kaiOctober 14, 20142min19513
အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုသော် (၃)   အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုလျှင် မိမိနှင့် ရင်းနှီးပြီးသား လွယ်ကူသည့် စကားလုံးလေးများကို ထိထိမိမိ လှလှပပ သုံးတတ်အောင် လေ့လာထားသင့်ကြောင်း အတော်အသင့် တင်ပြခဲ့ပြီးပါပြီ။ ယခု မိမိနှင့် ရင်းနှီးပြီးသား စကားလုံးလေးများကို အခြေခံပြီး ၎င်းဝေါဟာရလေးများနှင့် ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့် ” synonyms ” ခေါ် စကားလုံးလေးများကို လေ့လာသင့်ကြောင်း တင်ပြလိုပါသည်။ ” synonym ” ဟု လူသိများသည့် ဆင်တူယိုးမှား အဓိပ္ပာယ် ရှိသည့် ဝေါဟာရလေးများသည် စကားပြောဆိုရာ၌လည်းကောင်း ၊ စာရေးသားရာ၌လည်းကောင်း အထူး အဖိုးတန်လှပါသည်။ သုံးတတ်လျှင် လှလှပပ ခန့်ခန့်ညားညား ရေးနိုင် ပြောနိုင်သလို ၊ မသုံးတတ်လျှင် လည်း ဒုက္ခလှလှ တွေ့ရမည်မှာ […]


kaiOctober 13, 20142min631816
အောက်ကစာတွေက ..ဆန်ဖရန်စစ္စကို တက်ခ်စီတွေ ပိုင်ရှင်ဘဝကနေ ရန်ကုန်မှာ ကားသွားမောင်းနေတဲ့ ဦးကျော်ရဲ့အီးမေးလ်ထဲက နုတ်တွေပါ…။ သူ့အာဘော်နော..သူ့အာဘော်.. ==========   ကမ်ဘာအေးလမ်းမကြီးလူကူးတံတား   ကြည့်ကြပါဗျာ. မြိ ု့တော်ကစီစဉ်ထားသောလူကူးတံတားတွေကိုအတက်အဆင်းအဆင်ပြေအောင်မ လုပ်ခြင်းဖြင့်သက်ကြီးရွယ်အိုနင့် wheelchair သူတွေပါမသုံးနိင်ကြပါ။ လူကူးတံတားတွေလှေခါးများစွာရှိခြင်းဖြင့်အလွယ်နေရာမှကူးသန်းနေကြသည်ကိုတွေရပါသည်။ လှေခါးမပါဘဲလမ်းကြောကိုကွေ ့ပတ်ကာလျှောက်ခြင်းဖြင့်မည်သူမဆိုလွယ်ကူစွာဖြတ်သန်းနိုင်ပါသည်။ အချိန်မှီရင်ရပ်တန် ့ပြ ုပြင်ပုံစံများကိုပြောင်းစေချင်ပါသည်။ Wheelchair သမားတွေအတွက်လည်းစဉ်းစားပေးသင့်ပါတယ်ငွေအကုန်ကျခံကာအသက်(၄၀)အောက် နှင့်(၄၀)အထက်တွေအတွက်လည်းသုံးနိုင်အောင်လုပ်ပေးစေချင်ပါတယ်။ (၁)ဆူးလေးလူကူးတံတား (၂)ပန်းဆိုးတန်းလူကူးတံတား (၃)ကဘာအေးလူကူတံတား (၄)ပြည်လမ်းနှင့်အေဒီလမ်းလူကူတံတား US ဦးကျော် ===============================   လသာလမ်းမပေါ်တွင် လမ်းမပေါ်ကခွေးချေးပုံ   ကျွန်တော်တို ့မြန်မာများသည်ခွေးငယ် ကြောင်ငယ်များကိုချစ်တတ်လာသောေြကာင့်အိမ်တွင် မွေးလာကြပါသည်။ ကောင်းသောကြင်နာမူတွေပါ သို ့ပေမဲ့လိုက်နာကျင့်သုံးသင့်တာတွေကိုသိစေချင်ပါတယ်။ ကျွန်တော်တို ့ရှေ့မှာကိုယ်အိမ်တွင်မွေးထားသည့်ခွေးကိုလမ်းမေပါ်တွင်အပေါ့အလေးထွက်တည်ကြ သည်။တည်ပြီးရင်ဒီတိုင်းပုံလျှက်ထားခဲ့သည်ဒါကြောင့်လမ်းသွားလမ်းလာလူအများကတက်နင်း သောကြောင့်အနံအသက်မကောင်းညစ်ပတ်မူကိုဖြစ်စေပါသည်။ US နှင့် အခြားနိုင်ငံကြီးများတွင်မိမိအိမ်မွေးခွေးတွေရဲ  ့အညစ်အကြေးမှန်သမျှကိုမိမိကိုယ်တိုင် ကျွတ်ကျွတ်အိပ်ဖြင့်ပြန်းသိမ်းယူပြီးအမိူက်ပုံးထဲသို ့စွန် ့ပစ်ခြင်းကိုပြ ုလုပ်ကြပါသည်။ မပြ ုလုပ်ဘဲဒီအတိုင်းထားခဲ့ပါက ပြည်သူ ့ရဲကဒဏ်ကြေးအနေဖြင့် USD$(30) […]


kaiOctober 11, 20141min31420
လူ၂မျိုးသာလျှင်ရှိ၏။ မိခင်သဘာဝအတိုင်းသည်းခံနေထိုင်သူနှင့် သဘာဝကိုအံတုသူ။ လူ့ယဉ်ကျေးမှုသည် အံတုအာခံသူများကြောင့်သာ တိုးတက်လာသည်ဟုဆိုချင်သည်။ ရှိသင့်နတ်ဆိုး ရှေးယခင်ကာလက လူသားအသိုက်အဝန်းတို့၌ “ထိုသို့လုပ်လျှင်ဤနှယ်”တခု အကြိမ်ကြိမ်အခါခါဖြစ်ခဲ့သော် ရဟန်းပညာရှိလူကဝိတို့က အကျယ်အကျဉ်းမရှင်းလိုမူ၍ “ဤသို့လုပ်လျှင်ထိုနှယ်’ဖြစ်မည်ဟု ဝင်္ကဝုတ္တိအလင်္ကာမြောက် စကားပုံတဘောင်ဆိုရိုးထားခဲ့ကြသည်။ ထိုခေတ်က ထိုနည်းသည်သာ လူအပြားတို့အားအသိပေးထိမ်းချုပ်ရန် အထိရောက်ဆုံးအမြန်ဆုံးဖြစ်ပေလိမ့်မည်။ သတင်းပြောစကားတို့ ယခုခေတ်လိုလွယ်ကူသက်ရောက်ခြင်းမရှိချိန်ကမူ “ငရဲနဲ့ခြောက်ဘုံနဲ့မြှောက်”၊ “ဒယ်အိုးနှင့်ကြော် နတ်သမီးနှင့်လှော်”ပေးခြင်းသည် Necessary  Evil “ရှိသင့်နတ်ဆိုး” ပင်တည်း။ သတင်းတို့ အရှိလွန်ခေတ်ဝယ် ပစ္စည်းအရာဝတ္တုတို့သက်တမ်းကို ကာဗွန်နည်းဖြင့်တွက်ချက်သိနိုင်သည်။ ဒီအန်အေနှင့် မည်သူမည်ဝါဆိုသည်ကို အတတ်ပြောနိုင်သည်။ မျိုးရိုးဗီဇစစ်ပြီး အသင်လူသည်မည်သည့်ဇာတိနွယ်ကလာသည်ကို သေချာမိနိုင်သည်။ ဝင်ငွေထွက်ငွေ၊ဘဏ်စာရင်း၊ ပညာအရည်အချင်း၊အကြွေးသမိုင်း(Credit History)၊ အိုင်ဒီမှတ်တမ်းတို့ဖြင့် ပုဂ္ဂလိကတဦးချင်းစီ၏အရည်အချင်းနှင့် စိတ်ဓါတ်ကိုခန့်မှန်းတွက်ချက်နိုင်သည်။ အမှန်တရားသစ္စာတရားနှင့်နီးစပ်လာကြပြီ။ သဘာဝတရားကိုလည်း လှစ်ဟဖွင့်လှစ်နားလည်လာကြပြီ၊ လျှိုဝှက်ခြင်းတို့ပွင့်ကုန်ပေပြီ၊ ဂမ္ဘီရတို့ ဖျော်ဖြေရန်ပုံပြင်နှင့်ရုပ်ရှင်ဖြစ်ကြပြီ။ ဥပဒေသက်ရောက်ခြင်းရှိ၍ ဥပဒေအားဖြင့်ကတိသစ္စာတည်ကြရသော ယခုခေတ်တွင် ဘာသာတရားနှင့်ခြောက်ခြင်းမြှောက်ခြင်းကို […]


kaiOctober 11, 20143min50926
The Supreme Court Quietly Allows Same-Sex Marriage in 5 States The justices declined to hear appeals of lower-court rulings that struck down marriage bans in Indiana, Utah, Oklahoma, Virginia, and Wisconsin. Russell Berman Oct 6 2014, 10:14 AM ET Susan Walsh/AP The Supreme Court on Monday effectively legalized same-sex marriages in five states without so […]


kaiSeptember 24, 20141min394524
ညီမနာမည်က ပိုးအိဖြူဇင်ပါ။ အသက်ကတော့ ၂ဝ ပါ။ ပိုးအိ အနုပညာလုပ်ငန်းတွေကို ၂၀၁ဝ နှစ်ကုန်ပိုင်းမှာ စလုပ်ခဲ့ပါတယ်။ မတင်မိုးလွင်ရဲ့ Talent & Model agency မှာ Part ~ Time Model လုပ်ရင်းနဲ့ပါ ။ အခုဆို အနူပညာအလုပ်တွေ လုပ်တာ ၃ နှစ်ကျော်ပါပြီ။ ညီမရဲ့ ဝါသနာကတော့ အေင်မြင်တဲ့ သရုပ်ဆောင်တဦး ဖြစ်ချင်တာပါ။ ညီမ Modeling အလုပ်လည်း လုပ်ရင်း ပြိုင်ပွဲတွေလည်း အများကြီး ပြိုင်ခဲ့ပြီးပါပြီ။ Miss Ngwe Saung 2011 , Miss People 1st runner up 2011 , Miss Tourism 1st runner […]


kaiSeptember 14, 20142min1609
အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝလိုသော်(၂) အရင်တပတ်က အင်္ဂလိပ်စာဝေါဟာရကြွယ်ဝလိုလျှင် မိမိနှင့်ရင်းနှီးပြီးသား လွယ်ကူသည်ဟု ထင်ရသည့် စကားလုံးလေးများကို တိတိကျကျ ၊ ထိထိမိမိ၊လှလှပပသုံးစွဲတတ်အောင် လေ့ကျင့်ထားသင့်ကြောင်း အများနှင့်ရင်းနှီးပြီးသားဖြစ်သည့် ”Look” ဟူသောစကားလုံးလေးကို နမူနာပြပြီး တင်ပြခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ ယခုဆက်လက်ပြီး ”Look”ကဲ့သို့ပင် အများနှင့်အကျွမ်းတဝင်ရှိပြီးသားဖြစ်သည့် ”Turn”နှင့် ”Come” ဆိုသည့် စကားလုံးလေးများကို လေ့လာကြည့်ရအောင်။ ”Turn”ဆိုသည့် စကားလုံးလေးမှာ ယခု ခေတ်စားနေသည့် G.P.S များတွင် အတွေ့ရများသည့် စကားလုံးလေး ဖြစ်ပါသည်။ ဥပမာ- Turn right – ညာကိုကွေ့ Turn left   – ဘယ်ကိုကွေ့ Turn around – ပြန်လှည့်ပါ စသည့် ဝါကျလေးများကို အားလုံးရင်းနှီးပြီးသား ဖြစ်ပါလိမ့်မည်။ သို့သော် Turn ကို […]


