ဇီဇီSeptember 8, 20151min70929
ဘယ်သူမှ ကိုယ့်ကို အဲလိုမပြေါပါဘူးးး ဟီးဟီးးး ကိုယ် စားချင်တာ ကိုယ်ပြေါတာ။ :mrgreenn: ဟိုးနေ့ညက မြန်မာ နံပြါး ရလာလို ့ ခဲထားပြီး မနက်ကျ လက်ဖက်ရည်လေးနဲ့ ပဲပြုတ်လေး နွှေးပြီး ဆီ နဲ့ စား နဲ့ တွဲစားလိုက်တယ်။ မစားရတာ ကြာလို့ လားမသိ။ ကောင်းချက်။ :mrgreenn:                


ဇီဇီSeptember 7, 20154min95923
ကျနော် တင်တဲ့ ပုံစံတွေ ခုလောက် ဆို နည်းနည်း သဘောပေါက်လောက်မှာပါနော့။ အမျိုးတူရာ ဆင်ရာ အုပ်စု တူရာတွေ ရွေးစုပြီး တင်တတ်တာမို့ ဒီ တစ်ပတ်လည်း ခေါက်ဆွဲတွေ အများကြီးရှိတဲ့ အထဲကမှ ဂျုံခေါက်ဆွဲနဲ့ အုန်းနို့ဟင်းရည်၊ ပဲနို့ ဟင်းရည်၊ နို့စိမ်းဟင်းရည် စတာတို့နဲ့ ချက်တဲ့ ခေါက်ဆွဲ အုပ်စုလေးကို စုထားပါတယ်။ သိသလောက်လေးတွေ ဝင်ပြေါပေးကြဦးး ~~~~~~~~~~~~~~~~~~~ . . . ထားဝယ် ခေါက်ဆွဲ (ဦးကျောက်ခဲ ချက်သည်။ နှင်းမမ ဓာတ်ပုံပေးသည်)       အနှီ ထားဝယ်ခေါက်ဆွဲရဲ့ ရာဇဝင်က ဂလိုဗျ… ကျောက်စ်ရဲ့ ဘူမိကျောင်းဖော် ငယ်သူငယ်ချင်းက ထားဝယ်သား ၊ ၁၀-တန်းရောက်မှ ရန်ကုန်ကို ပြောင်းလာတာပါ […]


ဇီဇီSeptember 3, 20151min49424
ကြော်ငြါ ရမယ် …. ကြော်ငြါမရဘူးး အဲလေ မကြော်ငြါရဘူးး ဆို တဲ့ စာသားလေး ဒီ နေ့ တစ်နေကုန်ရွတ်နေရတာ။။ :mrgreenn: . . . ဘာရှိမတုန်းးး ဟို ကလင်ဒါ အဖွဲ့ ပေါ့။ ကြော်ငြါ အတွက် ပို့(စ) တင်ခိုင်းတာ ကို ပြေးနေရတာ ၂ ရက်ရှိပြီ။ ဟိဟိ။ . . . ခုတော့  ဈေးအကြမ်းဖျင်း သိပြီ။ ဈေးမပြေါခင် ဂီဂီ ပြေါပြီး မိုးသူ ထုတ်ထားတဲ့ ဒီဇိုင်းလေး ၂ ခု ကို အရင် ကြည့်ပြီး မဲပေးကြအူးး ဘယ်ဒီဇိုင်းလေး ပိုကြိုက်တုန်းလို့။ . . . . . […]


