jmaungmgMarch 20, 20131min1287
အဆင်မပြေတော့ဘူးဆိုရင်ဘာလုပ်လုပ်ကိုအဆင်မပြေတော့တာ ကိုယ့်အလုပ်မှာအဆင်မပြေပါဘူးဆိုမှ အမေကပိုက်ဆံအလိမ်ခံရတယ် ပိုက်ဆံကအမပိုက်ဆံ အမေကသူ့သမီးလေးအတိုးရပါစေတော့ဆိုပြီး အသိတယောက်ကိုချေးပေးလိုက်တာ ခုတော့အတိုးလည်းမလာတော့ဘူး အရင်းဆိုဝေးလို့ အမေလည်းစိတ်ညစ်ရပြီ စိုက်ပေးစရာပိုက်ဆံလည်းကိုယ့်မှာမရှိ လောကကြီးမှာကိုယ့်အမေဒုတ်ခရောက် နေတာကိုငုတ်တုတ်ကြီးထိုင်ကြည့်နေရတဲ့ဆိုးရွားတဲ့ ခံစားမူကိုခင်ဗျားတို့သိစေချင်တယ် ဒါကြောင့်နတ်ကောင်းနတ်မြတ်တွေကလည်းဒီအတိုင်းလက်ပိုက်ကြည့်မနေပဲမစစေချင်တယ် ထီပေါက်အောင်ပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်အမေကိုမကူညီနိုင်တာ ကျွန်တော့်အပြစ်မဟုတ်ဘူးထီပေါက်အောင် မကူညီပေးတဲ့ နတ်တွေရဲ့ အပြစ်သာဖြစ်တယ် ထီပေါက်အောင်မကူညီတဲ့နတ်တွေကို တာဝန်ပေါ့လျော့ကြောင်းတနိုင်ငံလုံးသိအောင် အင်တာနတ်တွင်တင်ပစ်မည်။ ပုံ ဂျူူနီယာမောင်မောင်


jmaungmgFebruary 15, 20131min1518
ကျွန်တော်အကြောင်းပြောရရင်နာမည်ကအရင်စပြောမယ် နာမည်ကဂျူနီယာမောင်မောင် မွေးချင်းလေးယောက်ထဲမှာအငယ်ဆုံး အသက်ကတော့လေးဆယ်ရှိပြီ ရည်းစားလည်းမရှိဘူး မိန်းမလည်းမရှိဘူး ပိုက်ဆံလည်းမရှိဘူး ဘာဖြစ်လဲသေရင်ကိုယ့်နောက်ပါမှာကျနေတာပဲ ဒီလိုပဲပြောရတာပေါ့ဗျာ အရှက်ပြေ တကယ်တော့အသက်လေးဆယ်ဆိူတဲ့လူတယောက်မှာပိုင်ဆိုင်မူ့ တွေကတော်တော်ကိုများနေရမှာ ကျောင်းတက်တုံးက မှတ်မှတ်ရရကတော့လေးနှစ်လုံးမူးနေတာပဲ စာမေးပွဲလားအောင်တာပေါ့ ခိုးချတာကိုး ကျွန်တော်တယောက်ထဲတော့မဟုတ်ဘူး တနိုင်ငံလုံးခိုးဲကြတာ ဘာကြောင့်လဲဟုတ်လား စစ်အစိုးရတီတွင်လိုက်တဲ့အဝေးသင်ဆိုတဲ့ပညာရေးစနစ်ကြီးကြောင့်ပေါ့ ကျွန်တော်နောက်ဆုံးနှစ်ကဆို ဂုဏ်ထူတန်းတောင်ဝင်လိုက်သေး ဆက်မတက်တော့ပါဘူး ရှက်လို့ ဆက်တက်တဲ့လူထဲက အခုဆိုကျောင်းဆရာဖြစ်နေတဲ့လူတောင်ရှိတယ် ဘာမှမတက်ပဲဘယ်လိုများစာ ပြန်သင်နေလည်းတော့မသိဘူး အခုလက်ရှိလုပ်နေတဲ့အလုပ်က ကျောက်စိမ်းအရောင်း အဝယ်လုပ်တယ် အထင်မကြီးနဲ့ ကျွန်တော်လုပ်တာအောက်ကျောက်လေးတွေပါ အဆင်မပြေပါဘူးဗျာ ထမင်းတောင်အမေကျွေးထားလို့ မဟုတ်ရင်ငတ်သေတာကြာပြီ အမေကတော့ကျွန်တော့်ဘဝမှာတော်တော်အရေးပါတယ်ဗျ ဘာလို့လည်းဆိုတော့ကျွန်တောိတို့ငယ်ကတည်းက မီသားစုကိုပစ်ပြီးနောက်မိန်းမယူသွားတာ အမေကပဲကျွန်တော်တို့မောင်နှမတွေကို ကျွေးမွေး စောင့်ရှေက်ခဲ့တာ တော်ပါ ပြီအဖေအကြောင်းတော့မပြောချင်တော့ဘူး ပြောရရင်အံ့ဩကုန်နိူင်ဖွယ်ပဲ အခုလောလောဆယ်ဖြစ်ချင်နေတာကတော့ သဌေးဖြစ်ချင်တယ် ပိုက်ဆံလိုချင် တယ်ကျွန်တော်ဘဝမှာအရေးအကြီးဆုံးက အမေပဲ ဒုတိယကပိုက်ဆံ ခင်ဗျားတို့ရောပိုက်ဆံမလိုချင်ကြဘူးလား……….

