ခင္ခAugust 31, 20131min29919
“ကိုယ်အဆင်ပြေဖို့ ပသကြရာဝယ်´´( ဦးဆာမိ နောက်မှ လိုက်သောပိုစ့်တစ်ပုဒ်)   ရှူး ​ပေါက်​ရင်​ မတ်​တပ်​ရပ်​မ​ပေါက်​ရတဲ့ ​တောင်​းပန်​ပြီးမှ​ပေါက်​ရမယ်​တဲ့ …. ​မောင်​ဆာမိလည်​း ပြန်​​မေးကြည်​့ပါတယ်​ ။ မတ်​တပ်​ ​ပေါက်​ရင်​ဘာဖြစ်​လည်​းဆို​တော့ ​တောမှားတတ်​လို့တဲ့ …ကဲ ဟုတ်​ပါပြီ ။ ​တောမှားရင်​ ဘာဖြစ်​တတ်​လည်​းဆို​တော့ … ​တောကိုင်​တတ်​တယ်​ တဲ့ အင်​းး ကိုင်​မယ်​ဆို​တော့လည်​း ​ကြောက်​​ကြောက်​ ဒါဆို ဘယ်​လို လုပ်​ရမလဲလို့ ​မေး​တော့ …. ​တော​ကျွေးရမယ်​ ပြီးရင်​ ရွာချ ရမယ်​တယ်​ ။သူ​တို့ စကားနဲ့​​ပြောတာပါ ။ ​တော​ကျွေးတယ်​ဆိုတာက ​တောထဲ​ခေါစာပစ်​ပြီး ရွာချတယ်​ဆိုတာက ရွာပြင်​နားမှာ စတုဒီသာဘူ​ဖေး​ကျွေးရတာကို ဆိုလိုတာပါ ။ သူ့ဆီက ဓ​လေ့ထုံးစံ​တွေနား​ထောင်​ရင်​း ​လှေဆိပ်​ကိုမ​ရောက်​မှီ ခင်​တန်​း ​(​တောတန်​း) ​လေးတစ်​ခုကို ဖြတ်​ရပါ​တော့တယ်​ ။ […]


ခင္ခAugust 30, 20131min31123
“ဘာမှရေးထားတာဟုတ်ဘူး ဖွင့်မကြည့်ပါနဲ့နော်´´   – – – – – – – – – – – – – – – – – – — – – – – – – – – – ဖွင့်ကာလာကြည့်တဲ့ မိတ်ဆွေ ကျေးဇူးပါလို့ ပြောပါရစေ။     ခင်ခ။ ( လူ့စိတ် သဘာဝအကျဆုံး ပိုစ့်တစ်ခုအဖြစ်တင်မိခြင်းပါ………) စာကြွင်း – သဂျီးရေ ဒီပိုစ့်အတွက် ပွိုင့်မပေးသင့်ဘူးထင်ရင် ပြန်နုတ်လိုက်နော်။


ခင္ခAugust 30, 20131min2006
“တောင်စဉ်ရေမရ´´   အချိန်သည်က ညနေခင်း နေမင်းပျောက်ကွယ်လုဆဲဆဲမို့ ပတ်ဝန်းကျင်တစ်ခုလုံး နေရောင်ဖျော့ကာ ရရှိနေပြီး မိုးတိမ်တွေကလည်း ကောင်းကင်းမှာညိုကာလွင့်မျှောလို့ရှိနေလေသည်။ နေရာသည်က မန္တလေးကျုံး၏မြောက်ဘက်အရပ် တစ်နေရာတွင်ဖြစ်ပေသည်။ အဲဒီအချိန်ကာလ၊နေရာတွင် သီချင်းဆိုသံ ခပ်သဲ့သဲ့လေးကြားလိုက်ရလို့ ကျွန်တော် အသံလာရာဆီကို လှမ်း ကြည့်မိကာ နားစွင့်မိ လိုက်သည်။ ♩ ♪ ♬♭♫  ပိတုန်းရောင် ကေသာ♩ ♪ ♬ ♯♭  ဖြန့်လိုက်ရင် တစ်ကိုယ်လုံး ဝေဝေစာစာလွင်လွင်♬ ♮ ♯♭♫ သူမ ကသာ ပိတုန်းရောင်ကေသာလို့ သီချင်းစာသားဆိုလိုက်ပေမယ့် သူ့ဆံပင်ကတော့ ပိတောင်ရောင် ကေသာမဟုတ်ဘဲ နီကြောင်ကြောင်အရောင်ဆံပင်ဟာ ခပ်ကွေးကွေးတွန်လိမ်ပြီး ရှုပ်ထွေးနေသောဟန် ရှိလေသည်။ ရှေးတုန်းကနဲ့ ကျွန်တော်တို့လူပျိုအရွယ်လောက်အထိ ဆံပင်ဆိုရင်နက်မှောင်နေပြီး ပိတုန်းရောင် ရှိနေမှ ဆံပင်၏ကောင်းခြင်းမည်သည်ထင်ခဲ့ အသိအမှတ်ပြုခဲ့သည်။ ခေါင်းကဆံပင်တွင် အဖြူတစ်ပင်တွေ့ရပြီ […]


