ဇီဇီMarch 25, 20156min36641
  ဒီ တခေါက် ပြန်တော့ အလုပ်က ဘော့(စ) ကပါ ရန်ကုန်ပရော့ဂျက် အတွက်လိုက်ချင်တယ်တဲ့။ ဟိုတယ် ကို စီစဉ်ပေးနိုင်ပေမဲ့…. သူရယ်၊ ကိုယ့် အစစ်စတန့်ကောင်လေး ရောရယ်က အစားအသောက် နည်းနည်း ချေးများတဲ့ထဲ ပါတာမို့ အတော် ခေါင်းခဲပါတယ်။ :b: မြန်မာ စာလည်း မစားချင်တဲ့သူနဲ့ အစားရွေးတဲ့သူနဲ့၊ ဆိုင် အပြင်အဆင်က အစ ကြည့်တတ်တဲ့ သူတွေမို့ ကိုယ့် တိုင်းပြည်ထဲလည်း မျက်နှာမပျက်ချင်တာ ပါတာပေါ့။ 😕 ပထမရက်မှာ ဟိုတယ် သွားတွေ့ပြီး နေ့လည်စာကို ဘယ်မှာကျွေးရမယ်လို့ ခေါင်းခြောက်ပါပြီ။ အဲဒါနဲ့ စဉ်းစားရ အလွယ်ဆုံး နဲ့ ဟိုတယ်နဲ့ အနီးဆုံး ပန်းဘဲတန်း မြို့နယ် FMI (ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး ဘေး)၊ […]


ဇီဇီMarch 23, 20155min99051
      မြီးရှည် ဆိုတာ မန်းလေးမှာ မုန့်တီ နဲ့ ရှမ်းခေါက်ဆွဲပြီးရင် တတိယနေရာလိုက်တဲ့ထိ နာမည်ကြီးပါတယ်။ မန်းလေး မြီးရှည်… မိုးကုတ်မြီးရှည်… ကျိုင်းတုံမြီးရှည်… မိုင်းသာမြီးရှည်.. စသည်ဖြင့် ဒေသအလိုက်မြီးရှည်တွေကလည်းရှိသေးရဲ့။ ဆိုတော့ ကြိုက်တတ်ရင် မြီးရှည်သည်လည်း စိတ်ရှည်လက်ရှည် လုပ်စားပျော်ပါကြောင်းးး… :sar: ~~~~~~~~~~~~~ ပထမဆုံး တင်ပြ (အဲလေ) ပြောပြချင်တဲ့ မြီးရှည်ကတော့ ကေဇီ အမြီးရှည် ဖြစ်ပါဒီ၊. ဒီ နည်းကို မနှစ်က လာတဲ့ အမေနဲ့ အဒေါ်ထံမှ လက်ပူးလက်ကြပ် သင်ယူထားတာမို့ စိတ်ချလက်ချ စားနိုင်ပါကြောင်း သဒင်းဂေါင်းပေးလိုက်ပါဒီ။ ဟိဟိ.. :k: မိုးကုတ်- မန်းလေးဖက်စပ် မြီးရှည် . မုန့်ဖတ် – (တစ်မျိုးမဟုတ် တစ်မျိုး) ၁) […]


ဇီဇီMarch 21, 20151min42334
ကြည့်မိသမျှ ရွှီးဖို့ ခြေလှမ်း စတင်ပါပြီ။ . ရွာမှာရှိသော “ရုပ်ရှင်ကျွမ်းကျင်” ကိုယ်တော်ကြီး ကိုယ်တော်လေးတို့… နှမတော်လေးကို စောင့်ရှောက်တော်မူပါ။ . ပြုံး၍လည်း ရွှီးတာကို နားထောင်တော်မူပါ။ . ရီ၍လည်း ရွှီးတာကို ဖတ်ပေးတော်မူပါ။ အဟိဟိ   ~~~~~~~~~~~~~~~~~~~~~~   “Predestination”ကို Movie Link (http://www.channelmyanmar.com) မှာ မြင်ပေမဲ့  သရုပ်ဆောင်မင်းသားကိုမကြိုက်တာကြောင့် ကျော်ပြီး တခြားကား ရွေးရွေးကြည့်ရာကနေ မိတ်ဆွေ ကိုဖျာက သူ့စတေးတပ်မှာကောင်းတယ်လို့ ညွှန်းလို့ ဒီ နေ့ ကြည့်မိလိုက်တယ်။ . . Rating 7.4/10 -IMDb 84% – RottenTomatoes 3.5/4 – RogerEbert 69% – Metacritic . […]


