ဇီဇီFebruary 13, 20133min46637
နတ်မောက်… မင်းဘာမှထပ်မလုပ်နဲ့ ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက ဆယ်ကမာ္ဘစာလောက်တာဝန်ကျေပြီ။ ခင်ကြည်… ညည်းယောက်ျားကိုသေချာကြည့်ထား သမီးကလေး ခမည်းပေးဖို့ ရွှေကလေးတစ်ပဲတစ်မူးတောင် အမေအိုဆီ လက်ဖြန့်တဲ့လူသား။ နိုင်ငံခေါင်းဆောင်ငမွဲကို ညည်းစိတ်ပျက်ချင်ပျက် သမိုင်းက စိတ်မပျက်စေနဲ့။ ဗိုလ်ထွန်းလှ… ခင်ဗျားဆရာကို ကြည့်ပြောဦး လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။ ဆရာတော်ဦးသောဘိတ…. ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကို မရိုက်ပါနဲ့ ရရင်ရ မရရင်ချ ဆိုတာ ကျွန်တော်တို့အတွက်ပါဘုရား။ ဦးဘဝင်း.. ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။ သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။ စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင် ကျွန်တော်တို့ပဲ နစ်နာကြမှာ။ ရဲဘော်ကျော်စိန်…. ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့ အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။ ဟေ့လူ…ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ.. သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့် […]


ဇီဇီFebruary 9, 20131min43034
ဟိုနေ့က တရားနာနေရင်း အတွေးပေါက်လာလို့။ တရားနဲ့ ပတ်သက်တဲ့အတွေးတော့ဟုတ်ပါဘူး။ ကောင်းကောင်းကန်းကန်းလည်း ဟုတ်ဘူး။ လူတွေရဲ့ အသောက်အစား တဏှာနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ အစားအသောက်ဝါသနာကြောင့်မို့ ဒီ ဥပမာပဲ ပေးနိုင်ပါတယ်။   လူတွေ အစားအသောက် ဘာနဲ့စားတုန်း မေးရင် ပါးစပ်နဲ့စားတယ် ပဲ ဖြေကြမှာပေါ့နော့။ ဟုတ်ဘူးဗျ။ တစ်ချို့က နားနဲ့စားတယ်။ တစ်ချို့က မျက်စိနဲ့စားတယ်။ တစ်ချို့က လျှာနဲ့စားတယ်၊ တစ်ချို့က လူစွဲနဲ့စားတယ်။ အကျယ်ရှင်းရရင် ဒီလိုပါ။   တကယ် နားရွက်နဲ့စားတာမဟုတ်ပါဘူး။ နား အာရုံလေးကို အားပြုပြီးစားတာမျိုး။ အနီးစပ်ဆုံး မြင်ဘူးတဲ့ သာဓက က ကိုယ့်ဖေဖေ။ သူမကြိုက်ဘူးလို့ သူပြောထားတဲ့ ဟင်းဖြစ်ပါစေ။ ဘေးကနေ အပြောကောင်းလေးနဲ့ ညွှန်းပြောရင် စားသဗျ။ “အစ်ကိုရေ၊ ဒီနေ့တော့လေ […]


ဇီဇီFebruary 5, 20131min55956
ဟင်း . . . . ! ! ! သက်ပြင်းတစ်ချက်ချပြီး အနားက ဖုန်းလေးက နာရီကို လှမ်းကြည့်လိုက်မိတယ်။ မနက် ၂နာရီခွဲနေပြီ။ ဘယ်လိုတုန်းကွယ်။ ဒိုင်ရာစီပင် တစ်လုံးလုံး မတိုးနိုင်အောင်ကို ဒီ စိတ်တွေ အနားမရနိုင်တော့ဘူးလား။ ဘာတွေဖြစ်နေမှန်းတော့မသိ။ အတွေးတွေက ပလုံစီနေတယ်။ ကိုယ့်ကိုယ်ကို ဘာဖြစ်နေတာလည်း အရင် ဆန်းစစ်မယ်ဆိုပြီး မေးခွန်းတွေထွက်လာတယ်။   ဖြတ်သန်းရမဲ့ ဘဝအချိုးတကွေ့အတွက် ကြောက်နေသလား။ ဟင့်အင်း! စိန်ခေါ်မှုတွေကို ကြိုက်တတ်တဲ့သူပဲ။ ဘာကိုမှ သိပ်မကြောက်တတ်တာမို့ ကြောက်နေတာမဟုတ်ဘူး။   ဒါဖြင့် စိတ်လှုပ်ရှားနေသလား။ ဒါလည်းမဟုတ်ဘူး။ အသစ်အဆန်းကို စိတ်လှုပ်ရှားရမဲ့ အရွယ်လည်း မဟုတ်ဘူးလေ။   ဒါဆို ရင်မဆိုင်ချင်တာလား။ မဟုတ်ပါဘူး။ ကိုယ်လျှောက်သင့်တယ် ထင်လို့ ဆုံးဖြတ်ခဲ့တာပဲ။ […]


