက် ကုန်တာပေါ့..။ ဒါဟာလည်း ကောင်းတယ်လက္ခဏာပါပဲ…။ မကောင်းတာက ညာဝါး ခွဲတမ်းချ အလားအလာ […]