ခင္ခAugust 13, 20141min1588
” သူမ “   သူမ အပြုံး ဒို့ရင်ထဲစွဲတုန်း သူမ စကား ဒို့နှလုံးထိထား သူမ ခြေလှမ်း ဒို့အနာဂတ်မှန်း သူမ အားမာန် ဒို့လက်ရုံးတိုးဟန် သူမ အတွေး ဒို့ပြည်အရေး သူမ ပေါ်လာ မခံနိုင်ရှာ ကလိန်စိငြမ်းစင် ဉာဏ်ကြီးရှင်တို့ ဘာတွေထပ်ပြီး ညစ်အုံးမလို့ သတိထားဖွယ် ပြည်သူရယ် အောင်ဆန်းသွေးလှ ဦးဆောင် သူမ နောက်လိုက်ကြ။     ခင်ခ။


ခင္ခAugust 13, 20141min11610
” အင်း ညာ ညာနိုင်လွန်း…………..တဲ့”   ” မင်းတို့နိုင်ငံက အမြန်လမ်းတွေဟာ ဘာဖြစ်လို့ ခဏ ခဏ ကွေ့ကွေ့သွားနေတာလည်းကွာ” ” သွားနေတဲ့ခရီးလမ်း အရှိန်လေးတန့် တန့် သွားအောင် ဒါအရှိန်ထိန်းစနစ် သုံးထားတာလေ” ” မင်းတို့အရှိန်ထိန်းစနစ်ကလည်း ဖန် ဖန်တီးနိုင်လွန်းပါတယ်ကွာ ကြည့်ပါလား မိတ္ထီလာမှာ ဖန်တီးလိုက် မန္တလေးပိုင်းမှာ ဖန်တီးထားလိုက်နဲ့ လိုချင်တဲ့နေရာ ရောက်ဖို့ အလကားကြာတာပေါ့” “ဒါကတော့ မြန်မာနည်း မြန်မာဟန်ပေါ့” “တစ်ချို့နေရာတွေမှာ ဘတ်ပြန်ခေါက်လို့ရတဲ့နေရာတောင်ထဲ့ထားသေးတယ်” “ဒါလည်း ပြန်လှည့်ချင်ရင် အချိန်မရွှေးလှည့်ရအောင် ကြိုတင်စီမံထားတာပါ” “ဒါနဲ့နေပါအုံး လမ်းခွဲ လမ်းဆုံရောက်တိုင်း ဘာလို့ ညာ ကိုဘဲချိုးနေကြတာလဲ” “ဒို့နိုင်ငံက ညာ ဘဲသွားနေတာလေ စာဆိုတောင်ရှိသေးတယ် မြန်မာပြည်ရှေ့ခရီး ညာ ရင်ပြီး တဲ့” “အကယ်လို့ […]


ခင္ခAugust 12, 20141min844
” ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ (ဒုတိယပိုင်း) “   ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။(ပထမပိုင်း) ( https://myanmargazette.net/202257 ) …………………………………………………………………………………………………………………………… ………………………………………………………………………………………………………………………….. ရထားတစ်စီးဘူတာထဲဝင်လာရင်း ဥဩဆွဲသံကြားလိုက်တော့မှ ဖိုးဝေ ရဲ့ လက်ကိုင်ပဝါလေးကိုကိုင်ရင်း အတွေးတွေရပ်ပြီး ဖိုးဝေ တစ်ယောက် ဘူတာစင်္ကြန် ကနေ ပန်းအိ စီးနင်းလိုက်ပါသွားတဲ့ရထားသွားရာဘက်ကို တစ်ချက်ကြည့်မိလိုက်ပေမယ့် ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့။   ” ဖေကြီး သမီးကို ကျောင်းပို့ရတော့မှာလေ” ” ဪ အေးအေး လာပါပြီ” ” သမီးကိုကျောင်းပို့ပေးလိုက်အုံးမယ်ဆိုပြီး ဘီဒိုထဲကရှပ်အင်္က ျီထုတ်လိုက်တာ အဲဒီ လက်ကိုင်ပဝါလေး တွေထွက်ကျတာကောက်ရင်း အကြာကြီးဘဲရပ်နေတာ ဘာတွေများဒီလောက်တောင် တွေးနေတာလဲ ဖေကြီးက ဒီနေ့အတန်းပိုင်ဆရာမက မိဘခေါ်ခဲ့ပြောထားတဲ့နေ့ကျမှ ဖေကြီးကလည်း နောက်ကျနေတယ်” […]


