johnnydeerFebruary 11, 20131min17312
(1)အရင်တစ်နှစ်လောက်တုန်းကပေါ့…ဟိုတယ်ကို လူ ငါးယောက် တစ်ဖွဲ့လာတည်းတယ်…မှတ်ပုံတင်က သုံးခုပဲပေးတယ်…နှစ်ရက်လောက်တည်းပြီးတော့ Check Out လုပ်တယ်…ဘာပြသနာ တက်လဲဆိုတော့ သူတို့ပေးထားတာ မှတ်ပုံတင်က လေးခုပါတဲ့ ဇွတ်ငြင်းတယ်…ရီဆက်ရှင်တွေကလဲ သုံးခုပဲပေးကြောင်း…ဘယ်လိုမှပျောက်စရာမရှိကြောင်း… သူတို့ကလဲ လေးခုပေးထားကြောင်း…ဘယ်လိုတာဝန်ယူဖြေရှင်းပေးမလဲ…ငြင်းခုန်ကြရင်း နံနက် ၈ နာရီက နေ ၁၂ နာရီထိုးတဲ့ အထိ ဒီပြသနာကို ရှင်းလို့လုံးဝမရဘူး…ည ဂျုတီသမားတွေလဲ နေ့လည် မွန်းတည့်ချိန်ထိ အိမ်မပြန်ရသေး…ဧည့်သည်တွေကလဲ ဒီမှတ်ပုံတင် မရလို့ကတော့ လုံးဝမပြန်ဘူးဆိုကြောင်း ဒေါသတကြီး ဇွတ် ပြောဆို… ကိုင်း..ဘယ့်နှယ်လုပ်ကြမလဲ…စဉ်းစား…စဉ်းစား…နောက်ဆုံး..ကြံရာမရ…သူတို့ Check Out လုပ်ထားတဲ့ အခန်းတွေကို သူတို့ ခေါ်ပြီး တတိယတစ်ကြိမ် သေချာပြန်စစ် ဆိုပြီး ခိုင်းလိုက်မှ…ရှေ့ကလဲ နှစ်ကြိမ် စစ်ပြီးသား…သူတို့ မှတ်ပုံတင်က ကုတင်ကြားထဲကျ ပြီးကုတင်နဲ့နံရံနဲ့ကြားညှပ်နေပါလား…အဲ့ဒီတော့မှ ဆော်ရီးနော် ဆိုပြီး အလောတကြီး ထွက်သွားကြလေရဲ့…တမနက်ခင်းလုံး […]


johnnydeerFebruary 4, 20131min16210
ဘယ်လိုပဲ ဖြစ်ဖြစ် လူ့ဘဝဆိုတာ သံသရာကြီးနဲ့ ယှဉ်လိုက်တော့ တိုတိုလေးလို့ပြောရမှာပါပဲ။အဲ့ဒီ တိုတိုလေးအတွင်းမှာပဲ လူတွေက အမြဲတစ်ယောက်နဲ့တစ်ယောက် ထိတွေ့ပေါင်းသင်းပြောဆို ဆက်ဆံကြရပါတယ်။ဒီလို ဆက်ဆံတဲ့နေရာမှာ အဓိက အသုံးပြုကြတာကတော့ ပါးစပ်နဲ့နားနဲ့ပါ။ပါးစပ်ကပြောတဲ့စကား နားထဲ ချောချောမောမော ရောက်သွားခြင်းဟာ မိတ်ဆွေများခြင်း၊ချစ်ခင်နှစ်လိုဖွယ်ရှိခြင်း၊စီးပွားရေး၊လူမှုရေးအောင်မြင်ခြင်းရဲ့ အဓိက အခြေခံအချက်တွေပဲ ဖြစ်မယ်လို့ထင်ပါတယ်။ လူတစ်ယောက်ရဲ့အထင်ကြီးခြင်း၊အထင်သေးခြင်း၊ချစ်ခြင်း၊မုန်းခြင်း၊ချမ်းသာခြင်း၊ဆင်းရဲခြင်း ဆိုတာတွေ အားလုံးဟာ ဒီ ပါးစပ်နဲ့ပဲ တိုက်ရိုက် အချိုးကြနေတယ်ထင်ပါတယ်။စကားပုံတွေလဲ အများကြီးရှိပါတယ်။နှုတ်ချို သျိုတပါး။ပိသာလေးနဲ့ဘေးပစ်၊နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊ကြမ်းကျွံနှုတ်လို့ရ စကားကျွံ နှုတ်မရ စသဖြင့်ပေါ့ အများကြီးပါပဲ ဒီပါးစပ်နဲ့ပတ်သက်လို့။နောက်ပြီး ကျွန်တော် သတိထားမိတာ လူတွေဟာ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာပဲ ပြောတတ်ကြတယ် ဆိုတာပဲ။သူတပါး စိတ်ဝင်စားသည်ဖြစ်စေ စိတ်မဝင်စားသည်ဖြစ်စေ သူတို့စိတ်ဝင်စားရာ၊ဝါသနာပါရာကို အဓိက ဇောင်းပေးပြောလေ့ရှိကြပါတယ်။သူတပါးပြောကြားချက်ကို လိုက်လျောညီထွေ လိုက်လံပြောဆို နားထောင်ပေးခြင်းကလဲ ပေါင်းသင်းဆက်ဆံရေးအောင်မြင်ခြင်းရဲ့အဓိကအချက်လို့ပဲ မြင်မိပါတယ်။ ကျွန်တော် အသက် […]


johnnydeerFebruary 2, 20131min1098
အလင်းဆက်ရဲ့ ဠ နဲ့ပတ်သက်ပြီး ကိုယ့်ဘဝအကြောင်းနဲ့ တောက်လျှောက်ဆက်စပ်မိနေလို့ ဒီ ဠ အကြောင်းဆက်ရေးမိခြင်း ဖြစ်ပါတယ်။ဆိုင်လား မဆိုင်လားတော့မသိ။ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့ ပညာအရည်အချင်း၊ စိတ်နေစိတ်ထား ၊ရိုးသားမှု ဒါတွေ အကုန်လုံးကို ဒီ ဠ နဲ့ပတ်သက်ပြီး အကြမ်းဖျင်း သတ်မှတ်လေ့ရှိပါတယ်။အခုမှ စတွေ့တဲ့လူတစ်ယောက်ကို အထင်ကြီးခြင်း၊အထင်သေးခြင်း စတာတွေကိုလဲ ဒီ ဠ နဲ့ပဲ ခွဲခြားလေ့ရှိပါတယ်။ဒီ ဠ ကို အစုံပေါက်တတ်ကရ ရေးတတ်တဲ့သူတွေကိုလဲ သူငယ်တန်းစာ မကျေခဲ့ဘူးနဲ့တူတယ်လို့လဲ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ ရိုက်ပေါက်ခံရနိုင်တဲ့ စကားလုံးတွေနဲ့လဲ ပြောတတ်ပါတယ်။ဒီ ဠ နဲ့ ပတ်သက်ပုံအကြောင်းစုံ ရှင်းပြရရင်တော့ မွေးတဲ့ဆီကစပြောရမယ်ထင်တာပဲ။ကျွန်တော်မွေးတော့ ကျွန်တော်တို့မြို့က ရုံမှာ ဘယ်ပန်းချီရေးလို့မမှီ ရုပ်ရှင်ပြတယ်တဲ့။ကျွန်တော်တော့ မကြည့်ဖူးဘူး။အဖေနဲ့အမေပြောပြတာ။ဇာတ်ကားရဲ့အဓိကကျောရိုးက မှားတဲ့အဖေကို ချစ်လွန်းတဲ့သားကလမ်းမှန်ရောက်အောင် ပြန်ပြင်ပေးတဲ့ ကားလို့ပြောတာပဲ။မကြည့်ဘူးတော့ ကျွန်တော်လဲ သေချာတော့မသိဘူး။အဲ့ဒီ […]