ခင္ခAugust 27, 20131min20224
“ကာလာကာလ မရဏပဥှာ´´     ခရီးသွားခြင်းများတွင် အခန့်မသင့်မှုနဲ့ကြုံရတဲ့အခါ အသက်တိုခြင်းဆိုတဲ့ ကံကြမ္မာကိုတွေ့ကြုံရတဲ့ သတင်းတွေ ဖတ်နေရတဲ့အခါ စိတ်မကောင်းဖြစ်မိတယ် ဒါကတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်နဲ့ ကြုံရတာမို့ ကံ ကို တာရိုးမယ်ဖွဲ့ရမယ်ထင်ပါတယ်။  အဲဒီမှာကမ္ဘာသုတေသီတွေလေ့လာချက်က အံ့ဩစရာဖတ်ရတယ်။ ခရီးသွား ရင်းထိခိုက်ဒဏ်ရာနှင့် အသက် အန္တရာယ်ဖြစ်ခဲ့မှုတွေမှာ ကားဖြင့်သွားခြင်းကြောင့်ဖြစ်ရတာ အများဆုံးပါတဲ့။ ဒုတိယအများဆုံးက ရထားဖြစ် နေပြီး အများသူဌာစီးရန်ကြောက်ကြတဲ့ လေယာဉ်ပျံကြောင့် သေဆုံးမှုက အနည်းဆုံးလို့ဆိုထားပါတယ်။ အနောက်တိုင်းနိုင်ငံလေဆိပ်တွေမှာဆို လေယာဉ်ကြီးများ ငါးမိနစ်တိုင်း ဝင်ထွက်မှုရှိနေကြပြီး တစ်ပတ်အတွင်း ခရီးစဉ်ထောင်ချီပြီးရှိနေပါတယ် ဒါပေမယ့် တစ်နှစ် အတွင်းလေယာဉ် ပျက်ကျမှုနှုန်းဟာ တစ်ကမ္ဘာလုံး စီးနင်းနေ တဲ့ ခရီးသည်ဦးရေနဲ့ယှဉ်ရင် အလွန်နည်းပါးပြီး ပျက်ကျမှုအကြိမ် အရေဟာလည်း အလွန်နည်းတာကို လေ့လာ တွေ့ကြပါတယ်။ အဲဒီတော့ ကား […]


ခင္ခAugust 17, 20131min1669
“ဘယ်သူ့တာဝန်လဲ´´   တစ်ခါသေဘူး ပျဉ်ဖိုးနားလည် ဆိုရိုးစကား ရှိခဲ့ကြတယ် ကြုံလာဒီဘဝ မြန်မာပြည်က နားမလည်လို့ မဟုတ်ရပါဘူး ပျဉ်းဖိုးမကလည်း နားလည်ပါရဲ့ ရှေးဆက်ခရီး မပြီးသေးလို့ သေခါမှသေ ရပ်လို့မရ ကုန်စေတော့ကွယ် ပျဉ်းဖိုးရယ်မို့ မျက်စိမှိတ်ခါ ဇွတ်နင်းလာပြီ ချွတ်နင်းတာမဟုတ်လို့ အသံမြည်။ မြည်သည့်အသံ ဘဝဂ်ညံတော့ မီဒီယာတွေက လျှင်လိုက်တာတဲ့ လွတ်လပ်ခွင့်ပေး ရေးကြမနှေး မလွတ်လပ်ခင် ဖိနှိပ်စဉ်လည်း မီဒီယာကတော့ ရေးခဲ့တာဘဲ သို့သော်တစ်ခု သတိပြုပါ ကိုယ်ရေးသတင်း ကိုယ်တာဝန်ယူ။   ခင်ခ။


