သေခါနီး ရောက်နေသည့် သတ္တဝါသည် မိမိပြုထားသော ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြုစဉ်က ကြုံတွေ့ခဲ့ရသော အာရုံကို ဖြစ်စေ၊ ဖြစ်ရမည့် နောင်ဘဝက အခြေအနေကို ဖြစ်စေ ထင်မြင်စွဲလမ်းလျက် ရှိနေ၏။ ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါ မျိုးမှာ ပယ်ဖျောက်၍ မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင် တစ်ချို့ မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ ဝမ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့ သို့လည်း ကောင်း၊ တစ်ချို့မှာ ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့ လည်းကောင်း ထူးထူးခြားခြား ဖြစ်နေသည်ကို အနီးအပါးရှိ လူများက အထင်ရှား တွေ့ရလေသည်။ တစ်ချို့မှာ မိန်းမောတွေဝေရာက […]