ခင္ခFebruary 23, 20181min3175
” အခါခါ ” အပြစ်တင်မှု့ကို ခံရတဲ့အခါ ဝမ်းနည်းသွားပေမယ့် စိတ်မဆိုးရက်တာ အခါခါ ဂရုစိုက်မှု့ကို ခံရတဲ့အခါ ကျေနပ်ချက်ကို ထုတ်မပြပေမယ့် ပျော်ရွှင်မိတာ အခါခါ ဥပေက္ခာပြုမှု့ကို ခံရတဲ့အခါ နာကျင်နှလုံးသား တုန်ခါသွားပေမယ့် မမုန်းရက်မိတာ အခါခါ အမှတ်မထင် ဆူကာပူကာ ပြောခံရလည်း စိတ်တိုစွာနဲ့ ပြန်ပြောချင်ပေမယ့် နုတ်ဆိတ်မိ်ခဲ့တာ အခါခါ စိတ်ပူလို့ပြော မတုန်လှုပ်တဲ့သဘော အလေးမထား ဂရုမစိုက်ကြုံပေမယ့် အပြစ်မမြင်မိတာ အခါခါ လှည့်စားတဲ့အပြော သိရှိပေမယ့် ဖုံးကွယ်မှု့ကို လိုက်မဖော်ချင်လို့ ခေါင်းငြိမ့်ပေးမိတာ အခါခါ တစ်ခါတရံ လူတစ်ယောက်ရဲ့ အတ္တတွေကို ဟန်ဆောင်ဖုံးတာ မာယာပညာ တခုလားလို့ တွေးမိတာလည်း အခါခါ။ ခင်ခ။


ခင္ခFebruary 23, 20181min3718
အဖေကစက်ဘီးနင်း သမီးကလွယ်အိပ်လွယ် စတိတ်ဘဝကျောင်းသူအရွယ် နေ့တဒူဝပို့ရလည်း အဖေမောဘူးကွယ်။ အဖေကအိမ်ရှေ့ထိုင် ကျောင်းကားလာရင်ပြောပေးရန် တက္ကသိုလ်ဖယ်ရီရောက်လို့ရှိ ကားပေါ်တက်ပြီးသမီးကြည့် အဖေလက်ပြပြုံးစိစိ။ ဖေကြီးသမီးအလုပ်ရပြီ မနက်ဖြန်မနက်ဆင်းရမည် လုပ်ခရတော့အဖေ့ကျွေး စိတ်ကူးလေးနဲ့ပျော်လိုက်သေး သမီးပြောတော့အားရှိတယ် အဖေရင်ထဲအေးလှကွယ်။ လုပ်သက်လေးအတော်ရ လူပျိုရွယ်လေးအိမ်ခေါ်ပြ မိတ်ဆက်ပေးတဲ့သမီးမျက်နှာ ရှက်ကိုးရှက်ကန်းဖြစ်နေရှာ အလိုက်အထိုက်ဝင်စကားပြော အပြန်လိုက်ပို့သမီးရဲ့ကျော အဖေကြည့်ပြီးအလွမ်းတွေရော။ အခါတော်ပေးနတ်ရေးတဲ့ဖူးစာ သီချင်းသံတွေပျံလွင့်ကာ မိတ်သဟာတွေစုံလင်စွာ ပွဲပြီးအိမ်ရောက်ဇနီးမောင်နှံနှစ်ဖြာ လက်အုပ်ချီလို့ရှစ်ခိုးရှာ ဆုတွေပေးရင်းငိုချင်လာ အဖေကျေနပ်ပါတယ်ပြောဖြစ်တာ။ သမီးကျောင်းပို့ငယ်ကထဲက တူယှဉ်တွဲလို့ရှိခဲ့ရ ခုတော့တစ်ယောက်ထဲနင်းရပါ့ ဆည်းလည်းသံဆီဦးတည်လို့ တောင်ပေါ်ကထုံးဖြူဘုရားသို့ အဖေပုတီးစိတ်ဖို့သွားတာဗျို့။ ခင်ခ


ခင္ခFebruary 23, 20181min3068
မိတ်ကပ်လေး လိမ်းလို့ချယ် နှုတ်ခမ်းနီလေး ဆိုးလို့ရယ် သိပ်လှတဲ့မေ့သမီး နတ်သမီးရှုံးလောက်တယ်။ ငယ်တုန်းကပါးကွက်ကြား သနပ်ခါးလိမ်း ဆိုလို့များ ပါးလေးကိုထိုးလို့ပေး ချစ်စရာလေးအပြုအမူ အလှကြိုက်တဲ့သူ မလိမ်းဘူးဟယ် စနောက်ပြောတော့ သူနှုတ်ခမ်းလေးကဆူ။ ရှိုးတွေထုတ်ပြီး အမေ့လာမေးတယ် သမီး လှ လား ကွယ် မလှဘူးပြောရင် စိတ်ကောက်တတ်လို့ ပြန်တောင်ချော့ရတယ် လှတယ်လို့ပြောတော့ သူကျေနပ်လို့ မေမေ့ပြေးနမ်းတယ်။ အရွယ်ကြီးလည်း မေမေ့စိတ်ထဲ ကလေးလေးပါကွယ် ကမ္ဘာပေါ်မှာအလှဆုံးက မေမေ့ သမီးချောပါ ဟ။ ခင်ခ


