ဇီဇီFebruary 10, 20142min40740
၆ နာရီခွဲ နှိုးစက်သံ အစမှာပဲ ဖြူ့ မျက်လုံးတို့ပွင့်ကာ နိုးလာခဲ့ပြီ။ ဒီနေ့ ဈေးသွားရမဲ့နေ့ပဲ။ ဈေးမသွားခင်လည်း ဖေဖေ့ဖို့ မနက်စာစီစဉ်ရဦးမည်ဖြစ်သည်။ ဘာမှ ဆန်းကြယ်သော စီစဉ်မှုမဟုတ်သော်လည်းး ဒီနေ့က ဖြူတစ်ယောက်တည်းစီစဉ်ပေးရမဲ့ အစားအသောက်ကိစ္စမို့ ဒီလောက် ဝီရီယစောနေခြင်းသာ။ ဖြစ်ပုံက ဖြူတို့ မောင်၂ မှ ၂ ယောက်က မန်းလေးမှာ ကျောင်းတက်ရသည်။ မေမေက ဖေဖေနဲ့ တာဝန်ကျရာ နယ်လိုက်နေရ၏။ ဖြူ့ကျောင်းက အတန်းတင်စာမေးပွဲပိတ်ခိုက် နယ်ကို ခဏလိုက်လာတုန်းးး မေမေက မောင်လေးဆီ သွားချင်တယ်ဆိုပြီး မန်းလေးသို့သွားသည်။ ဒီလိုနှင့် ဖေဖေ့ စားရေးသောက်ရေး ဖြူ့ တာဝန်ကျလာ၏။ ရ ရက်စာ ဖေဖေ့ကို ဖြူလက် အပ်လိုက်သည်ဆိုပဲ။ ဒီနေ့က တနင်္လာနေ့။ အတွေးတို့ ခဏရပ်ပြီး အိပ်ယာက […]


ဇီဇီFebruary 5, 20147min51419
ဘယ်က စပြောရမတုန်းဆိုတော့ ဟိုဘက် ပို့(စ)မှာပြောခဲ့သလိုပေါ့။ ဆုတွေ များကြီးရထားတယ်။ ရည်ရွယ်ချက်ကောင်းတယ် ဘာညာသာရကာနဲ့ အတော်ကို ထင်ထားတာပေါ့။ ထင်တာလည်း ကိုယ့်အမှားမုတ်ပေါင်။ ခါတိုင်းဆို ဥယျာဉ်မြို့တော်ဖြစ်ရမယ်ဘာညာ ဆိုပြီး အလှဆင် စိုက်သမျှ ဘာတွေတုန်းဆိုတော့ ………. စက္ကူပင်တွေ။ စက္ကူပန်းပင်လောက် ဖြစ်တဲ့ မြေကိုးးး ပန်းတွေ မမွှေး အသီးတွေ မချိုသောမြေ….. စက္ကူပန်းကတော့ ရောင်စုံရှိတယ်။ သူတို့လေးတွေ ရေလောင်းဖို့က အလုပ်တစ်လုပ်အနေနဲ့ လုပ်ကြတာ ဆိုတော့။  :mrgreenn: သူတို့ကလည်းပြောတယ်လေ။  Gardens By the Bay – အပင်မျိုးပေါင်း ဘယ်လောက်၊ ကမ႓ာ ရှားပါး အပင်မျိုးစိတ် ဘာညာရှိတယ်ပေါ့။ ကိုယ်ကလည်း အပင်နဲ့ ပတ်သက်ရင် အမြစ်နဲ့ အကိုင်းတောင် ကွဲတာမဟုတ်တဲ့ လူပြိန်းဆိုတော့ အတော်ထင်ထားတာပါ။ […]


