ဇီဇီJanuary 5, 20161min25214
  မွေးမေလေ့ သည် ကိုယ်တိုင်လည်း လှသည်။ သူများကိုလည်း လှစေချင်သည်။ သူမ၏ သားသမီးဖြစ်သော ကေဇီ ကို မူကား ဆိုဖွယ်မရှိ။ အရိပ် တကြည့်ကြည့်ရှိ၏။ ချစ်လွန်းလှလို့ထက် ဘယ်အချိန် ဘယ်လို ပုံပျက်ပန်းပျက်နှင့် သူ၏ မိတ်ဆွေများရှေ့မှောက် အရောက်လာမည်ကို ကြောက်ရွံ့လှသောကြောင့်ဖြစ်၏။ :k: ကေဇီသည်ကား ယောက်ကျားမိန်း တစ်ပိုင်း မိန်းမကြမ်း တစ်ပိုင်းမို့ အလှပြင်ဖို့ သိပ်မစိတ်ဝင်စား၊ စားခြင်းနှင့် အိပ်ခြင်းတွင်သာမွေ့လျော်ပေသည်။ ကိုယ်တိုင်က မလှ၍ မလှဘူး ပြောခံရခြင်း ၊ ဝတယ် အပြောခံရခြင်းတွင် သိပ် မခံစားတတ်။ ချိုးချိုးဖဲ့ဖဲ့ ပြောလာလျှင်ကား ပြန်လည် ဆဲဆိုတတ်ခြင်းကြောင့် ဘယ်သူဘာပြောပြော ထင်ရာ စားသော ကေဇီဖြစ်၏။ :sar: မွေးမေ့လေ့ကား မိန်းမ တန်မဲ့ ကေဇီမက်နှာသည် […]


ဇီဇီJanuary 4, 20162min30114
                          အဟိ။ ဒီတစ်ပတ်တော့ မသင်ဇာမြင့် က ကူချက်လို့ ဆိုင်ဖွင့်ဖြစ်သွားတယ်။ အမက မန်းလေးမှာလည်း စားသောက်ဆိုင်ဖွင့်ထားတာပါ။ အိမ်မှာလည်း သူကိုယ်တိုင်ပဲချက်တာမို့ အားပေးကြပါအူးးး ကွကိုယ် ဟင်းစပ်လေးတွေ တွဲ ပြီး မှာစားပါခညာ။ ဒီထဲက ဟင်းတွေကို ဟင်းစပ်လှည့်လည်ပြီး ရ ရက်စာစပ်ပေးနိုင်ရင် Best comment  ပေးမယ်။ ငိငိ   :mrgreenn:


ဇီဇီDecember 28, 20153min26618
ဒီ တနင်္လာတော့ ဟင်းစပ်တွေ မရှာပဲ ဝက်ခေါက်ကင်ရမလားစဉ်းစားပြီး တင်လိုက်တယ်။ ရထားတဲ့ ၂ နည်းကို ဖက်စပ်ပြီး ကိုယ်တိုင်ကင်ပြီးမှ တင်တာမို့ စိတ်ချလက်ချ စားလို့ရတယ်လို့။ ဒီမှာတော့ Crispy Roasted Pork လို့ ခေါ်တယ်။ ရန်ကုန်မှာ အခေါက်ကင်လို့ခေါ်ပြီး မန်းလေး အခေါ်က နံကင်လို့ ခေါ်ပါတယ်။ ဟိ။  :mrgreenn:   နည်း ၂ နည်းကို အရင်ပြောရရင် …….. ပထမနည်းက မွဘုတ်က ပေးတာပါ။ သူ့ရဲ့ မလေးရှားက မြန်မာစာဖိုမှူးမိတ်ဆွေရဲ့ နည်းပါ။ သူလည်း လက်တွေ့ကင်ပြီးပါပြီ။ ပထမနည်း ဝက်သုံးထပ်သားဗိုက်သားကောင်းကောင်း ရှာဝယ်ပါ ။လေးငါးယောက်စာဆိုရင် အလျား တစ်ပေ၊အနံခြောက်လက်မ လောက်ဆိုရင်ရပြီ။ ပထမဆုံး ဝက်သားအပေါ်အောက်ကို အဝတ်ခြောက်နဲ့စိုထိုင်းမှူ့မရှိအောင်အရင်သုပ်ပါ ။ပြီးရင် ဗန်းထဲကိုရတေစ်ဝက်ကျော်ထည့်၊သံဇကာခံပြီး […]


