johnnydeerOctober 1, 20131min1907
(((ကဲ…ရွာက အမျိုးတွေလဲ မတွေ့တာတောင် ကြာလှပေါ့….စာကလဲ မရေးရတာကြာတော့ ဘာရေးရမှန်းတောင် မသိတော့ဘူး…ထူးပါဘူး…ရေးစရာ မရှိ ကိုယ့် အကြောင်းကိုယ်ပဲ ရေးတော့မယ်…)))   ဂျော်နီ ဒီးယား က ဘယ်လို ဖြစ်တည်လာသလဲ ဆိုတော့  ကျွန်တော် G Mail အကောင့်  စ  ဖောက်တော့ ဟိုနာမည်နဲ့ လုပ်မရ…ဒီနာမည် နဲ့လဲ လုပ်မရ နဲ့…အဲ့ဒါနဲ့ မင်းသား ဂျော်နီဒိပ် ကို စိတ်ထဲ သွားသတိရလိုက်တယ်…အင်း…ဒီနာမည်နဲ့လဲ ရမှာမဟုတ်ဘူး..နည်းနည်းတော့ ပြင်လိုက်ပါဦးမယ်လေ ဆိုပြီး နောက်ဆုံးစာလုံးလေး P လေးကို  R လို့ ပြောင်း ပြင်လိုက်မှ G Mail အကောင့် ဆိုက်ဆိုက် မြိုက်မြိုက် ရသွားပါရော…ဒီလို ဒီပုံ နဲ့ သမင်ကလေး ဂျော်နီ ဖြစ်လာပါတော့တယ်…. […]


johnnydeerAugust 10, 20131min1043
ပထမအဆင့် လိမ်ပါတယ်ခင်ဗျ…နောက် ဝိုက်ပါတယ်…အားမရသေးဘူး… ခိုးပါတယ်ခင်ဗျာ…ပြီးတော့.ပေါ်တင်တွယ်တယ်ခင်ဗျ…အုပ်စုလိုက်ပါခင်ဗျာ…စားမာန်ခုတ်ပြီး အချင်းချင်းတွယ်ကြပါတယ်…တဆင့်တက်ပါတယ်…နောက်ဆုံး ဘာမှမလုပ်ပဲ အပျောက်ရှင်းလိုက်ကြပါတယ်… ဝသွားတဲ့သူတွေ ဘေးထွက်ထိုင်ပါတယ်ခင်ဗျ…မတွယ်ရသေးတဲ့သူတွေကလဲ အံတခဲခဲနဲ့ နွားသိုးကြိုးပြတ်ဝင်လာပါတယ်…ကိုယ့်လူကို ကာဗာပေးပါတယ်ခင်ဗျ…ဒိုင် တဘက်ထဲကို ပင်းပြီး ညစ်နေပါတယ်…. ပရိတ်သတ် ဒေါသတချောင်းချောင်း ထွက်နေပါပြီ…ထိုညစ်တဲ့ အဖွဲ့ က ပရိတ်သတ်ကို ဒါပဲထင်တယ်ဆိုပြီး ခါးကော့ပြသွားကြပါတယ်… ဒိုင်မမြင်ချင်ယောင်ဆောင်နေပါတယ်…ဒီလောက်ညစ်တဲ့ အဖွဲ့ကို ဘယ်သူ့မှ အနီကဒ်မပြပါဘူး…လူချင်းလဲပြီးပဲ ကစားခိုင်းပါတယ်…ရှေ့တန်းကလဲ တွယ်တယ်…အလယ်တန်းကလဲ တီးတာပါပဲ…နောက်တန်းကလဲ မခေပါဘူး…လူမသိသူမသိ အကုန်သွပ်ပါတယ်…ဂိုးစောင့်တဲ့ ဘဘကြီးကတော့ ဘာမဆို လာထားဆိုတဲ့ အစားထဲကပါပဲ… တဘက် အသင်းကတော့ အလဲလဲ အကွဲကွဲပါပဲ…ဒဏ်ရာရတဲ့သူတွေ...ဆေးရုံရောက်သူတွေ… အနီကဒ်ပြခံရသူတွေ အများကြီးပါခင်ဗျာ…ကွင်းထဲတောင် လူသိပ်မကျန်တော့ပါဘူး…ပြောနေရင်း ပရိတ်သတ် ဒေါသတချောင်းချောင်းထွက်လာကြပါတယ်…ဆူပူရမ်းကားအဖျက်သမားတွေလို့ သတ်မှတ်လိုက်ကြပါတယ်… ဒီလိုနဲ့ မြန်မာ့ဘော့လုံးညစ်ပွဲကြီးဟာ 20း10 အချိန်မှာ ပထမပိုင်းပြီးဆုံးသွားပြီး 20း15 ဒုတိယပိုင်းမှာတော့ ဘယ်သို့ဘယ်ပုံလာမည်မသိရကြောင်းပါခင်ဗျား…အားလုံး ဆက်လက်ရှုစားကြပါဦးခင်ဗျား…