ဇီဇီFebruary 5, 201415min36621
  ကဲ။ ဒီတစ်ပတ်တော့ စလုံးက ဘဘလီတို့ အင်မတန် လက်မထောင်ရတဲ့ နေရာတစ်ခုကိုသွားခဲ့တာကိုပြောပြမယ်။ စလုံးကို Garden City ကနေ City in the Garden အဖြစ်ပြောင်းလဲဖို့ လုပ်ခဲ့တဲ့ ကြီးကြီးမားမားလုပ်ဆောင်ချက်တစ်ခုပေါ့။ ဒီ ဖန်တီးမှုအတွက် ဆု တွေ ရထားတာ (၆) ခု။ ၁) Award for Outstanding Achievement (20th Annual Thea Award) ၂) Breakthrough Contribution to Tourism (Singapore Experience Awards 2013) ၃) 2013 RIBA Lubekin Prize (Royal Institute of British Architects) ၄) […]


ဇီဇီFebruary 3, 20141min32029
ဒီတစ်ပတ်တော့ လေးဇီးကွတ် ချစ်မမ အလှည့်။ လေးဇီးကွတ် ပီသစွာ တစ်ရက် ဟင်းတစ်မျိုးပဲ အဝချက်ပေးမယ်ဆိုလို့ ဟင်းစပ်ဖို့ စဉ်းစားရပါတယ်။ အဲ !!!! ဆိုင်ရှင်ကလည်း လေးဇီးကွတ်ထက် လေးဇီးသမို့ မစဉ်းစားတော့ပဲ ရ ရက်လုံး ဒီ ဟင်းတွေ ချက်ထားပြီး ကြိုက်ရာတွဲစားခိုင်းမလားလို့ စိတ်ကူးတာပဲ။ အဟေးဟေးးး ဖတ်ကြည့်ကြပါဦးးး ဟင်းရည်ပါတယ်။ အသုပ်ပါမယ်၊ အသီးအနှံပါမယ်၊အသားဟင်းပါမယ်။ အိုကေတယ်ဟုတ်?? ~~~~~~~~~~~~~~~~~~ လေးဇီးကွတ်က အပျင်းထူနေတာနဲ့ တစ်နေ့တစ်မျိ ုးနဲ့ ဟင်းစပ်တွချက်မယ့်အစား တခါတည်း ချက်ချင်တာတွေ ချက်ထားတယ်။ ကြိုက်ရာကိုရွေးပြီး အသင့်စားနိုင်လို့ ဘီးဇီးမန်းတွေအတွက် အဆင်ပြေနိုင်ကောင်းပါရဲ့။ သက်ရှည်ကျန်းမာချင်ရင် စားသောက်နေထိုင်မှုဘဝကိုပြင်လို့ ရွာထဲမှာ ဒေါက်တာပဒုမ္မာက အော်နေလေတော့ ဒီအခါဒီရာသီနဲ့ကိုက်ညီအောင် ဆီမများပဲ လုံးချက်ကလေးချက်ထားတဲ့ ကြက်သားကရင်ချက် ကလေးချက်ချင်ပါတယ်။ အိမ်ချက်မို့ အစပ်အဟပ်ကို […]


ဇီဇီJanuary 30, 20141min31717
Bubble (1)  က ဒီ မှာ Bubbles ဘာရယ် မဟုတ်ဘူးးး တင်စရာလည်းမရှိ။ စာလည်း မရေးနိုင်သေးလို့ ဖုန်းနဲ့ ဟိုရိုက်ဒီရိုက် ဟိုပြင်ဒီပြင်ကို တင်လိုက်တာ။ :mrgreenn:          


ဇီဇီJanuary 27, 20141min55855
(((ထမင်းဆိုင် ပြန်ဖွင့်မို့လေ။ အီးဇီးကွတ် ဝေ ဘီးဇီးကွတ် ကျောက် လေးဇီးကွတ် မမ အီကိုကွတ် တီဒုံ ပင်တိုင် စားဖိုမှူးကြီး မွသဲ ဒေသစုံ အစားအသောက်ချက်ပြုတ်မဲ့ ဦးဆာမိ တို့ ကူကြ ညီကြပါဦးးးးး နည်းနည်းအားပြီ ဆိုတော့ ဘယ်သူ့ အပူကပ်ရမလည်း စဉ်းစားနေပြီ။ ))) အဲဒီလို စတေးတပ်တင်ပြီး စားဖိုမှူးချုပ်တွေကို ပြန်ဒုက္ခပေးလိုက်တာ။ အနီးကပ်ဆုံး မွသဲ ဆီက ရပါတယ်။ ကေဇီက ထမင်းကြိုက်သမားမို့ ထမင်းမျိုးစုံကို အရမ်းကြိုက်တာ။ အဲဒါ ရ မျိုးပြည့်အောင်စဉ်းစားပြီး မွသဲကို ပြတော့ အမက အကုန်ချက်တတ်သတဲ့။ ဒီတော့ ဒီ ရ ရက်ဟာ ထမင်း အမျိုးမျိုး စားရမှာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ MONDAY ၁. ကြက်ဆီထမင်း […]