ဇီဇီDecember 21, 20153min33020
ခေါင်းစဉ်မြင်တော့ ကျော်တို့ သမဒ အဟောင်းကြီးကို သတိယသွားကြသလားမသိ။ အဟေးဟေးဟေးးး :k:   ဒီ ရွာရောက်တော့ သူငယ်ချင်း အသစ်တွေ ရလာတယ်။ ဟော ….ထမင်းဆိုင်ဖွင့်တော့ အပေါင်းအသင်းပိုများလာတယ်။ ရွာထဲမှာ စာပဲဖတ်တဲ့ စာဖတ်ပရိတ်သတ် ၂ ယောက် … ကျနော် ဖွဘုတ်ကို ရှာပြီး လာ အက်နိုင်တာ ၂ ယောက် ရှိပါတယ်။ မွမိုးခိုင်နဲ့ မေသူဇော်ပါ။ ထမင်းဆိုင် ကို စဖွင့်ကတည်း က အားပေးလာတဲ့ အစားချစ်သူတွေပါ။ ဒီ တစ်ပတ်တော့ မေသူဇော် ရဲ့ လက်ရာ ရှင်းရှင်း ဓာတ်ပုံတွေပါ မြင်မိလို့ ထမင်းဆိုင် ပြန်ဖွင့်ချင်စိတ်ပေါက်သွားတာ ဓာတ်ပုံရောချက်နည်းတွေရော လွယ်ကူရိုးရှင်းသပ်ရပ်တာမို့  ၉ ရက်စာ “မ” လာပါတယ်။ အားပေးကြပါဦးးး […]


ဇီဇီDecember 15, 20158min54619
“Obsessive-Compulsive Disorder (OCD)” ဒီ အသုံးအနှုန်းကို စ သိတာ တီချယ်ကြီး ဆီမှာပါ။ ဒါပေမဲ့ အဲဒီတုန်းက နားမလည် သဘောမပေါက်တာမို့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပဲ။ မင်းသားကြီးဆီ မှာ အလုပ်ဝင်တော့ HR က ဖီလစ်ပီနို။ သူ အလုပ်လုပ်တာ အရမ်းစံနစ်ကျတယ်။ စားပွဲထားပုံ သိုပုံက အစ စံနစ်ကျလွန်းပြီး သူများတွေက အဲဒီ အတိုင်းမဖြစ်ရင် သူ့မှာ အတော် စိတ်အနှောက်အရှက်ဖြစ်ပြီး တစ်ဗျစ်တောက်တောက်ရယ်။ ခင်ဇော် နဲ့ တွေ့ပလေ။ ရှင်းချင်ရင်လည်း ရှင်းလင်းနေပြီး ရှုပ်နေရင်လည်း ဘာမှ မဖြစ်တဲ့ အမျိုးး.. :mrgreenn: ဘာ မဆို Easy-Going တို့၊ Carrying-On တို့ နဲ့ ဖြစ်သလိုပဲ အလုပ်ပြီး ရင် ပြီးတာပဲ […]


ဇီဇီDecember 4, 20152min26212
ပန်းကောင်း တစ်ပွင့် – Rose   ဘား မှ မဟု ပါဘု။ ပို့(စ) သာတင်ချင်တာ ဘားမှ ရေးပြီးသားမရှိတာနဲ့ လက်ထဲရှိတဲ့ နှင်းဆီ လက်ကျန်ပုံတွေ လာတင်တာပါ။ အသက်ကြီးလို့ (အဟွတ်၊ အခုကလည်း ငယ်တော့တာမဟုတ် :mrgreenn:) ပိုင်ဆိုင်ချင်တဲ့ အထဲ နှင်းဆီခြံ နဲ့ ဥယျာဉ်မှူးချောချောလေး (ဟယ် နာ ဘာဒွေပြောနေဒါဘာလိမ့် :mrgreenn:) ပါပါတယ်။ ခက်တာကလည်း ကိုယ့်လက်နဲ့ထိတဲ့ ပန်း (အဲလေ) အပင်တွေက သေလေ့ရှိတော့ ဓာတ်ပုံလေးတွေစုဆောင်းရင်းပဲ စိတ်ဖြေရတော့တာပေါ့လေ။ အဟေ့ဟေ့။                  


