kaiMarch 15, 20151min46236
မတ်လသည် မြန်မာပြည်တွင် စနစ်နှင့်သူ၏တော်လှန်ရေးတို့မွေးဖွားရာလဖြစ်သည်။ နှင်းငွေ့၊ နှင်းပေါက်၊ ဆီးနှင်းခဲ ဒဏ်တို့ကို တဆောင်းတွင်းလုံး ကြံ့ကြံ့ခံရပ်တည်ခဲ့ရသော ခြောက်သယောင်းထ သစ်ပင်သစ်ကိုင်းတို့ဝယ် ရွက်နုဝေပွင့် ညွှန့်သစ်ဖူးသောလဖြစ်ပါသည်။ မကြာမှီ ဧပြီဝင်ကာ မြန်မာတို့၏နှစ်သစ်ဦးလာတော့မည်။ ယခုနှစ်သစ်သည် စိန့်ပြည်သားတို့အလိုအရ ဆိတ်နှစ်ဖြစ်ကာ မြန်မာတို့အတွက်မူ ၁၃၇ရ နှစ်ဖြစ်လေသည်။ ပြဌာန်းပြီးအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန်တောင်းဆိုထားခြင်းကို ရက်ပေါင်း၆ဝလစ်လျှူရှုခဲ့သဖြင့် မန္တလေးမှသည်ရန်ကုန်သို့ ဇန်နဝါရီ ၂ဝမှစတင်ကာကျောင်းသားထုသပိတ်မှောက်ချီတက်ခဲ့ပြီး ၄ပွင့်ဆိုင်ဆွေးနွေးမှုအရ သဘောတူညီချက်ရပြီးဖြစ်သည်။ မတ်လ ၁ဝရက်နေ့ဝယ် ရန်ကုန်သို့ဆက်လက်ချီတက်ခွင့်တောင်းထားသည့်ကျောင်းသားနှင့်ရဲတို့ လက်ပံတန်းတွင်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကြကာ အကြမ်းဖက်နှိမ်နင်းခံလိုက်ရသည်။ အောင်ပွဲခံ၍ရန်ကုန်ဝင်ရန်အတွက်မစွမ်းနိုင်ခဲ့ပဲ ကျောင်းသားကျောင်းသူနှင့်ရဟန်းရှင်လူ ၁၂ရယောက်ဖမ်းဆီးထိမ်းသိမ်းခံလိုက်ရလေသည်။ ရန်ကုန်အရောက်ချီတက်ကြခြင်းကို တားမြစ်ရာတွင် အစိုးရအာဏာစက်နှင့်အတူ မဟနနှင့် မဘသ၏ ဝီရသူဆရာတော်တို့ကလည်း စာပြန်တမ်းထုတ်ကာ ဓမ္မစက်ပြခဲ့သည်ကိုတွေ့ရပါသည်။ သို့ပါ၍ ယခုလတွင် နိုင်ငံရေးနှင့်ဘာသာရေး အကြောင်း ဤသူမြင်မိသလိုရေးပါမည်။ ဘာသာကြီး၄ခုနဲ့နိုင်ငံရေး ဘာသာရေးဟူသည် လူတယောက်ချင်း၏ယုံကြည်ချက်ဖြစ်ကာ နိုင်ငံရေးမှာမူ […]


kaiFebruary 13, 20151min31229
အမည်မရှိ/မသိ လူမျိုးနှင့်နိုင်ငံတော် ကမ္ဘာ့လူဦးရေသန်း ၃၆ဝကျော်အသုံးပြုနေ၍ နိုင်ငံပေါင်း ၆ရနိုင်ငံတွင်တရားဝင်သုံးဘာသာစကားသည် အင်္ဂလိပ်စာဖြစ်သည်။ နိုင်ငံအရေအတွက်ကျယ်ပြန့်စွာသုံးစွဲမှုအရလိုက်လျှင် ဒုတိယ ပြင်သစ်စာနှင့်၊ တတိယ အာရဘစ် တို့ဖြစ်၏။ အင်္ဂလိပ်စာတွင်  မြန်မာတို့သည်သာ (ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅နိုင်ငံထဲတွင်) နိုင်ငံ=Myanmar လူမျိုး=Myanmar ဟုတူလျှက်ရှိနေလေသည်။ Miean-Burman-Myanmar နိုင်ငံခြားသားတို့၏မှတ်တမ်းများအရ မြန်မာတို့၏ မူလအမည်သည် မာကိုပိုလို၏ခရီးသွားစာအုပ် (ခရစ်သက္ကရာဇ် ၁၃၀ဝခန့် )ခန့်တွင် Capters LI-LIV of Book II ၌ပေါ်ခဲ့ဖူးသည်။ မြန်မာပြည်ကို Mien ဟုခေါ်ကာ ထိုခေတ်ပုဂံမင်းနေပြည်တော်ကို Amienဟုသုံးနှုန်းထားသည်။ Tibeto-Burman ဘာသာစကားနွယ်ပြောသော လူမျိုးကြီးတစုကို Burman ဟုခေါ်ပါသည်။ အင်္ဂလိပ်တို့က မြန်မာတို့ကို Burman (1814 ခုထုတ် F. CAREY ၏ Grammar of the […]


kaiFebruary 11, 201523min47540
From the list, I find 8 major suffixes, they are: -ian (Italian, Norwegian) -ean (Chilean, Korean) -an (American, Mexican) -ese (Chinese, Japanese) -er (Icelander, New Zealander) -ic (Icelandic, Greenlandic) -ish (English, Irish) -i (Iraqi, Pakistani) Looking at the map, we can probably notice some distributive patterns right away. For instance, –ish is mainly used for […]


kaiFebruary 5, 20152min57724
Obama: $4 trillion budget replaces ‘mindless austerity’ David Jackson and Gregory Korte, USA TODAY 12:28 p.m. EST February 2, 2015 Among the economic plans in the proposed budget: • An expanded child care tax credit of up to $3,000 a child. • $750 million for a Department of Education preschool development program, an increase of […]


kaiFebruary 4, 20152min2304
၂၀၁၄၊ မေလ၃၁ရက်က Burmese American Medical Association မှာ ဆရာဒေါက်တာ Anthony Lee က အန်ကယ်ဦး Mikeအေးမြင့်နဲ့လူရွှင်တော်အဖြစ်တွဲဖက်ပြီး မင်းသမီးအဖြစ်  မသန်းသန်းရီနဲ့ အငြိမ့်ကပါတယ်။ အန်ကယ် Mike အေးမြင့်နဲ့ မန္တလေးဂဇက်မှာလွန်ခဲ့တဲ့၄နှစ်လောက်က အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ ယခုလမြန်မာ့ဂဇက်အတွက်တော့ ဒေါက်တာ Anthony Lee နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။   # ဆရာ့မိသားစုနဲ့ ကိုယ်ရေးအကျဉ်းပြောပြပါဦး။ ကျနော်က ဗန်းမော်ဇာတိ။ မြန်မာနာမည်က တင်မောင်ထွန်း။ အဖေဦးရွှေ၊ အမေဒေါ်ကင်း တို့က တရုတ်ပြည်၊ ကန်တုံက မြန်မာပြည်ကို ၁၉၄ဝမှာ ပြောင်းရွှေ့အခြေချတယ်။မိဘတွေက အင်္ဂလိပ်ခေတ်က အပေါင်ဆိုင်၊ နိုင်ငံခြားအရက်တွေလေလံဆွဲတယ်။ နောက်ပြီး ခေါက်ဆွဲ ဆိုင်ဖွင့်တယ်။ မောင်နှမ၁၂ယောက်(ယောက်ျားလေး ၆ယောက်၊ မိန်းကလေးရယောက်ရှိတယ်။) ဆေးတက္ကသိုလ်၁က ၁၉၆၆မှာ ဆရာဝန်ဘွဲ့ရတယ်။ နောက်တော့US […]


kaiFebruary 3, 20151min25311
အရင်တပတ်က ဗမာပြည်က ဆရာဝန်ကလေး ၂ ယောက် ကျုပ်နေတဲ့မြိုကိုရောက်လာလည်ကြရင်းနဲ့ လမ်းကြုံ ကျုပ်ကို လာတွေ့တယ်။ အကြောင်းထူး မရှိပါဘူး ။ America မှာ ရောက်နှင့်နေတာကြာပြီး သမ္ဘာရင့်နေပြီဖြစ်တဲ့ ဗမာဆရာဝန်မကြီးတယောက်က Guide လုပ် ဦးဆောင် ခေါ်လာတာပါ ။ ကျုပ်တို့မြို့ကလဲUS မှာတော့ Fun City အပျော်အပါးမြို့၊ Sin City ဒုစရိုက်မြို့၊ Entertainment City ဖျော်ဖြေရေးမြို့အဖြစ် ထင်ရှားတာကို…။ American တွေကိုယ်တိုင်ကလဲ  အနည်းဆုံး တခေါက်မှ မရောက်ဖူးရင် American မပီသသေးဘူးလို့ ယူဆတတ်ကြတာကို…။ သည်မှာ ဆရာမကြီးက တောသားဆရာဝန်ကလေး ၂ ယောက်ကို ကြွားခေါ်လာဟန် တူပါရဲ့။ ဗမာ ဗုဒ္ဓဘာသာ ဓမ္မစစ် ဖြစ်မဖြစ်တော့ မသိ။ ဗုဒ္ဓဘာသာဆိုရင် […]