ခင္ခFebruary 21, 20181min3274
  ကျောက်ပြင်ပေါ် ရေလေးစွတ်လို့ လက်ချောင်းကို အားပြုလို့သွေး မြန်မာ့သနပ်ခါးလေး။ ့ပါးပြင်ပေါ် ပါးကွက်လူးတော့ ယဉ်ယဉ်လေးနဲ့ သူ့အသွင်အပြင် သိပ်လှတယ်ထင် မေ့အလှကဗျာတင်။ ခင်ခ (မူရင်းဓာတ်ပုံရှင်ခရက်တစ်ပါ)


ခင္ခAugust 17, 20161min30614
တောမှာနေတော့ အလုပ်ရယ်မရှိ ငွေရှာချင်လို့ မြို့တက်လာ၏ ရတဲ့အလုပ် ဝင်ငွေနည်းတော့ အစဦးမို့ ရုန်းလိုက်အုံးပေါ့ ပြသနာအစ နေစရာက ဌားကာနေလည်း စားစရိတ်လျော့နည်း ကိုယ်လိုသူလို သူတွေကတော့ ကွက်လပ်မြေဘေး ကျူးတဲထိုးစမ်း မတတ်သာဘူး ဒီလမ်းဘဲလိုက် ဝမ်းဝစားဖို့ အနိုင်နိုင်ဘဝမို့ ကျမပြုမိ အပြစ်ရှိသည် ဖျက်ရင်လည်း ခံ သတ်ရင်လည်း သေ သေမထူး နေမထူးပါအေ နိုင်ငံစီးပွား အလွန်းတိုးလို့ လုပ်ခများလည်း ပိုစွာရရင် ဒီလိုလမ်းဘေး ဘယ်နေလိမ့်မလဲ တိုက်ခန်းဝယ်ဌား နေမှာပေါ့အေ ခုတော့လုပ်ခ နည်းလွန်းလှတော့ နှစ်နပ်စားလို့ တစ်နပ်နားတယ် ပိန်ဆေးသောက်ဖို့ လိုပါဘူးဟယ်။   ခင်ခ။


ခင္ခAugust 16, 20161min3998
ဂယက်ကယ်ထ လှိုင်းရယ်ကြွလို့ တံငါလှေငယ် မြစ်ပြင်ကျယ်မယ် နိမ့်ချီတစ်ခါ မြင့်ချီတလှည့် အသက်ဘေးထက် ဝမ်းရေးခက်လို့ ရှေ့ဆက်ကာသွား ငါးများများရဖို့ နေ့စဉ်ရက်ဆက် လုပ်ခဲ့ကြသည် မပြောင်းလဲသော ပန်းချီကားတစ်ချပ်တည်း။   ခင်ခ။


ခင္ခJune 22, 20161min18914
“မျက်မြင်သက်သေ”   “ဝုန်း” “ခွမ်း” “ဟ ကွဲသွားပြီ ပြေး ဟေ့” “တောက်” “ဂျိမ်း” ဦးလေးပွတစ်ယောက် ဒေါသထွက်ပြီး တောက်ခေါက်ကာ ကားတံခါးဖွင့် ဆင်းလိုက်ပြီးနောက် “ဟေ့ချာတိတ်တွေ မပြေးနဲ့အခုရပ် မင်းတို့လုပ်တဲ့ကိစ္စမင်းတို့လာရှင်း” “ပြေးကွ ပြေး” “အား” ဒါပေမယ့် လူမော် တစ်ယောက်က ကံဆိုးစွာ ပြေးရင်းတာလမ်းမပေါ် ခြေချော်လို့ လဲလိုက်သဖြင့် ဦးလေးပွ တစ်ယောက် အဲချာတိတ်ကို ထူပေးရင်း လက်ဆွဲလို့ သူရဲ့ကားဆီကို ဖမ်းခေါ်လာခဲ့ကာ ကားနားရောက်တော့ “ကဲကြည့် မင်းတို့ကန်လိုက်တဲ့ဘောလုံး ငါကားရဲ့နောက်ဖက်တံခါးမှန်ကိုထိပြီး ကွဲသွားပြီး ကားထဲက ဘောလုံးက မင်းတို့ကန်နေတဲ့ ဘောလုံးမလား” “ဟုတ်ပါတယ် သားတို့ကန်နေတဲ့ဘောလုံးပါ” “အေး ဟိုမှာ ဆက်မပြေးဘဲရပ်နေကြတဲ့ မင်းသူငယ်ချင်းတွေခေါ်လိုက် မင်းတို့ဘယ်လိုလျော်ပေးမှာလဲပြော” “ဟေ့ ကောင်တွေပြန်လာကြအုံးဟ ဒီမှာလာရှင်းကြအုံး” လို့လူမော်က […]