images1.jpg

jmaungmgDecember 9, 20101min18612
ခင်ဗျားတို့ထင်နေတာမင်းတုန်းမင်းသေသွားပြီလို့ လေ အမှန်ကမသေဘူးဗျ နန်းတွင်းသမားတော်ကြီးဆရာခဲ တီတွင်ဖော်စပ်ထားတဲ့ဆေးကိုသောက်ပြီး သေချင်ယောင်ဆောင်သွားတာ အခု2010 ခုနှစ်ဒီဇင်ဘာလ၅ရက်နေ့့မနက်မှာကြောင်တောင်တောင်နဲ့ သူအုပ်ဂူထဲကနေထွက်လာခဲ့တယ် သူထွက်ထွက်လာချင်းစဉ်းစားမီ့တာက့သူ့နန်းတော်ပဲ ဒီအချိန်မှာသူနန်းတော်ကြီးဘယ်လိုများဖြစ်နေမလဲလို့လေစိတ်တွေပူပြီးဒုန်းဆိုင်းပြေးတော့ တာပဲဘေးပတ်ဝန်းကျင်ကိုလည်းသတိမထားမိတော့ဘူးနန်းတော်လည်း ရောက်ရောသူတော်တော်အံ့ဩသွားတယ် ဘာလို့လည်းဆိုတော့နန်းတော်ကြီးတစ်ခုလုံး တိတ်ဆိတ်နေတယ် မိဖုရားတွေလည်းမတွေ့ဘူး အမတ်တွေ တွေလည်းမရှိအခြားမင်းညီမင်းသားတွေလည်းရှာလို့မရ သေချာအောင်နန်းတော်ပေါ်တက်ကြည့်လိုက်တယ်ဆိုရင်ပဲ`ဲဟိုက်´နန်းတော်ကြီးက အတုကြီးဟလို့လန့်အော်မိတယ်သူနေခဲ့တဲ့ပုံစံအတိုင်း ပြန်ဆောက်ထားတာကိုတွေ့တော့ ကုတ်ချောင်းချောင်းပြန်ဆင်းလာခဲ့တယ်ဒီနေရာမှာသူနေလို့မရတော့ဘူး ဆိုတာသဘောပေါက်လိုက်တယ်ဝမ်းနည်းစွာနဲ့ပဲ ခြေဥိးတည့်ရာတွက်လာခဲ့တယ်ဒဲ့ဒီမှာပြသနာတက်တော့တာပဲ မင်္ဂလာတံခါးအပေါက်ဘက်လည်းရောက်ရော တပ်ထိန်းနှစ်ယောက်နဲ့တွေ့တော့ဒါပဲဟေ့လူလာစမ်း ဒီနေရာကအရပ်သားတွေ အဝင်အထွက်လုပ်ရတဲ့နေရာမဟုတ်ဘူးဆိုတာ မသိဘူးလားဆိုပြီးနရင်းကို နှစ်ချက်ဆင့်ရိုက်တာဘာမှာကိုရှင်းပြချိန်မရလိုက်ဘူးသူလည်း ဘုရင်တယောက်ရဲ့မန်တွေတက်လာပြီးတပ်ထိန်းနှစ်ယောက်ကိုသေချာစိုက်ကြည့် လိုက်တယ်အင်းလူတွေကတော့သူခိုးဂျပိုးရုပ်တွေအစိမ်းရောင်ဆင်တူတွေလည်းဝတ်ထားတယ်ဆိုတော့ဘာကောင်တွေမှန်းမသိတာနဲ့ ဘာမှမပြောတော့ပဲလှည့် ထွက်ခဲ့တယ်နန်းတွင်းအပြင်ကိုရောက်တော့မြန်မာနှိင်ငံမဟုတ်တော့ဘူး