johnnydeerAugust 10, 20131min1054
Connection ကောင်းအောင်…နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား…မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… လမ်းတွေ ကောင်းအောင်….နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား..မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… မီးရထား System ကောင်းအောင်….နိုင်ငံတကာ စံနှုန်းတွေ မှီအောင် မလုပ်နိုင်ကြဘူးလား..မလုပ်နိုင်ဘူးဆိုရင်လဲ.လောလောဆယ်တော့ပေးလိုက်ပါ…ပြည်သူတွေသက်သက်သာသာနဲ့ ကောင်းကောင်း သုံးနိုင်အောင် တကယ်လုပ်နိုင်တဲ့ သူတွေကို… ဘာပဲဖြစ်ဖြစ် အရှိတရားကို ရဲရဲလက်ခံလိုက်ကြပါ…ကိုယ်မတတ်ရင် မတတ်ဖူးပေါ့…ကိုယ်မလုပ်နိုင်သေးရင် မလုပ်နိုင်သေးဖူးပေါ့…ကိုယ့်ရဲ့မူရင်း အရှိတရားက ဘာ ဆိုတာ ကိုယ်ကိုတိုင် ရှင်းရှင်းလက်ခံ သဘောပေါက်မှသာ ကိုယ်ဘာဆက်လုပ်သင့်တယ်…ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ သိလာပါလိမ့်မယ်…လိမ်စရာ မရှိ ကိုယ့်ပေါင်ကိုတော့ လှန်မလိမ်ကြပါနဲ့… ကျွန်တော်တို့ ကားမပြောနဲ့ ဆိုင်ကယ်လေးတောင် မထုတ်နိုင်သေးပါဘူး… အဏုမြူ ဓာတ်ပေါင်းဖို မပြောနဲ့ ရေအားလျှပ်စစ်မှာတပ်တဲ့ စက်ပစ္စည်းတွေတောင် ဝယ်နေရတုန်းပါ… လေယာဉ်ပျံကြီးမပြောနဲ့ […]


johnnydeerJuly 30, 20131min1277
ကျုပ်တို့လား…ဟွင်း…ဘာမှတ်နေလဲ…တိုင်းပြည် ဂျောက်ထဲ ကျခါနီး ကယ်ထားခဲ့ရတဲ့ သူတွေ… ဘာ…ပြည်သူတွေက အမြင်မကြည်ကြဘူး…ဟုတ်လား…တော်တော် စောက်သုံးမကျတဲ့ ပြည်သူတွေ… ကျုပ်တို့ရှိနေလို့…ကျုပ်တို့သာ မရှိကြည့်ပါလား…တပါးကျွန် ဖြစ်နေကြပြီ… ကျုပ် ဆယ်တန်းအောင်ပြီး သံသေတ္တာတစ်လုံးနဲ့ ဒီတက္ကသိုလ်ကို ရောက်လာတယ်…ကျုပ်ခေါင်းထဲ တစ်ခုပဲ သိတယ်…အထက်က ဘာပြောပြော ဘာအမိန့်ပေးပေး လုပ်ရမယ်ဆိုတာပဲ… ပြန်ပြောဖို့ဆိုတာလား…အဝေးကြီး…တွေးတောင် မတွေးကြည့်မိခဲ့ဘူး… ကျုပ် second