johnnydeerJanuary 28, 20131min742
အများပြည်သူထံမှ ကောက်ယူထားသည့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁ဝ ရာခိုင်နှုန်းကို ညွှန်ကြားရေးမှူးချုပ်နှင့် အကောက်ခွန် တာဝန်ရှိသူများက ဆုကြေးအဖြစ် နှစ်စဉ်ခွဲဝေယူကြောင်း ပြောကြား…..(ELEVEN …သတင်းထဲ ဖတ်လိုက်ရတာလေးပါ…) တော်တော် တရားကျလောက်တယ်…


johnnydeerJanuary 26, 20131min1272
‘D နေ့တော့ သိပ် အရှည်ကြီး မပြောတော့ဘူး…လာဇီယို ရယ်…ဗလင်စီယာ ရယ်…အာစင်နယ် ရယ်… လာ…ယာ…အာ…ပေါ့…အလွတ်ကျက်…အသေမှတ်နော်… လာ…ယာ….အာ…လာ…ယာ…အာ…လာ…ယာ…အာ…လာ…ယာ…အာ…


johnnydeerJanuary 25, 20131min20712
မနေ့တုန်းက ကျွန်တော်ရေးခဲ့တဲ့ မိန်းမနိုင်နည်းရဲ့ အဆက်လို့ ယူဆချင်လဲ ယူဆကြပါတော့…နားလည်မှု ဆိုတာနဲ့ပတ်သက်ပြီးရေးချင်တာပါ…အောက်ကတက်လာတဲ့ ကောမန့် တော်တော် များများ မှာ ကျွန်တော်တို့ ကျွန်မတို့ကဖြင့် နားလည်မှု အပြည့်နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးဖြစ်ကြောင်း အိမ်ထောင်သည်တွေကလဲ ပြောကြတယ်…လူပျို အပျိုတွေကလဲ အိမ်ထောင်ပြုလို့ကတော့ ဘယ်တော့မှ ရန်မဖြစ်တဲ့ နားလည်မှုအပြည့်ရှိတဲ့ အိမ်ထောင်ရေးဖြစ်အောင်တည်ဆောက်မယ် ဆိုပြီး စိတ်ကူးယဉ်တတ်ကြတယ်…ဒီ နားလည်မှုဆိုတဲ့ စကားဟာ စာလုံးနဲ့ရေးရင် ၃ လုံးထဲ ရှိပေမယ့် တကယ့်တကယ်တော့ တော်တော် မလွယ်တဲ့ အမျိုးပါ…ဘာလို့လဲ ဆိုတော့ အိမ်ထောင်ပြုပြီဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ဘဝနှစ်ခုကို တစ်ခုထဲ ဖြစ်အောင် ဇွတ်တွဲစပ်ရတဲ့ အမျိုးကိုး…အဲ့ဒီမှာ မတူညီတဲ့ ဘဝလို့ပြောလိုက်တာနဲ့ လူတစ်ယောက်နဲ့တစ်ယောက်ဆိုတာက ဝါသနာ..နေထိုင်မှုပုံစံ..စိတ်ဝင်စားမှု..အများကြီး အများကြီးပါ…တူတာထက် မတူတာက ပိုများတာပါကလား…ရည်းစား ဘဝတုန်းကတော့ ချစ်တဲ့စိတ် အပြည့်နဲ့ […]


johnnydeerJanuary 24, 20131min46035
