JuemyitAugust 15, 20101min1034
လုပ်ကြည့်တာ ကောင်းတယ်မြင်လို့ copy တင်လိုက်တာပါ … မဖတ်မိသေးသူတွေအတွက်ရည်ရွယ်ပါ သည်။ သူငယ်ချင်းလိုက်လုပ်ကြည့်လိုက်ပါ စိတ်ဝင်စားဖို့ကောင်းတော်တော်လေးကောင်းတယ်။။။ ကိုယ့် Gmail ထဲကို twitter နဲ့ Facebook ကိုဘယ်လို ထည့်ထားမယ် ဆိုတာလေးပါ။ မေးစစ်ရင်းနဲ့ Twitter နဲ့ Facebook က Update တွေကို စစ်လို့ရအောင် လုပ်လို့ရပါတယ် ။ အောက်မှာ တစ်ဆင့် ချင်းဆီကျွန်တော်ပြောသွားပါမယ်။ အဆင့် ၁ ။ သင့် Gmail ထဲကို ဝင်လိုက်ပါ ။ အဆင့် ၂ ။ Gmail Labs (not Google Labs) ကိုသွားပါ ။ Gmail ထဲက Setting ကို နှိပ်ပြီး Labs […]


JuemyitAugust 15, 20101min972
ဗုဒ္ဓဘာသာစုံတွဲရဲ့ ခရစ်ယန်မင်္ဂလာပွဲ ဇူလိုင်ထိ မိုးကို မရွာနိုင်ဘူး၊ ဗာရာဏသီဟာ ရာသီအကျဉ်းထောင်ထဲမှာ လှောင်ပိတ်နေခဲ့ပါရော၊ ငယ်ငယ်က သင်ခဲ့ရတဲ့ ပိဋကတ်စာပေထဲမှာ မဇ္ဈိမဒေသရဲ့ ပူတဲ့ရာသီနဲ့ အိုက်တဲ့ ရာသီကို ခွဲခြားပြထားတာ မှတ်သားဖူးတယ်။ ခုတော့ ကိုယ်တိုင်ခံပေါ့။ ရာသီပူအိုက်မှုကြောင့် စာလည်း မဖတ်ဖြစ်၊ စာလည်း မရေးဖြစ်၊ ဘာတွေ လုပ်နေလဲဆိုတော့ အင်း တစ်ကိုယ်လုံး မိတ်ဖုလေးတွေ တရွရွဖြစ်နေတာကို စောင့်ကြည့်ကုတ်ခြစ်ပေါ့။ ရှုတတ်ရင် ဘာဝနာပဲ။ ရွာမှာတော့ အမေ့ကို အဲဒီလို ခပ်တည်တည်ပြောခဲ့တယ်။ သားရဟန်းစကားဆိုတော့လည်း အမေက ခေါင်းတညိတ်ညိတ်ပေါ့။ သားရဟန်းကိုယ်တိုင်ကတော့ သံသရာက မလွတ်ချင်သေးဘူး။ သံသရာက လွတ်ချင်တယ်ဆိုတာက သံသရာကို ပူလောင်တယ် လို့ သိမြင်သွားမှကိုး၊ လောလောဆယ်တော့ ရဟန်းဘဝဆိုတာက ဘာပြောပြော ငြိမ်းချမ်းနေတာ သေချာတယ်။ သာသနာ့ဝန်ထမ်းဘဝရဲ့ […]