kaiJanuary 22, 20153min1942
  http://globalscholars.yale.edu/news/2015-yygs-scholarship-myanmar   2015 YYGS Scholarship: Myanmar January 13, 2015 Yale Young Global Scholars Program announces a new scholarship for students from Myanmar to attend American high school summer program This scholarship will cover tuition, airfare and travel expenses to the program at Yale University in New Haven, Connecticut in summer 2015. The program is open […]


kaiJanuary 18, 20151min1013
ကဗျာရဲ့အသက် မေတ္တာ၊ သစ္စာ ဂရုဏာ၊ မုဒိတာ သဒ္ဓါ ။ ။ စေတနာ ဝေဒနာ ကဗျာ။ ။ တခုခုမပါရင်၊ ကဗျာမမြောက်ဘူး။ တခုခုခမ်းရင်၊ ကဗျာမလန်းဘူး တခုခုမရွှင်ပြန်လဲ၊တခုမှမရှင်သန်လူး။ တခုခုရွံ့ရင်၊ကဗျာလဲဆွံ့၊မကွန့်နိုင်တော့။ တခုခုညံ့ရင်၊ကဗျာလဲမသန့်၊မခန့်တော့။ တခုမှမထက်ရင်၊ကဗျာမသွက်၊ မထက်မျက်။ အသက်မပါ၊ကဗျာပျက်ပါလေရော။  ။ မောင်စွမ်းရည် ၂၀၁၅ ဇန်နဝါရီ ၆ မှတ်ချက်။  ။ မြန်မာ့ဂဇက်ဖေဖော်ဝါရီလထုတ်တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။


kaiJanuary 18, 20151min1809
အင်အားကြီးသူများနှင့် အင်အားနည်းသူတို့ ယှဉ်ပြိုင်ကြရာတွင် အင်အားကြီးသူကသာ အနိုင်ရမည်ဟု လူအများက ထင်တတ်ကြသည်။ သို့ရာတွင် အနိုင်အရှုံးဆိုသည်မှာ အင်အားတခုတည်းအပေါ်တွင် တည်မှီသည်မဟုတ်။ နှစ်ဘက်ခေါင်းဆောင်များ၏ Strategic Interaction ပေါ်တွင် မူတည်သည်။ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြရာတွင် အာဏာရှင်နှင့် ဒေါက်တိုင်များကို အားကြီးသူ (strong actor) ဟု သတ်မှတ်၍ တော်လှန်ရေးသမားများဘက်မှ အားနည်းသူ (weak actor) အဖြစ်သတ်မှတ်ပြီးမှသာ တိုက်ပွဲဝင် နည်းပရိယာယ်များ ကို မှန်မှန်ကန်ကန် သုံးသပ်ချမှတ်နိုင်မည် ဖြစ်သည်။ အချို့တော်လှန်ရေး ခေါင်းဆောင်များက အဆိုပါ သတ်မှတ်ချက်ကို လက်ခံလိုခြင်း မရှိကြ။ အင်အားကြီးသူဘက်က စစ်တပ်၊ ရဲ အပါအဝင် ဒေါက်တိုင်များ ရှိသကဲ့သို့ တော်လှန်ရေးသမားများ ဘက်တွင်လည်း လူထုအင်အား အလိုလို ရှိနေပြီးသား ဖြစ်၍ အားနည်းသည့် […]