အမျိုးသမီးတွေနဲ့ မိန်းမ ကြောက်တဲ့သူတွေ လုံးဝမဖတ်ပါနဲ့…လူပျိုများ..((အထူးသဖြင့် မိန်းမယူခါနီး လူပျိုများ))သာ ဖတ်ကြပါရန်……………………………………………………………………………………………..ဒီနေ့တော့  မိတ်ဆွေများအတွက် မိန်းမ နိုင်နည်း နိသရည်း လေး နည်းနည်း ဝေမျှပေးချင်လို့ပါ…ကျွန်တော့်မှာ မိန်းမကြောက်တဲ့ သူငယ်ချင်းတွေ နည်းနည်းများတယ်…တချို့က ရှိုတိတ်လေးကြောက်တယ်..သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်လို့ ငါးမိနစ်မကြာဘူး..မိန်းမကဖုန်းဆက်ခေါ်ရော..ဘော်ဒါတွေရှေ့ဆိုတော့ မိန်းမခေါ်တာဆို ဝိုင်းဟားနေမှာစိုးလို့…ဟုတ်ကဲ့ အမေ..လာပါပြီ အမေ ဆိုပြီး..အမေပဲခေါ်သလိုရောချပြီး ပြန်ပြေးတတ်တဲ့ သူလဲရှိတယ်….နောက်ပြီး..ငါ့မိန်းမက တကယ်တော်တာကွ…ငါ့မိန်းမ ရှာကျွေးနေလို့..နို့မို့ဆို ငါ ငတ်ပြီး ခွေးဖြစ်နေပြီ ဆိုပြီး မိန်းမကို ကြောက်ကြောက်နဲ့တအားအမွှန်းတင်တတ်တဲ့ ဘော်ဒါလဲရှိရဲ့…ငါက ကြောက်တာမဟုတ်ဘူး..ချစ်တာလို့ ရှက်ပြုံးလေးနဲ့ ပြောတတ်တဲ့ သူငယ်ချင်းတွေလဲ ရှိရဲ့…တကယ့် အစုံ အစုံပါဘဲ…အမှန်တကယ်တော့ လေပါတီမမြရင်ရဲ့ သီချင်းလို ..((.လင်က မယားကို နိုင်ရင် အလွန်ပဲ လာဘ်တွေတိတ်တတ်ပါသတဲ့..မယားက လင့်အပေါ် အနိုင်ယူပြန်ရင် ဂုဏ်လဲ နိမ့်တတ်ပါတယ်ရှင်…ငရဲ ကြီးတတ်ပါတယ်ရှင်..))..လို့ […]


johnnydeerJanuary 24, 20131min16413
ဈေးတွေက ညကျမှ မီးထလောင်တာ ဘာဖြစ်လို့လဲ မသိဘူး… စက်မှုဇုန်ထုတ်ကားတွေက ဂျပန်ကလာတဲ့ ကားတွေနဲ့ တထေရာထဲ တူနေတာ ဘာဖြစ်လို့လဲ မသိဘူး… အိမ်ဌားနေတဲ့ ဝန်ကြီး မြန်မာပြည်မှာ မရှိတာ ဘာဖြစ်လို့လဲ မသိဘူး… ခိုးကူး ခိုးကူး နဲ့တဖွဖွ ရွတ်နေတဲ့ သူတွေရဲ့သီချင်းသံစဉ်တွေက နိုင်ငံတကာ သီချင်းတွေနဲ့ တအားတူနေတာ ဘာဖြစ်လို့လဲမသိဘူး… သက်တူရွယ်တူ အချင်းချင်းတွေ အဘ အဘနဲ့ ခေါ်နေကြတာ ဘာဖြစ်လို့လဲ မသိဘူး… ပိုလျှံပါတယ်ဆိုပြီး နွေရာသီတောင် မရောက်သေးဘူး မီးပျက်ပျက်နေတာ ဘာဖြစ်လို့လဲ မသိဘူး… ဝန်ထမ်းချင်းအတူတူပဲ..လစာလဲ ဒီလောက်ကြီးမကွာဘူး…နဲနဲ များတဲ့သူက ပင်စင်ယူပြီးရင် အိမ်တွေအများကြီးရှိပြီး နဲတဲ့သူက နေစရာမရှိတာ ဘာဖြစ်လို့လဲ မသိဘူး… ဗိုလ်ချုပ်လို လူကောင်းသူကောင်းက ၃၂ နှစ်ပဲ နေရပြီး ဦးနေဝင်းတို့ […]


