ေ႐ႊဂ်ဴးAugust 5, 20131min29117
ဂဘောက်တိ ဂဘောက်ချာအတွေးတွေနဲ့ ငါ အသည်းကွဲနေတာလား… ငါ ဝမ်းနည်းနေတာလား… နောက်ပြန်တွေ့ရမယ့် အခွင့်အရေး နည်းသွားပြီဆိုတာကြောင့်လား… ငါ…. နင်နဲ့ အစကတည်းက မခင်ခဲ့မိရင် ငါ… နင်နဲ့ အစကတည်းက မသိခဲ့ရင် ငါ… ခုနေ ဘယ်လိုများနေမလဲ ဒါပေမယ့် ငါ… နင်နဲ့ သိခဲ့ ခင်ခဲ့ရတဲ့အတွက် နောင်တမရဘူး… ဝမ်းမနည်းဘူး… ငါ နင်နဲ့ သိခဲ့ရတဲ့အတွက် ဝမ်းသာပါတယ်… ပျော်တယ်… ဒါပေမယ့် ရုတ်တရက်ကြီး ပျောက်သွားတော့ ရင်ထဲကနေ တစ်ခုခုကို ဆွဲထုတ်ခံလိုက်ရသလိုကြီးနဲ့ မျက်ရည်တွေ လည်နေမိတယ်… ငါ…  


ေ႐ႊဂ်ဴးMay 20, 20131min29015
လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ထဲမှာ အထက်လူကြီး၊ ကိုယ်နဲ့ တန်းတူ၊ ကိုယ့်လက်အောက်ကသူတွေ အားလုံးကို ဆိုလိုပါတယ်။ နည်းနည်းလေးများ ကိုယ်ချင်းစာတရားလေးများ ထားစေချင်ပါသည်။ လုက်သက်တစ်လျှောက်တစ်ခါမှ မမှားခဲ့ဖူးသော သူတစ်ယောက်က မထင်မှတ်တဲ့ တာဝန်မဲ့တဲ့ စကားတစ်ခွန်းကြောင့်/အခြေအနေတစ်ခုကြောင့်/ မှားသွားခဲ့တယ်ဆိုရင် အဲ့ဒါကို ဘာလို့ အမှန်တိုင်းမမြင်ပေးချင်ကြတာပါလဲ။ အထက်လူကြီးတစ်ယောက်အနေနဲ့ရော ကိုယ့်လက်အောက်က သူကို အများကြီးမျှော်လင့်ထားသည်ဖြစ်ပေသော်ငြား ကိုယ်ကိုယ်တိုင်လည်း လုပ်သက်နုစဉ်ကအခါက မှားခဲ့ဖူးသော အမှားများ၊ အမှားဖြစ်သွားတဲ့အချိန် ခံစားနေရတဲ့ စိတ်ခံစားချက်… ဒါတွေကို ဘာလို့များ ပြန်စဉ်းစားပြီး ကိုယ်ချင်းမစာနိုင်ကြတာပါလဲ။ အထက်လူကြီးက အလုပ်ရှင်သူဌေးဆိုရင် မပြောလိုပါဘူး… သူဌေးဆိုတာက အတ္တကြီးကြစမြဲပါ… နည်းတာနဲ့ များတာပဲ ကွာပါတယ်… အဲ့လိုမျိုး အမှားလုပ်လိုက်မိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို  ဘာကြောင့်များ ရှေ့ဆက်ပြီး ယုံကြည်မပေးတော့တာလဲ… အမှားတစ်ခါလုပ်လိုက်တာနဲ့ နောက်လည်း တလွဲတွေပဲ ဖြစ်ဦးမယ်လို့ ယူဆထားလို့လား… အလုပ်လုပ်တယ်ဆိုတဲ့ […]


ေ႐ႊဂ်ဴးNovember 14, 20121min994
အဲ့နေ့ည ခရေတို့ခြံထဲက ကွပ်ပြစ်မှာ သူငယ်ချင်းတွေ ထိုင်ပြီး စကားတွေ ထိုင်ပြောဖြစ်ကြပါတယ်… ကိုကြီးဆောင်းလူတော့ မပါဘူး သူက သူ့ကျောင်းက သူငယ်ချင်းတွေ လာခေါ်လို့ လက်ဘက်ရည်ဆိုင်သွားထိုင်ပါတယ်… အဲ့တော့ ကျန်တဲ့သူတွေပဲ ကျန်ခဲ့ပါတယ်…  ည ၁ဝ နာရီလောက်မှာ လူစုခွဲဖြစ်ကြပါတယ်… အဲ့ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်ကုန်သွားပြန်ပါတယ်… နောက်နှစ်နွေကျောင်းပိတ်ရက်လည်း ဒီလို ထူးမခြားနားအဖြစ်လေးတွေနဲ့ပဲ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ပါတယ်… အင်း ပျော်ရွှင်စရာဆိုပေမယ့် အဲ့နွေရာသီမှာ နွေဦး ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားနေပြီ ဆိုတဲ့ သတင်းကို ဝဿန်ဆီက ကြားရပါတယ်… ခရေကတော့ ထုံးစံအတိုင်း နွေဦးနဲ့ တွေ့တော့ ပြောလိုက်မိသေးရဲ့ ခုမှ ၈ တန်းစတက်မယ်… မထင်ရဘူးနော် လို့ ပြောတော့ အေးပေါ့ နင် ဘယ်သိမလဲ ငါ့အဲ့ကောင်မလေးကို ဘယ်လောက်စိတ်ဝင်စားနေသလဲဆိုတာကို တဲ့ […]