year မှာ ကျုပ်တို့တပ်ခွဲက တစ်ယောက်က senior တစ်ယောက်ကို ပြန်အဓွန့်တက်မိလို့ ကျုပ်တို့တဖွဲ့လုံး တခါးပိတ်ခံရပြီး သူတို့တဖွဲ့လုံးက စိတ်တိုင်းကျ ဝင်ထိုးတာခံခဲ့ရတယ်… တိုင်လို့မရဘူး…ပြန်ပြောလို့မရဘူး…အဲ့ဒီတော့ ကျုပ်ဘာလုပ်သလဲ…သိလား… ကျုပ်နောက်ဆုံးနှစ်ရောက်တော့ ရေအိုးထဲ ရေမဖြည့်တာ အကြောင်းပြပြီး Junior တွေ အကုန် တန်းစီပြီး ပါးရိုက်ပစ်လိုက်တယ်…ကိုင်း..ဘာတတ်နိုင်သေးလဲ… တစ်ခုပဲ သိတယ်…အထက်ကိုကြောက်ရမယ်…အောက်ကလူတွေကို ကိုယ့်ကို ကြောက်အောင် လုပ်ထားရမယ်…ဆိုတာကိုပဲ…ကျုပ်တို့ကို သင်ပေးထားတာလဲ […]


johnnydeerJuly 30, 20131min14310
Sky Net ရေ…. ကျုပ်တို့ ဗမာတွေက နားလှည့်ပါးရိုက်တာ ခံနေရတာ နှစ်ပေါင်း 20 ကျော်ရှိနေပြီနော်… အ…တယ်လို့တော့ မထင်စေချင်ဘူး…သည်းခံနေတာပါ…မနေ့က သတင်းစာမှာ ဖတ်ရကတည်းက ဘာသဘောလဲ ဆိုတာ သိပြီးသားပါ…ဒီနေ့လဲ သတင်းစာ ရှင်းလင်းပွဲ Up To Date ကနေ ကြည့်လိုက်ပါတယ်…မေးချင်လိုက်တာ…ပါးစပ်ကို ယားနေတာပဲ…တက်လာတဲ့ သတင်းထောက်တွေ မေးတာကလဲ ညံ့လိုက်တာဗျာ…စကိုင်းနက်တောင် ကြည့်တဲ့သူတွေ ဟုတ်ရဲ့လား ထင်မိပါတယ်…ဒီလို သတင်းစာ ရှင်းလင်းပွဲတက်မယ်ဆိုရင်လဲ ပြည်သူတွေ …ကြည့်ရှုတဲ့သူတွေ… ဘာလိုလားသလဲ…ဘာသိချင်တာလဲ…ဘာမေးစေချင်သလဲ ဆိုတာလေးလောက်တော့ အရင် ပြည်သူကြားထဲ ဝင်မေးကြည့်ကြပါဦး…အခုတော့ဗျာ…မေးတာတွေက ဘာမှ လားရာမရှိ…ဖြစ်ကတတ်ဆန်းမေးခွန်းတွေ မေးသွားကြတယ်….ကဲ ပြောတော့ပါဘူး..ဒီ သတင်းထောက်တွေတော့…တော်ကြာ လိုရင်းမရောက်ပဲ နေဦးမယ်… ကျွန်တော်ကတော့ အခမ်းအနားလဲ မတက်ရတော့ စကိုင်းနက်ပရိတ်သတ် ပြည်သူတစ်ယောက်အနေနဲ့ မေးစရာ ရှိတာမေးရမှာပဲ….SN1…SN2…SN3 package […]


johnnydeerJuly 26, 20131min20718
RIT…RIT နဲ့ ခေါ်လို့ကောင်းလိုက်တာ….သူက RIT ကျောင်းသားလေ…ဆိုပြီး မိတ်ဆက်ပေးနေသံတွေ ကြားရတာ နားဝင်ချိုလိုက်တာ…RIT က ဆင်းရင်…B.E ဘွဲ့ရတာ…စိတ်မဝင်စားခဲ့ပါဘူး…ဌာနဆိုင်ရာတွေမှာ အလုပ်ဝင်လို့ AE ဖြစ်တာ စဉ်းတောင် မစဉ်းစားခဲ့ပါဘူး…ဖတ်ခဲ့ဖူးတာက နွမ်ဂျာသိုင်းတို့ မစန္ဒာတို့ ဝတ္ထုတွေ…ပျော်ရွှင်ဖွယ်ရာ ကျောင်းသား ဘဝတွေ…အဲ့ဒီနောက် ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေးအခင်းတွေမှာ အမှန်တရားအတွက်…တိုင်းပြည်အတွက်…လူမျိုးအတွက် အသက်တွေ ဘဝတွေ အလူးအလဲ ပေးဆပ်ခဲ့ရတဲ့ RIT ကျောင်းသားတွေရဲ့ အမှန်တရား ချစ်မြတ်နိုးစိတ်တွေ ကောင်းကောင်းကြီး သဘောကျနှစ်ခြိုက်ခဲ့ရတယ်…သိပ်သဘောကျခဲ့တာပဲ…ဒီ RIT စိတ်ဓာတ်ကို…ငါလဲ တနေ့မှာ ဒီ RIT ကျောင်းသား ဖြစ်ရမယ်…ဒီကျောင်းကို ငါ တက်ကိုတက်ရမယ်…ဒီအတိုင်းပဲ ကိုယ့်ဘာသာကို ဆုံးဖြတ်ချက်ချခဲ့တယ်… ခေတ်တွေက ပြောင်းသွားတယ်…Rangoon ကနေ Yangon ဖြစ်သွားတယ်…RIT ကနေ YIT ဖြစ်သွားတယ်…ငါတို့ကို တော်လှန်နေတာ […]


johnnydeerJuly 23, 20131min974
မယောင်ရာ…ဆီလူး….တဲ့… မယောင်တဲ့နေရာ ဆီလူးတော့ နံပတ်တစ်…ရောဂါမသက်သာဘူး…နံပတ်နှစ် ဆီကုန်တယ်…နံပတ်သုံး..စိုက်ထုတ်လိုက်ရတဲ့ လုပ်အားဆုံးရှုံးတယ်…နံပတ်လေး…ဘယ်သူမှအကျိုးမရှိဘူး…လိမ်းဆေးထုတ်တဲ့သူပဲ ချမ်းသာသွားမယ်… မြန်မာပြည်သူပြည်သားတွေ ဆင်းရဲတာ ဟာ ထွက်ငွေများလို့ပါလို့ ကောက်ချက်ဆွဲလိုက်တယ်…ထွက်ငွေဘာကြောင့်များသလဲ…ဖြုန်းတာများလို့…ဘာတွေ ဖြုန်းနေသလဲ…1…2…3…တွေကြောင့်ဆိုပြီး…အဖမ်းပြတယ်…ခဏပါပဲ… လုပ်တဲ့သူတွေလဲ လုပ်မြဲလုပ်လျှက်ပါပဲ…မွဲတဲ့သူတွေလဲ မွဲမြဲ မွဲလျှက်ပါပဲ…ကဲ…ကျွန်တော့ အမြင် ပြောပြမယ်… မြန်မာပြည်ကြီး ဆင်းရဲတာ…ထွက်ငွေများလို့မဟုတ်ပါဘူး…ဝင်ငွေမရှိလို့ပါ…ဝင်ငွေရတဲ့ အလုပ်မရှိလို့ပါ…လူတိုင်း ကျောင်းပြီးသွားတော့ ဘာဖြစ်သလဲ…ယောင်ခြောက်ဆယ်ဖြစ်သွားတယ်…109…110..ဖြစ်သွားတယ်…ကျောင်းမပြီးတဲ့သူတွေလဲ ပိုတောင်ဆိုးပါသေးတယ်…အလုပ်မရှိတော့ ဘာဖြစ်လဲ…စိတ်လေတယ်…မဟုတ်တာတွေပဲ စဉ်းစားမိတယ်…လုပ်ဖြစ်တယ်…လူတိုင်းကို သင့်တင့်လျှောက်ပတ်တဲ့ အလုပ်ရှာပေးနိုင်ရင် ဘယ်သူမှ မဟုတ်တာတွေဘက်ဆီ စိတ်မရောက်တော့ပါဘူး…ကိုယ့်အလုပ် ကိုယ့်လောဘနဲ့ အလုပ်တွေများပြီး ကိုယ့်ဘာသာကိုတောင် မအားတော့ မဟုတ်တာလုပ်ဖို့ဆိုတာဝေးပေါ့… ဒီ့အတွက် မယောင်ရာ ဆီလူး ပေါက်တတ်ကရတွေ ကောက်ချက်ဆွဲမချပါနဲ့…ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး…မြန်မာပြည်က ပြည်သူပြည်သားတွေ ဆင်းရဲတာ အလုပ်အကိုင်မရှိလို့…ဝင်ငွေမရှိလို့ဆိုတာကို ရဲရဲပဲ ကောက်ချက်ဆွဲချလိုက်ပါ… နောက်တစ်ခု…. မြန်မာပြည်မှာ ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်နေတယ်…သေတာလဲ သောက်သောက်လဲပဲ…အဲ့ဒါကို ဆိုင်ကယ် […]