ခင္ခNovember 27, 20151min1495
” မငြင်းရက်ဘူး ငြင်းရက်တယ် “       ” ဦးလေး ကားကိုမြန်မြန်မောင်းပေးပါရှင် အရေးကြီးလို့ပါ ” ” ကလေးမရယ် ဦးလည်းမောင်းနေတာဘဲလေ အပြင်မှာက ဒီလောက်မိုးတွေ သဲသဲမဲမဲရွာနေတာ ရှေ့မှန်က ဝှိက်ဘာကိုမာရသွန်speed နဲ့ တောင်မှ ကလေးမ မြင်တဲ့အတိုင်း မျက်လုံးမနည်းပြူးပြဲပြီးကြည့်နေရတာလေ ကလေးမ စိတ်စောနေလို့ပါ ကားအရှိန်က ဒီလောက်မနှေးပါဘူးကွယ် ” ” ဟုတ်ပနော် အခုမှဘဲ မိုးကလည်းကောင်းလိုက်တာနော် ” ဦးတာတီးတစ်ယောက် မိုးတွေသဲနေတဲ့ကြားက ကားလမ်းကိုအသေအချာကြည့်ပြီးမောင်းနေရင်းကနေ မိုးရွာထဲ ထီးဆောင်းပြီး အဌားကား ဌားချင်လို့ လက်တားနေတဲ့ သူတစ်ယောက်ကို လှမ်းတွေ့လိုက်တယ်ဆိုရင်ဘဲ ” ကလေးမရေ ဟိုရှေ့မှာ လူတစ်ယောက်ကားဌားချင်လို့တားနေတယ် ရပ်ပြီး ခရီးလမ်းတူရင် ခေါ်တင်လိုက်ရမလား ” ” ဒါကတော့ […]


ခင္ခOctober 10, 20151min1485
ဆရာဦးဆန်းထွန်းက ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်တို့ အနိုင်မရနိုင်ကြောင်း နက္ခတ်ဗေဒင်အရ ဟောထားတယ်။ ဆရာစံဇာဏီဘို ကလည်း နက္ခတ်ဗေဒင်အရ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီရွေးကောက်ပွဲမှာ အနိုင်ရမယ် လို့ဟောထားတယ်။   သူတို့တွေအဲလိုဟောကြလို့ ကျုပ်ခင်ခ လည်းတတ်သိပညာ မနေသာလို့ တိုင်းပြည်ကံကြမ္မာကို တွက်ချက်ကာဒီလိုဟောလိုက်မယ် မြန်မာပြည် ဆင်းရဲဇာတာ ပါရင် လက်ရှိအာဏာရ ကြံဖွတ်ပါတီက ဒီရွေးကောက်ပွဲ မှာ ညစ်နည်းပေါင်းစုံနှင့် အနိုင်ရမည်။ အဲ မြန်မာပြည် ကြီးပွားချမ်းသာဖို့ ဇာတာပါရင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ NLD ပါတီ အနိုင်ရမည် ဟုဖြစ်လေ သတည်း။ အဘယ်ကြောင့်ဆိုသော် ကြံ့ဟူသည် လယ်လည်းထွန်းခိုင်း လို့မရ လှည်းလဲ ဆွဲဖို့အသုံးမကျ သူဖာသာဇိမ်ရစ် အချိန်တန် သူ့အတွက် ဝါးမယ်စားမယ်ဆိုတဲ့ ဟာမျိုး ဖွတ်ကတော့ သိကြတဲ့ အတိုင်း […]


ခင္ခOctober 7, 20151min1343
ငယ်တုန်းက ဆိုတဲ့ကဗျာ သတိရ မိတယ်ကွာ   ဂျပ်အေးသူ့ အမေရိုက် လုံးလည် ချာလည်လိုက်   သပွတ်အူထက် ရှုပ်လို့လည် အဆုံး မရှိဘူးကွယ်   ဒို့နိုင်ငံလည်း ဒီလိုဘဲ ချာလည်ချာလည် အမြဲ   ကောင်းနိုးကောင်းနိုး မျှော်တွေးတယ် နှစ်တွေကလည်း ကုန်လို့ဟယ်   သက်ပြင်းအခါခါ ချမိပ ဒို့နိုင်ငံ၏ ပြည်သူ့ဘဝ။   ခင်ခ။


