ဇီဇီDecember 9, 201311min49575
        ဘယ် စားဖိုမှူးမှ မအားတော့ ကွကိုယ် စဉ်းစားရပြီ။ အဲလာနဲ့ ဟိုတလောက ကတိပေးထားတဲ့တိုင်းးး သားငါး များလွတ်ကြသော ရွှေမိုးတိမ်၊ နေခြည်နဲ့ ခေါင် (အဲ့ ခေါင်ရည်လည်း ဘယ်ရောက်နေတုန်း မသိ) တို့ အတွက် အသားလွတ်ငါးလွတ်ဟင်းများ အားပေးကြပါ။   😀   ~~~~~~~~~~~~~       MONDAY – သီးစုံ ချဉ်ရည်ဟင်း နဲ့ ခရမ်းချဉ်သီး ငပိချက်။   ခရမ်းချဉ်သီးကို ရေနွေးဖျောအခွံနွှာပါ ပါးပါးလှီးထားပါ။ ကြက်သွန်အဖြူအနီကိုအရောင်တင်နဲ ့ဆီသပ်ပါ။ ညိုရောင်သန်းလာရင် ပုဇွန်ခြောက်ထည့်မွှေပါ။ လှီးထားတဲ့ခရမ်းချဉ်သီးများထည့် ရေနဲနဲထည့်ကြော်ပါ။ အရသာမှုန် ့ ငံပြာရည်ထည့်ကြော်ပြီး ရေခြောက်ဆီပြန်လာရင်တော့ ငြုပ်သီးစိမ်းအုပ်လိုက်တော့ အရသာရှိထမင်းမြိန်တဲ့ဟင်းတစ်ခွက်ရပါတယ်။ […]


ဇီဇီDecember 5, 20132min29620
ကေဇီ အသက်ငယ်တုန်းက ဓာတ်ပုံရိုက်မယ် ဆို အော်ငိုတာ။ သိပ်ကြောက်တာတဲ့။ ရိုက်ဆိုတဲ့စကားပါလို့ဆိုလားပဲ။ နောက်တော့ ရောက်သမျှနေတာ တွေ့သမျှနဲ့ ဓာတ်ပုံရိုက်လွန်းလို့ တခြားလူတွေ စိတ်ကို ညစ်ယူရရော။ ရပါတယ်။ ကိုယ်လုပ်ချင်တာမှန်သမျှ အဖော်ရအောင် တခြားသူတွေကိုပါ စည်းရုံးနိုင်သမျှစည်းရုံးလိုက်တာ အပေါင်းအသင်းတစ်စုလုံး ဘယ်နားသွားသွားဓာတ်ပုံရိုက်မယ် ဆိုတာချည်းပဲ။ ဖဘသူငယ်ချင်းများ သိတော်မူတဲ့ အတိုင်းပါပဲ။  :mrgreenn: အဲ ကံကောင်းသလားမသိတဲ့ အချက်က အဖွဲ့ထဲက သူငယ်ချင်း အထီးတွေက ပြောင်းကြီး ကင်မလာ (ကိုယ်ကတော့ အဲ့လိုပဲခေါ်တယ်။) ကိုင်တာ ၅ ယောက်ထက်မနည်းရှိပါတယ်။ အဲ ကံဆိုးတဲ့ အချက်က လူပုံမရိုက်ချင်သော၊ ရိုက်ချင်သူက မော်ဒယ်(လ) လေးတွေမှ ရိုက်ချင်သော၊ ရိုက်ပေးသော်လည်း အပြောဆိုးသော သူငယ်ချင်းများမို့ ဒီ အလွဲက စ ပါတယ်။ ၂၀၁၁၊ […]


ဇီဇီDecember 4, 20136min52535
        ဟို အရင်က အိမ်လေးမှာ….. ဖေဖေထိုင်တဲ့ ဆေးခန်းလေး ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. အမေချက်ကျွေးတဲ့ ထမင်းပူပူ ဟင်းမွှေးမွှေးလေးတွေ ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. မောင်လေး စီးတဲ့ ပြိုင်ဘီးလေး ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ကြောင် လေးတွေ အများကြီးရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ဝတ္တရားကျေတဲ့ သံစုံနာရီ တစ်လုံးရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. ဆူညံဝေစည်နေတဲ့ စာကျက်သံတွေ ရှိခဲ့တယ်။   ဟို အရင်က အိမ်လေးမှာ….. မိသားစု ညနေစကားဝိုင်းလေး နေ့စဉ်ရှိခဲ့တယ်။   […]