ဇီဇီNovember 26, 20152min41328
တစ်ပတ်မှာ စနေ ဆိုရင်~~~ တွေ့ကြတာ နေ့တစ်ဝက်စာ မေ့မရပါ~~~~ မောင်နဲ့ အတူသွားလာ~~~~ တနင်္ဂနွေ ဆိုရင် မောင်ရယ် ဘုရားစေ့အောင် ဖူးကြမယ် ~~~ တောင်းစုချွေ ဘဝတိုင်း စုံရအောင်~~~~~ တနင်္လာ၊ အင်္ဂါမှာဆို အတွဲလေးနဲ့ မြို့နှံ့အောင် သွားပြီး ရင် ဘိုင်စကုတ် ဝင်ကြည့်မယ်~~~ ဗုဒ္ဓဟူးမှာ တစ်ခါ ~~ ကြာသပတေးနေ့ရယ် အပြေးသွားမယ်~~~ အင်းယားမှာ အတွေ့ဆုံး ဒီသောကြာ~~~ ~~~~~~~~ ~~~~~~~~~~~~~ အလဲ့လဲ့။ စာသားတွေ မှန်မမှန်တော့ မသိ။ ပြက္ခဒိန်တွေ ရပြီမို့ ခင်ဇော် တစ်ကောင် ပျော်နေတယ်လေ။ သီချင်း တစ်အေးအေး လုပ်လို့မှ မဆုံးခင် ချစ်သော ဆက်ဆက် တစ်ယောက် အပူစ ပေးပါပြီ။ မမဂျီးးး ပြက္ခဒိန် […]


ဇီဇီNovember 25, 20153min63240
စာတော့ ရေးချင်နေတယ်။ ဘာရေးရမလဲ လည်း ခေါင်းထဲ ဘာမှ မရှိဘူးးး ရုပ်ရှင်ကိုက်နေတယ်လေ။ Sherlock (British drama series 2010-2015) ရှားလော့ဟုမ်း ဇာတ်လမ်းတွဲ စွဲ နေတာ။ စီဇင် ၃ ခု။ တစ်ခု ၃ ကား နဲ့ စုစုပေါင်း ၉ ကားကို ၂ ခါပြန်ကြည့်တယ်။ :k:   သူ့ အကြောင်းပဲ ပြောကြတာပေါ့နော့။   . . . ကိုယ် က မင်းသိင်္ခရဲ့ ဆားပုလင်း နှင်းမောင်ခေတ်မှာ လူဖြစ်တာဆိုတော့ ဦးစံရှားကို ပျင်းတယ်။ ဖတ်ရမှာကို။ ရှားလော့ဟုမ်း မူရင်းကို ဘာသာပြန်ကိုလည်း ဖတ်ပြီး စိတ်ထဲမရောက်။ Robert Downey, Jr.(Iron […]


ဇီဇီNovember 11, 20151min27034
သည်းခံ ခင်ဇော် သည်းခံ ???? – မတရားတာတွေလည်း သည်းခံ – မှားတာတွေ လာပြောလည်း သည်းခံ – ဉာဏ်နည်းနည်း ကြိမ်းဝါးမှုတွေလည်း သည်းခံ – ဆိုက်ဝါးတွေလာအာနေတာလည်း သည်းခံ – မဖြစ်နိုင်တာအော်နေလည်း သည်းခံ – သတင်း အမှားတွေ ရှယ်နေကြတာကိုလည်း သည်းခံ – သည်းခံခြင်းနဲ့ အသားမကျသေးတာကို သည်းခံ – ချစ်လို့ သည်းခံ – ကြောက်လို့ သည်းခံ – ခံလက်စနဲ့ သည်းခံ အနည်းဆုံး ၃ လ – အများဆုံး ၆ လ မှာ.. ကိုယ်တွေ သည်းမခံနိုင်ရင် လူထုခေါင်းဆောင် ၂ရ နှစ် လုံးလုံး သည်းခံခဲ့တာ ရေစုန်မျောတာမျိုးး […]


ဇီဇီNovember 10, 20151min61328
  ဘဝမှာ အသက် ၂၅ ကနေ ခု ၃၅ အထိ ၁ဝ နှစ် အတွင်း အပျော်ဆုံး အချိန်ကာလ၊ စိတ်အလှုပ်ရှားဆုံး အချိန်ကာလပါပဲ။ :mrgreenn:   ဒီ အပြောင်းအလဲ အတွက် ဘာတွေကို ကျေးဇူးတင်ရမလဲ ဘယ်သူတွေကို ကျေးဇူးတင်ရမလဲ စဉ်းစားကြည့်လိုက်မိတော့.. ၁) ၁၉၈၈ ကနေ ၂၀၁၅ အထိ အသက်အန္တရယ် အသွယ်သွယ်ကြားက မလွဲမဖောက်ပြန်တဲ့စိတ်နဲ့ ကျနော်တို့ကို စေတနာထားခဲ့တဲ့ DASSK ၂)  အခုလို ရေးခွင့်ပြောခွင့်ရ လွတ်လပ်မှုတွေကို  အနုနည်းရော အကြမ်းနည်းရောနဲ့ အသက်နဲ့ ရင်းပြီးးးတိုက်ယူပေးခဲ့တဲ့ အကျဉ်းစံ အကိုအမတွေ… ၃) ၁၉၈၈ ကနေ ၂၀၁၅ အထိ ဘယ်လောက်နိမ့်ကျတဲ့ အခြေအနေမှာဖြစ်ဖြစ် ဒီချုပ်ကို ယုံယုံကြည်ကြည်လက်တွဲခဲ့တဲ့ […]