kaiSeptember 14, 20141min72339
ရ ရက် သားသမီးဗေဒင် ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၂ဝ ရက်မှ အောက်တိုဘာလ ၂ဝ အတွင်း ၁။ တနင်္ဂနွေနေ့ဖွား အလုပ်တိုးချဲ့ရန်မသင့်သော လ ဖြစ်သည်။  အလုပ်မကောင်းသည့်ကြားမှ ငွေထွက်ကိန်း အလွန်များနေမည် ။ ချစ်သူနှင့် သဘောမတိုက်ဆိုင်ပါ။ မိတ်ဆွေကောင်း ရှိသော်လည်း အကူအညီမရနိုင်ပါ။ လင်ယောကျာ်းအတွက် အကျိုးထူးရရှိမည်။ သားသမီးသောက ရှိနေသည်။ ယတြာ။ မြတ်စွာဘုရားထံ ဇီးသီးကပ်လှူ၍ ဆုတောင်းပါ။ —– ၂။ တနလာင်္နေ့ဖွား အလုပ်၌ ရန်ပေါ်ခြင်းကို သတိထားပါ။ နေအိမ်အတွက် သောက ရှိနေမည်။ ငွေကြေး ရှာဖွေ၌ ရလွယ်မည်။ အချစ်ရေး သာယာမည်။ ဇနီးကျန်းမာရေး  သတိထားပါ။ လင်ယောကျာ်းကြောင့် အကျိုးထူးခံစားရမည်။ သားသမီးကျန်းမာရေး သတိထားပါ။ ယတြာ။ […]


kaiSeptember 11, 20141min1718
အင်္ဂလိပ်ဝေါဟာရမကြွယ်ဝ၍ မိမိပြောလိုသည့်စကားလေးများကို ရင်ထဲ၌ပင်သိမ်းဆည်းထားလိုက်ရသည့် အတွေ့အကြုံမျိုး ကြုံဖူးကြသူများရှိပါလိမ့်မည်။ ဘယ်ဘာသာစကားကို သင်ယူရာ၍မဆို ဝေါဟာရများများစားစားမသိသူများအနေနှင့် စကားပြောရာ၌လည်းကောင်း၊ စာရေးရာ၌လည်းကောင်း အခက်အခဲများတွေ့ရသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ဝေါဟာရကြွယ်ဝလာအောင် Dictionary တအုပ်လုံးကို အလွတ်ကျက်မှတ်ရမှာလားဟု မေးစရာဖြစ်လာပါသည်။ စင်စစ်မလိုအပ်လှပါ။ တကယ်တော့ ဝေါဟာရကြွယ်ဝလာအောင် လုပ်သင့်သည့် လုပ်နိုင်သည့်နည်းလမ်းကောင်းများ ရှိပါသည်။ ဝေါဟာရအသစ်များကို လေ့လာကျက်မှတ်သည့် နည်းလမ်းကို ခေတ္တခဏ မေ့ထားပြီး မိမိနှင့်ရင်းနှီးပြီးသား၊ တနည်းအားဖြင့် မိမိနှင့်အကျွမ်းတဝင်ရှိပြီးသား စကားလုံးလေးများကို တိတိကျကျ၊ ထိထိမိမိ၊ လှလှပပသုံးစွဲတတ်အောင်ကြိုးစားကြရအောင်။ ဤနည်းကပိုမိုထိရောက်ပါသည်။ တတ်ရန်လည်းပို၍မြန်ပါသည်။ ဥပမာအားဖြင့် Look ဟူသောစကားလုံးလေးကို ကြည့်ကြရအောင်။ အင်္ဂလိပ်စာကို အနည်းအပါးလေ့လာထားသူတိုင်းအတွက် ရင်းနှီးပြီးသား စကားလုံးလေးဖြစ်ပါလိမ့်မည်။ ” ဒါလေးများသိတာပေါ့” ဟု၊ ” ဒါလောက်တော့ သုံးတတ်တာပေါ့ ” ဟု ထင်ကြပေလိမ့်မည်။ […]