ဇီဇီJanuary 31, 20131min26518
ခု တလော မိုးလည်း နည်းနည်းအေးသလိုမို့ ဟင်းရည် အလေးထားပြီး ချက်စားဖြစ်နေတယ်။ အဲဒါနဲ့ ဒီမှာတင်ဖို့သတိရလို့။ ဆယ်လမွန်ငါး သိတယ်မဟုတ်လား။ ဒီမှာတော့ အသားကို လွှာပြီး အစိမ်းစားကြတယ်။ အစကတော့ ကိုယ်လည်း အဲလိုပဲစားတတ်တယ်။ နောက်တော့ အစ်မ တစ်ယောက်က ဆယ်မွန်ငါးရိုးကို ဟင်းရည်ချက်နည်းပြောလို့ လိုက်စမ်းသပ်ရင်း ခုတော့ ငါးအသား ရလည်း အဲဒီလိုပဲ ချက်ဖြစ်နေတယ်။ ဆယ်လမွန်ဆို အစိမ်းစားရမှ ဆိုသော သူတစ်ယောက်နဲ့ ငြင်းခုန်ပြီးမှ ချက်ရသောဟင်းပဲ ဆိုပါစို့။   တခြား ငါးလည်း သုံးလို့ရပါတယ်။ ကိုယ်တိုင်လည်း ငါးဖယ်ရိုးနဲ့ စမ်းချက်ပြီးပါပြီ။ ကောင်းတာပါပဲ။ ဆယ်လမွန်ကျတော့ ငါးအသားတွေလွှာပြီးရင် ကျန်တဲ့ အရိုးအကောင်လိုက်ကြီးမှာ ကျန်တဲ့ အသားတွေရယ်၊ ဘေးဘက်က ကျန်တဲ့ အရေခွံတို့ အဆီတို့ကို ကြိုက်လို့ ရွေးဖြစ်တဲ့သဘောပါ။ […]


ဇီဇီJanuary 25, 20131min44451
လျှောက်စဉ်းစားဖူးတဲ့ စကားလုံးတွေပါ။ ဆင်တူ၊ ဆက်စပ်အောင် အတတ်နိုင်ဆုံး ရွေးထားပါ၏။ မှားတာရှိရင် ပြင်ပေးသွားပါ။ သိတာရှိရင် ပြောပြသွားပါ။   No money, No honey (ကြားဖူးမှာပါ။ ပိုက်ပိုက်မရှိရင် ပျားရည် ဝယ်လို့ ရဘူးလို့ပဲ မှတ်။ အဟိ)   No pain, No gain  (လူတိုင်းသိပြီးသားပါ။ အနာခံမှ အသာစံရ ဆိုလားဘာလား။)   No food, No mood (Diet plan နဲ့တုန်းက အလုပ်လုပ်ချင်စိတ်မရှိလို့ တွေ့ရှိထားတဲ့ စကား)     :kwi:   No foot, No boot ( Site ထဲ Safety Boot အလေးကြီးနဲ့သွားရလွန်းလို့ တွေးမိတာ။ […]


ဇီဇီJanuary 18, 20131min39046
မနက်စာ စားချိန်မရတဲ့ ရက်တွေဘယ်လောက်ကြာပြီလဲ။ နှစ်နဲ့ချီနေပေါ့။               – ပဲမှုန့်များများ နန်းကြီးသုတ်နဲ့ ကြက်ရိုးဟင်းခါးလေး – ပေါ့စိမ့် လက်ဖက်ရည်လေးနဲ့ အီကြာကွေး – အိုးဘဲဥ၊ ငါးဖယ်၊ ဘူးသီးကြော်ပါတဲ့ မုန့်ဟင်းခါးနဲ့ ကော်ဖီပြင်းပြင်းလေး – ပဲလိပ်၊ မှိုခြောက်၊ ပန်းခြောက် များများနဲ့ချက်ထားတဲ့ ကြာဇံဟင်းခါးနဲ့ ရေနွေးကြမ်းခါးခါးလေး – ကော်ရည်ခေါက်ဆွဲ ပြစ်ပြစ်လေးနဲ့ ငါးပိထောင်းလေး –  ပဲပလာတာ လိပ်ခုတ်နဲ့ နွားနို့ပူပူလေး – သံပုရာသီးလေးညှစ်ထားတဲ့ အုန်းနို့ခေါက်ဆွဲ အီအီလေး – ဆီနီဆီဝါ ငါးဖယ်ပြုတ်နဲ့သုပ်ထားတဲ့ ဂျုံခေါက်ဆွဲ နဲ့ ကြာရိုးဟင်းခါးလေး အဲဒါတွေ….၊ အဲဒါတွေ ကို လမ်းဘေးဆိုင်တွေမှာ အေးအေးဆေးဆေးထိုင်စားချင်နေတယ်။ […]


ဇီဇီJanuary 7, 20131min47633
  ဒီ တစ်ပတ်တော့ ကြက်သားပဲရည်သုပ်လေး စားကြမလား။ ဒီနည်းက သူငယ်ချင်းမလေး တစ်ယောက်ဆီက ရတဲ့ နည်း။ နည်းနည်း လွယ်သလိုရှိပြီး စားကောင်းလို့ မှတ်ထားတာ။ ဒီက ကြက်သားတွေက စားလို့မကောင်းဘူး။ အရသာမရှိဘူးပဲ ပြောရမယ်။ အဲ့ဒီလို ကြက်သားမျိုးကို အရသာရှိအောင်လုပ်နိုင်တဲ့ နည်းဆိုတော့ မဆိုးပါဘူးလေ နော့။ – ကြက်အကောင် သေးသေးတစ်ကောင်ကို နှုတ်သီး၊ ခြေသည်းစတာတွေဖြတ်ပြီး ဆား၊ နနွင်း၊ ငံပြာရည် နဲ့ အကောင်လိုက်ကို နှံ့အောင်နယ်ထားလိုက်။ – ကြိုက်တတ်ရင် ကြက်ရိုးအပိုတောင်းလာတာတို့၊ ကြက်မြစ်ကြက်သည်းတို့ရှိရင် ထည့်လိုက်ပါဦး။ အရသာနယ်ထားဖို့တော့ မမေ့နဲ့ ပေါ့ နော့။ တစ်ကောင်လုံး ကုန်တဲ့ လူအင်အားမရှိရင်တော့ ခုတ်ပြီးသား အသားကို သုံးပေါ့လေ။ – ပြီးရင် အိုး အနေတော်နဲ့ […]


