ဇီဇီFebruary 14, 20153min27524
မေမြို့ က ပုံတွေနဲ့ မှတ်မှတ်သားသား စားဖွယ်များကို မခွဲတော့ ဘူးး ပေါင်းရေးလိုက်တော့မယ်။ မေမြို့မှာ စားသောက်ဆိုင် အေးအေးဆေးဆေးထိုင်ချင်ရင်… ၁)Woodlands Restaurant ၂) ဒီဇင်ဘာခြံ အဲဒီ ၂ ခုကို ညွှန်းပါမယ်။ ၁) အတွက်ကတော့ ဟို အရင်တစ်ခေါက် က ကိုယ့်ပုံက လွဲရင် ဘာ ပတ်ဝန်းကျင် အနေအထားမှ မရိုက်ဖြစ်တာ တစ်ကြောင်းး၊ ဒီ တစ်ခေါက်တော့ မရောက်ဖူးတဲ့ ဒီဇင်ဘာခြံကို ဦးစားပေးသွားရတာ တစ်ကြောင်း ဓာတ်ပုံမပါပါဘူးးး Woodlands က မြို့ထဲမှာပါ။ ကန်တော်ကြီးကနေပြီး လားရှိုးဘက် ထွက်တဲ့ လမ်းကို မောင်းတဲ့ လမ်းပေါ်မှာတင်ပဲ ရှိပါတယ်။ မေးရလွယ်၊ သွားရလွယ်ပေါ့။ တရုတ်စာ၊ ယိုးဒယားစာ၊ အဖျော်ယမကာ အကုန်ရတာမို့ နေ့လည်စာ […]


ဇီဇီFebruary 12, 201514min84154
ဒီ တစ်ခေါက် ရန်ကုန်ပြန်ရတာ စိတ်လှုပ်ရှားမှု အပြည့်နဲ့ပဲ။ ခါတိုင်း ရန်ကုန်တစ်ပတ် က သိပ်ပျင်းစာကောင်းတာ။ ခု က မင်းသားကြီးတို့လည်း ပါလာ။ ရွာ က အမျိုးတွေလည်း တွေ့ရ။   ဟိ။ ရွာရဲ့ ဆုပေးပွဲနဲ့ အလှူလည်းရှိတာကိုးနော့။ အဲဒီ အကြောင်း ချက်ချင်းရေးချင်ပေမဲ့ ကိုးနက်ရှင်က မအိုကေတဲ့ အပြင် ကိုယ်တိုင်ကလည်း အရှုပ် လုပ်လိုက် အလုပ်ရှုပ်လိုက်ကိုးးး ခု တစ်လ ပြည့်မှ ပဲ ရေးရတော့မယ်။   နောက်မှ တစ်ယောက်ချင်းစီ အကြောင်း ကို စာစီပါဦးမယ်။ ဟိ (မက်ခုံးလှုပ်ကြလော့)   ခုကတော့ အလွဲလေးတွေ ရေးလိုက်ပါဦးမယ်။   ~~~~~~~~~~~ ရောက်ပြီး နောက်ရက်က ဝေ က […]


ဇီဇီFebruary 9, 20151min58641
  မန်းလေး မှာ ဘာစားချင်လည်း အမေးခံရတော့  ကျနော် က ဒေါင်းလန်းကြီးမှာ စားချင်တယ် ပြောမိတယ်။ ဒါပေမဲ့ ကျနော့ သူငယ်ချင်းတွေက ဇကောထမင်းက ပိုကောင်းတယ် ပြောပြီး ဒီကိုပဲ လိုက်ပို့တယ်။ ဆိုင် – ယမုံနာ   လိပ်စာ – နန်းရှေ့ ၂၆ လမ်းကနေ နန်းရှေ့ဘက်ကို သွားတယ်။ ၆၂ လမ်းမှာ ဘယ်ဘက်ချိုးတာ မှတ်မိတယ်။ အဲ။ ရထားသံလမ်း အတိုင်း မောင်းသွားရင် ညာဘက်ခြမ်းမှာ ရေနီမြောင်းကို ခွပြီး ဆိုင်ဖွင့်ထားတာ။ တဲလေးတွေ အများကြီးပဲ။ (ဟိ၊ ဒီ လမ်းညွှန်နည်းကို တဂျားမြင်ရင် ဆူပြီ။) သေချာလိပ်စာက သူ့မေးထားတယ်။ သူလာပြောလိမ့်မယ်။ခိ။ ရရှိနိုင်တဲ့ အစားအသောက် – ကချင်စကောထမင်း၊ဟင်း၊ […]