kaiSeptember 10, 20141min45031
၂၀၁၄မတ်-ဧပြီတွင်ကောက်ယူသောသန်းခေါင်စာရင်းအရ မြန်မာ့အိမ်ထောင်စုပေါင်း၁၁သန်းခန့်တွင် လူဦးရေမှာ ၅၁.၄သန်းရှိသည်ဟုဆိုသည်။ ယခုထုတ်ပြန်မှုသည် ၁၉၈၃တွင်နောက်ဆုံးထားကောက်ယူခဲ့သော သန်းခေါင်စာရင်း(၃၅.၄သန်း)အား ကလေးမွေးဖွားနှုန်း ၃.၄ဖြင့်တွက်လျှင်ဖြစ်လာရမည့် သန်း၆ဝကျော်ထက် ၉သန်းမျှလျှော့နည်းနေပါလေသည်။ ဘယ်ဆီရောက်၍ပျောက်သနည်း။ ကိန်းဂဏန်းများသည် မလိမ်ညာ။ အတိတ်ကိုဖတ်နိုင်ရန် လှစ်ပြလိုက်ခြင်းသာဖြစ်၏။ အဆုံးသတ်ရလဒ်အားအခြေတည်ကာ ပြောင်းပြန်အင်ဂျင်နီယာနည်းပညာဖြင့် ပြန်ပြောင်းတွေးတွက်ကြည့်ကြပါစို့။ ပြောင်းခိုသူများ လွတ်လပ်ရေးရသည့် ၁၉၄၈မှစ,ဖြစ်သော ပြည်တွင်းစစ်များ။ နိုင်ငံတော်ဘာသာပြုသည်မှထ,ဖြစ်သော ပြည်တွင်းပဋိပက္ခများ၊ နယ်မြေလုခြင်းကြောင့်တည်သော မတရားသည့်စစ်ပွဲများသည် လူပေါင်းမည်မျှကိုသုတ်သင်ပစ်ခဲ့ပါသနည်း။ လူ၉သန်းမျှကို အမိမြေမှဖယ်ရှားပစ်လိုက်သည်နှင့်အလားတူနေလေသည်။ စစ်တမ်းများအရ ထိုင်းမြန်မာနယ်စပ်တလျှောက်မှ မြန်မာတိုင်းရင်းသား ၄၁၅၀၀ဝတို့ကမ္ဘာ့နိုင်ငံများသို့ ပြောင်းခိုခဲ့ကြသည်။ အမေရိကပြည်ထောင်စုသို့ပြောင်းခိုသူ(Refugees)များအဖြစ်အခြေချသူသည်ပင် ၁၃၂၂၃၁ဦးရှိသည်ဟု(Burmese American Community Institute – BACI) မှစာရင်းကောက်ယူထားပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမား၂သန်းမှ၄သန်းအထိ( The International Organization for Migration (IOM) ခန့်မှန်းတွက်ချက်)နှင့် အစ္စလမ်မစ်နိုင်ငံဖြစ်သော မလေးရှားတွင် ၅သိန်းကျော်၊ […]


kaiSeptember 8, 20141min33049
ကျမနာမည် Cha Cha (ခ) ဆုပြည့်မှူးအိမ်ဖြစ်ပါတယ်။ အသက်၂၄နှစ်ပါ။ အနုပညာလုပ်ငန်းကို ၂၀၀၉ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ Model အနေနဲ့ စတင်လှုပ်ရှားရင်း Show ပွဲပေါင်း ၇ဝကျော် လျှောက်ခဲ့ပါတယ်။ Myanmar Beer Singing Contest မှာ သီချင်းသီဆိုယှဉ်ပြိုင်ရင်း ပြိုင်ပွဲဝင်အယောက်၉၀ဝကျော်မှာ Top Ten Finalist ရခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစပြီး အဆိုတော်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ၂၀၁ဝမှာ Tiger