Kaung Kin PyarOctober 4, 20121min27432
ခိုင်းကောင်းတဲ့နွား နှစ်လယ်ထွန်ရတတ်တယ်…တဲ့….။ ဟိုတစ်နေ့က ကောင်းကင်ကို ကောင်းကင် အသိတစ်ယောက်က ပြောလိုက်တဲ့ စကားပါ…။ ကိစ္စများမြှောင် လူတို့ဘောင်ဆိုတာ တစ်ကယ်ပါပဲ…။ လွယ်အိတ်လေးဆွဲပြီး ကျောင်းတက်ရတဲ့ဘဝတုန်းကလောက် ဘယ်မှာ ရိုးရှင်းမလဲနော်…။ အလုပ်ခွင်ဝင်ပြီဆိုရင်ဖြင့် လူစုံ၊ စိတ်ဓာတ်အစုံနဲ့ တွေ့ရတတ်တာပဲ..။ အရှောင်အတိမ်းလဲ တတ်ရ၊ နပ်ရသေးတယ်။ ကိုယ့်ကိုနင်းပြီး အပေါ်ရောက်ချင်တဲ့သူကို ရှောင်ရ၊ သူ့အပြစ်ကိုယ့်အပြစ်လာလုပ်တဲ့သူကို ရှောင်ရ၊ ကိုယ့်ခေါင်းပေါ်လွှဲလွှဲချတတ်တဲ့ အရှုပ်ထုတ်ကြီးကို ရှောင်ရနဲ့..။ အလုပ် စ လုပ်ခါစတုန်းကတော့ ငချွတ်ပေါ့…။ လူတွေ အကြောင်းမသိသေးဘူးလေ…။ ကူညီတဲ့သူတွေရှိသလို တွန်းချတဲ့သူတွေလဲ ရှိတယ်..။ အတွန်းကြမ်းရင်တော့ ခံပေတော့ပဲ…။ အလုပ်လုပ်တာ နှစ်တွေ ဆယ်စုနှစ်မပြည့်တစ်ပြည့်တောင် အတွန်းခံရတဲ့အကွက်တွေ တစ်ခါတစ်ခါ ပေါ်ပေါ်လာသေးတယ်..။ ခုဖြစ်နေတာကတော့ ကောင်းကင်ပြာရဲ့ မန်နေဂျာမမပါ..။ လူကြီးရှေ့တော့ သူလုပ်နိုင်တယ်..၊ တခြားတစ်ယောက် ထပ်ခန့်ရန်မလိုပေါ့…။ ပြီးတော့ […]


Kaung Kin PyarOctober 1, 20121min30428
ကောင်းကင်ပြာလဲ နေပူတော်ရွှေမြို့တော်မှ ရန်ကုန်ရွှေမြို့တော်သို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း အလုပ်တွေ ရှုပ်ပြီး ရွာထဲ မရောက်ဖြစ်တာကြာပြီ…။ ရွာနားတော့ ရစ်သီရစ်သီလုပ်လေ့ရှိပါတယ်..။ ရွာသူရွာသားတွေနဲ့ စည်စည်ကားကား ဖြစ်နေတဲ့ရွာကိုတွေ့ရလို့လဲ ဝမ်းသာပါတယ်…။ ပို့စ်အသစ်တင်မယ် စိတ်ကူးပေမယ့် ကိုးနတ်ရှင်ဆီက ပါမစ်က အတော်ကြာအောင်စောင့်ရတာမို့ လက်လျှော့လိုက်တာလဲ အခေါက်ပေါင်းမနည်း။ ပြီးတော့ ကိုယ်တင်လိုက်တဲ့ပို့စ်ကရော တကယ်လိုအပ်တာမျိုးဖြစ်ပါ့မလားလို့လဲ တွေးမိနဲ့…လက်တွန့်နေတာတွေလဲ ပါတယ်…။ ရွာကိုတော့ အမြဲ သတိရပါတယ်…။ ဘုရားစူး..ဘုရားစူး….။ ခုတော့ ရွာမှာ လူစုံတက်စုံဆိုတော့ ရွာထဲက တက်ကနီရှင်တွေအားကိုးနဲ့ ပို့စ်တစ်ခု တင်ပါတယ်…။ ကောင်းကင်ပြာဖုန်းပျောက်သွားခြင်းပါ…။ ဘာကြောင့်ဘယ်လိုတွေတော့ မပြောတော့ပါဘူး…။ အရင်ဘဝက သူများဖုန်း ယူခဲ့မိတယ်ထင်ပါတယ်…။ (ကောင်းကင်ပြာ အရင်ဘဝက L.A တို့ US တို့ရောက်နေတယ်ထင်ပါ့နော်..။ မြန်မာပြည်မဟုတ်တာတော့ သေချာတယ်..) ဖုန်းပျောက်တယ်။ ဒါနဲ့ပဲ။ လိုင်းပိတ်ဘာညာပေါ့ (အမှန်တော့ […]