ဇီဇီFebruary 5, 20156min35648
      အရင်က ပြန်ရင် စုစုပေါင်း ၂ ပတ်မှာ ရန်ကုန် နဲ့ မန်းလေးကို တစ်ပတ်စီနေတာ။ မလောက် လို့ ဒီ တစ်ခေါက် ၂ ပတ် စီ နေတာလည်းးးးးးး မလောက်ဘူးး  :mrgreenn:  ဒီ တစ်ခေါက်က ခရီးတိုတွေ များတယ်။ များပေမပေါ့။ မွေးမေလေ့က သူ့ အမျိုးတွေနဲ့ ပြန်ခေါ်တော့ ဆွေမျိုးချစ်ကြည်ရေးလိုက်လုပ်ရတာ နဲ့ ခင်ဇော်လည်း အစားစုံ အဲလေ နေရာစုံ သွားလိုက်ရရော။ စစ်ကိုင်း၊ မင်းကွန်း၊ ကောင်းမှုတော် မြင်းခြံ ပုဂံ မေမြို့ မနားတမ်း သွားတယ်။ ကြားရက် မှာ သူငယ်ချင်းတွေ အမျိုးတွေ ကျွေးသမျှ မနားတမ်းစားတယ်။ တစ်ရက် ၄ နပ်ကို […]


ဇီဇီDecember 26, 20143min23419
ဒီနှစ် အော့ချာ့ ကို ဓာတ်ပုံမရိုက်ဖြစ်ဘူးး… Gardens By the Bay ကို ၂ ခေါက်သွားတယ်။ ဟို ပိုက်ဆံပေးရတဲ့ အတွင်းထဲထိ မဝင်တော့ဘူးး။ အပြင်က သစ်ပင်ပုံစံ အဆောက်အဦးတွေ မီးထွန်းတာ လှတယ်ဆိုလို့ သွားကြည့်တာ။ . . အစကတော့ သိပ်မထင်ထားဘူးး။ လူကလည်း အရမ်းများတယ်။ အဲဒီနေရာကဖရီးဆိုတော့ ကွကိုယ် ရေတစ်ဘူးနဲ့ မုန့်နဲ့ ၈ နာရီတစ်ခါ ထွန်းမဲ့ မီးကို ထိုင်စောင့်နေတာ။ စောင့်ရတဲ့ အချိန်ကုန်မှန်းမသိ မွသဲနဲ့လည်း ချက်နေသေးတာဆိုတော့ မီးတွေ အားလုံး မှောင်သွားပြီး သီချင်းသံ စတော့ မှ ဘာလဲပေါ့။ 🙄   . အဲဒီ အဆောက်အဦးခြေရင်းမှာ စပီကာတွေနဲ့ ပတ်လည်ဆိုတော့ အတော်ကျယ်တယ်။ […]


