ဇီဇီNovember 15, 20121min32343
 ဒီပို့(စ) ကတော့ ဆားချက်တဲ့ ပို့(စ) လို့ပဲပြောရမလား။  ဖေ့ဘုတ်က  “ချမ်းမြေ့ရိပ်ငြိမ်” အဖွဲ့လေး အတွက်ရေးခဲ့တာကို တင်ပေးပါတယ်။ တီချယ်နဲ့ ကိုယ့်ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရမလားတော့ မသိပါ။ တွေ့ဖူးသမျှ ဆရာ/မ တွေထဲ စေတနာအရ၊ ပညာအရ၊ စိတ်ဓာတ်အရပါ အလေးစားဆုံး ဆရာမဖြစ်ပါ၏။ နောက်ပိုင်းကိုယ်ကို ဘာသာရေးအရပါ လမ်းညွှန်နိုင်သူ အနေနဲ့ပါ ရိုသေရပါတယ်။ တီချယ်ကို လွမ်းလို့ရော တင်လိုက်ပါတယ်။    ချမ်းမြေ့ရိပ်ငြိမ် သင်တန်းများ တီချယ်ရဲ့ အားပေးမှုတွေနဲ့ စာတွေရေးတင်ဖို့ စိတ်အားတွေထက်သန်လာပေမဲ့ ရေးစရာ အကြောင်းအရာကလည်း စဉ်းစားရပြီလေ။ အစားအသောက်ပို့(စ) တွေချည်းပဲလည်း ရေးလို့မဖြစ်သေးဘူး။ (  :hee:  ဝါသနာ ခဏ နားထားမှ)။ ခံစားချက်လေးတွေ ရှယ်လို့ရအောင် ဒီ ချမ်းမြေ့ရိပ်ငြိမ် က […]


ဇီဇီNovember 2, 20124min44259
သူငယ်ချင်းတစ်ယောက်က မျှလို့  ၁၂ရာသီဖွားလေးတွေရဲ့ အကျင့်ကို ကာတွန်းလေးတွေနဲ့ပြထားတဲ့ ပုံလေးတွေရလိုက်တယ်။ ယုံတာမယုံတာ အပထား၊ မှန်တာမမှန်တာ အပထား ဘာသာပြန်ထားတာ ချစ်စရာလေးတွေမို့ တင်လိုက်ပါတယ်။ ကျနော့ဆီမှာ အများကြီးပေမဲ့ ဖတ်လို့ကောင်းတာလေးတွေပဲ တင်လိုက်တယ်နော်။ အပျော် ပေါ့။ ကျနော်က ကန်ရာသီဖွားပါ။     :harr:    


ဇီဇီOctober 31, 20121min39531
  တိုတို ထွာထွာ၊ ပေါက်တတ်ကရ   ဘာကြီးတုန်းလို့မထင်လိုက်ကြပါနဲ့ဗျို့။ ရေးချင်တာတွေက များပြီး ဘာရေးရမှန်းမသိလို့ စိတ်ထဲရှိတာတွေ ရေးလိုက်တာမို့ပါ။ အစားအသောက်၊ လှပရေးရာ၊ ချစ်မှုချစ်ရေး စသည်ဖြင့် ရေးပါ့မယ်။ လိုရာယူကြပါ။ ဖတ်ထား၊ မှတ်ထားတာတွေထဲက ကိုယ်တွေ့တွေပဲ ပြောမှာနော်။ ၁) ဘီယာ တစ်လုံး လိုရာသုံး မျက်စိပြူးမသွားကြပါနဲ့။ သူများတွေ သီလယူနေတဲ့ ကာလမှာ ဘီယာသောက်ဖို့ ဆွဲဆောင်နေခြင်းမဟုတ်ပါ။ အသုံးချပုံကိုသာ ရေးလိုခြင်းဖြစ်၏။ ဘဲနဲ့ပေါင်းပါ။ (အပျိုကြီးများ တခြား အဓိပ္ပာယ် မတွေးစေလိုပါ။) ဘဲပေါင်း ပေါင်းရာတွင် ရေ အစား ဘီယာသုံးရန် ဆိုလိုခြင်းပါ။ ဘဲတစ်ကောင်ကို ဘီယာတစ်ဘူးထည့်ပါ။ ကောင်းကျိုးတွေကတော့ အနူးမြန်၏။ ပိုမွှေး၏။ အရသာပိုကောင်း၏။ တော်ရုံ အစားအသောက် စိတ်မဝင်စားသော ကိုကို များပင်လျှင် […]


ဇီဇီOctober 25, 20121min38042
ညဘက် တရေးနိုးပြီး ချက်ချင်း အိပ်မပျော်တော့တာ၊ ညဦးပိုင်း ကော်ဖီ၊ လက်ဖက်ရည် မသောက်ရဲတော့တာ၊ အိပ်ခါနီးဆို ကိုယ့်အကြိုက် လက်ဖက်သုပ်လေးကို မစားရဲတော့တာ၊ အရောင်တောက်တောက်၊ ထင်းထင်းတွေပဲ ရွေးချယ်မိနေတာ၊ တစ်ပတ် Diet  နဲ့ ဝိတ် ၁ ကေဂျီကျဖို့ ခဲယဉ်းသလောက်၊ ဒင်နာတစ်ပွဲနဲ့ ၃ ကေဂျီလောက် တက်သွားတတ်တာ၊ အုန်းနို့တို့ ပဲငပိတို့စားပြီးရင် ချက်ချင်းဆိုသလို သွေးတိုး၊ အကြောတက်ဖြစ်တတ်တာ၊ နဖူးပြောင်မှာစိုးရိမ်စိတ်နဲ့ ဆံပင်လှန်မဖီးရဲတော့တာ၊ သတိရတိုင်း ကိုယ့်မျက်နှာ၊ မျက်လုံးထောင့်ကို ဘာအရေးအကြောင်းပေါ်လာပြီတုန်းစမ်းမိတာ၊ ဒင်နာတို့ ပါတီတို့ဆို အရင်ကလို တနန့်နန့် သွားဖို့ စိတ်မပါတော့တာ၊ လမ်းမှာ တွေ့တဲ့ ကလေးမလေးတွေ “ဟီးဟီး ဟားဟား” လုပ်နေတာမြင်ရင် အမြင်ကပ်တတ်လာတာ၊ ဒါတွေကို ထောက်ချင့်ကြည့်လိုက်တော့………. ဟင်!  ငါ အသက်ကြီးလာပါပကောလား……….  