ဇီဇီJanuary 24, 201418min2057
မနေ့ညက ကဗျာဆရာလေး ကိုဟိန်း (Heinn FiveStrings) ဖဘ ဝေါ ပေါ်မှာတွေ့လို့ ခွင့်တောင်းပြီး ယူလာတာပါ။ ကိုဟိန်းဆိုတာ ဟိုတစ်ခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကဗျာ ရေးတဲ့တစ်ယောက်လေ။ ခုလည်း သူ့စိတ်ကူးနဲ့သူ ကဗျာဆရာတွေရဲ့ ကဗျာလေးတွေ မိသားစု အကြောင်းကဗျာလေးတွေ စုနေတာကို သဘောကျလို့ ယူလာတာပါ။ ကဗျာဆရာ ပေါင်းစုံရဲ့ အကြောင်းအရာ တစ်ခုအပေါ် ခံစားချက်ပေါင်းစုံမို့ ရသစုံပါတယ်။ အားပေးပါဦးးး ————————— || မိသားစု || BY.. ရိုးမြေ ကျွန်တော် လေးတန်းနှစ်ရောက်တော့ ထမင်းနှစ်လုတ်စာက လေးလုတ်စာ ဖြစ်ခဲ့တယ် အမေဈေးရောင်းမကောင်းတဲ့ ရက်တွေမှာ အမေ့ဈေးဗန်းထဲက အကြော်တွေဟာ ကျွန်တော်တို့ရဲ့ ညစာ အဖေတစ်နာရီလောက် စောထရင် အဖေ့မှာ ကားခမရှိတော့ဘူး အဖေတစ်နာရီလောက် နောက်ကျတဲ့နေ့က ကျွန်တော်တို့တွေ […]


ဇီဇီJanuary 6, 201411min61243
အရက် ဘရန်း ရေးမို့ဟာကို ဖတ်ရုံနဲ့တင် မူးနေလို့ ခု စိတ်ပါတဲ့ ဘရန်းကို ရန်းသန်း မှန်းသန်းရေးလိုက်ပါတယ်။  :mrgreenn:   အမှန်တော့ ဒီ ပစ္စည်းက လည်း ကျုပ်ကိုယ်တိုင် သုံးမရဘူးးး အင်မတန်တော့ ဝါသနာပါတာရယ်။ လူက အဝေးမှုန်သမားးး နဲနဲဝေးရင်ကို ဝါးနေတာ ဆိုတော့ နေကာမျက်မှန်သုံးလို့မရဘူးးးး ပါဝါ မျက်မှန်မှာပဲ နေအောင်လာရင် (အဲလေ) နေရောင်လာရင် မှောင်တဲ့ဟာလေး ထည့်ရတာရယ်။  :mrgreenn: ဒါပေမဲ့ မျက်မှန် နဲ့ လူနဲ့ လိုက်ဖက်အောင် ရွေးရတာတို့ နေကာမျက်မှန်နဲ့ လိုက်ဖက်ညီတဲ့သူတွေ ငမ်း (ဟုတ်ပေါင်) ကြည့်ရတာတို့ ကို ကြိုက်တယ်။ :mrgreenn: အာ့ကြောင့် ရေးပါ့မယ်။ နေကာမျက်မှန်ရယ်လို့ပေါ်ကာစကတော့ ဖုံ၊ လေနီကြမ်း၊ နေရောင်ခြည် တို့ […]