johnnydeerJuly 10, 20131min1408
ဘယ်သူ့ကိုမှ ဘာမှ ပြောမနေချင်တော့ပါဘူး…ဘာလေးပဲ ဖြစ်လိုက် ဖြစ်လိုက်… ဘာတွေပဲ တွေ့လိုက် တွေ့လိုက်…စိတ်ထဲ ထင်တာတွေ…စိတ်ထဲ ရှိတာတွေ…ပြောကြတယ်…ရေးကြတယ်…ပြောကြရေးကြပေါ့…ဒါကကိုယ့်လွပ်လပ်ခွင့်နဲ့ ကိုယ်ပဲ…. အဲ့ဒီမှာ ဘာသွားတွေ့သလဲဆိုတော့ တစ်ဦးနဲ့တစ်ဦး…အမြင်..ခံယူချက်…သဘောထား… သိသိသာသာကွာတာကို သွားတွေ့ရတယ်…ဘယ်သူ့ကိုမှ ဘာမှမပြောလိုပါ…ခံယူချက်တူရင်…ဆက်ပြောလို့ရမယ်…ခံယူချက်မတူရင် ပြောလက်စကိုရပ်ပစ်မယ်…ခင်မင်မှုကိုတော့ ဆက်ရှိစေချင်ပါတယ်…အမြင်မတူ ရန်သူ လို့တော့ လုပ်လို့မရဘူးလေ…အမြင်မတူတာဆိုတာက တစ်ဦးနဲ့တစ်ဦး ဦးနှောက်အနေအထား…ကျင်လည်လာရာ ပတ်ဝန်းကျင်…အဖြစ်အပျက်တစ်ခုကို ချဉ်းကပ်တဲ့ သူတွေရဲ့ အမြင်….ဒါတွေက တစ်ဦးနဲ့ တစ်ဦး…တူစရာအကြောင်းမှ မရှိတာ….မတူတာတွေကို ဖြည့်တွေး…ဖြည်တွေး တတ်ရပါမယ်…ဒီလို တွေးတတ်…သူတပါးကို နားလည်တတ်မှလဲ…စိတ်ထားကောင်း(စိတ်ကောင်း)ဆိုတာ ဖြစ်လာမယ်….ဖြစ်လာမှလဲ လောကဆိုတာ သာယာလာမယ်… အရာရာ ငါ့အတွက်…ငါ့အတွက်…ငါယူဆသလို ယူဆရမယ်…ငါတွေးသလို လိုက်တွေးရမယ်…ငါလုပ်သလို လိုက်လုပ်ရမယ်…တ ငါထဲ ငါနေလို့ကတော့ ဒီလိုလူတွေ လောကကြီးထဲ များလေ…လောကကြီးက စိတ်ပျက်စရာ ဖြစ်လေပါပဲ… ရှင်းရှင်းလေးပါပဲ…ဖြည့်တွေး ဖြည်တွေးတဲ့သူတွေ များလေ…လောကကြီး သာယာလေ… ငါသမားများလေ…လောကကြီး […]


johnnydeerJune 5, 20131min38128
ဒေါ်အောင်ဆန်းစုကြည် က ရိုဟင်ဂျာမွေးဖွားနှုန်း အပေါ် ကန့်သတ်တဲ့ဒေသန္တရ ဥပဒေ ကို လူ့အခွင့် အရေး ချိုးဖေါက် မှုတစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။ ဒါ မှန်သော သစ္စာစကား ကို ပြောဆိုခြင်းပါ။ အဲ့တော့ ဝိုင်းအော်ကြတယ်…အိမ်ရှေ့အထိ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြတယ်…အစိုးရလုပ်ရပ်မှန်တယ်… ဒေါ်အောင်ဆန်းစုကြည် သာ သမ္မတ ဖြစ်လာရင်တော့ တို့နိုင်ငံမှာ ဗုဒ္ဒဘာသာတော့ ပျောက်ပြီ…ဆိုတဲ့အထိ ပြောလာကြတယ်…NLD ကို ဘယ်လိုမှ အားကိုးလို့မရတော့ဘူး…ဒေါ်အောင်ဆန်းစုကြည် လဲ အလကားပဲ…ဆိုတဲ့ အတွေးဝင်လာတဲ့အထိ စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲနိုင်ခဲ့တယ်…သူတို့ရဲ့ ရည်ရွယ်ချက် အထိုက်အလျောက်တော့ အောင်မြင်ခဲ့ပါတယ် လို့ပြောလို့ရပါတယ်…. အမှန်တော့ ဘရိန်းဝပ်ချ် အလုပ်ခံရခြင်းသက်သက်ပါပဲ… ဘရိန်းဝပ်ချ် သဘောကိုက အလုပ်ခံရတဲ့သူက သူ အလုပ်ခံထားရမှန်းမသိအောင် စဉ်းစားတွေးခေါ်မှုကို လမ်းကြောင်းပြောင်းပေးထားခံရခြင်းတစ်မျိုးနဲ့ သွပ်သွင်းခံထားရခြင်းပါပဲ….အရင်တုန်းကလဲ ဒီလိုပါပဲ…အဖမ်းခံရတဲ့ နိုင်ငံရေးသမားတွေကို […]


johnnydeerJune 4, 20131min2229
  ဖွတဲ့မေးခွန်း…ဆွတဲ့မေးခွန်း…ယူဆချင်သလို ယူဆလို့ ရတဲ့မေးခွန်းတွေ ဇွတ်လိုက်မေးမယ်… ဖြေတဲ့အဖြေထဲကနေ လိုချင်တဲ့ အပိုင်းလေးပဲ ဖြတ်ယူမယ်… အဲ့ဒီအပိုင်းလေးကို တခြားအနက်ထွက်အောင် ဟိုထင်ဒီထင် ဖြစ်စေမယ့် အရေးအသားနဲ့ ရေးကြမယ်… ပြီးတော့ ကိုယ့်အမေကိုယ့်အဖွားလောက်ရှိတဲ့ အမျိုးသမီးကြီး…လင်ရောသားတွေရော ပစ်ပြီး တိုင်းပြည်အတွက် ဘဝကြီး ပုံအပ်ထားတဲ့ အမျိုးသမီးကြီး…မြန်မာပြည်အတွက် သူ့အပြင် တခြားတစ်ယောက်မရှိနိုင်တော့တဲ့ အမျိုးသမီးကြီး…ကို ဝိုင်းပြီးရစရာမရှိအောင် ပြောကြမယ်… တခွန်းထဲ ပြောလိုက်မယ်…ဒီလို လူတွေကို စောက်ရမ်းရွံတယ်… 2015 မှာ ကျွန်မ သမ္မတ ဖြစ်ချင်ပါတယ်….သမ္မတဖြစ်မှ လုပ်ပိုင်ခွင့် အာဏာ ရမယ်…လုပ်ပိုင်ခွင့်ရှိမှ တိုင်းပြည်လူမျိုးအတွက် လုပ်သင့်လုပ်ထိုက်လုပ်နိုင်သလောက် အကောင်းဆုံးကို လုပ်ပေးနိုင်မှာပါ…ဒီ့အတွက် ကျွန်မ သမ္မတ ဖြစ်ချင်ပါတယ်… ဒီလို ပြည့်ပြည့်စုံစုံ ဖြေထားပါတယ်….ပြန်ရေးကြတော့ ဘယ်လို ပြန်ရေးကြသလဲ…. ….2015 မှာ ကျွန်မ […]


johnnydeerMay 26, 20131min1355