ခင္ခAugust 12, 20141min9414
” ဪ ငါလည်း  လှုပ်ရှားမိပါ၏ “   ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်တိုက်တွေက လှုပ်ရှားကာရွှေ့နေကြတယ်။ လူတွေကိုကြည့်လိုက်တော့လည်း ဟိုဟိုဒီဒီ သွားလာလှုပ်ရှား နေကြတယ်။ လမ်းပေါ်မှာလည်း ကားမျိုးစုံကလည်း အမောင်းနင်လို့ လှုပ်ရှားသွားနေကြရော။ လက်မှပတ်ထားတဲ့ နာရီကိုငုံကြည့်မိတော့ နာရီစက္ကန့်တံကလည်း ရွှေ့လျားကာလှုပ်ရှားနေစဲ အဲဒီအချိန် ခွေးသုံးကောင် ကျုပ်ရှေ့နောက်ကနေ အပြေးလေးဖြတ်ကာ လှုပ်ရှားသွားလေရဲ့ တဖက်လမ်းက သစ်ပင်ကိုလှမ်းကြည့်မိတော့ လေအတိုးမှာ သစ်ရွက်ကလေးတွေဟာ လှုပ်ရှားနေပေါ့ ထိုသစ်ပင်က ဌက်တစ်သိုက်ကလည်း စတင်လှုပ်ရှား ကောင်းကင်ကိုပြန်တက်သွားတယ် ဒီကမ္ဘာကြီးကလည်း နေကို ရက်ပေါင်းသုံးရာခြောက်ဆယ့်ငါးရက် တစ်ပတ်အဖြစ်ပတ်ကာ အမြဲလှုပ်ရှား နေတယ်တဲ့ ကိုယ့် ကို ပြန် တွေး မိ တယ် ငါ ဘာ လို့ ရပ် နေ တာ လဲ […]


ခင္ခAugust 11, 20141min16816
” ရထား ကြီးကိုတော့ မမြင်ရတော့ဘူးပေါ့ “   ရထားကြီး ဥဩနှစ်ချက်ဆွဲလို့ ဘီးစတင်လှိမ့်ကာ ဘူတာစင်္ကြန်ကနေ ထွက်ခွါလေပြီ။ ဘူတာစင်္ကြန်မှာ ခြေစုံရပ်ကာ ကောင်လေးတစ်ယောက်က လက်တစ်ဖက်မြှောက်ပြီး လက်ဝှေ့ရမ်းကာ လက်ပြ နုတ်ဆက်နေသည် ရထားတွဲတစ်ခု၏ ပြူတင်းပေါက်ကနေ လက်ကိုင်ပဝါလေးကိုင်ထားတဲ့ လက်ကလေးနဲ့လည်း ကောင်မလေး တစ်ယောက်က လက်ဝှေ့ရမ်းပြန်ပြ နုတ်ဆက်နေကြလေရဲ့ ခဏအကြာမှာ လက်ကိုင်ပဝါကိုင်ထားပြီး ပြူတင်းပေါက်အပြင်ဘက် လက်ထုတ်ကာဝှေ့ရမ်းပြနေတဲ့ လက်ကိုဘူတာစင်္ကြန် အလွန်မှာ ပေါက်နေတဲ့သစ်ပင်တစ်ခု၏ သစ်ကိုင်းခတ်လေးက သူ့လက်ကိုရိုက်သလိုဖြစ်တော့ လက်ကိုင် ပဝါလေး လက်က လွှတ်ပြီး လွှင့်ကျသွားလေရဲ့ အဲဒီလို လက်ကိုင်ပဝါလေးလွှင့်ကျတဲ့ဆီကို ကောင်းလေးက အပြေးလေးသွားပြီး ကောက်လိုက်ကာ လက်ကိုင် ပဝါလေးကိုကိုင်ပြီး လက်ဝှေ့ရမ်းမြှောက်ပြလိုက်တာကို ကောင်မလေး မြင်လိုက်ပြီ ရထားက ကွေ့သွားသဖြင့် သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးမြင်ရတဲ့ မြင်ကွင်းပျောက်သွားခဲပြီ […]