ဇီဇီSeptember 3, 20154min47043
ရိုးရိုးလေးပဲ တွေးကြည့်ပါ။ ကိုယ့်သားသမီး၊ မိဘနဲ့ နိုင်ငံရပ်ခြါး နေနေရသလားး၊ မမြင်မစမ်း လွမ်းနေရသလားး ဒီနေ့ တစ်နပ်စာပြီးလို့ နောက် တစ်နပ်စာ အတွက် ရဖို့ ထရှာနေရသလားး လမ်းဘေးမှာတောင်းစားနေတဲ့ အထဲမှာ ကလေးတွေ အတွေ့ရများလာသလားး အိမ်နီးချင်းနိုင်ငံမှာ အခိုင်းခံ ဘဝနဲ့ ထွက်ခွါသွားတဲ့ လူငယ်တွေ များများလာသလား ကျောင်းပြီး တဲ့ အချိန် ပညာနဲ့ သင့်တော်တဲ့ အလုပ်တွေ မရှိဘူးလား ပညာတတ် အလုပ်လက်မဲ့တွေ အသိထဲမှာ များများလာပြီလားး ဘာ အပြစ်မှ မရှိပဲ ထောင်ထဲရောက်ကုန်ကြတဲ့ လူငယ်တွေရဲ့ သီတင်းရော နားစွန်နားဖျားများ ကြားမိသေးလား ထောင်ထဲက လက်မရွံ့တွေရော အကြောင်းမဲ့ လွတ်ကုန်ကြတာ တွေ့တယ်မဟုတ်လားး တရားခံမမိတဲ့ မတရားမှု ရာဇဝတ်မှုတွေများများလာသလား ပြည်သူတွေ ကို ကာကွယ်ဖို့ […]


ဇီဇီAugust 31, 20155min75530
Hot Pot ပဲ ခေါ်ခေါ်…. Steamboat လို့ ပဲ ပြေါပြေါ…. ကိုကာ ဆူကီ ပဲ လုပ်လုပ်… ဒီ ထဲက မထွက်ဘူးးး မွဝေ ကတော့ ရေခဲတစ်တာရှင်းချင်ရင် ဟော့ပေါ့ လုပ်စားပါတဲ့။ သူ့ပို့(စ) လေးလည်း ပြန်တင်ပေးပါ့မယ်။ ပွါးချင်တာလေး အရင် ပွါးပါရစေအူးးးး ဟော့ပေါ့မှာ အသားပေးက အရည် အခြေခံ ရယ်၊ တို့စားတဲ့ အချဉ် တို့ ဆော့ တို့ပါ။ ဘာလို့ဆို အသီးအရွက်ဆိုတာ ကြိုက်တာ ရေဆေးထည့်ရုံ၊ အသား ဆိုတာ လည်း သန့်ပြီး ဆေးပြီး သားကို ရေလုံပြုတ်ပုံစံ စားရတာကိုးး ဆိုတော့ သူတို့ကို ထည့်ပြုတ်မဲ့ အရည်မှာ ချိုအောင် ကြံရပါတယ်။ ပြီးတော့ […]


ဇီဇီAugust 27, 20151min75242
    ရွာထိပ်မှာ အလင်းဆက် တစ်ယောက် ကောက်ရိုးမီးရှို့ နေတာ တွေ့ကြတယ်မို့လားးး အမှတ်တရ- ရွာ့ ပြက္ခဒိန် လုပ်ကြစို့ – Calendar   အဲလာကို တဂျီးက မီးလောင်ရာ လေပင့်ပြီး အင်ဇာဂီကို အောက်ဆီဂျင်ဘူး နဲ့ လွှတ်လိုက်တဲ့ အချိန်မှာ ကောက်ရိုးမီးတောက်အားကြီး ဟုန်းဟုန်းတောက်လောင်ပြီး စလုံးမှာရှိတဲ့ ခင်ဇော် ရဲ့ ခေါင်းကို မီးစွဲပါတော့တယ်။ မနက်ကမှ ကိုယ်ကလည်း သတင်းတွေ လိုက်ဖတ်ပြီးလျှာလျှာရှည်ရှည်… မိန်းမ ခါးပိုက်နှုက်တွေ မိန်းမ အနုကြမ်းတွေ မိန်းမ သူခိုးတွေ အတော် အလုပ်ဖြစ်လာပြီ ဆိုပဲ.. နာ လည်းး နာ့ရုပ်နာ့ရည် အားးကိုးးပြီးး ရွာပြန် ဓားမြတိုက်ဖို့ စဉ်းစားမှ..!!!   ဆိုတဲ့ စတေးတပ်လည်း တင်မိပါတယ်။ ခင်ညားက […]