ခင္ခAugust 12, 20131min34030
“တစ်ခါတုန်းက သူတောင်းစား´´   တရားရုံးတစ်ခုမှာဖြစ်ပါသည်။ တရားသူကြီး ။ “မောင်ဘထူး မင်းဒီပစ္စည်းကို ဘာလို့ခိုးတာလဲ´´ တရားခံ ။ “တရားသူကြီးမင်းခင်ဗျ အဲဒီအဝတ်ထုပ်ထဲမှာ ဘာပစ္စည်းပါလဲဆိုတာ ကျွန်တော်သိလည်းမသိဘူး ကိုင်လည်းမကိုင်ဘူးပါဘူး၊ မြင်လည်းမမြင်ဘူးပါဘူး ကျွန်တော်ခိုးလည်း မခိုးပါဘူး´´ ထိုင်နေတဲ့ တရားလို၏ရှေ့နေမှ မတ်တပ်ရပ်လိုက်ပြီး တရားလိုရှေ့နေ ။ “တရားသူကြီးမင်းခင်ဗျ ခိုးတဲ့သူကတော့ ခိုးပါတယ်လို့ ဘယ်ပြောပါ့မလဲ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာမှာ ရုံးတော်ကိုတင်ပြထားတဲ့ ပစ္စည်းထုပ်ရဲ့အနီးနားမှာ တရာခံဟာလဲနေပြီး အခြားမည် သူတစ်ဦးတစ်ယောက်မှ မရှိခြင်း၊ သူခိုးဟာလည်း အဲဒီလမ်းတစ်ခုကဘဲပြေးသွားတာဖြစ်ခြင်း ပတ်ဝန်ကျင် တွင်လည်း အခြားခိုအောင်းလောက်ဖွယ် အကာအရံတစ်စုံတစ်မရှိခြင်း စသည့်အထောက်အထားအရ ဒီပစ္စည်း ကို တရားခံဖြစ်သူ မောင်ဘထူးသည် ခိုးယူပြီး ပြေးသွားရင်း ချောလဲသဖြင့် ဖမ်းမိခြင်းဖြစ်ပါကြောင်း တင်ပြ ပါတယ်´´ တရားသူကြီး ။ […]


ခင္ခAugust 9, 20131min26025
“ဒီနေ့´´   မေး ။ ဒီနေ့ကို သင် နှစ်သက်ခဲ့ပါလား ဖြေ ။ နှစ်သက်တာပေါ့ဗျာ မေး ။ ဒီနေ့ကို မနှစ်သက်ခဲ့တာမျိုးရော ရှိခဲ့ဘူးလား ဖြေ ။ ရှိခဲ့တာပေါ့ဗျာ ရှိခဲ့တာပေါ့ မေး ။ ဘာဖြစ်လို့  ဒီနေ့ကို နှစ်သက်ခဲ့တာလဲ ဖြေ ။ လူ့လောကကြီးကို ရောက်လာတဲ့ ကိုယ်နဲ့သက်ဆိုင်သောနေ့လေးဆိုတော့ သဘောကျနှစ်သက်တာပါ မေး ။ ဒါဆို  မနှစ်သက်တဲ့ အကြောင်းကရော ဘာများလဲဗျ ဖြေ ။ ငယ်ဘဝနဲ့ လူရွယ်ဘဝတုန်းကတော့ ဒီနေ့ကိုရောက်လာရင် မိသားစုနဲ့ရော သူငယ်ချင်းတွေနဲ့ရော တွေ့ဆုံပြီး ပျော်ပျော်ပါးပါး စားကြသောက်ကြဆိုတော့ ပျော်ရတယ်ဗျာ အဲဒီတော့ ဒီနေ့ကို ကိုယ်တိုင်က မျှော်နေမိတယ် ရောက်တော့မလား ရောက်တော့မလားပေါ့ အခုနောက်ပိုင်း အသက်အရွယ်လေးရလာပြီ […]