ဇီဇီDecember 23, 20134min43044
ခွိ။ ခရစ်စမတ်ကို ချစ်ရင် ဘာသာအယူလွဲတော့မဲ့အတိုင်း စိုးရိမ်ပူပန်ကြသော အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့ သူမို့ ခရစ်စမတ်ကို ချစ်ကြောင်း ရဲရဲကြီးမပြောဝံ့တာကိုကြာပါပေါ့။ နို့မို့ မျိုးချစ် ဘာသာချစ်တွေက မြန်မာ့နေ့ကြီး အခါကြီးတွေ သိလို့လားတို့ ဘာတို့မေးမှာလည်း ကြောက်ရသေးးးး   :mrgreenn: ဘာဖြစ်ဖြစ်ပေါ့နော့။ ပြောချင်တာပြောကြပေါ့။ ဆောင်းကိုချစ်လို့ ခရစ်စမတ်ကိုပျော်တယ်။ ကျောင်းရက်ရှည်ပိတ်လို့ပျော်တယ်။ ခရစ်စမတ်မှာ မောင် နှမ အမျိုးတွေ စုံလို့ပျော်တယ်။ အစား မျိုးစုံစားရလို့ ပျော်တယ်။ ရေးဖူးတယ်နော်။ အဲအကြောင်းးးး အဲ။ စလုံးရောက်တော့ မီးရောင်စုံမြင်ရလို့ပျော်တယ်။ ၂၀၀၉ က ခရစ်စမတ်နေ့ကြီး ဟောင်ကောင် ဒစ်စနေလန်း ရောက်ဖူးတော့ အပျော်မျိုးစုံတွေ့ရလို့ပျော်တယ်။ ခရစ်စမတ် ကို ပျော်တယ်ပြောမိလို့ ဗုဒ္ဓဘာသာမစစ်ဘူးးး ဘာဘူးးး လာထင်လို့ကတော့ လဲသေကြလို့ ပြောလိုက်ချင်တယ်။ (အိမ်မက်ထဲမှာပါ၊ အပြင်မှာတော့ […]


ဇီဇီDecember 17, 20135min78637
    ကဲ။   မနေနိုင်လွန်းလို့ ပြော၊ အဲလေ ရေးပါရစေ။   ပြီးမှ ဟိုလူ့ အပြစ်တင်၊ ဒီလူ့ လက်ညှိုးထိုးမလုပ်တော့ပါဘူးးး   လိုအပ်တာတွေပဲ ပြောပါတော့မယ်။   ဟိ။  :mrgreenn:     လိုတာပြောမယ် ဆိုလို့ ပညာရှင်မမှတ်ပါနဲ့။ လူပြိန်းတွေး တွေးပြီး ပြောမှာပါ။   ဘောလုံး ဆိုတာ လုံးတယ် ဆိုတာက လွဲပြီး ကျန်တာမသိပါဘူးးး (ဟိ)   :mrgreenn:   ဘောလုံးပွဲ ဆိုရင်လည်း မြန်မာပွဲပဲ ကြည့်ချင်ပါတယ်။ အစွဲလေးနဲ့မှ ကြည့်တတ်လို့ပါ။   မန်းလေးမှာတုန်းက တစ်ခါတစ်ခါ ဇော်သန့်က တစ်ယောက်တည်း ညနက် မကြည့်ချင်တဲ့ အခါလောက် မှာပဲ ပရီးမီးယား လိ(ဂ) […]