johnnydeerJanuary 12, 20131min39212
ဒီအရွယ်ရောက်တဲ့အထိ အလုပ်ဆိုတာကို တော်တော့်ကို အစုံလုပ်ခဲ့ရဖူးပါတယ်…ဗဟုသုတပေါ့ဗျာ..အခု သစ်တန် အလွယ်တကူတွက်နည်းလေး နည်းပေးလိုက်ပါဦးမယ်…တချိန်မဟုတ် တချိန် အိမ်ဆောက်ရင်ပဲ ဖြစ်ဖြစ် သစ်ဝယ်ရတော့မယ့်အချိန် ကြုံလာရင်ပဲဖြစ်ဖြစ်ပေါ့ဗျာ….သစ်တချောင်းမှာ ထုနဲ့ဗျက်ဆိုတာ ရှိပါတယ်….ဥပမာ….၅x၃ ဆိုပါတော့ ထုက ၃ ထုပါ..၃လက်မပေါ့…ဗျက်က ၅လက်မပေါ့…ပါးစပ်အခေါ် ငါးသုံးလို့ ခေါ်ပါတယ်…၅x၃ တတန်မှာ ဘယ်နှစ်ပေရှိသလဲ…အလွယ်တကူ တွက်ချင်ရင်တော့….. ~~~ ၅x၃=၁၅ ရပါတယ်…ရတဲ့ ၁၅ နဲ့ ၇၂၀ဝ ကို စားလိုက်ပါ…ရလာတဲ့ ၄၈ဝ ကတော့ ငါးသုံးတတန်မှာ ရှိတဲ့ ပေရှည် အရေအတွက်ပါပဲ…. ~~~ ၄x၁ ၁/၂ (လေးတစ်ခွဲ)ဆိုရင်လဲ ၄ ရယ် တစ်ခွဲရယ် မြောက်= ၆ရတယ်…ရတဲ့ ၆နဲ့ ၇၂၀ဝကို စားလိုက်..၁၂၀ဝပေ… တတန်မှာရှိတဲ့ လေးတစ်ခွဲပေအရည်အတွက်ပေါ့… ~~~ .ပေတစ်(၁၂x၁)ဆိုရင်လဲ ၁၂ရယ်တစ်ရယ်မြောက်…ရလာတဲ့ […]


johnnydeerJanuary 9, 20131min1014
အယ်မိုင်ခ….မလိခ… အကိုမြစ်…နှမမြစ်…နှစ်မြွာ… ကိုယ်နေတဲ့ကိုယ့်ဇာတိမြေ နေရာ… ဘယ်လိုလုပ် ခွဲခွာချင်မှာလဲ… တောထဲတောင်ထဲ တောအုံချုံကြား… စားစရာ နတ္ထိ နေစရာအိမ်မရှိ… ည ည တရေးမှ ကောင်းကောင်းမအိပ်ရ… ဟိုနားက သေနတ်သံကြား… သည်နားက အမြောက်သံကြား… ကိုယ့်ခေါင်းပေါ် ဘယ်တော့များကျမလဲလို့… သည်းတထိတ်ထိတ် ရင်တဖိုဖို… မှေးကနဲ… တရေးအိပ်ပျော်သွားတုန်း… ကိုယ်လေတအားပျော်မိ… ကြည့်စမ်း…ရွှေဝါ စပါးခင်းတွေ… လေအတိုက် လှိုင်းထလို့… ကဲ…ရိတ်လိုက်ကြစို့ ဖော်တသင်းတို့… တံစဉ်းတွေနဲ့ တဗျင်းဗျင်း ဆွဲရိတ်… အရိပ်ခိုဖို့တောင် မစဉ်းစားအား… ဒါ…တို့စပါး…တို့စပါးတွေလေ… အားပါးတရ ပျော်နေမိကြ… ဖျတ်ကနဲ လန့်နိုးမှ… ဒါ…အိပ်မက်ပါကလားလို့… ကိုယ့်ကလေးတွေလဲ… ကိုယ့်မြေ ကိုယ့်ကျောင်းက… ခေါင်းလောင်းသံ မကြားရလို့… ကကြီး ခခွေးတောင်… ရေးတတ်ပါတော့မလား… သူတို့ကစားနေတာ မြင်ရတော့… ရင်ဝကို ကျည်ဆံ […]


johnnydeerJanuary 8, 20131min1599
အဝတ်အထည်လိုလို့…. အစားအသောက်လိုလို့… နာရီလိုလို့… ဆိုင်ကယ်လိုလို့… အိုးအိမ်လိုလို့… အိမ်လခလိုလို့… ……………လိုလို့… …………………… …………………လိုလို့ဆိုပြီး… ကလေးကြီးတွေ…. လူပြန်ပေးဆွဲခံနေရတယ်….   အခိုင်းအစေလိုလို့… ဇနီးမယားလိုလို့… ခိုင်းစားလိုလို့… ခန္ဒာကိုယ်အစိတ်အပိုင်းလိုလို့… အသွေးအသားရောင်းစားလိုလို့… ……………လိုလို့… …………………… …………………လိုလို့ဆိုပြီး… ကလေးကြီးတွေ…. လူပြန်ပေးဆွဲခံနေရတယ်….   စစ်ဖိနပ်အောက်မှာ… .နှစ်ပေါင်း ၅ဝကျော်အကြာ… တို့မြန်မာကလေးငယ်တွေရဲ့ဘဝ… ရာနှုန်းမည်ရျ် မည်မျှ… လုံခြုံရေးရနေပါပြီလဲ…   အမေစု ထိုင်းနယ်စပ်ရောက်ခိုက်… အသည်းလှိုက်အောင် ခံစား… ကလေးသူငယ်တွေ ကူးသန်းရောင်းဝယ်ရေး… ကင်းဝေးပပျောက် ရန်အတွက်… သတိပေးပြောကြားသွားတာက… ဒီမိုကရေစီ လှည်းလမ်းကြောင်းပေါ်က… .နွားကျောင်းသား ဘဝလို အေးချမ်းသာယာဖို့… ငါတို့အားလုံး ဝိုင်းဝန်းလုပ်ကြရတော့မယ်….   တရားမယုတ်… တရုတ်မယားမဖြစ်စေရေး… ထားမရိုင်း… ထိုင်းမယားမဖြစ်စေရေး… ကလီးဇနား… ကုလားဇနီး မဖြစ်စေရေး… […]


johnnydeerDecember 26, 20121min854
သမ္မတရဲ့မိန့်ခွန်း…နားထောင်လို့ကောင်းလိုက်တာ…နားထောင်နေတုန်း ထီသည်က သီချင်းအကျယ်ကြီးဖွင့်သွားလို့ ဒေါသထွက်ရသေးတယ်…သီချင်းကလဲ ပိုးဒါလီသိန်းတန်ရဲ့ သီချင်းလေး…ဘာတဲ့… @#$%^& ..မျှော်သာမျှော်သည်…မယုံကြည်..ရင်မှာဝေဒနာအပွင့်ခက်အဝါနီ..@#$%^& ….မယုံသော်လည်း..ကိုယ့်အဖို့ရာ စိတ်ဖြေတယ်…ဘုရားမှာ စနေထောင့်ပန်းလှုမယ်….တဲ့…


johnnydeerDecember 25, 20121min773