Kaung Kin PyarApril 30, 20121min1387
ရွှေပြည်သာမြို့နယ် ဆောက်လုပ်ရေးမှတ်တိုင်မှာ ထမင်းထုတ် အထုပ် 1000 ကျော် အလှူခံအရေးပေါ်လိုအပ်နေ ဒေါ်ခင်ဝင်းကြည် ဖုန်း 0943188616 နှင့် 0943089342 သို့ဆက်သွယ်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံပါသည် ။ ဖြစ်စဉ်ကတော့ ဆောက်လုပ်ရေးဝင်း တပ်ပိုင် မြေပေါ်မှာ အိမ်ဆောက်နေတဲ့ မိသားစု 200 ကျော် လူဦးရေ 1000 ကျော်ကို နေအိမ်တွေကနေဖယ်ရှား ဖို့ စစ်တပ်တာဝန်ရှိသူတွေက စေခိုင်းခဲ့ပါတယ် ။ မိသားစုတွေက ပြောင်းရွှေ့စရာ မရှိတဲ့အတွက် မဖယ်ပေးတဲ့အခါ – တပ်က ခြံစည်းရိုးခတ်လိုက်ပြီး အထဲကလူ အပြင်ဘဲပေးထွက်ပြီး ပြန်မဝင်ခိုင်းတဲ့အတွက် အတွင်းအပြင် အဆက်အသွယ်ပြတ် စားသောက်ရေးခက်ခဲနေတယ်လို့ ဒေါ်ခင်ဝင်းကြည် ကဆိုပါတယ် ။ ဖြစ်ပွါးနေတာကတော့ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကစတင်နေတာကြောင့် – ဒီနေ့ နေ့လည်စာ ထမင်းထုပ်ပေါင်း 800 […]


Kaung Kin PyarApril 6, 20121min1128
ကောင်းကင်ပြာက ငယ်ငယ်ကတည်းက ပုံပြင်တွေ ဖတ်ရတာ ဝါသနာပါပါတယ်…။ တစ်ခါတစ်လေ စာအုပ်တွေဆီက ဖတ်ရင်း…၊ တစ်ခါတစ်လေ ဆရာ၊ ဆရာမတွေပြောတာနားထောင်ရင်း တချို့ပုံပြင်တွေဆို ခုထိ ကောင်းကင်မေ့လို့မရသေးပါဘူး…။ အဲ့ဒီထဲကမှ ကောင်းကင်ပြာ ခုနှစ်တန်းနှစ်တုန်းက သချာင်္ဆရာ ဆရာဦးလှဌေးပြောပြတဲ့ ပုံပြင်တစ်ပုဒ်ကို ရွာသားတွေအတွက် အသုံးဝင်လောက်တယ်ထင်လို့ ပြန်ပြောပြလိုက်ပါတယ်နော်…။ တစ်ခါတုန်းက တောရွာလေးတစ်ရွာနဲ့နီးတဲ့ တောအုပ်လေးတစ်ခုမှ ရသေ့နှစ်ပါးတရားကျင့်နေကြပါတယ်….။ ရသေ့တစ်ပါးကို ရသေ့အေလို့ အမည်ပေးပြီး နောက်တစ်ပါးကိုတော့ ရသေ့ဘီလို့ အမည်ပေးလိုက်ရအောင်နော်…။ ရသေ့အေနဲ့ဘီဟာ အနီးက တောရွာမှာ နေ့တိုင်း ဆွမ်းခံကြွပါသတဲ့…။ ရသေ့နှစ်ပါး ဆွမ်းခံတဲ့လမ်းမှာ ချောင်းလေးတစ်ခုရှိပါတယ်…။ တစ်ရက်ကျတော့ ဆွမ်းခံပြီး ပြန်ကြွအလာ ချောင်းကမ်းစပ်မှာ မိန်းခလေးတစ်ယောက် လှလှပပပြင်ဆင်ဝတ်စားပြီး ဟိုဘက်ကမ်းကို မကူးရဲ ကူးရဲ ဖြစ်နေတယ်..။ အမှန်တော့ ချောင်းက တိမ်တိမ်လေးပါ…။ ကောင်မလေးဖြတ်ကူးလိုက်ရင် […]