ခင္ခAugust 6, 20131min20721
“ မမေ့နိုင်စရာအတည် ယနေ့တိုင်ပါပြီ။´´   သမိုင်းတစ်ခေတ် ဆန်းသစ်ချင်လို့ အာဏာရှင်အစိုးရ ဖြုတ်ချကြစို့ ထစ်ကထဲဆို ပြစ်မယ်ဆိုဘဲ ထစ်ကနဲဆို ရိုက်မယ်ဆိုဘဲ ထစ်ကနဲဆို ဖမ်းမယ်ဆိုဘဲ မှိုင်းခွဲရလည်း ခွဲမှာဘဲ မျက်ရည်ယိုဗုံးလည်း သုံးမှာဘဲ မီးသတ်ကားနဲ့ ရေဖြန်းကာရိုက် သူတို့ပြောတော့ လူစုခွဲသတဲ့ လက်ထဲမှာက လက်နက်မရှိ စာရွက်ကိုင်ဆောင် ကျောင်းသားထုကို ညင်းပန်းသတ်ကာ အမှုန့်ချေပေါ့ သမဂ္ဂအရေး ဦးသန့်အရေးနဲ့ ဆယ်ဗင်းဂျုလိုင် ငွေစက္ကူသိမ်း ထိုထိုအရေးများ လက်နက်အားကိုး ချေမှုန်းခဲ့တာ လူမဆန်စွာမို့ အခုဖုန်းမော် ကျဆုံးရသည့် အာအိုင်တီခေါ် ကျောင်းသားအရေးမှ ဒို့ကျောင်းသားသွေး နီကာရဲသည် ပြကြပါစို့ ဦးတည်ရက်စွဲ ၈ရက် ၈ လ ၈၈ ဝယ် ကျောင်းသားထုတို့ လမ်းပေါ်တက်မယ် ပြည်သူလူထု ပါဝင်နွဲကြတိုက်တွန်းပါသည် ရှစ်လေးလုံးအရေးတော်ပုံ အောင်ရမည်။ […]


ခင္ခAugust 1, 20131min24718
“မမူးလောက်ပါဘူးနော်´´   နေရာကိုပြောရရင်တော့ အရက်၊ ဘီယာ နှင့် အကင်စုံရောင်းတဲ့ ဆိုင်တစ်ခုမှာဖြစ်ပါတယ်။ ဆိုင်အပြင်ဘက် မြေကွက်လပ်မှာ ခင်းထားတဲ့စားပွဲက တစ်ယောက်သည် အတွင်းမှာထိုင်ပြီး လူနှစ်ယောက် စားသောက်နေတဲ့ စားပွဲတစ်ခုထံကို လျှောက်သွားပြီးအနီးနားရောက်တော့ ရပ်လိုက်ကာ “ဟေ့ကောင့် မင်း ဘာဝင်ပြောသွားတာလဲ အဲဒီကိစ္စ ငါ မင်းကို ရှင်းမယ်´´ အဲဒီမှာဘဲ ခုနထိုင်နေတဲ့ နှစ်ယောက်ထဲက တစ်ယောက်ကထရပ်လိုက်ပြီး “နောင်ကြီး လာထိုင်ပါအုံး အေးဆေးထိုင်ပြီးပြောကြတာပေါ့´´ လို့ဆိုကာ ထိုင်ဖို့ခုံတစ်လုံးကို အလိုက်သင့် နေရာချပေးလိုက်တော့ ခုနပြောနေတဲ့ သူက ဝင်ထိုင်လိုက်တယ် အဲဒီမှာဘဲ ခုနထိုင်ခိုင်းတဲ့ သူကဆက်ပြီး “နေပါအုံး နောင်ကြီး ကျွန်တော့်မိတ်ဆွေက ဘာပြောသွားလို့လဲ ပြောပါအုံးဗျ´´ “ဒီလိုကွာ ငါက တစ်ရာ နှစ်ရာ သုံးရာ လေးရာ အဲလိုရေတွက်ပြီးတော့ ခြောက်ရာလို့ […]