ဇီဇီDecember 28, 20121min44833
– ကိုယ့်ကို မြင်တိုင်း နှစ်နှစ်ကာကာ ပြုံးတဲ့ မျက်နှာတစ်ခုကို သတိမရဘူး။ – ကိုယ့် အတွက်ဆိုထားတဲ့သီချင်း တစ်ပုဒ်တည်းပါတဲ့ စီဒီလေးကို သတိမရဘူး။ – သူများကို ပြန်ပေးပစ်လိုက်တဲ့ မွေးနေ့လက်ဆောင် ဝက်ဝံရုပ်လေး ကို သတိမရဘူး။ – ငါးနှစ်ခြားပြီးမှ သောက်ခဲ့ဖူးတဲ့ လက်ဖျော်ကော်ဖီနှစ်ခွက်ကို သတိမရဘူး။ – ကိုယ့် ကို ပထမဆုံး ချက်ကျွေးတာပါဆိုတဲ့ ထမင်းဝိုင်းလေးကို သတိမရဘူး။ – သုံးနှစ်ခြားပြီး လက်ဆောင်ရတဲ့ အင်္ကျီနှစ်ထည်ကို သတိမရဘူး။ (မတော်တော့ဘူးကိုး။ ခွိ) – ဖုန်းမကိုင်လို့ ကိုယ့်နာမည်တွေ ချည်း ဆက်တိုက်ရိုက်ပို့ဖူးတဲ့ မက်ဆေ့ ၈၄ ခုကိုလည်း သတိမရဘူး။ – ကိုယ့်စကားတွေကြောင့် ကျလာတဲ့ မျက်ရည်တွေကိုလည်း သတိမရဘူး။ – ကျားပေါက်ရဲ့ […]


ဇီဇီDecember 28, 20121min59450
ကိုယ့်ထက် အသက်အများကြီး ငယ်တဲ့သူကို ချစ်ရတာများ အင်မတန် ဒုက္ခရောက်တယ်။   သူပြောနေတုန်း စကားလေးဖြတ်ပြောမိရင် မျက်စောင်းက အရင်။   နဲနဲလေးများ စိတ်တိုင်းမကျဘူးဆို မျက်နှာထားက တစ်မျိုး။   သူ့ပြောတာကို လက်သင့်မခံနိုင်ဘူးပြောမိတာနဲ့ စကားမပြောတော့ဘူး။   အလုပ်တကယ်ရှုပ်လို့ မအားဘူးပြောလိုက်မိတာနဲ့ မခေါ်တော့ဘူးရယ်။   မက်ဆေ့ပြန်တာများ နောက်ကျမိလို့ကတော့ ဘုတောတဲ့ စကားလုံးတွေ အဆက်မပြတ်ပစ်လွှတ်ပြီသာမှတ်။   ဖုန်းတစ်ခါလောက် မကိုင်မိတာနဲ့ စွပ်စွဲလို့မပြီးဘူး။   သူ့အဝတ်အစားနဲ့သူ့ကို မလိုက်ဘူးပြောမိရင် “မုန်းတယ်” ဆိုတဲ့စကား အခါ တစ်ရာလောက်ပြောတယ်။   သူသွားချင်တဲ့လမ်းကို တားမိရင် ကိုယ့် သွားလာခွင့် တစ်ပတ်လောက်အပိတ်ခံရတယ်။   သူ့ သူငယ်ချင်းတွေကို မကောင်းပြောမိရင် ကိုယ့်သူငယ်ချင်းတွေရှေ့ ကိုယ့်အရှက်ကွဲအောင် ကြံစည်ရော။   […]


ဇီဇီDecember 27, 20121min66531
အမှန်တော့ ဒီပို့(စ) ကို ၂၅ ရက်နေ့ကတည်းက တင်မလို့ပဲ။ ထုံးစံအတိုင်း စာရေးရမှာ ပျင်းနေတာ။ ကြားရက်ပိတ်တဲ့ ရုံးပိတ်ရက်လေးမှာ စားချင်တဲ့ အစားအသောက်ကို အပျင်းနည်းနဲ့ လုပ်စားဖြစ်တာကို ရေးချင်လို့။ နည်းမှန်လမ်းမှန်တော့ မဟုတ်ဘူး။ အဲဒီတော့ နည်းမှန်လမ်းမှန် ချက်ပြုတ်တတ်သော ညီမလေးတို့ မမတို့ သည်းခံကြပါ။ ၂၅ရက်မနက်က အမှန် ဈေးဝယ်ရမဲ့နေ့။ မန်းလေးက ပါလာတဲ့ ရိက္ခာကလည်းကုန်ခါနီးမို့။ နိုးတဲ့အချိန် ဈေးမသွားချင်တဲ့အပြင် မန်းလေး ဂျုံ ခေါက်ဆွဲသုပ်လေးကလည်း စားချင်လာရော။ ဒီတော့ ကြံရဖန်ရပြီ။ နောက်ဆုံးလက်ကျန် ခေါက်ဆွဲခြောက်လေး ရေစိမ်ထားတုန်း ကြက်ဥလေးပြုတ်၊ ဝက်သားလေးပြုတ်ပြီး ပါးပါးလှီးထားလိုက်တယ်။ ဆီချက်က တော့ အလွယ်နည်းပဲ။ မန်းလေးက ဝယ်လာတဲ့ ကြက်သွန်ဖြူကြော်ကို ပန်းကန်လုံးထဲ ထည့်။ ဆီကို ၂မိနစ်လောက် မိုက်ခရိုဝေ့(ဖ) […]