JuemyitAugust 15, 20101min611
တိုးတက်နေတဲ့ ခေတ်ကြီးမှာ အထူးသဖြင့် မိန်းကလေးများ အတွက် စဉ်စားစေခြင်လို့ပါ ………………. Fwd mail လေးပါ ……… “ချစ်လို့”လို့ ဖြေမယ့်သူတွေလည်း ရှိမှာပါ။ “တစ်ယောက်တည်း မနေချင်လို့”လို့ ဖြေတဲ့သူလည်း ရှိမှာပဲ။ “အသက်ကြီးတဲ့အခါ အထီးကျန်မှာ စိုးလို့”ဆိုတာလည်း ကြားရနိုင်တယ်။ တစ်ယောက်တစ်မျိုး မရိုးအောင်ဖြေကြမှာပေမယ့် ဘယ်လိုပဲ ဖြေကြ ဖြေကြ၊ သေချာတာတစ်ခုကတော့ ဘယ်သူမှ “စိတ်ဆင်းရဲမယ်ထင်လို့” အိမ်ထောင်ပြုတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာမယ်ထင်လို့ အိမ်ထောင်ပြုတဲ့သူချည်းပါပဲ။ တစ်ခေတ်တစ်ခါတုန်းကတော့ အမျိုးသမီးတွေ အိမ်ထောင်ပြုကြတာဟာ “အားကိုးရာ”ရှာကြတဲ့သဘော အများကြီးဆောင်တယ်။ “အိမ်ထောင်ဦးစီး”၊ “အိမ်ဦးနတ်”စတဲ့ ဝေါဟာရတွေ ပေါ်ပေါက်လာတာဟာ သည်အချက်ကို အထင်အရှား ပြဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အိမ်ဦးနတ်ကြီးက ဘာအလုပ်မှ မလုပ်၊ ဘာတာဝန်မှ မယူတာမို့လို့ အရာရာမှာ ကိုယ်ကချည်း […]


JuemyitAugust 13, 20101min864
ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘဝတုန်းက ကြုံခဲ့ရတာလေးတစ်ခုကို အမြဲသတိရနေ မိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘဝက စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ မင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့။ မောင်လွင် မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက်…။ “ဟဲ့… ငလွင် မရသေးဘူးလား“ လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး […]


JuemyitAugust 12, 20101min1003
FWD mail မှရတာပါ လွဲမှားမှုတွေ ။ ဘာလွဲမှားမှုတွေလည်းဆိုတော့ဗျာ.. အင်္ဂလိပ်စာလွဲမှားမှုလေးတွေ ဗျ။ ကျွန်တော် ဟိုတစ်နေ့က မြို့တော်တည်းမှာ လျှောက်ကြည့်ရင်းနဲ့ “ချစ်သူ” ဆိုတာကို “lover” လို့ သုံးထားတာတွေ့ရတယ်ဗျာ။ အဲဒါတစ်ခြားလူတွေတော်တော်များမျ ားလည်း ဒီလိုပဲဗျ။ “ချစ်သူ” ဆိုတဲ့ စကားလုံးကို “lover” လို့ ထင်နေကြတယ်။ အဲလိုပဲ လူတော်တော်များများသုံးနေကြတယ်။ love ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ချစ်တယ် တဲ့။ ဒါတော့ လူတိုင်းသိမှာပါ။ အင်္ဂလိပ်စာ word/verb တစ်ခု ကို နောက်ကနေ -er,-or ဆိုတဲ့ နောက်လိုက်လေးတွေ ထည့်လိုက်ရင် noun ဖြစ်သွားတယ်ဆိုတာလေးကိုလည်း လူတိုင်းလိုလိုသိကြတယ်။ အဲ.. အဲဒီမှာ ပြဿနာစတာပဲ။ မမှန်ဘူးမဟုတ်ပါဘူး။ မှန်ပါတယ်။ ဒါပေမယ့် ဒီ […]


JuemyitAugust 12, 20101min732
I am not young enough to know everything. (Oscar Wilde) ကျုပ်က အားလုံးကို သိရလောက်အောင် ကလေးမဟုတ်ဘူးဗျာ့။ ဒီစာတမ်းလေးကို ဖတ်မိတော့ ကျနော် လူအတော်များများကို မျက်စိထဲမြင်ယောင်လာမိတယ်။ ကိုယ့်ကိုယ်ကို အကုန်သိသလောက်နီးပါးထင်နေတဲ့လူေ တွပေါ့။ သူ့ဘာသာသူအဲဒီလိုထင်နေတာက ပြဿနာမဟုတ်သေးဘူး။ သူ့ပတ်ဝန်းကျင်ကလူတွေကို သူ့လောက်မသိဘူးလို့ပါ အထင်ရောက်နေတတ်တယ်။ တကယ်တော့ အတော်သနားစရာကောင်းတဲ့ လူတွေပေါ့ဗျာ။ အဲဒီလို လူမျိုးကို အော်စကာဝိုင်းရဲ့စကားနဲ့ပြောရရင်တော့ ကလေးသာသာ လူတွေပေါ့။ အသိလောက၊ အသိနယ်ပယ်မှာ သိမှုတွေ၊ အထင်ရောက်မှုတွေဟာ ပြောင်းပြန်ဖြစ်နေတတ်တယ်။ နည်းနည်းလေးပဲသိတဲ့လူတွေဟာ ကိုယ့်ကိုယ်ကို အများကြီးသိတယ်လို့အထင်ရောက်နေတတ်ပြီးတော့ အများကြီးသိနေတဲ့လူတွေကျပြန်တော့ ဘာမှကို မသိရသေးဘူးလို့ မြင်တတ်ကြတယ်။ ဒါကြောင့်လဲ ဒဿနိကဗေဒပညာရပ်ရဲ့ ဘိုးအေကြီးဖြစ်တဲ့ ဆောခရတိ္တတို့လို ပညာရှိကြီးတွေက ပြောခဲ့ကြတာပေါ့။ I know […]


