kanjosanJanuary 16, 20121min1217
ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့အခါမှာလည်း ယိုးဒယားပြည်လို ဖြစ်ချင် သလား။ တူရကီပြည်လို ဖြစ်ချင်သလား။ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား။ ယူနိုက်တက်စတိတ်(အမေရိကန်)လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင် သလား။ ဆိုဗီယက် ယူနီယံလိုဖြစ်ချင်သလား။ ဖြစ်ချင်တာတွေအပေါ်မှာ မှီပြီး တော့ ခင်ဗျားတို့ အလုပ်မလုပ်ဘဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် ပြောပြချင်တယ်။ အလုပ်မလုပ်ဘဲနဲ့ တော့ မဖြစ်ဘူး။ . . . ” ဗိုလ်ချုပ်အောင်ဆန်း


kanjosanJanuary 15, 20121min28016
ကျွန်တော်တို့မြန်မာနိုင်ငံဟာ မြေပေါ်မြေအောက် သယံဇာတများဖြင့် ပေါကြွယ်ဝတဲ့နိုင်ငံပါ… တကယ်သာ လုပ်နိုင်မယ်.. လုပ်ဖို့အရင်းအနှီးရှိမယ်ဆိုရင် စားမကုန်တဲ့ လိုတရ ရွှေခွက်ကြီးကို ပိုင်ဆိုင်ထားတယ်ဆိုလည်း မမှားပါဘူး… ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တကယ်သယံဇာတတွေကို သုံးပြီး အလုပ်ဖြစ်နေတာကတော့ အိမ်နီးခြင်းနိုင်ငံခြားသားများသာ ဖြစ်နေတာရင်နာစရာကောင်းပါတယ်… တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားများဟာ မြင်သာမြင်သာမြင်ပြီး မကြင်ရတဲ့ဘဝဖြစ်နေတာ တော်တော်ကိုဆိုးပါတယ်…ရခိုင်နဲ့ မုတမကွေ့မှာရှိတဲ့ ဓါတ်ငွေ့သိုက်များမှ နိုင်ငံရဲ့သယံဇာတတွေဖြစ်တဲ့ ဓါတ်ငွေ့မြောက်များစွာဟာ အိမ်နီးခြင်း ကျွန်တော်တို့ထက် တိုးတတ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ဓါတ်ငွေ့လိုအပ်ချက်များရှိတဲ့ တရုတ်၊ ထိုင်း နိုင်ငံတွေဆီကိုဘဲ ရောင်းစားနေကြရပါတယ်… ကျောက်စိမ်းဆိုလျှင်လည်း နှစ်စဉ် ကျောက်မျက်ရတာနာပွဲများ ကျင်းပပြီး ရောင်းနေပါတယ်… တရုတ်နိုင်ငံဟာ အများဆုံး ဝယ်ယူလေ့ရှိပြီး သူတို့ဆီမှာ ဒီကျောက်စိမ်းအကြမ်းထည်တွေကို လိုသလိုပြုပြင်ပြီး အနောက်နိုင်ငံတွေကို ပြန်ရောင်းချရာကနေ ဝင်ငွေအဆမတန် ရရှိပါတယ်… ကျွန်းသစ်တိုဆိုလျှင်လည်း ဒီအတိုင်းပါဘဲ.. ကျွန်တော်ပြောခြင်တာက အဲ့ဒီလို သယံဇာတ စီးဆင်းမှု့အပြင် ယခုတဖန် ဂျာနယ်တစ်ခုမှာ ကော့သောင်း ကန်းရိုးတန်းမှာရှိတဲ့ ကျွန်းတွေကိုပါ ရောင်းမယ်ဆိုတော့ တော်တော်နားမလည် ဖြစ်သွားတယ်.. အဲ့ဒီ ကော့သောင်းဘက်ဟာ ကျွန်တော့်လို အထက်မြန်မာနိုင်ငံ၊မန်းလေးဘက်သာမက အောက်မြန်မာနိုင်ငံ ရန်ကုန်ဘက်ကနေပါ သွားလို့လာလို့ အလွန်မလွယ်ကူပါဘူး… […]