ဇီဇီNovember 23, 20121min39542
ငါ့စိတ်ကို နားအလည်နိုင်ဆုံး လူတစ်ယောက်အနေနဲ့ လွမ်းတယ်။ ဒါပေမဲ့ ငါ့ကို နားမလည်ချင်ယောင်ဆောင်နေနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။   ငါပြောသမျှ ဘာကိုဆိုလိုတယ်ဆိုတာ အတိအကျ အသိနိုင်ဆုံး လူတစ်ယောက်အနေနဲ့ လွမ်းတယ်။ ဒါပေမဲ့ ငါပြောသမျှကို မသိချင်ယောင်ဆောင်နေနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။   ငါလိုချင်တဲ့ ဂရုစိုက်မှုမျိုးကို ပေးနိုင်တဲ့လူတစ်ယောက်အနေနဲ့ လွမ်းတယ်။ ဒါပေမဲ့ ငါလိုချင်တဲ့ဂရုစိုက်မှုတွေကို မပေးပဲနေနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။   ငါ့ရဲ့ စေတနာတွေကိုု မြင်နိုင်တဲ့ လူတစ်ယောက်အနေနဲ့ လွမ်းတယ်။ ဒါပေမဲ့ အဲဒီ စေတနာတွေကို ဝေဒနာဖြစ်အောင် လှစ်လျူရှုနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း မုန်းတယ်။   ငါ့ရဲ့ မပြောင်းလဲနိုင်တဲ့ စွဲလမ်းမှုတွေကို သဘောပေါက်နိုင်တဲ့ လူတစ်ယောက်အနေနဲ့ လွမ်းတယ်။ ဒါပေမဲ့ လိုက်မမှီအောင် ပြောင်းလဲသွားနိုင်တဲ့ လူတစ်ယောက်အနေနဲ့လည်း […]


ဇီဇီNovember 20, 20121min41146
မိုးမိုး သီချင်းမဟုတ်ပါ။ ကိုယ်ဘယ်လောက် အလုပ်ရှုပ်ကြောင်း ကြွားမလို့။ အမှန်တော့ အရှုပ်လုပ်သူ ဖြစ်နေတာရယ်။    :harr: စဉ်းစားကြည့်ကြပါလေ။ မနက်ဆို မျက်လုံးနှစ်လုံးဖွင့်ပြီဆိုကတည်းက အနားက ဖုန်းလေးလှမ်းဆွဲပြီး Missed Call တွေ၊ မက်ဆေ့တွေစစ်ကြည့်ရ၊ အချိန်မတူတဲ့နိုင်ငံက မိတ်ဆွေများနဲ့ ကစားထားတဲ့ ဂိမ်း တွေ ပြန်ဆော့ရနဲ့ နေ့တစ်နေ့ကို စရတာ။ အိမ်ကနေ ရုံးကို သွားတဲ့ လမ်းမှာလည်း  Viber တို့၊ Line တို့၊ Whatapps တို့၊ Tango တို့က ကိစ္စတွေကလည်းရှင်းရသေး။  ရုံးရောက်လို့ ကွန်ပြူတာလေးဖွင့်လိုက်တာနဲ့ ရုံး အီးမေး က ကိုယ့်တာဝန်။  ပါစင်နယ် အီးမေးတွေ ကလည်း ကိုယ်ပဲစစ်ရတာလေ။  ဖေ့ဘုတ် ၂ ခုနဲ့ကလည်း ချာချာလည်နေတာ။ နောက်တစ်ခုမှာက ဖရန့် […]