ဇီဇီOctober 19, 20121min80392
ဟင်? ခေါင်းစဉ်မမှားပါဘူးဗျာ။ လမ်းကိုညွှန်မှာမဟုတ်ပဲ မန်းလေးမှာရှိတဲ့ စားသောက်ဆိုင်တွေကိုညွှန်မှာပါ။ သိသလောက်လမ်းတွေကိုလည်း ပြောပြသွားမှာဖြစ်ပါတယ်။   ဗျာ!!! ကြော်ငြာခ?? မရပါဘူး။ ကြော်ငြာခရလို့တော့မဟုတ်ပါဘူး။ ကိုယ့်လို တစ်မြို့လုံးလည်ပြီး ဆိုင်တကာပေါက်စားကြည့်မဲ့သူတွေ၊ မန်းလေးကိုရောက်လို့ ဘယ်နားဘာကောင်းသလဲ၊ ဘယ်သွားစားရမလည်း မသိတဲ့သူတွေအတွက် ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်။ မန်းလေးမှာရှိစဉ်အခါကရော၊ တစ်နှစ်တစ်ခေါက်ပြန်ဖြစ်တဲ့ အတွေ့အကြုံပေါ်မှာအခြေခံပြီး ရေးမှာဖြစ်တဲ့အတွက် အချို့သောဆိုင်လေးတွေကိုတော့ သူငယ်ချင်းမိတ်ဆွေများရဲ့ အကူအညီယူရပါတယ်ဗျာ။ ဆိုင်အကုန်လုံးလည်းမရေးပါဘူး။ စားဖူး၊ကြိုက်ဖူးမှပဲညွှန်ပါမယ်။ ဥရောပစာကိုတော့ ကိုယ်တိုင်လည်းမကြိုက်တတ်လို့ မညွှန်တော့ပါဘူးဗျာ။ မှန်ခန်းမထဲမှာထိုင်ရတာထက် လမ်းဘေးမှာငေးရင်း ဆိုင်ထိုင်ရတာကို ပိုနှစ်သက်ပါတယ်။ ကဲ စပါပြီ။ မန်းလေးနာမည်ကြီး နန်းကြီးသုပ် (သို့) မုန့်တီသုပ်ကစညွှန်ပါ့မယ်။ မုန့်ဖတ်အကြီးအသေးပဲ ကွာသွားတာပါ။ မုန့်လုပ်နည်းကတော့ တူတူလောက်ပါပဲ။ မန်းလေးစာစစ်စစ်ဖြစ်သောကြောင့် ကြိုက်ရာလက်ဖက်ရည်ဆိုင်(သို့)တွေ့ရာမုန့်တီဆိုင်ဝင်သွားလိုက်ပါ။ ကောင်းသည်ဟုပြော၍ရသော လက်ရာများသာဖြစ်၏။ အခြားနယ်မှလာသောသူများကို အနည်းငယ်ကြွားလုံးလေးများနဲ့ခေါ်ကျွေးလိုပါက ၃၁ လမ်း၊ ၈၄ […]


ဇီဇီOctober 16, 20121min65158
ဒီရွာလေးထဲကို ကိုယ့် တီချယ်ကြီးရဲ့ ဖိတ်ခေါ်မှုနဲ့မနေ့ကပဲ ရောက်တယ်။ အားလုံးဆီကို အကြမ်းဖျင်းလည်ပတ်ပြီး လိုက်ဖတ်လိုက်တာ၊ ရွာထဲက လူတွေအတော် စာရေးကောင်းကြတာပဲကိုး။ ကိုယ့်မှာက ရေးအားက သိပ်မကောင်း၊ ရေးပြီးသား အဟောင်းထဲက မွှေရအောင်ကလည်း လောက်လောက်လားလားမရှိ။ ကိုယ်တိုင်က မန္တလေးကို လွမ်းမှ လွမ်းချင်းတွေ ထွက်လာတာ။ လွမ်းရေးထက် ဝမ်းရေးခက်လေတော့ နေ့တိုင်းလည်း မလွမ်းနိုင်ပါဘူး။ (အဲဒါ တစ်နေ့တစ်ပုဒ် မတင်နိုင်ကြောင်း ကြိုကာထားခြင်းဖြစ်၏။) ဆိုတော့ကာ မနေ့က တီချယ်နုတင်ခိုင်းထားတဲ့ ဟင်းစပ် လေးတွေပဲတင်ပါမယ်။ မန်းလေး အိမ်ကို လွမ်းတုန်းက ဖေ့ဘုတ်မှာ တင်ထားတဲ့ ပို့(စ) ကို နည်းနည်းမွန်းမံထားတာပါ။ အစားအသောက် ဝါသနာ မပါသူတွေတော့ သည်းခံကြပါ။ ဟင်းစပ် (၁၃ ဂျူလိုင်၊ ၂၀၁၂) ဗိုက်ဆာတယ်။ ဗိုက်ဆာတော့ အစားအသောက်တွေ […]