Kaung Kin PyarApril 5, 20121min19541
တခြား ရွာသူားတွေတော့ မသိပါဘူး….။ ကောင်းကင်ပြာတော့ ရွာသူဖြစ်မှ ကားပေါ်ထိုင်တောင် အိပ်မငိုက်ရဲဘူး…။ ကိုပေါက်လိုရိုက်ချက်ပြင်းပြင်းတင်ချင်လို့ ဘယ်ဗျူးကောင်းမလဲ ကြည့်ရ။ (အမှန်တော့ ကိုပေါက်လက်ရာမမှီဘူးမှန်းတော့ ကိုယ့်အရည်အချင်း ကိုယ်သိပါတယ်။ ပြီးတော့ လမ်းဘေးဝဲယာ ထူးခြားဆန်းပြားက ကိုယ့်ကားနဲ့ ကိုယ်သွားမှ ဆင်းရိုက်လို့ကောင်းမဟုတ်လား။) ဘယ်နားဘာသတင်းလေး ထွက်လာမလဲ အနားဝန်းကျင်ကို စပ်စုရ….၊ ဘယ်လိုအလွဲလေးတွေများ ရှိနေမလဲ ပြူးပြဲရှာရနဲ့…..။ မျက်စိဖွင့် နားစွင့်ဆိုတာ ဒါမျိုးထင်ပါ့….။ သတင်းသမားတွေရဲ့ ဒုက္ခကို ခုမှ သဘောပေါက်ပါတယ်။ သတင်းလေးများ ရလာလို့ Post ရေးပြီး ရွာပေါ်ရောက်သွားရင်လဲ ဝမ်းတွေသာလို့….။ Post လေး များရေးရရင် ဟိုနားစိတ်တိုင်းမကျဖျက်၊ ပြန်ဖတ်၊ ပြန်ရေးနဲ့။ အဲ့ Post လေးကို ဘာတွေ ကွန်မန့်ကြမလဲ ရင်ခုန်ရ။ ကိုယ်တင်ထားတဲ့ Post လေး […]


Kaung Kin PyarApril 4, 20121min17514
ကောင်းကင်ပြာ ခုရောက်ရှိနေတာကတော့ နေပူတော်..အဲ…နေပြည်တော်ဆိုတဲ့ အလွန်ပူပြင်းခြောက်သွေ့သစ်ပင်သိပ်မရှိတဲ့ ဒေသကိုပါ။ ရောက်နေတာတော့ ကြာပြီပြောမလား၊ မကြာသေးဘူး ပြောမလား….(၃)လဆိုတော့ ရွာသူားတို့ပဲ သတ်မှတ်ကြပါတော့….။ အဆောင်နဲ့အလုပ်က ဖယ်ရီလေးနဲ့ဆိုတော့ ဟိုမရောက်ဒီမရောက်ဘဝပါ…။ (ကြီးကျယ်ခန်းနားသော နေပူတော်၏ အထင်ကရ နေရာများကို ဆိုလိုပါသည်။) ပိတ်ရက်တိုင်းလဲ ရန်ကုန်ပြန်၊ တစ်ချိန်လုံးလဲ ရုံးမှာပဲရှိပေါ့…။ ဒီနေ့တော့ ရုံးက ဝန်ထမ်းအမျိုးသမီးတစ်ယောက် ဆေးရုံတက်လို့ သတင်းသွားမေးပါတယ်…..။ လား……..လား…….. ဆေးရုံဆိုတာ အတော်ဝေးသကိုးရှင့်……….။ နေ့လည် (၁၁)နာရီမထိုးခင်က သွားလိုက်ဆိုတာ အသွားအပြန် မိုင်နှုန်းမြင့်ဘယ်မှမရပ်မောင်းတာ အသွား တစ်နာရီကျော် အပြန် တစ်နာရီကျော်ရှင်…။ ဒါတောင် ရုံးက ကားနဲ့မို့နော်….။ ရွာကို သတင်းအတိအကျတင်မယ်ဆိုပြီး ကားမောင်းသူကို စပ်စုကြည့်တော့ နေပြည်တော်နဲ့ ဆေးရုံဆို (၂၅)မိုင် ကျော်သတဲ့….။ အစကတော့ နေပြည်တော် ပတ်ဝန်းကျင် ရှုခင်းလေး […]