kanjosanJanuary 15, 20121min17214
Myanmar Weather နောက် ရက် ( 15-1-2012 ည 16-1-2012 နံနက် စောစော) လည်း ဆက်ပီး အေးပါမည်။ လောလောဆယ် ရန်ကုန် ကိုဖြတ်သော လတ္တီကျု ၏ မြောက် ပိုင်းကျသော မြန်မာပြည် အထက်ပိုင်း ဒေသများ သည် 10°C အထိ ကျဆင်းနိုင်ပါသည်။ ရန်ကုန် ကိုဖြတ်သော လတ္တီကျု ၏ တောင် ပိုင်းကျသော မြန်မာပြည် အော…က် ပိုင်း ဒေသများ သည် 15 °C အထိ ကျဆင်းနိုင်ပါသည်။ တရက်ထက် တရက် ထို ဖြတ်မျဉ်း သည် မြန်မာပြည် တောင် ပိုင်း ကို ရွေ့လာပီး 19-1-2012 တွင် မော်လမြိုင် […]


kanjosanJanuary 12, 20121min1649
ဒီနေ့ Facebook ကိုမွှေနှောက်ဖတ်ရှု့ရာ သတင်းတစ်ခုတွှေ့လို့ ရွာသားတွေကို သိအောင်အသိပေးတာပါ… ATM Cash Withdrawal ATM A/C to A/C Transfer အတွက် Commission Fees သတ်မှတ်ခြင်းကိစ္စ။ ATM စက်ဖြင့် Cash Withdrawal ATM A/C to A/C Transfer အတွက် ATM Commission fees နှုန်းထားအားအောက်ပါအတိုင်းသတ်မှတ်ပါသည်။ (က) ငွေကျပ်တစ်သိန်းတိတိတစ်ကြိမ်ထုတ်ယူမှု / လွှဲပြောင်းမှု အတွက် ကျပ် – ၅၀၀/- (ခ) ငွေကျပ်တစ်သိန်းနှင့်အထက် (ကျပ်သုံးသိန်းအထိ) တစ်ကြိမ်ထုတ်ယူမှု / လွှဲပြောင်းမှု အတွက် ကျပ် – ၁၀၀၀/- CB Bank ရဲ့ Facebook မှာ […]


kanjosanJanuary 12, 20121min30127
ယနေ့ ပြည်သူတွေ စိတ်အဝင်စားဆုံးသတင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ကဝင်ပြိုင်မှာလဲဆိုသည့် သတင်းမဟုတ်၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘာတွေပြောသွားလဲဆိုသည့် သတင်းလည်းမဟုတ်၊ မာစီးဒီးလို တန်ဖိုးကြီးကားတွေ သွင်းခွင့်ပြုလိုက်ပြီဆိုသည့် သတင်းကလည်း သာမန်လက်လုပ်လက်စား တွေအတွက် စိတ်ဝင်စားစရာ သတင်းမဟုတ်ပေ။ သို့သော် ပြည်သူလူထု အများစု သိချင်နေကြသည့် သတင်းတစ်ခု အရပ်တကာထဲတွင် ဟိုးဟိုးကျော်နေပြီ။ ငါးထောင်တန် ဖုန်းကဒ်များ ရောင်းချတော့မည့်သတင်းမှာ အင်တာနက်စာမျက်နှာများမှ ပုံနှိပ်ဂျာနယ်များပေါ် အထိ ရောက်ရှိလာသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ မိုဘိုင်ဆင်းကဒ် တစ်ကဒ်လျှင် ငါးထောင်ကျပ်နှင့် ရောင်းချပေးနိုင်မည့် Proposal ကို နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားသည်ဟု အဆိုပါကုမ္ပဏီ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက မီဒီယာများကို ဖိတ်ခေါ်၍ အသိပေးလိုက်သည်။ သမ္မတကြီးမှ ခွင့်ပြုသည်နှင့်တပြိုင်နက် စတင်ဖြန့်ချိတော့မည်ဟုလည်း အသိ ပေးလိုက်သည်။ ဈေးနှုန်းနှင့် ခေါ်ဆိုခမှာ မြန်မာ့ဆက်သွယ်ရေးမှ […]