ခင္ခAugust 11, 20141min36720
” နံနက်စာ ဟူသော Breakfast “   မိုးလင်းလို့ နံနက်ခင်းရောက်ရင် လူအတော်များများ နံနက်စာကို စားကြလေ့ရှိကြတယ်၊ ကျုပ်နေဖူးတဲ့ ရောက်ဖူးတဲ့ ဒီတိုင်းပြည်ရဲ့ မြို့တွေမှာတော့ နံနက်မိုးလင်းခြင်းကို ” ပဲပြုတ် ” လို့အော်သံတွေ   ” ကောင်ညှင်းပေါင်း ငချိပ်ပေါင်း အကြော် ” လို့ ဆိုသံ ” ဆီထမင်း၊ ကောင်ညှင်းပေါင်း ပဲပြူတ် ဆိုသော ဈေးရောင်းသံတွေ ကြားနေကြရပြီး ” လာပါအုံး ” ဟုဆိုကာ ဝယ်စား တတ်ကြသလို တစ်ချို့ကလည်း မုန့်ဟင်းခါ အသုတ် အကြော် ဘိန်းမုန့် အီကြာကွေနဲ့လက်ဘက်ရည် သျှမ်းခေါက်ဆွဲ မြီးရှည် ပေါက်စီ နန်းကြီးသုတ် ထမင်းကြော် ထမင်းဆီစမ်းနဲ့ကြက်ဥကြော် အစရှိသဖြင့် ပါဆယ်ဝယ်သူဝယ် ဆိုင်မှာစားသူစား […]


ခင္ခAugust 9, 20141min1104
” သမိုင်းလှလှ ထုဆစ်သူပင် “   ဘဝတစ်ခုမှာ ခဏပြုကာ တွေ့ကြ ဆုံကြ ခင်မင်ကြနှင့် ငြင်းကြ ခုံကြ ရန်ဖြစ်ကြဖြင့် အချိန်တွေကုန် အရွယ်လွန်အို ကိုယ်ပြုသည့်ကံ ကိုယ်ထံမှာရှိ မောဟဖုံးလွှမ်း ရင်မောစခန်းနှင့် ဒေါသဖုံးလွှမ်း ပင်ပန်းဖြစ်အင် စစ်မက်ပေါများ ပျက်စီးသို့အစဉ် ကိုယ်လုပ်ခဲ့သမျှ အများအကျိုးရရင် သမိုင်းလှလှ ထုဆစ်သူပင်။   ခင်ခ။


ခင္ခAugust 9, 20141min23016
” ဪ ၂ နှစ်ကျော် ခရီးတောင် ခြေဆန့်မိပြီကိုး “   နှစ် နှစ်ကျော် ကာလ အဖြစ်အတော်စုံလှ ရေးခဲ့တဲ့ပိုစ့်တွေ မှတ်မှတ်ရရ ၄ရ မှာလေ ကျုပ်အရွယ်နဲ့ ထပ်တူပေ ။ ဆက်ကာသာ ခရီးဆက် မပြတ်ပါကွယ် ပိုစ့်ရေးလျှက် မန့်တာလည်း ရှိသလို မမန့်တာလည်း ရှိကြသကို ခင်သူတွေလည်း ပေါသကိုး ချဉ်သူလည်း ဒုဒေးဆို ကြိုက်သူလည်းထိ မကြိုက်သူလည်းရှိ အဲဒါတွေ ကျုပ်ဘာမှမသိ ရေးချင်ရင် ရေးလိုက်တာမို့ နှစ်ထောင့်ဆယ့်လေးဩဂုတ်ကိုး တော့တန်း ခုနှစ်အရောက်တိုး မန့်သူအပေါင်း ကျေးဇူးကွယ် ဖတ်သူအပေါင်း ကျေးဇူးရယ် လွန်တာရှိလည်း ဝန္တာမိပါဘဲ အရွယ်တွက်သော် ငါးဆယ်သို့မျှော်။     ခင်ခ။