ေ႐ႊဂ်ဴးNovember 12, 20121min1194
‘ငါ့အတွက်တော့ နင်က အမြဲတမ်း နံပါတ် (၃)ပါတဲ့’ တစ်ခါက သူပြောခဲ့ဖူးတယ် ခုလည်း ပြောတယ် နင်တစ်ယောက်ပဲ  ငါ စိတ်ချမ်းသာအောင် လုပ်နိုင်တယ်တဲ့…. ဒါတွေ အားလုံးရဲ့ အစကတော့ ရန်ကုန်မြို့မှာ တိုးချဲ့မြို့နယ်တွေ စတင်တဲ့အချိန်က မြို့သစ်တစ်ခုမှာ အလုပ်ကြောင့် ပေ ၄ဝ ပေ ၆ဝ မြေကွက်တစ်ကွက်ရတဲ့ အဖိုးဖြစ်သူ အဲ့ဒီမြို့သစ်ကို ပြောင်းပြီး နေတဲ့ အချိန်က စရမယ်လို့ ထင်ပါတယ်… အဲ့ဒီတုန်းက အဖိုးရဲ့လမ်းထဲမှာ အိမ်ဆိုလို့ အဖိုးတို့အိမ်နဲ့ ကျန်ဆောက်လက်စ အိမ် ၄ လုံးလားပဲ ရှိသေးတယ်လို့ ဦးလေးတွေရဲ့ ပြန်ပြောပြချက်အရ သိရပါတယ်.. အဖေနဲ့ အမေက အစိုးရဝန်ထမ်းတွေ ဖြစ်တဲ့အတွက် နယ်ရောက်နေချိန် အဖိုးဖွားလက်ထဲထားခဲ့ရတာပေါ့… … အဖိုးအိမ်ကို အသက် ၄ […]


ေ႐ႊဂ်ဴးOctober 18, 20121min53136
၁။ မဟာဘဒ္ဒန္ဓဂုရုဂလုံဂလွမ်မဟာကျော် ကျောက်ခဲ ၂။ သီဟသူရ ပရော်ဖက်ဆာ်ဒေါက်တာကြီးမိုက် ၃။ အဂ္ဂမဟာ ဂန္ဓ ဝါစဣ ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဖင်းဗိုက် ၄။ သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွသမီး ညောင်ရမ်းဂွတို Wow ၅။ သီဟသူရ ချာလတာအာပေတူး (DagonEmpireGroup) ၆။ The Grand Duke & Commander in Chief of The Mandalay Gazette အရီး ၇။ အဂ္ဂမဟာ ဘီးဇီးပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone ၈။ ဟာဂျီ မိုဟာမက် အဗ်ဒူလာ ဟာ့ဘီးဆပ်ဥ ၉။ အဂ္ဂမဟာ သရေစည်သူ […]


ေ႐ႊဂ်ဴးOctober 9, 20121min23013
သူငယ်ချင်းရေ… နင့်ကို သိစေချင်လို့ပါ နင်နဲ့ငါနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့တာ လူမှန်းသိတတ်စအရွယ်ကတည်းကနော်… ဘယ်သူက ဘယ်သူ့ကို စခေါ်ပြီး သူငယ်ချင်းဖြစ်ခဲ့တယ်ဆိုတာကိုတောင် မသိဘဲ သူငယ်ချင်းဖြစ်ခဲ့တာနော်… ငါတို့ငယ်ငယ်တုန်းက ကစားခဲ့တာတွေ.. ပျော်ခဲ့တာတွေ… ငြင်းခဲ့တာတွေ.. ရန်ဖြစ်လိုက်ပြန်ချော့လိုက်နဲ့ သက်တမ်းရှည်ခဲ့တာ ခုချိန်ထိပဲ… အသက်ကလေးတွေက ၁၄ ၁၅ လောက်လဲဖြစ်ကော နင်က နင့်ကျောင်းက နင်ချစ်စနိုးနဲ့ ဓါးလီးမုန့်လို့ ခေါ်တဲ့ကောင်မလေးကို ကြိုက်နေတယ်ဆိုတာ ငါတို့ သိခဲ့တယ် နင့်ကိုလဲ စခဲ့တယ် အဲ့တုန်းကတော့ ငါလဲ ငါ့ဘာသာ ကျောင်းမှာ သဘောကျတဲ့ ကောင်လေးတွေရှိတာပေါ့ဟာ.. နင်တို့ကိုလဲ ပြောပြခဲ့တာပဲလေ.. နောက်ပိုင်း မှတ်မှတ်ရရ ငါ ကိုးတန်းနှစ်မှာ နင်တို့ မိသားစု ပြဿနာတက်ခဲ့တယ်… အဲ့နောက်ပိုင်း နင်နဲ့ ပိုရင်းနှီးခဲ့တယ်… ငါ ၁ဝ တန်းအရောက်မှာ နင်တို့ […]