Girls Band ဖွဲ့ဖို့အတွက် ပြိုင်ပွဲဝင်တွေခေါ်ခဲ့ပါတယ်။ မိန်းကလေးပြိုင်ပွဲဝင်အယောက်၂၀ဝကျော်ထဲကမှ Cha Cha က ” Missy Tiger” အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီ့နှစ်မှာပဲ ” Year of the Tiger Girls” အခွေထွက်လာခဲ့ပါတယ်။ Tiger Girls အဖွဲ့ဝင်အဖြစ်တနှစ်လှုပ်ရှားပြီးတဲ့အခါမှာ  […]


kaiAugust 17, 20141min1829
“ပွင့်လင်းမြင်သာမှု” (transparency) ဟူသောစကားလုံးသည်အမေရိကနိုင်ငံအုပ်ချုပ်ရေးယန္တရားကိုစိမ်ခေါ် နေသေးသော စံနှုန်းတိုင်းပေတံအဖြစ်ဆက်လက်တည်ရှိနေသော်လည်း၊ လွှတ်တော်congress ကြီးနှင့် မြောက်မြားလှစွာသော rating အဖွဲ့အစည်းဌာနများ၏စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်မှုတို့ကြောင့်၊ ယနေ့အမေရိကပြည်ထောင်စု သည် ပွင့်လင်းမြင်သာမှုစံပြုရသောနိုင်ငံအဖြစ်ကမ္ဘာတွင်ရပ်တည်နေပြီဖြစ်သည်။ အတွင်းကျကျလေ့လာနိုင်သူ၊ လေ့လာတတ်သူတိုင်းက အစိုးရယန္တရားကြီးအကြောင်းကိုအိပ်သွန်ဖာမှောက် သိရှိခွင့်ရှိနေပြီဖြစ်သလို၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများက ထိုသိရှိခွင့်အခွင့်အရေးကိုလူထုရှေ့မှောက်တွင် ချပြရန်ပြဌာန်းချက်များအခွင့်အရေးများပေးထားပြီးဖြစ်နေပေသည်။ စာရေးသူငယ်စဉ်ကကြားဘူးနားဝစကားအရ၊ အမေရိကန်အစိုးရ တဆက်ပြောင်းတိုင်း၊ သမ္မတဖြစ်သူကမိမိ နှင့်လက်တွဲလုပ်ကိုင်မည့်ဝန်ထမ်းကြီးငယ်အားလုံး (ရာထူးပေါင်းထောင်ကျော်) ကို မိမိစိတ်ကြိုက် ခန့်အပ် တာဝန်ပေးကြသည့်အစဉ်အလာကားနှစ်ပရိစ္ဆေဒကြာခဲ့ပေပြီ။ ဤအချက်ကိုမည့်သူတစ်ဦးတယောက် ကမျှ စောဒကတက်ရမည့်အချိန်မဟုတ်တော့။ လူထုမှတိုက်ရိုက်စိတ်ကြိုက်ရွေးချယ်ထံထားရသူသမ္မတ ဖြစ်သည့် အားလျော်စွာ၊ လူထုနှင့်နိုင်ငံအတွက်လိုလားချက်များဖြည့်တင်းဆောင်ရွက်နိုင်ရန်မှာ၊ မိမိနှင့်တစိတ်တည်း တဝမ်းတည်း၊ လုပ်နိုင်မည့်သူကိုသာရွေးချယ်ခန့်အပ်ခြင်းသည်၊ သဘာဝကျသော လုပ်ထုံးလုပ်နည်းတရပ် ဖြစ်နေပါသည်။ သို့ဆိုလျင် အစိုးရအဖွဲ့ဝင်ဝန်ကြီးမှစ၍အောက်ခြေ secret services ရာထူးများကိုခန့်အပ်ခွင့် ရှိသူ သမ္မတကို “အာဏာရှင် (dictator)”ဟုသတ်မှတ်မည်လော။ ဤထုံးတမ်းစဉ်လာကိုကျင့်သုံးခဲ့သော အမေရိကနိုင်ငံကို “authoritarian […]