ခင္ခAugust 8, 20141min1278
” ဈေးထဲမှ အလွယ်ဝယ်ယူနိုင်သော သက်စောင့်ဩဇာဓာတ် ဗီတာမင် “   ဗီတာမင် ဆိုတာကိုတော့ အတော်များများ အခုခေတ်မှာ ရင်းနှီးသိထားကြပြီးသားပါ၊ အခုခေတ်မှာ ဆေးကြေငြာတာတွေကလည်း မျိုးစုံမို့လေ၊ ကျုပ်တို့ခန္ဓာကိုယ်မှာ သတ္ထုဓာတ်တွေ မျိုးစုံလိုအပ်နေပြီး အဲဒီသတ္တုဓာတ်တွေကဘဲ ခန္ဓာကိုယ် ကျန်းမာအောင် နုပျိုလန်းဆန်းအောင် သွားလာလှုပ်ရှား အားအင်ရှိ အောင်ထောက်ကူပေးကြတာပါ၊ လူ့ခန္ဓာကိုယ်အတွင်း အစာခြေချက်မှု စွန့်ပစ်မှု ဓာတုဖြစ်စဉ် ပုံမှန်လည်ပတ်မှု အတွက် ဗီတာမင်ကို အစားအစာတွေက ရယူကြပါတယ်၊ ဗီတာမင်ကို သက်စောင့်ဩဇာဓာတ်လို့လည်း ခေါ်ကြပါသေးတယ်၊ တကယ်လည်း ဗီတာမင်ဟာ သက်စောင့်ဓာတ်ပါဘဲ၊ အဲဒီ ဗီတာမင်ကို အမျိုးအစား အုပ်စုတွေခွဲပြီး သတ်မှတ်ကြပါတယ်၊ ဗီတာမင် အေအုပ်စု ဘီအုပ်စု စီအုပ်စု ဒီအုပ်စု အီးအုပ်စု အိပ်(ချ)အုပ်စု ကေ အုပ်စု နဲ့ […]


ခင္ခAugust 8, 20141min17318
” ဟိုတုန်းက ဒီနေ့ “   ဟေ့ မပြေးနဲ့ပစ်ထဲ့လိုက်မယ် စစ်တပ်တဲ့ကွယ် အမိန့်နာခံ စံနမူမို့ ရဟန်းသံဃာဘယ်သူပါပါ ကြမ်းကြုတ်ရက်စက်နှိမ်နင်းလျှက်။ မရမက ခုံနေရာဦး အာဏာရူးတို့ ရက်စက်မှုကို ခေါင်းငုံမခံ ပြန်တွန်းလှန်မယ် သပိတ်ဆင်နွဲ လူထုတိုက်ပွဲ စတင်ခဲ့ရာ ၈ ရက် ၈ လ ၈၈ ပါ။   ခင်ခ။


ခင္ခAugust 7, 20141min32923
” တစ်ခါက အရပ်မျက်နှာများ နဲ့ ကျွန်တော် “   ကျုပ် မန်း မှာနေဖြစ်ဖို့ စရောက်ခဲ့စဉ်က အရပ်မျက်နှာတွေနဲ့ အလွဲတွေပေါ့ဗျာ။ ကျုပ်မွေးဖွားကြီးပြင်းခဲ့တဲ့ ရန်ကုန်မှာ ကလေး လူကြီး လမ်းညွှန်ကြတဲ့အခါ ရှေ့လမ်းဆုံကျ ဘယ်ကွေ့ ညာကွေ့ တည့်တည့်သွား အဲလိုမျိုးညွှန်ကြတာ ကိုယ်တိုင်လည်း အဲလိုဘဲ ပြောကျင့်ရှိခဲ့တာပေါ့ဗျာ။ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေအရ မန်း မှာနေဖြစ်ဖို့ များတယ်ဆိုတော့ နေစရာလေး တစ်ခုတော့ ကိုယ်ပိုင်လေးရှိမှ ဖြစ်မှာလေ နေရာဌားနေကြရရင် သူများကိုအိမ်လခပေးနေရတာက မစားရမသောက်ရနှမျော သမို့ နေစရာမြေကွက်( ဒီအရပ်အခေါ် မြေဝိုင်း ) လေး တစ်ကွက်လောက်တော့ မြို့သစ်ဖက်မှာ ဝယ်ရအောင် ဆိုပြီး ကျုပ်က ဆိုင်ကယ်မောင်း အနောက်က မြေကွက်လိုက်ပြမယ့် အကျိုးဆောင်က လိုက်စီးပြီး သွားကြ တာပေါ့ […]