ဇီဇီMarch 17, 20151min34151
  ခင်ဇော် တို့များ ကြိုက်လိုက်ရင်…….. အရောင်တောက်တောက်တို့ အလက်လက်ထနေတဲ့ အဝတ်အစားတို့…. ဘောလိဝုဒ်ရုပ်ရှင်ကလည်း ကြိုက်သေး…. အစားအသောက်ဆိုလည်းမလွတ်…… နောက်ပြီး လက်ကောက်ထင်းထင်း နားဆွဲထင်းထင်းတွေ အင်မတန်ကြိုက်….. အင်ဒီးယားသွားမဲ့သူတိုင်းကို ဆာရီ စ မှာရတာ အမော……. ဆိုတော့ အကြောင်းသိရင် စစ်အတွင်းက အင်ဒီးယားကို မပြန်နိုင်တဲ့ ကုလားမ ဝင်စားသလား မှတ်ရတယ်။ လက်မှာ ဒါန်း ဆိုးတာတို့၊ အသားမှာ ကျောက် လေးတွေ ကပ်ပြီး အလှဆင်တာတို့လည်း ဖက်ရှင်လုပ်ဖူးသေးသပေါ့။ :k:   အဲ။ နောက်ပိုင်း အထိကရုန်း ကိစ္စနဲ့ ငြိမ်နေရတာ။ :f: ~~~~~~~~~ စလုံးရောက်တော့ တွေ့ပါပြီ။ သူဌေးတွေကလွဲရင် ကျန်တဲ့ ဆူပါဗိုက်စာ မှန်သမျှ… အင်ဒီးယားကရယ်… ဘင်ဂလားဒေ့(ချ) ကရယ်…. မလေးရှားကရယ်…. […]


ဇီဇီMarch 16, 20152min54047
  အကို့ မိန်းမ – မရီး အိပ်ချင် – သန်း မရီးသန်း ဆိုတော့ မရမ်းသီးပေါ့။ ဟိ။ ငယ်တုန်းကတော့ စကားထာဖွက်ရင် အဲလို ဖွက်တာပဲ။   :mrgreenn: ~~~~~~~~~~~~~~~~~~~ ဆေးဖက်ဝင် မရမ်းသီး (http://yinfamily24.blogspot.sg/2013/03/blog-post.html) မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့်ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာက…ျင်ကိုက်ခဲခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။ မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ်စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်းအရသာ မပေါ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။ ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်သွားခြင်းများအတွက် မရမ်းသီးဆားရည်စိမ် အရည်သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စားပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။ အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် […]


ဇီဇီMarch 12, 20151min32130
  လေဘုရင်၏ နောက်ဆုံးခရီး   မီးရောင်စုံများထိန်ထိန်ငြီးနေသည် ။ လူအများလည်းကျိတ်ကျိတ်တိုး စည်ကားလျှုက် ……… စကားပြောသံ အော်ဟစ်သံ တို့လည်း ဆူညံနေသည်  ။ ။ နေရာကားးး ဂဇက်ကျေးရွာ၏အလယ် ဘောလုံးကွင်းတွင်ဖြစ်သည် ။ ဂဇက်ကျေးရွာတွင်း ပွဲတော်ကျင်းပ နေခြင်းပေလော ??? မဟုတ်ပါ ။ ဤသို့ဆိုလျှင် အဘယ်သောအကြောင်းဖြစ်လေသနည်း ??? အကြောင်းမှာ “အန်ကျော့လော်အောင်ကြူး” မှ ရွာသူားများအားစိန်ခေါ် တိုက်ခိုက်နေခြင်းပင်ဖြစ်လေသည် ။ “” ဟေ့  ဆိတ်လိုလူတွေ သတ်တိရှိရင် ထွက်ခဲ့  ကြောင်တန်းစားပျက်တစ်ဆယ့်ရှစ်ကွက်သိုင်းအစွမ်းသိစေရမယ်  !!!! အိယားးး  မိညောင်  င်င်င် … ဝု ဝုစ်  …… “”. အောင်ကြူးမှာ အလွန်အမင်းလေထွားသူဖြစ်လေသည် ။ . . ထွားပေမပေါ့ […]


ဇီဇီMarch 12, 20151min32825
  မဖတ်ခင် သိချင်တာကို အရင်မေးမိသည်။ “ရှင် ဘယ်သူလဲ” “ခင်များ ခုန က မေးပြီးတဲ့ မေးခွန်းပါပဲ။ ကျနော်မှာ အဖြေမရှိပါဘူးး” သက်ပြင်းချပြီး ဆက်ဖတ်လိုက်ရသည်။ ကြာလှပြီဖြစ်သော စာရွက်ပေါ်က စာလုံးတွေက မသဲမကွဲ။   ~~~~~~~~~~~~~~~~ ကြောင်နိုင်ဓါး နှင့် ကြောင်တန်းစားပျက် တစ်ဆယ့်ရှစ်ကွက် “” ယိစ် “” “”ယ  ယ  ယားးး”” “‘” အာဝုစ် …… မိညောင် “” ဟူသော မာန်သွင်းသံတို့ လှိုင်လှိုင်ထနေသည် ။ နေရာကားးး အနောက်ရိုးမ၏ နက်ရှိုင်းလှသောလှိုင်ဂူကြီးအတွင်းမှဖြစ်သည် ။ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ကိုယ်တုံးလုံးဖြင့် လေသိုင်းကျင့်နေလျှက်ရှိသည် ။ မာန်သွင်း၍ အတွင်းအားထုတ်လိုက်တိုင်း ပါးစပ်မှ အခိုးအငွေ့များတလှိုင်လှိုင်ထွက်နေသည်မှာ ဂေါဇီလာကြိီး မီးမှုတ်နေသကဲ့သို့ပင် ……… […]