JuemyitAugust 12, 20101min1011
The old believe everything, the middle-aged suspect everything, the young know everything. Oscar Wilde (1854-1900) လူအို လူကြီးတွေက အားလုံးကို ယုံကြည်ကြတယ်၊ လူလတ်ပိုင်းတွေက အားလုံးကို သံသယရှိကြတယ်၊ လူငယ်တွေကတော့ အားလုံးကို သိကြသဗျား။ (အော်စကာဝိုင်း) “ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ” ဆိုတဲ့ ရွှေမြန်မာတို့ရဲ့ ဆိုရိုးစကားနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ အော်စကာဝိုင်းရဲ့ အထက်ပါစကားဟာ တစ်မျိုးလေးပဲလို့ တွေးစရာပါ။ အတူယူချင်သပဆိုရင် အတူပြုနိုင်သလို ကွဲစေချင်သပဆိုလဲ ခွဲခြားလို့ရတဲ့ အဓိပ္ပါယ်မျိုး ပါဝင်တယ်လို့တွေးယူနိုင်ပါတယ်။ ဒါပေမဲ့ သူတကယ်ပြောချင်တဲ့ အဓိပ္ပါယ်က ကိုယ်လိုသလို ဆွဲယူနိုင်တဲ့ အဓိပ္ပါယ်မျိုး ဟုတ်ကောဟုတ်ရဲ့လား? သူ့စကားက ခေတ်ကို […]


JuemyitAugust 12, 20101min728
သူငယ်ချင်းတစ်ယောက်ရဲ. Forward mail လေးပါ…. ကျပ်ငွေ ၅ သိန်းတန် CDMA 800 MHZ ဖုန်းလိုင်းပေါင်း ၁ သိန်း ထပ်မံတိုးချဲ့မည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ဝင်များကို ကျပ် ၂ သိန်းဖြင့် ပြန်လည် ချပေးမည်ဟု သတင်းရရှိသည်။ CDMA2“ဖုန်းလိုင်း ကျပ်တာတွေ မဖြစ်အောင် တိုးချဲ့ပေးတာလို့ ပြောပေမယ့် အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က စခန်းတွေဆောက်ပြီး ထပ်ရလာမယ့် လိုင်းအရေအတွက် ၁ သိန်းကို သွင်းဈေး ၅ သိန်း အစား ၂ သိန်းနဲ့ သူတို့ ပါတီဝင်တွေ အတွက် ချပေးသွားမှာလို့ သိရတယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။ ၂၀၁ဝ […]


JuemyitAugust 11, 20101min1254
သရုပ်ဆောင် မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။ “ဒီလ ၃ ရက်နေ့က သင်္ဃန်းကျွန်းရဲစခန်းမှာ အန်တီက သူ့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး တိုင်ထားတယ်။ ရဲစခန်းက ပုဒ်မ ၃၈ဝ နဲ့ အမှု လက်ခံထားတယ်လို့ အန်တီတို့သိရတယ်” ဟု ဒေါ်သူဇာက ဧရာဝတီသို့ ပြောသည်။ ထိုအမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အသေးစိတ် မပြောနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိ တဦးက ပြန်ကြားသည်။ မျိုးစန္ဒီကျော်ကမူ “သင်္ဃန်းကျွန်း ရဲစခန်းကို တင်ပြထားတာတော့ ဟုတ်ပါတယ်။ အမှုဖွင့်တာတော့ မဟုတ်ပါဘူး။ ပစ္စည်း ပျောက်တာက အိမ်မှာပဲ၊ လွန်ခဲ့တဲ့ […]