ဇီဇီDecember 3, 20131min370232
ပြောမယ်၊ ပြောမယ်နဲ့။ ညည်းချင်းမို့လို့ မပြောဘူးလို့နေတာပဲ။ ဘာရှိရမတုန်းးး၊ ဖွဘုတ်တော်ကြီးပေါ့။ သုံးရတာ မကောင်းတော့ပါဘူး ပိတ်သတ်ကြီးရယ်။ အနော် ၂၀၀၈ ကတည်းက သုံးလာတာ။ အဲတုန်းက လူသုံး သိပ်မများပေမဲ့ ငြိမ်းချမ်းသလိုပဲ။ အခုလို ……………………. သတင်း မှားလား မှန်လားတောင် မခွဲခြားပဲ ဇွတ်ကို ရှယ်တဲ့သူတွေ……………….. အကျိုးသင့် အကြောင်းသင့် မစဉ်းစား ကိုယ့်စိတ်နဲ့ မတိုက်ဆိုင်ရင် ဆဲမယ် ဆိုတဲ့သူတွေ………………… ခု နောက်ပိုင်းတွေ့ရတာဆို ဝါဒဖြန့်နေတဲ့ သူတွေ…………………….. ဖတ်ရတာ စိတ်ညစ်စရာ။ ဝါဒဖြန့် ဆိုလို့ ပေါ့သေးသေးမမှတ်ကြနဲ့ဗျ။ အဲလို ဝါဒဖြန့်သမားက အမျိုးမျိုးရှိသေးးး။ အကောင့်တွေဝယ်ပြီး လစာနဲ့ ဝါဒီဖြန့်တယ်။ ကိုယ့်ဝါသနာ အရ ကိုယ်ဘက်ပင်းတဲ့သူအတွက် ဝါဒဖြန့်တယ် အားနေလို့ ကိုယ့်ဖွဘုတ်တော်ကြီး လူစည်အောင် ဝါဒဖြန့်တယ်။ […]


ဇီဇီDecember 2, 20134min41743
မွအိ အလှည့်ရောက်ပြီ။ ဟိ။ အိမ်ချက် အစစ် ကို လိုချင်ပါတယ် ပြောထားဖူးတာ မမေ့သေးဝူးးးး အဲလာတွေ ချစ်ရှာကောင်းတာ၊ နာ့ အမွတွေ။ :chit: သူတို့ကို ချစ်ရလွန်းလို့ ဆိတ်သား အမွ ကြော်တောင် စားချင်လာပြီ။ (ဘာမှ မဆိုင်) ထားပါတော့။ အိမ်ချက် အစစ်လေး စားချင်သူတွေ အတွက်၊ ဝက်သားမစားတဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ်။ အားပေးပါဦးးးး အဲ !!! ချက်နည်းတွေ မေးရင် မွအိ ဖြေပေးဦးနော်။ ဟိဟိ 😀 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   KZ’s ထမင်းဆိုင်မှာ စားဖိုမှုးလုပ်ဖို့ရာ ဘာချက်ရရင်ကောင်းမလဲ ခုတော့ စဉ်းစားနေရပြီ…  ကိုယ်က လက်တွေ့ဘဝမှာ ရုံးအလုပ်တစ်ဘက်နဲ့ အိမ်ရှင်မလေ……  ရုံးအားရက် စနေ၊တနင်္ဂနွေမှာ ဈေးသွား […]