ဇီဇီDecember 16, 20131min61234
အရင်တစ်ပတ်က အလုပ်ရှုပ်တာရော၊ စားဖိုမှူးတွေ မအားတာရော၊ ကိုယ်တိုင် မစပ်နိုင်တာရော နဲ့ ဒီ တစ်ပတ် ထမင်းဆိုင်မဖွင့်ဖြစ်ပါဘူးးးးးးး အဲဒီတော့ ဟင်းတစ်ခွက် ချက်ပါ့မယ်။ ဝက်သားမကြိုက်သူတွေ နဲ့ ဒညင်းသီးမကြိုက်သူများ သည်းခံကြပါ။ ထုံးစံအတိုင်း အတိုင်းအတာ မမေးကြပါနဲ့။ မပြောတတ်ပါဘူးးး လိုတိုးပိုလျှော့ ကွကိုယ်ချက်ပါတယ်။ ၁) ဝက်သားကို တုံးပြီး ဆားရယ်၊ ပဲ ငံပြာရည် အကြည်ရယ် အသားထဲကိုစိမ့်ဝင်အောင် နယ်ထားပါမယ်။ ၂) ဒညင်းသီး ကို ပြုတ်ရင် ပြုတ်၊ ပြုတ်ပြီးသားကို ဝယ်ချင်ဝယ် (အနော်က မပြုတ်တတ်လို့ အမြဲ ပြုတ်ပြီးသားကို ဝယ်ပါတယ်) ၃) ဒညင်းသီးကို ခြမ်း၊ တစ်ခြမ်းစီကို မှောက်ခုံထားပြီး ငရုတ်စုံထဲမှာ ထုထားပါ။ ၄) ကြက်သွန်နီ/ဖြူ/ဂျင်း ကို ထောင်းပြီး […]


ဇီဇီDecember 13, 20131min28022
ဒီ နှစ် ကျွတ်ကျဲ ပုံများတော့ လုံးဝ မပြန်နိုင်ဘူးးးး ၂၀၁၂ ဒီဇင်ဘာကပြန်တယ်ဗျာ။ ၂၀၁၃ ဒီဇင်ဘာ ထိ ပြန်ဖို့ မဖြစ်နိုင်ဆိုတော့ ၂၀၁၃ တစ်နှစ်လုံး အတွက် မပြန်ရဘူးမှတ်ပေါ့။ အဲတော့လည်း ဘာ အရေးလဲ ကွန်ပြူတာလေးရှေ့ထားပြီး ဒီဇင်ဘာ အလွမ်းလွမ်းတာပေါ့ နော်။ ကိုယ်ရေးသမျှ ကြိုက်ကြိုက် မကြိုက်ကြိုက် ဖတ်တဲ့ ပိတ်သတ်ကြီး ရထားတာပဲ။ဘာမှု စရာ ရှိတုန်းးး   ဘရန်းကလည်း စိတ်မကြည်တော့ မရန်းနိုင်လို့  ဒီ လို အရေမရ အဖတ်မရတွေပဲ သည်းခံဖတ်ကြနော့။ ပြောဖူးပါတယ်။ အဖွားဘက်က တစ်မျိုးလုံးက ခရစ်ယာန်တွေ။ ဆိုတော့ သူတို့ နေရာမှာလည်း ကိုယ်တွေ ခြေရာချင်းထပ်အောင် ကျင်လည်ဖူးတာပေါ့၊ ဒီဘက် အဖိုးမသိအောင်။ ဒီ ဇင်ဘာဆို […]


ဇီဇီDecember 12, 20131min58852
အဟွာလေ။   :mrgreenn: အိမ်အောက်က ကလေး ကစားကွင်းမှာ ကလေးတွေနဲ့ ဘာဘယ် ဂန်း နဲ့ ဆော့တာ။ ကိုယ် အမြဲ ရင်ခုန်ရတဲ့ ကိစ္စတွေမှာ ဒီလို ဆပ်ပြာပူဖောင်း တို့ လဲမှို့တို့ လွင့်နေတာကို လိုက်ကြည့်ရတာ……… အဲလို အတွေးတွေကို လွင့်မျောတာတာ တို့ ပါတယ်။ ပြီးတော့ ဖုန်းနဲ့ ပူဖောင်းတွေကို ရိုက်တယ်။ ရုံးပိတ်ရက်နေ့ခင်း  ပျင်းတော့ စနက်စိနဲ့ ဟိုပြင်ဒီပြင် လုပ်ရာက ဒီ လို ပုံတွေ ထွက်လာတော့တာပါပဲ။ ဆိုတော့ အလုံးစုံ မိဒ် အင် အနော့ ဖုန်း ပေါ့။  :mrgreenn: တင်စရာ ဘာစာမှ မရှိလို့ ဓာတ်ပုံကလည်း အသစ်မရိုက်နိုင်လို့ ရှိတာလေး တင်တာ။ တရုတ် နှစ်ကူးမှ […]