ဇီဇီAugust 26, 20151min67942
နေ့ခင်း အိပ်ချင်ပြေ ဂျင်း လက်ဖက်ပုံစားလေးစားကြပါဦးး။ အသုပ်တွေကို အချိုးမေးတဲ့သူကြီးကို စိတ်နာလို အသုပ်မတင်တော့ဘူးး ဒါဗျဲ။ :mrgreenn: ဒါ ပုဂံက ဝယ်လာတဲ့ လက်ဖက်အုပ်လေးလေ။ ဆွမ်းအုပ်လေးနဲ့ နောက်မှ ရိုက်အူးမယ်။ ဟိ။            


ဇီဇီAugust 25, 20151min66818
ဒီနေ့တော့ ရုပ်ရှင် အဟောင်းလေး တစ်ကား အကြောင်း ပြေါရအောင်။ တော်တော်များများတော့ ကြည့်ဖူးမယ်ထင်ရဲ့။ The Departed (2006) (Rating 8.5/10) ဆိုတဲ့ကားးပါ။ မူရင်းက ဟောင်ကောင်ရုပ်ရှင် ၂ ကားတွဲ Infernal Affair (2002) (Rating 8.1/10) ဆိုတာပါ။ ဒါကို ဟောလိဝုဒ်က တစ်ကားထဲဖြစ်အောင် သူတို့ နိုင်ငံနဲ့ ကိုက်ညီအောင် ညှိပြီး ရိုက်ယူထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အရှေ့တိုင်း ဆန် တယ် လို့ ခံစားရတဲ့ ဟောလိဝုဒ် ကား တိုင်း ကြိုက်မိတာမို့ … ပြီးတော့ ပါဝင်တဲ့ မင်းသား ၂ ယောက်လုံးအပြင် ဇာတ်ရံတွေကိုလည်း နာမည်ကြီး မင်းသားကြီးတွေချည်း သုံးထားတာက လည်း ဒီ ရုပ်ရှင်ရဲ့ […]


ဇီဇီAugust 24, 20158min85123
အုန်းနို့ကျောက်ကျော (ကေဇီ လက်တည့်စမ်း)           ပါဝင်သောပစ္စည်းများ အဂါး အချောင်း – တစ်ထုတ် ရေ – ၂ လီတာ အုန်းနို့ အနှစ် – ၂၅ဝ မီလီလီတာ (အကြိုက်နဲ့ ညှိ လိုတိုးပိုလျှော့) သကြား – ၂၅ဝ ဂရမ် (အကြိုက်နဲ့ ညှိ လိုတိုးပိုလျှော့) ဆား – အနည်းငယ် . . ပြုလုပ်ပုံ ၁) အရင်ဆုံး အာဂါးအချောင်းတွေကို ရေ ၂ လီတာနဲ့ ကြေအောင် မွှေ၊ ၂) ကျောက်ကျောချောင်း ကျေပြီး ပြစ်လာရင် အုန်းနို့ထည့်၊ နှံ့အောင် ဆက်မွှေ ၃) မွေ့ရတာ […]


ဇီဇီAugust 21, 20152min31418
          ပါဝင် ပစ္စည်းး ————— မွှေး ကောက်ညှင်းမှုန့် – ၃ ထုတ် မွေး ဆန်မှုန့် – အထုတ်ဝက် (ကျနော်ကတော့ မထည့်ဘူးးး ပိုအိအောင်) Red small bean – နို့ဆီဘူး တစ်လုံး ထန်းညက်အကြီးး – ၅ခဲ ဒီ အချိုးနဲ့ မုန့် ၁ဝ ခုလောက် ရတယ်။ ဘယ်လောက်ရှိတုန်း ပုံထဲမှာသာကြည့်ပါတော့။   ပြုလုပ်နည်း ————- ၁) ပဲကို နူးအောင်ပြုတ် ရေစစ်ပြီး အအေးခံထားး ၂) ထန်းညက်ရည် ကြိုထား ၃) ကောက်ညှင်းမှုန့် ကို ရေနည်းနည်း ဆီ ထည့်ထည့်ပြီး နဲ […]


