မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းအုပ်စု၊ ဖက်ရှည်ကျေးရွာ၌ ၂၀၁၁ ခုနှစ်၊ ဇွန်လ၊ ၂၃ ရက်၊ ကြာသပတေးနေ့၊ နေ့လည် (၁းဝ၀) နာရီတွင် ကျောင်းထိုင်ဘုန်းကြီးကြီးကြပ်ရေးမှူးအဖွဲ့မှ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းထိုင်ဘုန်းတော်ကြီးသင် ပညာရေးစနစ်များနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ တက်ရောက်ခဲ့သူများမှာ ၎င်းနယ်တွင်ရှိသော ကျောင်းထိုင် ၁၅ ကျောင်း၏ ဥက္ကဋ္ဌဆရာတော် ဖြစ်သော ဖက်ရှည်ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဣန္ဒက၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအုပ်ဆရာတော် (၁၄) ပါး၊ သပိတ်ကျင်းမြို့နယ် သာသနာရေးမှူး ဦးထွန်းထွန်း၊ ပညာရေးမှူ ဦးစန်းမြင့်နှင့် လက်ထောက်ပညာရေးမှူ ဦးမောင်မြင့်တို့ အပြင် ကျောင်းကော်မတီများ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပြဋ္ဌာန်းတော့မည် ဖြစ်သည့် CCA ပညာသင်ကြားရေးစနစ်ဖြင့် သင်ကြားပေးရန်၊ ဘုန်းတော်ကြီးသင် ပညာရေးစနစ် […]


ကျွန်တော်တို့ ဘုရားရှင် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ်တုန်းက ကောသမ္ဗီမြို့က လူတစ်ယောက်ဟာ သာသနာ့ဘောင်ထဲကို ဝင်လာတယ်။ သူက ကောသမ္ဗီမှာပဲနေတော့ သူ့ကို ကောသမီ္ဗကိုယ်တော်လို့ပဲ ခေါ်ကြတယ်။ ဘုရားရှင်လက်ထက်က ရဟန်းတော်တော်များအားလုံးဟာ ဘယ်မှာပဲ ဝါဆိုဆို ဝါကျွတ်တာနဲ့ ဘုရားရှင်ရှိရာအရပ်ကို ပြန်ကြွလာကြပါတယ်။ တရားထိုင်နေခဲ့ရင်လည်း ဘယ်အဆင့်ကို ရောက်ပြီ။ တရားမေးမြန်းလိုတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်လိုတရားက ဘယ်သို့ဆိုပြီး မေးမြန်းဖို့ရယ် ဂါရဝပြုဖို့ရယ် အကြောင်းမျိုးစုံနဲ့ လာကြပါတယ်။ အဲလိုနဲ့ ဒီကောသမ္ဗီကိုယ်တော်လည်း ကြွလာတော့မယ်ဆဲဆဲပေါ့။ သူကျောင်းထိုင်တဲ့ ကျောင်းဒကာတွေက သင်္ကန်းနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လာလှူတယ်။ သူက “တော်ပါပြီတကာတို့ ပြန်ယူသွားပါ” “ဘာဖြစ်လို့လဲဘုရား” “အလှူမခံချင်လို့ မဟုတ်ပါဘူး။ ဦးဇင်းဆီမှာ ဒီပစ္စည်းကို သင့်တင့်လျှောက်ပတ်အောင် စီမံပေးနိုင်တဲ့ ကိုရင်တွေမရှိဘူး၊ အဲဒါကြောင့်ပါ” “ဟာ ဒါဆို တပည့်တော်ဆီမှာ […]


မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်၏ မန္တလေးမြို့၊ အောင်တော်မူဘုရားတွင် စနေနေ့ ညနေတိုင်း ဝေယျာဝစ္စပြုလုပ်သော အဖွဲ့မှ ယခုနှစ်တွင် ဝါဆိုသင်္ကန်း ကပ်လှူဖြစ်ပါသည်။ ဝါဆိုသင်္ကန်းကပ်ရန် တိုင်ပင်မိကြချိန်မှာ တစ်ပတ်သာ အချိန်ရသဖြင့် ဝက်ဆိုက်သို့ ကြော်ငြာ အသိပေးခြင်းမျိုး မလုပ်နိုင်တော့ဘဲ သိမီသူများသာ လှူဒါန်းလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ရသည်။ တံမျက်စည်းလှည်းရင်း ကြမ်းတိုက်ရင်း ဝက်ဆိုက်ထဲမှ ဘယ်သူရေးတဲ့စာက ဘယ်လို၊ ဘယ်သူက fb မှာ ဘယ်လိုအော်တာ စသဖြင့် ပြောရင်း ဆိုရင်း ဝါဆိုသင်္ကန်းကပ်သည့်အကြောင်းကို ရောက်သွားခဲ့သည်။ တံမျက်စည်းလှည်းပြီးနောက် အောင်တော်မူ ဘုရားဂေါပကများထံသွား၍ ဆွေးနွေးကြည့်ရာ “အကယ်၍ ဝါဆိုသင်္ကန်းကပ်မည် ဆိုလျှင် ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ ထို့အတူ ဤဝါဆိုသင်္ကန်း ကပ်ခြင်းသည် အောင်တော်မူဘုရား၏ ပထမဆုံးအကြိမ် ဝါဆိုသင်္ကန်းကပ်ခြင်း ဖြစ်မည်ဖြစ်ကြောင်း” ကို ပြောပြကာ သဘောတူခဲ့သဖြင့် […]


အချို့ပုဂ္ဂိုလ်က အစအနောက်သန်၏။ ထိုအစအနောက် သန်သော ပုဂ္ဂိုလ်တို့တွင် အချို့က အခြေအနေ အချိန်အခါကို သိကာ စနောက်၏။ အချို့ကလည်း မိမိစနောက်လိုခြင်း တစ်မျိုးကိုသာကြည့်၍ စနောက်၏။ ထိုပုဂ္ဂိုလ်မျိုးကြောင့် အစအနောက်ခံရသော ပုဂ္ဂိုလ်တို့ စိတ်အခန့်မသင့်ချိန်နှင့် တွေ့သောအခါ အချင်းများရ၏။ အချင်းဖြစ်ပွားပြီးနောက် “ငါက ချစ်လို့ ခင်လို့ ကျီစယ်တာကို သူက အတည်ယူပြီး ရန်ပြန်လုပ်တယ်” ဟု စနောက်သူက အကာအကွယ်ယူတတ်၏။ ထိုအခါ အစခံရသူမှာ ပိုနာသွား၏။ နဂိုရ်ကမှ စိတ်မကြည်ချိန် အစနောက် ခံရတာ တမျိုး မိမိက ပြန်စိတ်တိုလိုက်သောကြောင့် ရန်လုပ်သည်က တမျိုး အမျိုးမျိုး ပေါင်းလိုက်သောအခါ ဒေါသက အတိုင်းအဆ မရှိတော့။ ထိုသူများမှာ တစ်သက်တာ ရန်သူတို့ ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် မိမိက နောက်ပြောင် […]


ခါတိုင်းနှစ်တွင် ကျွန်တော်က အလုပ်ရှိ၏။ အလုပ်ရှိသဖြင့် အလုပ်ရှိရာနေရာ၌ အိပ်ရသည်။ အဘယ့်ကြောင့် အလုပ်ရှိရာ၌ ဆိုသော် ကျွန်တော့်အလုပ်မှာ ကွန်ပျူတာနှင့် ဆက်နွယ်သော လုပ်ငန်းဖြစ်၏။ ကွန်ပျူတာနှင့် ဆက်နွယ်နေရာ ယခင်မြန်မာနိုင်ငံ၏ ထုံးစံအတိုင်း လျှပ်စစ်မီးအား မပြည့်မီသောကြောင့် အချိန်မှန် မဝေငှနိုင်။ ညအချိန် လူခြေတိတ်ချိန်မှ မီးလွတ်လေ့ရှိ၏။ တကယ့်အလုပ်လုပ်သည့်သူတို့သည် ထိုအချိန်တွင် လုံ့လဝီရိယစိုက်ကာ လုပ်ရ၏။ စာရိုက်စရာများ၊ ပရင့်စရာများ၊ ကော်ပီယာများ၊ ရွှေဖိ ဖောင်းကြွစာလုံးများ စသည့်အလုပ်ကို တက်သုတ်ရိုက်လုပ်ရ၏။ ထိုသို့ မီးလာချိန်ကို စောင့်ရင်းက အလုပ်ထဲတွင် အိပ်လိုက်ရသဖြင့် အိပ်စရာ သီးသန့်ရှာရန် မလိုတော့ဘဲ အလုပ်လုပ်သည့် နေရာ၌သာ အိပ်လိုက်ရာ နေစရာ ဆိုသော ကဏ္ဍပြီးစီးသွား၏။ သို့နှင့် သင်္ခါရ သဘောအရ အလုပ်မှာ ထာဝစဉ် ဖျက်သိမ်းခြင်း […]


မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်၏ မန္တလေးမြို့၊ အောင်တော်မူဘုရားတွင် စနေနေ့ ညနေတိုင်း ဝေယျာဝစ္စပြုလုပ်သော အဖွဲ့မှ ယခုနှစ်တွင် ဝါဆိုသင်္ကန်း ကပ်လှူဖြစ်ပါသည်။ ဝါဆိုသင်္ကန်းကပ်ရန် တိုင်ပင်မိကြချိန်မှာ တစ်ပတ်သာ အချိန်ရသဖြင့် ဝက်ဆိုက်သို့ ကြော်ငြာ အသိပေးခြင်းမျိုး မလုပ်နိုင်တော့ဘဲ သိမီသူများသာ လှူဒါန်းလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ရသည်။ တံမျက်စည်းလှည်းရင်း ကြမ်းတိုက်ရင်း ဝက်ဆိုက်ထဲမှ ဘယ်သူရေးတဲ့စာက ဘယ်လို၊ ဘယ်သူက fb မှာ ဘယ်လိုအော်တာ စသဖြင့် ပြောရင်း ဆိုရင်း ဝါဆိုသင်္ကန်းကပ်သည့်အကြောင်းကို ရောက်သွားခဲ့သည်။ တံမျက်စည်းလှည်းပြီးနောက် အောင်တော်မူ ဘုရားဂေါပကများထံသွား၍ ဆွေးနွေးကြည့်ရာ “အကယ်၍ ဝါဆိုသင်္ကန်းကပ်မည် ဆိုလျှင် ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ ထို့အတူ ဤဝါဆိုသင်္ကန်း ကပ်ခြင်းသည် အောင်တော်မူဘုရား၏ ပထမဆုံးအကြိမ် ဝါဆိုသင်္ကန်းကပ်ခြင်း ဖြစ်မည်ဖြစ်ကြောင်း” ကို ပြောပြကာ သဘောတူခဲ့သဖြင့် […]


မနှစ်တုန်းဆီက ကျွန်တော် နယ်ဘက်တွေ လျှောက်သွားတော့ ဆီဆိုင်မြို့နယ်၊ ဖာလိုင်ရွာဘက်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ရွာနာမည်အမှန်က “ဖာလဲုင်” ပါ။ မြန်မာလိုရေးတော့ “ဖာလိုင်” ဖြစ်သွားတယ်။ အဓိပ္ပါယ်က “တောင်စောင်း” ရွာလို့ အဓိပ္ပါယ်ရပါတယ်။ ရွာနဲ့ နာမည်နဲ့ လိုက်ဖက်ပါတယ်။ တကယ့်တောင်စောင်းမှာ တည်ရှိပါတယ်။ အောက်ကို ကြည့်ရင် တောင်ခြေက မှောင်နေပါသေးတယ်။ အထက်ကိုလှမ်းကြည့်ရင်လည်း တမျှော်တခေါ်ကြီးကို ရှိပါသေးတယ်။ ရွာက တောင်စောင်းလေးမှာ ရှိနေတာ။ အဲဒီရွာမှာ ထူးဆန်းတာ တစ်ခု တွေ့ခဲ့တယ်။ ရှမ်းပြည်မြေပြန့်ပိုင်းက အခေါ် “နဂါးတွင်း” လို့ခေါ်တဲ့ “တွင်းနက်” ကြီးတွေ အများကြီးရှိနေတာပါပဲ။ အဝအကျယ် “၁၀” ပေလောက်ရှိပြီး တွင်းက ကျောက်စွန်းကျောက်စတွေ ငေါငေါနဲ့ အနက် ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ မသိရတဲ့ တွင်းတွေဖြစ်ပါတယ်။ အလွန်ကြီးတဲ့ […]