ခင္ခOctober 7, 20151min1383
“အခမဲ့ တန်ဖိုး´´     တန်းဖိုးသင့်ခ မပေးရဘူး ပိုက်ဆံပေးစရာ မလိုဘူး အလကားမတ်တင်းပါ မေတ္တာနဲ့ စေတနာနဲ့ အဲလိုမျိုးတွေကို ခြုံငြုံပြီးသုံးနှုန်းခေါ်တဲ့စကားရပ်လေးက “အခမဲ့´´ တဲ့။ ဘုန်းတော်ကြီးပညာသင်ကျောင်းမှာ စာသင်တဲ့ကလေးတွေအတွက် ဘုန်းတော်ကြီးတွေက အခမဲ့ ပညာ သင်ပေးတယ်။ ဆရာဝန်လေးက စမ်းသပ်ခမယူဘူး အခမဲ့ မေတ္တာနဲ့ကုပေးရှာတာ ဆေးဘိုးတောင် အမြတ်မတင်ရှာပါဘူးအေ။ ဇီဝိတဒါန မျက်စီဆေးရုံးက လူနာတွေကို အခမဲ့ မျက်စိစမ်းသပ်ပေးတယ်တော့။ နာရေးကူညီမှု့အသင်းက အခမဲ့ ပိုဆောင်ပေးတာလေ။ ဗြမ္မာစိုနာရေးကူညီမှုအသင်းက ဖွင့်ထားတဲ့ဆေးခန်းမှာ အခမဲ့ ရောဂါရှာဖွေစမ်းသပ်ပေးနေပါတယ်။ ကျောင်းဆရာမလေးက သူ့အိမ်အနီးနားက ကလေးတွေကို ညဖက်ကျရင် စေတနာနဲ့ စာအလကားပြပေးတယ် ပိုက်ဆံပေးလည်းမယူဘူး အခမဲ့ ပညာကုသိုလ်လုပ်တာတဲ့။ အဲဒီလိုအသံတွေမျိုး စာဖတ်သူတို့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုတွေလည်းပြောကြပါသေးတယ်ဆေးရုံကြီးသွားပြတာ အခမဲ့ မို့လားမသိဘူး ဆရာဝန်တွေက […]


ခင္ခJune 26, 20151min1214
“ကျွန်မကိုထပ်ထဲ့လိုက်တဲ့ နှစ်ဆယ့်ငါးကျပ်သား ပြန်နုတ်ပေးပါ” “ပြန်မနုတ်ပေးနိုင်ဘူးကလေးမရေ အဘတို့က အဲထပ်ထဲ့ထားတဲ့ နှစ်ဆယ့်ငါးကျပ်သားပါယူမှရောင်းပေးမှာပါ” “အဘနှစ်ဆယ့်ငါးကျပ်သားထပ် ထဲ့တဲ့ဟာတွေလည်းကြည့်အုံး လတ်မှမလတ်တာ ယူသွားလဲ ဘာမှအသုံးမဝင်တဲ့ဉ္စာကို” “ဒါကတော့ ကလေးမသဘော အဘတို့ကတော အဲနှစ်ဆယ့်ငါးကျပ်သားပါယူမှ ရောင်းပေးမှာပါ ကဲဘယ်လိုလဲကလေးမ ယူမှာလား” **** အဲမှာကလေးမလေး အခက်တွေ့နေပြီ မယူဘူးအပြတ်ငြင်းရင်လဲ အကောင်းခုနှစ်ဆယ့်ငါးကျပ်သားဆုံးမယ် ယူပြန်တော့လဲ သုံးမရအပုပ်နှစ်ဆယ့်ငါးကျပ်သားက ကန့်လန်ကန့်လန်ပါပေအုံးမယ်ကွယ်။ ကဲ ဝိုင်းပြီးအကြံပေးလိုက်ပါအုံး ကလေးမလေးကို*****     သူငယ်ချင်းနှစ်ယောက် အရက်ဆိုင်မှာတွေ့ဆုံ စားသောက်ကြပြီး အမူး အရှိန်လေးရလာတော့ “သူငယ်ချင်းရည်စားစာက ပြန်ပြင်လို့ရလား” “ဟ ရတာပေါ့ကွ ချစ်တုန်းကချစ်တဲ့အကြောင်း ရည်စားစာပေးပြီ မချစ်တော့တဲ့အခါ မကြိုက်တဲ့အကြောင်း မုန်းတဲ့အကြောင်း ပြန်ပြင်ရေးပေါ”့ “ဒါဆို လက်ထပ်စာချုပ်ကရော ပြင်ရသလား” “ဒါလည်းရတာဘဲ ကွာရှင်းစာနဲ့ပြင်ပေါ”့ “ဒါဆို မွေးစာရင်းကရော” “ဒါလည်းပြင်ရလို့ […]