kaiJanuary 17, 20151min1093
HOMAGE TO OUR FATHER ဗိုလ်ချုပ်အောင်ဆန်းအဲချင်းသစ် အဲဒါလေ … မသေလမ်းပဲ မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ ရှင်သူတို ့လွမ်း၊ တမ်းတဆွေးမြဲ သူ ့သွေးနံ ့က၊ ပျံ ့သင်းထုံဆဲ သူ ့ဂုဏ်ရည်နဲ ့၊ တစ်ပြည်လုံးစွဲ မိုးစုံးချုပ်မှောင်၊ ကျဉ်းလှောင်ညထဲ လမ်းပြကြယ်ဦး၊ အရုဏ်ခူးဆဲ နွေဦးမတ်လ၊ ကိုယ်ထင်ပြဆဲ မကျဆုံးသော၊ နှလုံးသားထဲ တရားမွန်လတ်၊ သေအောင်သတ်လည်း သတ်တိုင်းမသေ အဲဒါလေ … မသေလမ်းပဲ မခန်းသောမြစ်၊ စီးရစ်သွင်ဆဲ ——————- ———————– ———————- ေ အ ာ င် ေ ဝ း ဒီဇင်ဘာ ၂၂- ၂၀၁၄။     မှတ်ချက်။  ။ […]


kaiJanuary 17, 20151min1152
သွားနှင့်ပေဦးတော့ သူငယ်ချင်းရေလို့ပဲ နောက်ဆုံးနှုတ်ဆက်လိုက်ပါတယ်။ ဒေါက်တာအောင်ခင်နဲ့ကျနော် (မောင်စွမ်းရည်)တို့ မိတ်ဆွေသူငယ်ချင်းအဖြစ် ပေါင်းသင်းလာခဲ့ကြတာဟာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပါပြီ။  ၁၉၅၃ ခုနှစ်က ၂၀၁၅ အထိ။ မန္တလေးမြို့ ၊ အမှတ်(၁) အစိုးရ အထက်တန်းကျောင်းမှာ စတင်ပြီး တွေ့ဆုံရင်းနှီးခဲ့ကြပါတယ်။ အတူတတန်းတည်း စာသင်ရုံမျှမက ကျောင်းသားဆောင်တခုမှာလည်း အတူနေခဲ့ကြဖူးပါတယ်။ ကျနော်တို့ အတူ စာသင်ခဲ့ကြရတဲ့အတန်းက ရှစ်တန်း(အဌမတန်း)ပါ။ သတ္တမတန်းအောင်ပြီးမှ တက်ရလို့ အဌမတန်းလို့ ခေါ်ရပေမယ့် တကယ်က အကြို ဆယ်တန်းပထမနှစ်ပါ။ ပထမနှစ်နဲ့ ဒုတိယနှစ် ၊ ပေါင်း ၂ နှစ်တက်ပြီးလို့ အောင်ရင် ဆေးတက္ကသိုလ် ပထမနှစ်ကို ကျော်ပြီး ဒုတိယနှစ်က အစပြုတက်ရပါတယ်။ အဲဒီ သင်တန်းမှာ ဇီဝဗေဒ ၊ ဓါတုဗေဒ ၊ ရူပဗေဒ […]


kaiJanuary 11, 20151min42316
ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာပညာရှိ ဦးနိုးသည် “ ငါလွန်သောကာလတွင် သဘင်သည်၊ အရူး ၊ ကလေး စသည့်သက်ရှိ  သုံးပါးဆောင်ရွက်မှုများမှ သဲလွန်စယူပြီး နိုင်ငံအတွက်၊အများအတွက်၊ကိုယ်ကျိုးအတွက် တဘောင်၊နမိတ်နှင့်အနာဂတ်ဟောကိန်းများ ရယူရန်”ဟုမှာကြားထားခဲ့သည်ဆိုပါသည်။ “သဘင်သည်၊ အရူး ၊ ကလေး”တို့သည် အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း အရကောက်ယူရရာ အရင်းအမြစ်များဖြစ်သဖြင့် မည်မျှထိခိုက်ပြောဆိုနေကြသည်ဖြစ်စေ ခွင့်လွှတ်၍ အရေးယူခြင်းမပြုကြရဟု ရှေးမြန်မာမင်း အဆက်ဆက်က သတ်မှတ်ခဲ့ကြသည်။ အနောက်နိုင်ငံစာပေတွင်တော့ “Don’t shoot the messenger” သတင်းစကားဆောင်ယူလာသူကို မသတ်စကောင်းဟူ၍ ရှိတ်စပီးယားကရေးဖူးလေသည်။ အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း တိုင်းပြည်အခြေအနေလေ့လာ၊ လူထုဆန္ဒကောက်ယူ ရှေ့ဖြစ်မှန်းကြရာတွင် သဘင်သည်၊ အရူးနှင့် ကလေးတို့သည် အရေးကြီးသူများဖြစ်ကြသည်။ ကလေးနှင့်သူရူးသည် မိမိစိတ်သဘောရိုးအတိုင်း အမြင်အတိုင်းပြောချတတ်သည်။ […]