တရုတ်ပြည်ဖြစ်နေတာကိုတွေ့လိုက်ရတယ်စိတ်ညစ်ညစ်နဲ့ရှေ့မှာတွေ့တဲ့အင်တာနက်ဆိုင်ထဲကိုဝင်သွားလိုက်တယ် [မင်းတုန်းမင်းငယ်ငယ်ကသင်ခဲံ့တဲ့ပညာတွေထဲမှာအိုင်တီနည်းပညာတွေပါတယ်] ဒီတော့မှအဖြစ်မှန်တွေကိုသိလိုက်ရတော့တယ် သူကိုရိုက်တဲ့သူခိုးဂျပိုးရုပ်နဲ့အစိမ်းရောင်ဝတ်တွေကစစ်သားတွေဆိုတာကိုပေါ့နောက် ဆက်ကြည့်တယ်ကြည့်နေရင်းနဲ့မင်းတုန်းမင်းမျက်နှာဟာတဖြေးဖြေး နီလာတယ်နီရာကညို  ညိုရာကမည်းလာတယ် တဖြေးဖြေးနဲ့နှတ်ခမ်းမွေးတွေထောင်လာတဲ့ထိ ဒေါသ တွေထွက်လာတယ်သူတွေ့ နေရတာကတော့ဖုရားသားတော်ရဟန်းတွေကိုသေနတ်နဲ့ ပစ်တုတ်နဲ့ရိုက်စစ်ဖိနတ်နဲ့ကန်နေတာကိုပေါ့ ဒါနဲံ့သူတဖြေးဖြေးကြောက်လာတယ်ဒီအတိုင်ဆက်နေ လို့တော့မဖြစ်ဘူးငါ့အုတ်ဂူဆီပြန်မှဆိုပြီးပြန်သွားလေရဲ့အုပ်ဂူ ရောက်တော့အထဲပြန်ဝင်ပြီး တကယ်သေတဲ့အဆိပ်ကိုသောက်လိုက်ပါတော့တယ် ့


jmaungmgNovember 17, 20101min2668
ဒီလိုချမ်းအေးတဲ့ရာသီရောက်လာရင်မန်းတောင်မှာလူတွေတောာ်တော်စည်ကားတယ်ဗျနံနက်စောစောနဲံ့ညနေပိုင်းတွေမှာကျမ်းမာရေးအတွက်တောင်တက်လေ့ကျင့်ခန်းလုပ်ကျတာအရွယ်စုံဆိုက်စုံယောက်ကျားမိန်းမ ကလေး လူကြီးစုံလို့ပေါ့အများစုကတော့ဝတဲ့သူတွေဗျပိန်ချင်လို့ တောင်တက်ကြတာ မိန်းမတွေပိုစိုးပေါ့ လှချင်တာကိုး တသက်လုံးအဆီအစိမ့်တွေစားပြီး ဝလာပြီဆိုတော့မှ တောင်တော်ဆီလာကြတော့တာပဲပိန်မပိန် တော့မသိဘူးကျွန်တော်ကတော့ တောင်တက်ရတာ တောတောသဘောကျတယ် စတက်ခါစတုံးကတော့ မောတယ်ဗျ နောက်အကျင့်ရတော့လည်း အဆင်ပြေသွားရော မမောတော့ဘူးကျန်းမာရေး ကောင်းလာတဲ့ သဘောပေ့ါဗျာ ခင်ဗျားလည်းတခါလောက် တက်ကြည်လိုက် ကြိုက်သွားမှာပါ တောင်ပေါ်ကနေကြည့်ရတဲ့ရူခင်းတွေကလည်း မရိုးနှိင်ဘူး ဒီနေပဲ သွားလိုက်တော့ဗျို့