ဇီဇီNovember 9, 20152min600621
              ငင့်.. အဘ တို့…!!! ဟိုးးရှေးးရှေးးတုန်းးက ကလေးးကွက် အဟောင်းးတွေ ပြန် သုံးး တုန်းးလားးးး??? ?? ဒီမှာ က အထင်တကြီးးနဲ့ အသစ်အဆန်းး လှည့်ကွက်တွေ မျှော်နေတာ… ??? ဒီ အခြေအနေ ရောက်မှတော့ ပြည်သူတွေ တိုင်းရင်းသားတွေ ပြည်နယ်သားတွေ ကို အချဉ် လို့ မှတ်ပြီးး မဖမ်းးစေလို…!! ခိခိခိ     —– . . Please share this message. Suspected irregularities about early voting results are happening right now in […]


ဇီဇီNovember 2, 20152min21112
  Swing Vote (2008) တဲ့။ ၂၀၀၈ က ထွက်တဲ့ ကားလေးး….. ကေဗင် ကော့စနာ ကားကို ဘယ်လိုလုပ် မျက်စိမှောက်ပြီး မကြည့်လိုက်ရလဲ မသိ။ အဲဒါ စနေနေ့ညက ကြည့်ဖြစ်လိုက်တယ်။   ဇာတ်လမ်း အရ အမေက ပစ်သွားလို့ အဖေနဲ့ သမီး ၂ ယောက်ပေါင်း ဘဝတစ်ခု တည်ထောင်နေတာပါ။ သမီး ဖြစ်သူက ဉာဏ်ရည်မြင့်၊ ခံယူချက်မြင့်သလောက်… အဖေက ပေါ့ပေါ့နေပေါ့ပေါ့စားး နေတာက နယ်စပ်ဖက်မှာ။ အစိုးရလူကြီးမင်းတွေကတောင် ဘယ်နေရာမှန်း ရုတ်တရက်မသိလို့ မြေပုံပြခိုင်းရတဲ့ နေရာမျိုး။ မက်စီကန် တွေ လာလာ အလုပ်လုပ်လို့ သူတို့ နေရာပျောက်ပါတယ်ဆိုပြီး မကျေနပ်တဲ့ သူတွေ များတဲ့ နေရာလည်းဖြစ်သေးရဲ့။   . […]


ဇီဇီNovember 2, 20151min50423
ဒီ ရက်ပိုင်း ကွကိုယ်တော့ တည်ငြိမ်နေတယ်လို့ထင်တာပဲ။ ဟိ.။ :mrgreenn: ဒါမဲ့ ဘေးက ဝိုင်းပြောကြတာက မြင်ရတာဒေါင်းတောက်နေတာပဲ တဲ့။ တောက်ခါမှ တောက်ရော။ ဒေါင်းတောက်တယ် ဆိုမှတော့ ဘယ်လောက် တောက်တောက်လွှတ်ထားလိုက်တော့တယ်။ :k: ဘာရယ်မဟုတ်။ ညပိုင်းဆို ၃ နာရီထိ အိပ်မပျော်ဘူးးး မတရားသဖြင့် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲလို့ တွေးမိရင် ဒေါသပါလာပြီး ပိုဆိုးတယ်။ အဲဒါကိုမှ အသာစီးက မတရားယူထားတဲ့ အဘတွေကို မပြောရဲပဲ အမေစုကိုချည်း ဝေဖန်တဲ့ သူမြင်ရင် အစိမ်းသော အကျက်သော ကလော်ချင်နေတာခက်တယ်။ 👿 အာ့ကြောင့် စိတ်ကို လျှော့… နိုင်ငံရေးမတင်ဘူး စိတ်တင်းပြီး တခြား ပေါက်ကရတွေ လျှောက်တင်တယ်။ ဒါမဲ့လည်း ဂနာမငြိမ် အမာစိန်ဖြစ်နေတာက သိသာတုန်းပဲ။ ထိုက်သင့်သလောက် ပညာ […]