နန်းခင်ဇေယျာ ရေကူးဝတ်စုံနဲ့ပြိုင်ပွဲဝင်တဲ့ပုံကိုတွေ့တော့ ဖေ့စ်ဘုတ်မှာ ရှယ်မိပါတယ်…အမျိုးသမီးတစ်ယောက်က ကောမန့်ဘာလာရေးသလဲဆိုတော့ … နန်းခင်ဇေယျာ ပြိုင်တာက တစ်ခါထဲပါ…ဒီလိုပုံတွေ မရှယ်ပါနဲ့တဲ့…မြန်မာအမျိုးသမီးတွေ စိတ်ဓာတ်ပျက်ပြားစေနိုင်ပါတယ်တဲ့ဗျား…ကြည့်..ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ..လေသံကလဲ ဆရာမကြီးလေသံနဲ့…အဲ့ဒါနဲ့ ပြန်ရန်တွေ့ပေးလိုက်တယ်…ခင်ဗျား..အင်တာနက်မသုံးဖူးဘူးလားလို့…ကျွန်တော်တို့ရှယ်တယ်ဆိုတာက ကိုယ့်မြန်မာအမျိုးသမီးတစ်ယောက် နိုင်ငံတကာစင်မြင့်မှာ ဝင့်ဝင့်ကြွားကြွားယှဉ်ပြိုင်နေတာကို ဂုဏ်ယူလို့ရယ်…အဝေဖန်ခံရမယ်..အကဲ့ရဲ့ခံရမယ်ဆိုတာ သိရက်နဲ့ တိုင်းပြည်အတွက်… မြန်မာဆိုတာအတွက် …သွားပြီးယှဉ်ပြိုင်ရဲတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုချင်တာရယ် အတွက်ကြောင့် ရှယ်ရတာ…တဏှာရူးချင်ရင် နှာဗူးထချင်ရင် အင်တာနက်ထဲ ကြိုက်တဲ့နေရာ ကြိုက်တဲ့ဆိုက်ဒ် ကြိုက်သလိုကြည့်လို့ရတယ်လို့…ရေးကူးဝတ်စုံ ဘီကီနီဝတ်တာလောက်နဲ့ ယောက်ကျားတစ်ယောက် မုဒိန်းမှုမဖြစ်နိုင်သလို..အမျိုးသမီးတစ်ယောက်လဲ အတုယူမှားပြီး ပျက်စီးမသွားနိုင်ဘူးလို့…အတွေးကိုနက်နက်တွေး…အမြင်ကို ကျယ်ကျယ်ထား…မြို့မငြိမ်းသီချင်းထဲကလို ခေတ်မီမီက မ္ဘာကြည့်ကြည့်မြင်တတ်စမ်းပါ..လို့ ကောင်းကောင်းရန်တွေ့လွှတ်လိုက်တယ်…ခဏနေတော့ အဲ့ဒီကောမန့်သူ့ဘာသာသူဖြုတ်ချသွားတယ်…အခုလဲ လာပြန်ပြီ…လွှတ်တော်မှာ စန္ဒာမင်းတင်မယ့် ပြည့်တန်ဆာဥပဒေကို ကောင်းကောင်းဝေဖန်နေကြပြန်ပြီ…ဒီပြည့်တန်ဆာ ဥပဒေနဲ့..လောင်းကစားဥပဒေ ဒီနှစ်ခုကမလုပ်မနေ လုပ်ကိုလုပ်ရမယ့်ဟာတွေ…ကဲ..စဉ်းစားကြည့်..အခုကော ဒီပြည့်တန်ဆာကမရှိဖူးလား…ဖမ်းလို့ကော ပျောက်သွားလား…ဘယ်လိုနှိမ်နင်းနှိမ်နင်း…ရကောရခဲ့ဖူးလား…ကူးစက်ရောဂါတွေ စည်းလွတ်ဘောင်လွတ်ပြန့်ပွားတာရယ်…မကင်းရာမကင်းကြောင်း ဝန်ထမ်းတွေ အကျင့်စာရိတ္တ ပျက်ပြားတာသာ အဖတ်တင်တယ်…အဲ့တော့ […]