kan nyein mgJuly 16, 20121min1127
မိုးပြာ ဝိနိစ္ဆယသည် စုဒိတကမပါဝင်ဘဲ တစ်ဖက်သတ်ပြုလုပ်သော ဝိနိစ္ဆယဖြစ်သည့်အတွက် ထိုဝိနိစ္ဆယ စာအုပ်ထဲမှ အချို့ကိုထုတ်နုတ်၍ ပြန်လည်ရှင်းတမ်းထုတ် တင်ပြခြင်းဖြစ်သည်။   မိုးပြာ ဝိနိစ္ဆယ စာမျက်နှာ(၂၀)တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိရသည်။   ဝိမုတ္တိဒေသနာ- ၇၊ ၈၊ ၉၊ ၁ဝ၌ မိုးပြာအရှင်ဉာဏ ဟောပြောရေးသားထားသော- “ဗုဒ္ဓဘုရားကတော့ လူတွေ အပြစ်ပြောသွားပြီ။ မင်းကံနဲ့ ကံရဲ့အကျိုးဝိပါက် ဆိုပြီးတော့ (ပ) ကံလုပ်သူက ကံလုပ်သလိုဖြစ်ပြီးတော့ နောက်ထပ်ထပ်ပြီး ကံလုပ် ချင်တယ်(ပ) ကံလုပ်သူဖြစ်တယ်”။ (ဝိမုတ္တိဒေသနာ။၇) “အဲနောက်ကျတော့ တစ်ခါထပ်ပြီးတော့ ကံပြန်လုပ်ချင်တယ်၊ ဪ… ကောင်းတာတွေပဲ ထပ်လုပ်တော့ မကောင်းဘူးလားလို့ မေးရင် သူဒီထဲမှာပဲ လည်နေရပြီ ဆိုတော့ ဘယ်ကောင်းတော့ မလဲ(ပ) အဲဒီ ကောင်းတဲ့ကံက မလွတ်တော့ဘူး။” […]