ဇီဇီNovember 26, 20134min43658
ဒိတ်! ဒိတ်! ရင်ဘတ် ဘယ်ဘက်ခြမ်း နောက်တော့ ခေါင်းထဲကို တိုးလာတဲ့ သွေးခုန်နှုန်း တွေ ကို ကြားလိုက်ရမိတယ်…   ဒါ ဘယ်သူလဲ…??? သူမ ကရော ဘာဖြစ်သွားတာလဲ….??? ချောတယ်လို့ မဆိုသာ၊ ရုပ်ဆိုးတယ် ဟုပင် ပြောနိုင်သော သာမာန် ရုပ်ရည်ပိုင်ရှင် အမျိုးသားတစ်ယောက် ကို အတွေ့မှာ ဒီ လောက် စိတ်လှုပ်ရှားမိရသလား မတွေးတတ်တော့………. တကယ် ဆို သူမ အသက်က ၁၅ နှစ် ပြည့်ပြီး ခါစ…!   မေမေ့ ကို ပြမိတော့လည်း ………. “ရုပ်ဆိုးပါတယ် သမီးရယ်၊ မျက်နှာမှာလည်း အဖု တွေနဲ့…..”  တဲ့!   ဟင်!! အကောင်းမြင်နေကျ သူမ မေမေက […]


ဇီဇီNovember 25, 20131min46741
အားကိုးရတဲ့ စားဖိုမှူးတွေပါပဲ။ ဆိုင်ဖွင့်စရာ ဟင်းစပ်မရှိတော့ဘူးလို့ ငိုပြလိုက်တာ အသီးသီး လာကူညီကြတယ်။ :mrgreenn: ဒီတစ်ခေါက် အီးဇီးကွတ်ဝေ ရဲ့ ဆန်ပြုတ် အစီအစဉ်ကို အင်မတန် သဘောကျပါတယ်။ ပထမ တစ်ခါ အသဲလေးရဲ့ ထမင်းသုတ် အစီအစဉ်ရယ်၊ ဒီ ဝေဝေ့ ရဲ့ ဆန်ပြုတ် အစီအစဉ်ရယ်ကို အကြိုက်ဆုံးပါ။ ဆိုင်ကို အဲလို ကတ်တဂိုရီလေးတွေနဲ့ စီစဉ်သွားရင် အစဉ်ပြေမလားလို့။ ဖတ်တဲ့သူတွေ တစ်စုတစ်စည်းတည်းဖတ်လို့ရအောင်ပါ။ ဆန်ပြုတ်ဆိုလို့ နေရာကနေ ဆုတ်ပြန်မသွားစေချင်ပါဘူးးးး။ ဖတ်ကြည့်ပါဦးးးးး ဆန်ပြုတ် ကို လုံးးးးးဝ လုံးးးးးးဝ မကြိုက်တဲ့ ကေဇီကိုယ်တိုင် စမ်း စားဖို့ စိတ်ပါလာလို့ပါ။ ကိုယ့်သိတဲ့ နည်းလေးတွေလည်း ပြန်မျှသွားကြပါ။ ~~~~~~~~~~~~~~~~~~~~~~ ဒီတစ်ပါတ် ထမင်းဆိုင်ကိုတော့ ဆိုင်ရှင် အရင်းပြုတ်မယ့် အစားအသောက်တွေနဲ့ […]


ဇီဇီNovember 18, 20136min61648
ခွိ။ ဒီတပတ်တော့ ဖဲဝိတ်ဇာ လေးလေးကြည် (Le Le Kyi) ကို အနိုင်ကျင့်ထားတယ်။ ဟင်းစပ်မပေးရင် ဖဲကြွေးမဆပ်ဖူးဆိုပြီးးးးး အဲလာနဲ့ သူလာပြီး ဟင်းချက် ပေးရရော……. အဟေးဟေးးးးးး အဲ။ ဒီ နံမည်နဲ့ ဖဲကြွေးကိစ္စတွေက ရွာထဲ ပုံမှန်ဝင်တဲ့သူတွေတော့ သိမှာပါနော့။ မသိတဲ့သူက သိတဲ့သူတွေ မေးလိုက်ပါ။ အဟိဟိ။  :mrgreenn: အပျိုဂျီးဆိုတော့ကာ အပြောအဆို ပြတ်တောင်းတောင်းလေးကို သည်းခံပါ။ တရုတ်မင်းသမီးလေးစပ်တဲ့ တောစာကို အားပေးကြပါဦးးးးး ~~~~~~~~~~~~~~~~~~  မနက်စာ ကို ကြိုက်နှစ်သက်ရာ အပြင်မှာစားပါ။ နေ ့လည်စာ နဲ ့ ညစာပေါင်းစားမယ်။ တစ်ပတ်စာ ပုစွန်ငပိချက်နဲ ့ တို ့စရာ ပြင်ပေးမယ်။ >>> ပုစွန် ငပိချက် ချက်ဖို […]