kanjosanJanuary 3, 20121min25625
အခုလေးတင် ပူပူနွေးနွေး 7Days News မှ သတင်းတစ်ခုကြားပါတယ်… မြန်မာငွေကျပ် ၅၀၀ဝ တည်းနှင့် မိုဘိုင်းဖုန်း တစ်လုံးအသုံးပြုနိုင်မည့် စီမံကိန်းတစ်ခုကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးခွင့်ပြုချက်တောင်းခံထားသည်။ ငါးထောင်ဆိုတာ တကယ်တော့ အခြေခံလူတန်းစားတွေ သုံးနိုင်တဲ့ ပမာဏပါဘဲ… အဲ့ဒီလောက်ဘဲ မိုဘိုင်းဖုန်းတွေ ဖြစ်သင့်ပါတယ်… Singapore, Malaysia, Thailand ကိုမဆိုထားနဲ့ Cambodia လိုနိုင်ငံတောင် ၅ ဒေါ်လာလောက်ရှိရင် မိုဘိုင်းဖုန်းကိုင်နိုင်ပါတယ်… လူဦးရေများများသုံးနိုင်လေ.. ဆင်းကတ်များများရောင်းရလေ… ခေါ်ဆိုခများများရလေ… Company တွေအတွက်မြတ်လေ.. သုံးတဲ့သူအတွက်လည်း ငွေအလုံးအရင်း သုံးစရာမလိုတော့ ကိုက်ပါတယ်… ဒါပေမဲ့ အခုဒီ ၅၀၀ဝ တန်ဆင်းကတ် အစီအဆင်ဟာ ဆက်သွယ်ရေးရဲ့ မိုဘိုင်းဖုန်း ၃ သန်းစီမံချက်ရဲ့ ပထမဆုံး ၃ သိန်းခွဲတန်ဖုန်းနဲ့ တိုက်နေတော့ ခွင့်ပြုပေးမလား […]


kanjosanDecember 26, 20111min1076
ကျွန်တော်တို့နိုင်ငံမှာ တစ်ဖြေးဖြေးနဲ့ ဒီမိုအရေစီရဲ့ အငွေအသက်လောက်တော့ မြင်နေရပြီလို့ ထင်ပါတယ်… တဖြေးဖြေးလည်း အဲ့ဒီစနစ်ကို အရောက်လှမ်းနေတယ်လို့ မြင်ပါတယ်… အစိုးရပိုင်းကလည်း ပိုမိုဖွင့်ပေးလာပါတယ်.. စာနယ်ဇင်းလွတ်လတ်ခွင့်လည်း အထိုက်အလျောက် ရရှိလာတယ်လို့မြင်ပြီး .. အကြာသေးသောကာလမှာ အတိုင်းအတာတစ်ခုအထိ တိုးတတ်လာမယ်လို့ ယုံကြည်ပြီး မျှော်လင့်မိပါတယ်.. မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြားမှ Company များစွာ လာရောက်လေ့လာကြသလို အရင်က တရုတ်နိုင်ငံကိုသာ အားကိုးပြီး သူ့အရင်းအနှီးတွေ မြန်မာပြည်မှာ မြှုုပ်နှံပြီး အကူအညီနည်းနည်း (မရှိသလောက်သာ) ရရာ အခုဆိုရင် ဂျပန်၊ အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံကြီးတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ အကူအညီပေးဖို့ကို လာရောက်နေကြတာ မျက်မြင်ဘကျွန်တော် ဒီပိုစ်မှာ အဓိကပြောခြင်တာကတော့ ကျွန်တော်တို့နိုင်ငံ တိုးတတ်ဖို့ရာ မည်သူ့အကူအညီမှ အားကိုးနေရုံဖြင့် မပြီးနိုင်ပါဘူး။ အဓိကကတော့ မြန်မာနိုင်ငံအစိုးရနဲ့ […]


kanjosanNovember 30, 20112min737
ပြီးခဲ့သော တန်ဆောင်မုန်းလပြည့်နေ့က အင်းဝသို့ အလည်သွားခဲ့စဉ် ရိုက်ခဲ့တဲ့ပုံတွေပါ… ငယ်ကတည်းက တစ်ခေါက်သာရောက်ဘူးပြီး သိပ်မရောက်တော့ပါ… အင်းဝရဲ့ နံမည်ကြီးမယ်နုအုတ်ကျောင်းနှင့် ဗားဂရာကျောင်းတို့ကိုတော့ ရောက်ဖြစ်အောင် သွားလိုက်ပါတယ်.. ဆိုင်ကယ်နှစ်စီသွားရာမှာ ခရီးစရိတ် ၂၀၀ဝ လောက်ကျသွားပါတယ်… လပြည့်နေ့ဆိုတော့ ကလေးများက လမ်းပိတ်ပြီး နေရာလပ်မကျန်အောင် မုန့်ဖိုးပေးရပါတယ်..


