karlanakarNovember 20, 20101min500
အမေ … အမေ့ကို မင်ဒဲလားကပြောတယ် သူတို့လည်း ဒီမိုကရေစီကို နံရံတွေကြားထဲကပဲ တည်ဆောက်လာရတာတဲ့ အမေ့ကို ကင်ဒေးဂျုံကပြောတယ် သူတို့လည်း ဒီမိုကရေစီကို သေနတ်ပြောင်းတွေရှေ့မှာပဲ ရင်းယူလာခဲ့ရတာတဲ့ အမေ့ကို လားမားကြီးကပြောတယ် သူတို့လည်း ဒီမိုကရေစီကို ဖိနှိပ်မှုတွေအောက်မှာ ကျင်ယူနေရတုန်းပါတဲ့ အမေ … ကျွန်တော် ရင်ကိုကော့ထားလိုက်တယ် ရန်ကုန်မှာ ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု … ဘာကိုမှ ဂရုမပြုတဲ့ ငါတို့ “အမေ” ရှိတယ်လို့ ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ် ရန်ကုန်မှာ လူသန်းခြောက်ဆယ်အတွက် ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့ ငါတို့ “အမေ” ရှိတယ်လို့ ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ် ရန်ကုန်မှာ ကမာ္ဘ့ခေါင်းဆောင်ကြီးတွေ အလေးဂရုပြုရတဲ့ ငါတို့ “အမေ” ရှိတယ်လို့ ဒါပေမယ့် အမေ ကျွန်တော်တို့က အမေ […]