ဇီဇီNovember 11, 20131min45550
KZ – ယောက်ခမွ ယောက်ခမွ TNA – ဟေ။ KZ – ကယ်ပါဦးးးး ဟင်းစပ်ပေးမဲ့သူရှိတော့ဘူးးး အဲဒါ ဒီ တစ်ပတ် ထမင်းသုတ်မျိုးစုံလုပ်ချင်တာ။ အဲဒါ ကူညီပါ မွသဲရယ်။ TNA – အေးပါအေ။ လာခဲ့ပါ့မယ် ကြည့်စီစဉ်ကြတာပေါ့။ KZ – ဒါမှ နာ့ မွသဲ။  အာ့ကြောင့် ချစ်နေရတာ။ :chit: ~~~~~~~~ ထမင်းနဲ့ဟင်းစားရတာရိုးနေဘီမို့ ဒီတပါတ်တော့အသုတ်ကလေးတွေလုပ်ထားလိုက်ပါတယ်။   တနင်္လာနေ့ ရှမ်းပြည်တောင်ပိုင်းရဲ့အဓိကမနက်စာဖြစ်တဲ့ ငါးထမင်းနယ်လေးစီစဉ်ထားပါတယ်။ ငါးထမင်းနယ်ကတော့ ရှမ်းဆန်ကိုချက်ထားပါမယ်။ ရှမ်းပြည်မှာတော့ ငါးဖိန်းသုံးပေမဲ့ ဒီမှာတော့ငါးကြင်းကိုပဲသုံးထားပါတယ်။ ငါးကြင်းဗိုက်သားကို ဆီနဲနဲလေးနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီဆီသတ်ပြီး အရည်နဲနဲလေးနဲ့ချက်ထားလိုက်ပါတယ်။  ပြီးရင်အသားနွှာထားပါမယ်။ ပဲပုတ်ကိုမီးကင်ပြီးထောင်းထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကို မီးဖုတ် ( သို့ ) […]


ဇီဇီNovember 9, 20137min47249
ဘီယာ   ဘီယာသည် ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံး ဘီယာ မည်သူစတင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာများကို နှစ်ခြိုက်ခဲ့ကြကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့် နှံစားပင်နှင့် ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ် အမျိုးမျိုးပေါ်ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်း ကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိကလူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအသုံးပြုကာ ဂျပန် လူမျိုးများက ဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင် အဓိက အသုံးပြုသောဗျစ်ပန်း (Hop) များ ကိုမူ အေဒီ ၁,၀၀ဝ တိုင် အောင်အသုံးမပြုပေ။ […]


ဇီဇီNovember 4, 20131min43654
 ဒီ တစ်ပတ်ကတော့ ညီမငယ် လေး မူယာ ကို အကူအညီတောင်းထားတာပါ။ ကေဇီ အလွန်သက်သာတဲ့ အဖြစ်ကို မနာလိုအောင်ပြောရရင် ဒီ စားဖိုမှူးအသစ်က …… – စာလည်း စီကာစဉ်ကာ ရေးတတ်ပါတယ်။ – ဟင်းလည်းစပ်တတ်ပါတယ်။ – ဟင်းတွေကို ဘယ်လိုချက်ရမယ်ဆိုတာလည်း ကောင်းကောင်းသိပါတယ်။ – ဆိုင်ရှင် ကဂျိကဂျောင်ကိုလည်း သည်းခံပါတယ်။ – ဒီမှာလည်း မန်ဘာဖြစ်ပါပြီ။ – သူ့မှာ သူ့ကိုယ်ပိုင် ဟင်းချက် ပေ့(ချ) လည်း ရှိပါတယ်။ ကဲ ကေဇီအတွက် ဘာလိုသေးတုန်းးးး ဟုတ်ကဲ့ တင်ပေးရုံပဲ ကျန်ပါတယ်။   :mrgreenn: နောက် ဆို သူ့လက်ရာတွေ သူ့ကိုယ်ပိုင် ပို့(စ) အနေနဲ့ မကြာခဏတွေ့မြင်ရတော့မှာပါ။ မန်းလေးကပါပဲ။ စပ် ရင် […]