kanjosanOctober 26, 20111min32630
ဘီဘီစီ (BBC) နှင့် သတင်းထောက် Anna Jones တို့ဟာ တာဝန်မဲ့စွာ မြန်မာနိုင်ငံရဲ့ လူမျိုးစာရင်းကို တလွဲပြုစုခဲ့ပါတယ်… ဒါတွေဟာ သမိုင်းကျောင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတဲ့အတွက် လုံးဝကို ကန့်ကွက်ပါတယ်…… အားလုံးသော အမျိုးချစ်သူများလည်း http://www.facebook.com/bbcburmese မှာ သွားရောက် ကန့်ကွက်ပေးကြပါလို့ တောင်းဆိုလိုပါတယ်…. Anna Jones ရဲ့ မူရင်းဆောင်းပါးကိုတော့ ဒီ http://www.bbc.co.uk/news/world…-asia-pacific-11595983 မှာ ဖတ်ရှုနိုင်ပါတယ်…   ဒီနေ့ ဒီသတင်းကို ဖတ်လိုက်ရတဲ့ အချိန်မှာ တော်တော်ဒေါသထွက်ပြီး ခံပြင်းခဲပါတယ်။ ဒါနဲ့ ကျွန်တော် အပါအဝင် မြန်မာများဟာ အင်တာနက် BBC facebook မှာ ကန့်ကွက်တဲ့ စာများ တစ်ပြိုက်နက် ပို့ကြပါတယ်။ BBC မှာ ဖေါ်ပြထားတာက ရခိုင်ပြည်နယ်မှာ […]


kanjosanOctober 20, 20111min670
ကျွန်တော်တို့နိုင်ငံ အခုဆိုရင် အတော်အတန် ပြောင်းလည်းလာပြီလို့ ဆိုရမှာပါ။ ဟမ်းဖုန်းတွေ ၅ သိန်းကျော်လောက်နဲ့ရလို့ ဆက်သွယ်ရေးတွေ အဆင်ပြေလာပြီ… လိုင်းကျပ်တာကတော့ ရှိတတ်ပါတယ်… အင်တာနက်တွေလဲ ဖုန်းတွေကနေ သုံးလို့ရပါပြီ စိတ်ရှည်မှု့တော့ လိုတာပေါ့နော်.. ဘဏ်တွေလဲ အသစ်တွေဖွင့်ပြီး ATM Card တွေ သုံးနိုင်အောင် ကြိုးစားနေကြပါပြီ သုံးနိုင်မဲ့ လူတွေထဲ အခြေခံလူတန်းစာတွေ၊ အလယ်တန်းစားတွေ ပါဖို့တော့လိုတာပေါ့… လူအခွင့်အရေးတွေ၊ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေလည်း ရအောင်ကြိုးစားနေကြတွေ သုံးနိုင်အောင် ကြိုးစားနေကြပါပြီ သုံးနိုင်မဲ့ လူတွေထဲ အခြေခံလူတန်းစာတွေ၊ အလယ်တန်းစားတွေ ပါဖို့တော့လိုတာပေါ့… လူအခွင့်အရေးတွေ၊ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေလည်း ရအောင်ကြိုးစားနေကြပါပြီ… နိုင်ငံသားတစ်ဦးခြင်းဆီရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ပပျောက်ဖို့တော့ လိုတာပေါ့..  ရုံးတိုင်းမှာ အဂတိလိုက်စားမှု့ မရှိစေရန် ကြိုးစားဆောင်ရွက်နေကြပါပြီ […]