ဇီဇီMarch 11, 20153min78637
ဝုန်းးးးးးး အမေ့! လန့်လိုက်တာ။ သစ်ကိုင်းနဲ့ ပြတင်းတံခါးရိုက်လိုက်သံ။ မိုးက ရွာရုံမက မိုးက က ကျယ်ကျယ်ချိန်း လျှပ်စီးတွေကလည်း လက်လို့။ သူမ မှားပြီ ထင်တယ်…!!!! ခုတော့ ဒီ အခန်းထဲမှာ တစ်ယောက်တည်းးး၊ အခန်းရှင်တွေက ခရီးသွားတဲ့သူက သွားးး၊ မအားတဲ့သူက မအားနဲ့မို့ မလာနဲ့လို့ ပြောထားတာကို လာခဲ့မိသည်ပဲ။ ညနေခင်း လင်းလင်းချင်းချင်းတုန်းက သိပ်မကြောက်၊ ခု မှောင်လာပြီး မိုးတွေပါ သည်းလာမှ တစ်ယောက်တည်း ဒီ အခန်းထဲနေရတာ စိတ်မလုံတော့။ ဒေါက်…ဒေါက်…ဒေါက်…!!! စည်းချက်မှန်မှန် တံခါးခေါက်သံ။ ခုနက အသံတုန်းက ရုတ်တရက်လန့်ပြီး ပြီးသွားသလောက် ဒီ တံခါးခေါက်သံမှာတော့ မလန့်ပဲ မင်သက်နေမိတယ်။ ဒီ အချိန်ကြီး ဒီ အခန်းကို လာနိုင်တာ ဘယ်သူများပါလိမ့်။ […]


ဇီဇီMarch 11, 20153min40438
    ဓာတ်ပုံတင်မယ်ဆိုပြီး အက်ဒစ်လုပ်ရင်း သီချင်းစာသားတစ်ခု ခေါင်းထဲရောက်လာလို့။ . အရင် ဘယ်သူ ဆိုတာမသိပေမဲ့ ကိုယ် စနားထောင်ဖူးတာတော့ ဟေမာနေဝင်း ဆိုတာပါ။ . “တစ်ပွင့်ပန်မယ်၊ တစ်ပွင့်တည်းးးးးပန်မယ်၊ ငွေသားနု ဝတ်မှုန်ရယ်” ဆိုတဲ့ စာသားလေးးးး . သီချင်းနာမည်လည်း မသိပါဘူးးး ပြောချင်တာက အရင် က အမျိုးသမီးတွေဟာ “မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန်” “မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်” ဆိုတဲ့ အရာကို ခေါင်းထဲရိုက်သွင်းခံခဲ့ရတာ။ အမျိုးသားများ အကြိုက်ပေါ့။ :dd: ထားမိတဲ့ ရည်းစား ဘာအမှားတွေ့တွေ့ ဒီလူကြိုက်မိ ဒီလူကိုပဲ ယူ။ :n: အဲဒီလူ မယူမှသာ ဒူးနဲ့ မျက်ရည်သုတ်နေပေါ့။ :f: တစ်မျက်နှာကနေ နောက်တစ်မျက်နှာ မပြောင်းကောင်းဘူးး :sp: […]


ဇီဇီMarch 9, 20153min62342
ဒီ တစ်ခေါက် သယ်လာတာ…… – ငါးရံ့ခြောက် – ပင်လယ် ငါးပြေမခြောက် – ငါးပိကောင်ခြောက် – ငါးကျည်းခြောက် – ငါးနီတူခြောက် – ပုဇွန်ခြောက်  (မွသဲ နဲ့ မမ ပေးလိုက်တာ) – အာပြဲချောက် – ချဉ်စော်ကားသီးခြောက် – ပုဂံ က ဝယ်လာတဲ့ ပုံးရည်ကြီး – အာတီဒုံ ပေးတဲ့ ဝါးခယ်မ ပုဇွန်ချဉ် – အာလူးကြော် – မွနှင်းပေးလိုက်တဲ့ သန့်စင် ရယ်ဒီမိတ် ထမင်းသုပ် ပါဝင်ပစ္စည်းများ – လူကြုံနဲ့ ထပ်ပါလာတာ က အမတ်မင်း ရဲ့ ခိုးရာပါ လက်ပံခေါင်းခြောက် – ဇော်သန့်ပါလာတဲ့ လက်ဖက်, ဝက်သားအမွကြော် နဲ့ မရမ်းသီး […]