ဇီဇီNovember 1, 20131min40239
အဟီးးးး ရွာထဲက ဘဲဥကို ငုတ်တုတ်ထိုင်ခိုင်းတာဟုတ်ဘူးနော်။ ဟင်း တစ်မျိုးချက်ပြမို့။ အဟိ။ မန်းလေးမှာနေတုန်းက တူတူနေနဲ့ အဒေါ်က ဟင်းချက်အရမ်းကောင်းတာ။ စလောင်းတွေ ကြည့်ကြည့်ပြီး ဟင်းအဆန်းတွေ သိပ်ချက်တာ။ :mrgreenn: ဒီကြားထဲမှာ ဒီဟင်းက သူငယ်ချင်းတွေ ကြားမှာရော အတော်ပေါ်ပြူလာဖြစ်သွားတဲ့ ဟင်းပေါ့။ အမှန်တော့ ဘဲဥ နဲ့ အနော်တို့ ရေချို ပုဇွန် ခေါင်းကြီးတွေနဲ့ချက်ရင် အရသာအရှိဆုံးပဲ။ ဒီမှာတော့ ဘဲဥလည်း ရှိဘူးးးး ခေါင်းကြီး ပုဇွန်လည်း မရှိဘူးးးး ရှိတာလေးနဲ့ ချက်ရတာ။ ကေဇီလေး သနားစရာ၊။ အချိုးတွေလာမမေးနဲ့နော်။ ကိုယ့် အုံး နဲ့ ကိုယ် စဉ်းစားပြီး လိုတိုးပိုလျှော့လုပ်တာ။ အဲလို စံနစ်တကျကို ချက်တတ်တာပေါ့။ အဟေးဟေးဟေးးးးး   ငရုတ်သီးခြောက်ကို ရေစိမ်ထားးး၊ အစပ်ကြိုက်ရင် […]


ဇီဇီOctober 28, 20131min35263
ဒီတစ်ပတ် က ရွာ့အချစ်တော် ကြောင်ဝတုတ်၊ အနော့ အကိုကြီး ကိုဖက်ကက် ရဲ့ ဟင်းစပ်နဲ့ ဖွင့်မဲ့ တစ်ပတ်ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~ တနင်္လာ… ရှီတာကီမှိုနဲ့ ဝက်သားအချိုပေါင်းလေး… အဲလို ပြောလို့ရဘူးလေ။ ချက်နည်းပါပေးးးးး။ အဲဒီ မှို ကို ခုမှ ကြားဖူးတာ။ ဪ ဒါလေးများးးးးး ရှိတာကီမှိုလေးကို (၁၀)မိနစ်လောက်ရေစိမ်… ပြီးရင် အနေတော်လေး မထူမပါးလေးလှီး ကြက်သွန်နီ (၃)လုံးနဲ့ ဝက်သား (၃၀)သားလောက်ရယ်…နာနတ်ပွင့် တစ်ခြမ်း မရှိတရှိလေး…ကြက်သွန်နီ (၂)လုံးကို ကြိတ်စက်နဲ့ကြိတ်ချင် ကြိတ် မကြိတ်ချင်ရင် ပါးပါးလှီး။ ဝက်သားကို သကြားလေးနဲနဲထည့် ဆားနဲ့နယ်…အချိုမှုန့်သုံးရင်ထည့် မသုံးရင် မထည့်နဲ့။ ပြီးရင် ဆီကို နဲနဲထည့် ပူလာရင် ဆနွင်းမှုန့်နဲနဲနဲ့ ဆီကို ခပ်ဝါဝါလေးဖြစ်အောင်ထည့်။ ပြီးရင် လှီးထားတဲ့ကြက်သွန်နီကို […]