ခင္ခAugust 7, 20141min1728
” အပြုံးလေးသာ ထပ်ကာကွန့်စို့ “   ပိတုန်းရောင်ကေသာအလှ ဘေးအသာချလို့ မြန်မာဆန်ကာဝတ်ဆင်စွာနဲ့ ဆွဲခြင်းလေးနဲ့သူလှမ်းတယ် မြင်သူကြည့်ရကျက်သရေဗျ အိန္ဒြေအလှနဲ့ တင့်လို့တယ်၊   ဆံကေသာရောင်စုံချယ် နုပျိုအကြွ လှသွေးကြွယ် စကပ်တိုဘောင်းဘီတိုနဲ့ ဖြူဝင်းလှပေါင်တံနှစ်သွယ် မြင်သူငေးကြသူ့အလှဝယ် ပေါ့ပါးသွက်လက် သဘောကျဖွယ်၊   အမြင်ကွဲကြ လှဟန်များကို ကြည့်မိခံစား အငြင်းပွားလို့ မြန်မာဆန်မှ လှသည့်ထင်သူ ခေတ်ဆန်အလှ လက်ခံကြသူ တကယ်ဆန်းစစ် တွေးမိလိုက်တော့ လူတိုင်းကိုယ်စီ အလှရှိသပေါ့။   တစ်ချို့ကလည်း ဆိုကြမြဲကွယ် ရုပ်လှဖို့ထက် စိတ်လှဖို့လို မြင်ကွင်းတွေ့ရ ရုပ်ပါဘဲမို့ အပြုံးလေးသာ ထပ်ကာကွန့်စို့ ဘာဘဲဝတ်ဝတ် လှတယ်ဗျို့။   ခင်ခ။


ခင္ခAugust 6, 20141min18419
” ဝဋ်လည်တယ်လို့ ဆိုချင်ဆို “   အညာထန်းပေါ ထန်းတောထဲဝယ် ကြီးပြင်းလာခဲ့ ကလေးငယ် ညနေဆို သောက်သူအုံလို့ လက်မလည်အောင်ရောင်းရရှာတော့ သူတို့ခဗျာ ပျော်ကြတာပေါ့ တစ်နေ့သောအခါ ထမ်းအိုးတစ်ခုမှ ကျန်သည့်ထန်းရေ သောက်မိလေရော အဖေဖြစ်သူ စိတ်တွေဆိုးလို့ ထိုးလိုက်တဲ့လက်သီး ဖင်ထိုင်ကာလဲပြီး ချာလည်ကာ အမူးတွေပျောက် ထွက်လာခဲ့ ဒီထန်းတောညို ကြာခဲ့ပ ထိုချိန်ရယ် မီးမှိန်မှိန် ဒေါင့်ကျစားပွဲ ကဇော်ရေ သောက်ကာလဲ အဖေသိရင် သတ်မလားဘဲ။   ခင်ခ။     စာကြွင်းးးးးးးးးးးးးးးး ငယ်ငယ်ကဆိုခဲ့ဘူးတဲ့ ဒီကဗျာလေးကို သတိပြီးရွတ်မိတဲ့ ခဏခံစားကြည့်တာလေ။ “နွေဦးကာလ မြူထသောခါ ယင်းထောင်ယင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ထန်းပွင့်ထန်းခိုင်ရွှန်းရွှန်းမြိုင် ကလိုင်သာလွယ်၍ တက်သည်နှင့်လေး”