ဇီဇီMarch 7, 20152min46026
နောက်တစ်ခန်း ကျော် ရပ် – အပိုင်း (၁) https://myanmargazette.net/199460   အကျဉ်း- မိုင်ခိ၊ ဖြိုး၊ အိ၊ အေး၊ ဆွေ၊ ဝါ၊ နန်း၊ ကြူ အောင်၊ အတာ၊ မိုး၊ မျိုး၊ သူငယ်ချင်းများ ရှိလေသည်။ အောင် နဲ့ နန်း တို့ မင်္ဂလာဆောင် ကို သွားဖို့ မိုင်ခိက ပွဲတက်ဖို့ ဘေးမှာ လူတစ်ယောက်ရှာခိုင်းရာက စ သည်။ ပွဲ ကို မိုင်ခိရဲ့ ချစ်လှစွာသော သကောင့်သားလေးက သူ့ အမျိုးသမီးနဲ့ ပွဲတက်မယ် ဆို၍ မိုင်ခိ ရဲ့ မခံချင်စိတ်နဲ့ လှုပ်ရှားရာမှ ပြသနာက စ သည်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နောက်တော့ […]


ဇီဇီFebruary 27, 20152min30333
(2006 December)   ” “ဘာရယ်!!”   “ဟဲ့!! အသာ အော် ပါဟယ်၊ အတာ ကလဲ၊ လန့်လိုက်တာ…”   “နင်လန့်တာထက် ငါက ပိုလန့်သေးတယ်။ ဘာစိတ်ကူးပေါက်လို့ ဒီ အကြံတွေ ထွက်တာတုန်းဟာ။ နင်ဟာ ပြသနာကို မီးထွန်းရှာတယ်…”   “ဒါ ပြသနာမဟုတ်ပါဘူးဟ။ ငါက ဖြစ်ချင်တာကို ပြောပြတာ။ ကျန်တာ နင်တို့ အပိုင်းပဲ…”   ရှိသမျှ သူငယ်ချင်းတွေ နှုတ်ဆိတ်ကုန်တယ်။ ဟုတ်လည်းဟုတ်တယ်လေ။ မိုင်ခိ ရှာလိုက်တဲ့ ပြသနာတိုင်း ခေါင်းခဲစရာ။ ခုပဲ ကြည့်!!! ရန်ကုန်မှာ မင်္ဂလာဆောင်မဲ့ ၁တွဲက သူငယ်ချင်းအရင်းကြီးတွေ တစ်ဖွဲ့တည်းမို့ သူငယ်ချင်း အကုန် မင်္ဂလာဆောင် သွားဖို့ စီစဉ်ကာမှ တစ်စခန်းထတဲ့ […]


ဇီဇီFebruary 23, 20154min45961
  Nasi Brayani – (ဒံပေါက်ထမင်း) ဟိ။ ဒန်ပေါက် (ဒံပေါက်) ဆိုလို့ ဒန်အိုးပေါက်လို့တော့မထင်လိုက်ပါနဲ့။ ခင်ဇော် တစ်နေ့တာ အစားချင်ဆုံး အစားအသောက် စာရင်းထဲမှာ ပါဝင်တဲ့ (ဒံပေါက်) ဒန်ပေါက်ရယ်ပါ။ စာရင်းထဲ ဘာတွေပါတုန်းဆိုတာတော့ ပြောပြဘူးးး၊ ဒီ ဧည့်သည်ကို ကြောက်သွားမှာ ဆိုးလို့။ ခိ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“ ပထမဆုံး ဒန်အိုး ဖောက်မဲ့ သူကတော့ စွယ်စုံ ကိုကို ကျောက်(စ) ဖြစ်ပါတယ်။ ဟိဟိ။ ကျောက်စ်တို့အရပ်က စိနတိုင်းဆိုတော့ အိန္ဒိယစာ အနှီဒံပေါက်က စိတ်ရှိတိုင်းဝယ်စားဖို့ မလွယ်လှပါဘူး ။ ဆိုင်မရှိဘူးလားဆိုတော့ ရှိတော့ရှိပါရဲ့ အရောင်အဆင်းကလည်း စွဲမက်လောက်ဖွယ်မရှိ ၊ အနံ့အရသာကလည်း ချိုချိုရဲရဲ ပါးစပ်ထဲမှာ အာမထိလျှာမထိမို့ စားချင်ရင် ကိုယ့်အားကိုယ်ကိုး ၊ […]