ငွေက အရေးကြီးသလားတဲ့…. မေးလာတယ်…. ဟုတ်ကဲ့ အရေးကြီးပါတယ်…ဒါပေမယ့်… ငွေထက်အရေးကြီးတာတွေ လောကကြီးမှာ အများကြီးရှိပါသေးတယ်…. ဥပမာ…မိသားစု…မိတ်ဆွေသူငယ်ချင်းကောင်း…နာမည်…ဂုဏ်သိက္ခာ…ကျန်းမာရေး…. ချစ်ခြင်းမေတ္တာ စသဖြင့်ပေါ့….နောက်ထပ်လဲ အများကြီး ရှိပါသေးတယ်…. နောက်ပြီး အလုပ်လုပ်တယ်….ဘာ့အတွက် အလုပ်လုပ်တာလဲ….အဓိက ကတော့ ငွေအတွက်ပါပဲ…ဒါပေမယ့်လည်း… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာမည်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မခံချင်စိတ်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နာကြည်းစိတ်အတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် မိသားစုအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ချစ်ခြင်းမေတ္တာအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် ကျန်းမာရေးအတွက် အလုပ်လုပ်ရပါတယ်… တခါတလေတော့လဲ ငွေရဖို့ဆိုတာထက် နောက်မျိုးဆက်တွေအတွက် အလုပ်လုပ်ရပါတယ်… တခါတလေရင်း….တခါတလေရင်းနဲ့ပဲ…ကိုယ်သေဖို့တောင် ကိုယ်လုပ်ဖို့ မေ့နေပါတော့တယ်…. နေဖို့လုပ်ရင်းနဲ့ သေဖို့လဲ […]


johnnydeerApril 19, 20131min22118
ဇာတ်လမ်းတွေ…ရုပ်ရှင်တွေထဲမှာ တွေ့ဖူးကြမှာပေါ့…. လူတစ်ယောက် ခေါက်ဆွဲတစ်ပွဲမှာစားပြီး  ကုန်ခါနီး  ခေါက်ဆွဲပန်းကန်ထဲ  ဆံပင်ချည်တွေ ထည့်လိုက်ပြီး လူအများကြီးရှေ့မှာ ဆိုင်ရှင်ကို ရန်တွေ့ …ဆိုင်ရှင်က တောင်းပန်…ပြီးတော့ ပိုက်ဆံမရှင်းပဲ ထ ထွက်သွား….သူ ဘယ်လောက် လူရည်လည်သလဲ ဆိုတာဂုဏ်ယူတတ်တဲ့လူမျိုးတွေ့ဖူးကြမှာပေါ့… ကျွန်တော့်အမြင်ကတော့ …ဒါ လူရည် လည်တယ်လို့ ဘယ်လိုမှ မြင်ကြည့်လို့ မရဘူး…ယုတ်တယ် လို့ပဲ မြင်တယ်…ယုတ်တာတောင် ရိုးရိုး ယုတ်တာ မဟုတ်ဘူး…ယုတ်ကန်းတယ်လို့ကို မြင်တာ…တခါထဲ အချီကြီး ပွသွားလို့ ယုတ်ခဲ့တယ်ဆိုရင်တောင် လက်ခံလို့ရသေးတယ်… ဘာမဟုတ်တဲ့ …ဘာမှ မဖြစ်လောက်တဲ့ ငွေအသပြာ နည်းနည်းလေးကိုယ့်အကျိုးအမြတ်ရဖို့ အတွက် သူတပါးအပေါ် မတရားသဖြင့် လူပုံအလယ် အရှက်ခွဲစော်ကား…နင်ပဲ ငဆ ပြော…စိတ်ဓာတ် တော်တော် အောက်တန်းကျတယ်လို့ပဲ မြင်မိတယ်…ဆိုင်ရှင်ဘက်က အမြင်လေးကော တွေးကြည့်လိုက်ပါဦး….အကောင်းဆုံးလုပ်ပေးတယ်…သူ့အမှားမဟုတ်ပဲ လုပ်ကြံစော်ကားသွားလို့ လူပုံ […]