kanjosanOctober 19, 20111min13310
တရုတ်နိုင်ငံတောင်ပိုင်းတွင် မနေ့က လမ်းသွားတတ်ခါစ နှစ်နှစ်အရွယ် ကလေးငယ်သည် လမ်းပေါ်တွင် လမ်လျှေက်သွားနေစဉ် ကားတိုက်ခံရပြီး လမ်းမပေါ်တွင် သွေးတလုံးလုံးဖြင့် လဲကျနေသည်ကို မည်သူမျှ ကယ်တင်ကူညီရန် မကြိုးစားဘဲ မသိလိုက်မသိဖာသာ ရှောင်ကွင်းသွာကြသည်။ လုံခြုံရေး ကင်မရာမှတ်တမ်းများအရ တိုက်လိုက်သော ဗန်ကားသည် ခဏမျှရပ်ပြီး ဆက်လက်မောင်းထွက်သွားသည်။ လမ်းသွားလမ်းလာ ယော်ကျား၊ မိန်းမတို့သည်လည်း ကူညီကယ်တင်ရမှန်း မရှိဘဲ အကြင်နာတရားခေါင်းပါးစွာဖြင့် အဝေးမှ ရှောင်ကွင်းသွားကြသည်။ ၁ဝ မိနစ်ခန်ကြာသောအခါ ဆာလာအိတ်ထမ်းလာသော မိန်းမတစ်ယောက် ရောက်လာပြီး အိတ်ကိုချပြီး ကလေးငယ်ဆီ အမြန်ပြေးသွားကာ အကူအညီရှာလေသည်။ ကလေးမလေး ဝမ်သည် အဲ့သည်နေ့ နေ့လည်အထိ အရေးပေါ် အခြေအနေတွင် ရှိကြောင်း။ ကျွန်တော် အရမ်းစိတ်ပူတယ်။ သူ့ဖခင်ကပြောပြသည်။ သူသည်ဖိုရှင် ဈေးတွင် Hardware  အရောင်းဆိုင်ဖွင့်ထားသည်။ အခင်းဖြစ်ပွားချိန်တွင် သူရော […]


kanjosanOctober 16, 20111min766
ယနေ့ ကမော္ဘဒီးယား နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော BIDC ဖိတ်ခေါ် ဖလားပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် မြန်မာလူငယ်အသင်းက ထိုင်းလူငယ်အသင်းကို ၂ – ၁ ဖြင့် အနိုင်ရရှိက ချန်ပယံ ဆုဖုလားနှင့် ငွေသား 20000 US$ ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါသည်။ နောက်ဆုံးဗိုလ်လုပွဲ ဖြစ်သည့်အလျောက် ပွဲကျင်းပရာ Olympic Stadium ကွင်းအတွင်းသို့ မြန်မာ ပရိတ်သတ်များ နေ့လည် ၂ နာရီ ထိုးမှ စတင် ဝင်ရောက်လာရာ ပွဲစခါနီး အချိန်တွင် ယောက်၂၀ဝ နီးပါးရောက်ရှိပြီး၊ နိုင်ငံတော်သီချင်း၊ မြန်မာ့အားကစား ကမာကိုလွှမ်းစေရမည်၊ ရဲရဲတောက် သီချင်းများ သံပြိုင်သီဆို အားပေးကြပါသည်။ ပရိတ်သတ်များထဲတွင် ထူးထူးခြားခြား အလောင်းမင်းတရား ဦးအောင်ဇေယျပုံစံဖြင့် […]


kanjosanOctober 15, 20111min701
  ကမော္ဘဒီးယား နိုင်ငံတွင် ကျင်းပလျှက် ရှိသည့် BIDC ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွင် မြန်မာ U 21 အသင်းက ဗီယက်နမ် အသင်းကို ခြေအသာဖြင့် အနိုင်ရကာ ဗိုလ်လုပွဲဆီသို့ တတ်ရောက်သွားပါသည်။ ပွဲစဉ်တစ်လျှေက်လုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး တစ်ဘက်နှင့်တစ်ဘက် ၁ – ၁ သရေ ဖြစ်နေရာ ပင်လယ်တီ အဆုံးအဖြစ်ဖြင့် အနိုင်အရှုံး ဆုံးဖြတ်ရာ မြန်မာအသင်းက ၆-၅ ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ပင်လယ်တီတွင် မြန်မာဂိုးသမားက အထူးလက်စွမ်းပြကာ နှစ်လုံးကာကွယ် ပုတ်ထုတ်ခဲ့ပါသည်။ မြန်မာအသင်းမှ အသင်းခေါင်းဆောင် ဒေးဗစ်ထန်မှ တစ်လုံးလွဲချော်သွားကာ ၆-၅ ဖြင့် အနိုင်ရခဲ့ပါသည်။ ဗီယက်နမ်အပေါ်တင်သော မြန်မာဘောလုံး အသင်းကြီး၏ ရှုံးကြွေးကို ပြန်ဆပ်လိုက်ပါသည်။ ပွဲစဉ်တစ်လျှောက်လုံး ကမော္ဘဒီးယားရှိ မြန်မာများမှ […]