ဇီဇီDecember 4, 201416min92086
မုန့်ဟင်းခါး (သို့) မုန့်ဟင်းငါး ဆိုတဲ့ နာမည် ဘယ်ကဘယ်လို ရတယ်တော့ မသိ။ အာ့ ကိုယ့် အလုပ်လည်း မဟုတ်။ အဟစ်။ အရေးကြီးတာက အင်မတန်ကြိုက်သော နေ့တိုင်းစားနိုင်သော အစားအသောက်ဖြစ်နေခြင်းးး (မုန့်ဟင်းခါးအလှည့်ဆိုတော့ ဂလိုပဲ ပြောရမှာပေါ့။ နောက် အစားအသောက်အလှည့်ကျ တစ်မျိုး ပြန်ပြောရမှာပေါ့နော့)  :mrgreenn:  မွင်းငါး လို့ ခေါ်ရတာ အားသန်လို့ ဂလိုပဲ ရေးမယ်နော်။ အဘိုးက ဒေးဒရဲ ကျိုက်လတ်ဆက် ဆိုတော့ မွင်းငါး ကို အင်မတန်ချေးများတယ်၊ ငါးနည်းတယ်တို့၊ ငံပြာရည်မကောင်းဘူးတို့ စသည်ဖြင့်ပေါ့။ အဲ!! မွင်းငါးချက်ရင်လည်း ငါးအသားနွှင်ပြီး စပါးလင်ငရုပ်သီးအကြမ်းဖတ်ထောင်းနဲ့ ငါးမွှေစပ်စပ်လေး ချက်ပေးရသေးတယ်။ ပြီးမှ မွင်းငါးကို ငါးမွှေပါ ထည့်စားတယ်။ ငှက်ပျောအူလည်း နုနေမှ၊ ကြက်သွန်ဥ အရွယ်တော်ပေါလောပေါ်မှာ […]


ဇီဇီNovember 26, 201411min28654
    အဟိဟိ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ သိပ်မနာဘူးပေါ့နော့။   အင့်။ အပိုင်း (၁) နဲ့ တွဲဖတ်။ https://myanmargazette.net/166589   ငယ်တုန်းက ဘယ်လိုစားသောက်လဲတော့ မသိ။ ရိုက်ကျွေးရတယ် ဆိုတော့ သိပ်မစားဖြစ်ဘူး ခေါ်မှာပေါ့။။ :kwi:   ခုများတော့ တဂျားမင်း နကင်း နဲ့ ဆင်းတားရင်တောင် ခေါင်း ခေါက်လွှတ်လိုက်မယ်။ အူးမာဃလောက်တော့ မကြောက်တာ။ :boss:   ဘဝများ အစားအသောက်နဲ့ကို ကံပါလာချက်။   စလုံး မရောက်ခင် မာစတာ အပြီး အလုပ်လက်မဲ့ ၁ နှစ်ခွဲမှာ သူငယ်ချင်း တစ်စုလုံး သွားလာစားသောက်၊ ဘယ်ဆိုင် ကောင်းသဟေ့ ဆို သတင်းပေး သွားစားး၊ တရုတ်ဆိုင်ရောက်ရင် ဟင်းစပ်ပြီး […]


ဇီဇီNovember 24, 201412min33648
  ဒီ တစ်ပတ်ကတော့ မွမွအိ ရဲ့ ငါး မျိုး အစုံအလင် နဲ့ ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတွေဖြစ်ပါတယ်။ မွမွအိရဲ့ ထုံးစံ အတိုင်း ဓာတ်ပုံနဲ့ တကွ ရတဲ့ အချိန်မှာ ပို့တာမို့ တင်ရတဲ့ အချိန် ပြည့်ပြည့်စုံစုံ မြင်ရမှာပါ။ မြင်ပြီး ဗိုက်ဆာလာတော့ စားစရာက မရှိ။  :mrgreenn:   ~~~~~~~~~~~~~~~~~~~~ ငါ …ငါ ဘယ်သူ ပဲ ဘယ်ဝါပဲ လို့ ငါ စွဲ မထား သင့်ဘူး… ငါ့ …ပစ္စည်းတွေ ပဲရယ်လို့ လဲ အစွဲ မထား သင့်ဘူးဆိုထားတာမို့… ငါး …တော့ ဆွဲ ကောင်းမှာပါနော်…ဒီတော့…. ငါးလေးတွေ ကောင်းကောင်းဆွဲရအောင် ..ဓာတ်ပုံရိုက်ဖြစ်ထားတဲ့ ငါးချက်လေးတွေ […]