JuemyitAugust 11, 20101min800
သူငယ်ချင်းတစ်ယောက်ရဲ့ FWD Mail လေးကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ခြင်းပါ။ ကလေးပုံပြင်စာအုပ်ထဲက ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။ ဖျားနာနေတဲ့အဘွားကို သေမင်းလာခေါ်တော့မယ်ဆိုတော့ မြေးတွေကအဘွားကို သေမင်းလက်ထဲ မထည့်ရက်ဘဲ အချိန်ကိုဆွဲနိုင်သမျှ ဆွဲထားလိုက်တယ်။ ဒီသေမင်းက ကျွန်တော်တို့ထင်သလောက် ကြောက်စရာမကောင်းခဲ့ဘူး။ ဒီသေမင်းက ဖော်ရွေတယ်။ မြေးတွေကို သူက ပုံတစ်ပုဒ်ပြောပြပါတယ်။ “ရှေးရှေးတုန်းက ဝမ်းနည်းခြင်းနဲ့ငိုကြွေးခြင်း ဆိုတဲ့ညီအစ်ကိုနှစ်ယောက်နဲ့ ပျော်ရွှင်ခြင်းနဲ့ရယ်မောခြင်းဆိ ုတဲ့ ညီအစ်မနှစ်ယောက်ရှိခဲ့တယ်။ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်နဲ့ ညီအစ်မနှစ်ယောက်တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတယ်။ ချစ်ကြိုက်ပြီး မင်္ဂလာပွဲကျင်းပခဲ့တယ်။ ဝမ်းနည်းခြင်းက ပျော်ရွှင်ခြင်းနဲ့ လက်ထပ်ခဲ့တယ်။ ငိုကြွေးခြင်းက ရယ်မောခြင်းနဲ့ လက်ထပ်ခဲ့တယ်။ သူတို့ဟာ အိုမင်းတဲ့အထိ နေထိုင်ကြပြီး ဝမ်းနည်းခြင်းသေဆုံးတဲ့နေ့ ပျော်ရွှင်ခြင်းလဲလိုက်သေတယ်။ ငိုကြွေးခြင်းသေဆုံးတဲ့နေ့ ရယ်မောခြင်းလည်း လိုက်သေတယ်…” မြေးလေးတွေက သေမင်းရဲ့ပုံပြင်ကိုနားထောင်ပြီး ခံစားချက်တစ်မျိုးပြောင်းသွားခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ပြောတဲ့ […]


JuemyitAugust 11, 20101min11212
လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံး နိုင်ငံတစ်ခု၏ မြို့တော်ကြီးအစွန်းအဖျားက တရုတ်သင်္ချိုင်းကုန်းမှာ တရားမဝင် နေထိုင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းသား/ အလုပ်သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူးပါတယ်။ သူတို့က တရုတ်သင်္ချိုင်းရှိ အုတ်ဂူတွေ ဆေးသုတ်တာတို့၊ မြက်ခင်းတွေ ပြုပြင်တာတို့၊ ပန်းပင်တွေ အလှအပ မွမ်းမံတာတို့ လုပ်ရပါတယ်။ တနေ့ကျတော့ အလုပ်သမားတစ်ယောက်က တရုတ်သင်္ချိုင်းရှိ အုတ်ဂူ တစ်ခုရဲ့ အပေါ်မှာ ကလေး ကစားစရာပစ္စည်း ခပ်ကြီးကြီးတစ်ခုကို တွေ့ရလို့ အခန်းကို သယ်သွားပါတယ်။ နောက် သုံး … လေးရက် ကြာ တော့ အုတ်ဂူနဲ့ ပက်သက်တဲ့ ကျန်ရစ်သူ တရုတ်မိသားစု ရောက်လာပြီး ကွယ်လွန်သွားတဲ့ သူတို့သားလေး အုတ်ဂူပေါ်မှာ အမှတ်တရ တင်ထား တဲ့ ကစားစရာ […]