Kaung Kin PyarApril 2, 20121min23127
Forward Mail တစ်ခုက ရတာပါ…..။ ရွာသူားများ ကြည့်ရအောင် ပြန်မျှလိုက်ပါတယ်…။ ဒီလို လုပ်သင့်မလုပ်သင့်ကတော့ ရွာသူားများပဲ ဆုံးဖြတ်ပေးကြပါတော့…။        


Kaung Kin PyarMarch 30, 20121min1177
ကြားဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို ပြန်မျှလိုက်ပါတယ်။ Forward mail တစ်ခုက ရတာပေမယ့် မြန်မာပြည်က အချစ်လွန်တစ်ချို့မိဘတွေကိုတွေးမိလို့ပါ…။ အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။ (၁) မစားရင် အဆာခံပါ မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။ ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။ (၃)နှစ်ပဲရှိတဲ့ […]


Kaung Kin PyarMarch 14, 20121min56031
မိုးပြာက ဗေဒင်ဝါသနာမပါပါဘူး..။ နာမည်ကြီးတယ် ဘာညာပြောလဲ မသွားဖြစ်ဘူး။ ဆရာမင်းသိင်္ခရှိတုန်းကတောင် အိမ်ကလူတွေသွားကြပေမယ့် မလိုက်သွားခဲ့ဘူး။ ဒါပေမယ့် မိုးပြာအရင်အလုပ်မှာက မိန်းခလေးများတော့ ကိုးထပ်ကြီးဘုရားက ဆရာအောင်ဇေယျာဗိုဟောတဲ့ ဗေဒင်မှန်တယ် ဘာညာပေါ့နော်။ သွားရတာလဲ လွယ်တယ်၊ ညွှန်းတဲ့သူကလဲ ညွှန်းတယ်၊ ကိုယ်တိုင်ကလဲ အလုပ်ပြောင်းချင်တာလေးရှိနေတော့ သွားတော့ မေးဦးမှပေါ့။ ဒါနဲ့ အားတဲ့တစ်ရက်မှာပဲ…မိုးပြာရဲ့ ညီမလေးကိုခေါ်ပြီး မနက်ပိုင်း ကိုးထပ်ကြီးဘုရားမှာ ဗေဒင်သွားမေးပါတယ်။ မြေနီကုန်းကနေ ဟိုဘက်ကို ကားပြန်စီးရတော့ လွယ်တာပေါ့။ မရောက်တာလဲ ကြာပြီဆိုတော့ ဘုရားလေးဘာလေး ရှိခိုးပြီး ဗေဒင်ဆိုင်ခန်းကို လိုက်ရှာပါတယ်။ ဘုရားဝင်းကလဲ သိပ်မကျယ်တော့ ကြာကြာမရှာလိုက်ရပါဘူး။ တွေ့ပါတယ်။ ဆိုင်ခန်းက မကျဉ်းမကျယ်လေးပါ။ မှန်အမည်းတွေ ကာထားတော့ အပြင်က အထဲကို မတွေ့နိုင်ပါဘူး။ မိုးပြာတို့က အစောဆုံးရောက်သွားတော့ တခြားလူ မစောင့်ရဘူး။ တန်းဝင်ပြီး […]