ဇီဇီNovember 17, 20143min44441
ဟေးဟေးဟေးးး နောက် ဒေသ အစားအသောက်တွေကို ပေးမယ် လို့ ပြောပါတယ်။ (ဟိ၊ တရားဝင် ကြေငြာလိုက်တော့ ကိုဂျီးမျိုးသန့် ပြေးလို့ရတော့ဘူးး) ကဲ!!! မုံညင်း ခရီးစဉ် စ ကြစို့ရဲ့။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျနော်က ကချင်ပြည်နယ်သားဆိုတော့ ဒေသထွက် အစားအစာတွေကို ကြိုက်သူပါ။ အထူးသဖြင့် မုန်ညင်းပါပဲ၊ မုန်ညင်းတောင်မှ အခါးဓါတ်ပါတဲ့ မုန်ညင်းစိမ်းကို (ရန်ကုန်မှာ) တွေ့တိုင်း မရိုးတန်း ဝယ်ချက်စားတဲ့သူပေါ့လေ။ ဒါကြောင့် ရွာထဲမှာ ဒီလိုမျိုး ရေးရမယ်ဆိုတော့ ဒီမုန်ညင်းကို သတိရပြီး ဒီခေါင်းစဉ်တပ်လိုက်တာပါ။ အိမ်မှာက ဟင်းကို မနက်ည အပြီး ချက်တာများလို့ တစ်ရက်တစ်မျိုး ပေးလိုက်ပါတယ်။   (၁) တနင်္ဂနွေ ရုံးပိတ်ရက်ဆိုတော့ ဈေးသွားတာပေါ့။ ဈေးရောက်တော့ ဆောင်းနဲ့အတူ ပေါ်လာတဲ့ မုန်ညင်းစိမ်းတွေကို […]


ဇီဇီNovember 12, 20149min64140
ဟို ငယ်တုန်းက ရပ်ကွက်တကျော ကညင်းကျောထ ကစားခဲ့တဲ့ ပို့(စ) ဖတ် အပြီးမှာ သများကို အင်မတန် မျောက်ကျတယ်လို့ ထင်နေတဲ့ သူများ အတွက် ဒီ ပို့(စ) ကို ရေးပါတယ်။ အဟိ။  :mrgreenn: . . သများ ငယ်ငယ်က ထိုင်ပြီး ကစားရတဲ့ ကစားနည်းတွေလည်း ကစားခဲ့ဖူးပါရဲ့။ ထိုင်ပြီး ဦးနှောက်ကို သုံးတဲ့ ကစားနည်းကို ပြောတာ။ ဟိဟိ   :mrgreenn: . ဟိုလူဂျီးလို တော့ ဩဇာစေ့တောက်တာတို့ ဘာတို့ လာမပြောနဲ့နော်။ :kwi: . ထိုင်ပြီး ဆော့ရတဲ့ မြန်မာ့ရိုးရာ ကလေး ကစားနည်းတွေက နောက်မှ ရေးမယ်။ . အိမ်က လူကြီးတွေကတော့ ကျနော်တို့ကို ငြိမ်စေချင်ရင် […]


ဇီဇီNovember 10, 20142min51247
ခေါင်းစဉ်ကြည့်ပြီး …. ခင်ဇော်တစ်ကောင် ဘယ်သူ့ကို အပျော်ကြံနေလဲ မမှတ်ကြပါနဲ့။ ဟိဟိ။ :kwi: အပေါင်း (၆) မျိုးရှိလို့ ၆ ရက်စာပဲ ပေါင်းလို့ရမယ် ပြောတာပါ။     ဒီ တစ်ပတ်ကတော့ …… ဒါလင့် ရဲ့ ချစ်ချစ် မွမွနို (NOVY) ရဲ့ အပေါင်းများ ဖစ်ပါတယ်။ ဂလောက် တော်လွန်းလို့ ဒါလင် က အသည်းစွဲတာ ဆိုတာ ယုံမှားဖွယ်မရှိ။ :chit:   ဂလိုချက်တတ်စားတတ်ပြီး ဒီ ကိုယ်လုံးလေး ထိန်းနိုင်တာကို အံ့ဩ ချီးကျူး အားကျသေးရော့ဗျာ။   ~~~~~~~~~~~~~~~~~~~~~~~~~~~~ . 1) ငါးပေါင်း+ ချိုချဉ် ဟင်းရည်မွှေး   ငါးပေါင်းကနေစမယ်နော်  ( ချိုချဉ်ဟင်းရည်) […]