JuemyitAugust 11, 20101min630
လူ၏အစ ဘယ်က… ဒီကနေ့တော့ဖြင့် ကျနော့်ဇာတ်လိုက် စာရေးကြီး ကိုငှက်ကျား ရုံးကအပြန် ပျော်ပျော်ရွှင်ရွှင်မရှိပါဘူး။ အိမ်ပြန်ရောက်တာနဲ့ တိုက်ပုံအင်္ကျီချွတ်၊ ရှပ်အင်္ကျီချွတ် စွတ်ကြယ်ပြတ်ကလေး ဝတ်ပြီး ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းနဲ့ ထုံးစံအတိုင်း ဖွားဘက်တော် ဂျိုးသိန်းဆေးပေါလိပ်ဖွာပြီး မျက်တောင်ခတ်ဘို့တောင် သတိမရနိုင်ဘဲ စဉ်းစားနေလေရဲ့…။ အရေးထဲ ဇနီးသည် `ချော´ကလဲ အိမ်မှာ မရှိ ဟိုဘက်အိမ်က မခွေးမကြီးနဲ့ မိန်းမတို့ ထုံးစံအတိုင်း သူများမကောင်းကြောင်း၊ ကိုယ့်ကောင်းကြောင်း၊ ပြောကြ ဆိုကြ ပြီးခါမှ အိမ်ပေါ်ပြန်တက်။ `ကိုငှက်ကျား´အနားမှာ ထိုင်ပြီး ညုတုတုစကားသံ စကားသံလေးတွေနဲ့ ခင်ပွန်းသည်ကို အမောပြေစေပါတယ်။ `မောင်… ဘာတွေစဉ်းစားနေတာတုန်း၊ ချောတယောက်လုံး နူတ်ဆက်ဖေါ်မရဘူး။ ဘာလဲ အုန်းသီးထဲရေက ဘယ်သူလာထည့်တုန်း၊ စဉ်းစားနေတာလား´ ခပ်ရွှန်းရွှန်းလေး ပြောလိုက်တော့- `ထပ်သရီး… ဘာတွေလာ ပြောနေတာလဲ […]


JuemyitAugust 10, 20101min671
အင်တာနက်ဆိုင်တွေမှာ Gtalk(ဂျီတော့ခ်) သုံးသွားတဲ့သူတွေကိုယ်သုံးသွာတဲ့ စက်မှာ အကောင့်ရဲ့ ပတ်စ်ဝေါ့ဒ်(password) တွေ ကျန်ခဲ့လို့ နောက်ထပ်သုံးတဲ့သူတွေကတွေ့ပြီး password ချိန်းသွားတာတွေ ခဏခဏဖြစ်နေတယ်လို့ အင်တာနက်သုံးတဲ့သူတွေထံမှ သိရပါတယ်…။ အခုအချိန်မှာ Gtalk အကောင့်အသစ်တွေ ပြန်လုပ်ဖို့ကလည်း ခက်ခဲနေတယ်၊ ပတ်စ်ဝေါ့ဒ်တွေ အချိန်းခံရ တဲ့သူတွေက ထပ်ပြီးသုံးလို့မရတော့တာတွေ ရှိနေတယ်လို့ သိရပါတယ်။ သုံးသွားတဲ့စက်မှာ password တွေ အများဆုံး ကျန်တာက မိန်းကလေး အကောင့်တွေ များတယ်လို့ အင်တာနက်အမြဲသုံးတဲ့သူတွေက ပြောပြပါတယ်။ တချို့ဆိုင်တွေမှာလည်း တမင်သက်သက် အကောင့်ရဲ့ password တွေကို ကျန်ခဲ့အောင် software တွေနဲ့ လုပ်ထားတယ်လို့ သိရပါတယ်။ ကိုယ်သုံးပြီးတော့ password တွေမကျန်ခဲ့အောင် gtalk ဖွင့်ဖွင့်ချင်းမှာ remember password နေရာမှာ အမှန်ခြစ်လေး ရှိ/မရှိ […]