ဇီဇီAugust 19, 20154min27619
  ပုံက လိပ်စာက ကျနော်တို့ ရုံးနဲ့ နီးတာမို့ သွားနေကျပါ။ တစ်ချို့ တွေမှာ ဆိုင်သေးအနေနဲ့ ရှိပေမဲ့ စလုံးမှာ ဒီ နာမည်နဲ့ သီးသန့်ဆိုင်ရယ်လို့ ဖွင့်ထားတာ ၃ နေရာထဲပါ။ . . 1) Nakhon Kitchen 527, Ang Mo Kio Avenue 10, Singapore 560527 . . 2) Nakhon Kitchen, 136 Bedok North Avenue 3, Singapore 460136 . . စလုံးမှာ စားကောင်းတယ် ဆို တဲ့ ယိုးဒယားဆိုင် စာရင်းမှာ ထိပ်ပါ။ ဘာလို့လဲ ဆို တခြား […]


ဇီဇီAugust 17, 20152min40229
တစ်ပတ်စာ တော့မရဘူးးး ဆိုတော့ ၅ ရက်စာပဲ ဒုက်ခပေးတော့မယ်။ ငါးတွေကို ပြေါပါတယ်။ ဒီရာသီက မိုးရာသီ ဆိုတော့ ပူပူစပ်စပ်လောင်လောင် နွေးနွေးတွေ စားချင်သောက်ချင်ကြမယ်ထင်လို့ သူများတွေ ငါးတွေ ဒုတ်ခပေးထားတဲ့ဟာတွေ သွားခိုးလာခဲ့တယ်။ ပိုင်ရှင်တွေ လိုက်လာရင်တော့ ပိတ်သတ်ကြီးပဲ ကွကိုယ် ကြည့်ရှင်းကြပေရော့။   ၁) ငါးခူရဲယိုအနှီးထုတ် ဟင်း လို့ ပေးလိုက်တယ်။ (ဦးကျောက်ခဲ ချက်တဲ့ထဲက နှိုက်လာတာ။) ချက်နည်းက လွယ်၏… ရဲယိုရွက် မနုမရင့် အနာလွတ် အရွက်ကြီးကြီးကို ရေစင်စင်ဆေးထားပါ ။ အရွက်က အစိမ်းရောင် အတော်ရင့်ပြီး ခပ်ကြွပ်ကြွပ်ဆိုရင်တော့ ရေနွေးဖျောပြီး ဖြန့်ထားပါ ။ ငါးရံ့/ငါးခူအသားကို နုတ်နုတ်စင်းပြီး ငါးခြစ်သား (သို့) ငါးဖယ်ခြစ်နဲ့ရောပါ ၊ စုစုပေါင်း ၂၀-သားခန့် […]


ဇီဇီAugust 15, 20151min112516
ရေးချင်တာတော့ အေအိုင် အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ စု ညွှန်းတဲ့ ပို့(စ) အကြီး တစ်ပုဒ် ရေးချင်တာ။ စာပြန်ဖတ်ရမှာရော၊ ရုပ်ရှင်တွေက စုံအောင် မကြည့်ရသေးလို့ရော မစနိုင်သေးဘူးး :mrgreenn: :mrgreenn: ေအေအိုင် မလာခင်ကို ဖဘ ကြီး ရဲ့ အော်တို အလုပ်လုပ်ပုံတွေကို ကြည့်ပြီး ကိုယ့်မှာလန့်နေတုန်း ဒီ ရုပ်ရှင်ကို ကြည့်မိပြီး ပိုကြောက်သွားသလိုပဲ။ :mrgreenn: :mrgreenn:   Unfriended (2014) Rating 5.4/10 IMDb   သရဲကားမို့ ယုတိ ရှိမရှိ က နောက်မှပေါ့နော့။ ဝက်ဆိုက်တွေရဲ့ ဆက်စပ် အလုပ်လုပ်ပုံတွေ အကြောင်း ခပ်ပါးပါးသတိထားမိရင် အွန်လိုင်းမှာလည်း အနေအထိုင်ဆင်ခြင်သင့်တယ် ဆိုတာလေး သတိချပ်မိရတာပေါ့။ 😕 ဇာတ်လမ်းက […]