ခင္ခAugust 1, 20131min19712
“မနာတတ်ဘူးပေါ့´´   “အား….. နာ လိုက်တာ သေပါပြီဗျ´´ “မင်းကလည်း ခြေမပေါ် ဒီ တုတ်လေးကျမိတာများ သေတော့မယ့်အတိုင်းဘဲ အော် နေလိုက်တာ´´ “မင်း ခြေမပေါ် ချကြည့်ပါလား ဘယ်လောက်နာလဲ သိရအောင် အမလေး နာလိုက်တာ´´ “ချကြည့်လည်း မင်းလောက်တော့ မသဲဘူး ဟေ့ကောင်´´ “အေးအေး မင်းက အလှည့်ကျသိလိမ့်မယ် ခုတော့ မင်းမထိတော့ မနာတတ်ဘူးပေ့ါ´´   အဲလိုနဲ့ နေလာလိုက်တာ တစ်နေ့သောအခါတွင် “အား…….. အမလေး….. သေပါပြီ …..သူငယ်ချင်း ငါ့တွဲပါအုံး လမ်းတောင်ဆက်လျှောက်နိုင်ပါမလားသိဘူး.. အမလေး´´ “ဘယ်နားနာသွားလို့လဲ ပြစမ်း……….. အော် ဟုတ်ပါရဲ့ သွေးခြေတောင်ဥသွားတယ် နေအုံးသူငယ်ချင်း ငါပရုတ်ဆီလေး ဟိုနားကဆိုင်မှာ သွားပြေးဝယ်လိုက်အုံးမယ် ခဏလေးပါကွာ´´ ပရုတ်ဆီ အပြေးလေးဝယ်ပြီး ပြန်လာကာ သူငယ်ချင်းခြေထောက် […]


ခင္ခJuly 26, 20131min55644
“တူ တူ တော့ ကြာကြာမပုန်းနိုင်ဘူးပေါ့´´   https://myanmargazette.net/181421 (တူ တူ ပုန်းတန်း ကစားတာတော့မဟုတ်ပါ ဒါပေမယ့်ပုန်းခဲ့မိပါတယ် အဲဒီပိုစ့်- အဆက်ပါ ) ( “ဂျိမ်း´´ ဆိုပြီး တံခါးပိတ်ပေမယ့် ပြန်လှည့်များလာရင် အတွေးနဲ့ ကုတင်အောက်က မထွက်သေးဘဲ အမိနှစ်ယောက် ရဲ့ ဟိုဟို ဒီဒီ လှုပ်ရှားနေတဲ့ ခြေထောက်လေးတွေကိုဘဲ ကြည့်နေရုံမှတပါးအခြားမရှိပြီလေ။ ) စိတ်တွေကောမော ရင်တွေလည်းမောနဲ့ မှောက်ခုံအနေအထားမှာ လက်ပေါ်ကိုခဏလေးခေါင်းတင်မိလိုက် တယ်ဆိုရင်ဘဲ ဘယ်အချိန်ကမှေးကထဲအိပ်ပျော်နေလိုက်လဲမသိ လူကိုလှုပ်ပြီးနိုးတော့မှ လန့်နိုးလာတဲ့တယ်။ “ဒီမှာရှင် ဒီမှာ အရမ်းအိပ်ချင်နေလဲ ကုတင်ပေါ်အိပ်လေ ´´ “ဆောရီးပါဗျာ ကျွန်တော်အိပ်ပျော်သွားမိတယ်´´ ဆိုပြီး ကုတင်အောက်က ထွက်ကာ နံရံလေးမှီပြီးကြမ်းပြင် မှာထိုင်လိုက်မိတယ်။ “ရှင် စားပါအုံး ဆာနေမှာစိုးလို့ လဘက်သုတ်ထားတယ်´´ ဆိုပီး […]


ခင္ခJuly 25, 20131min31123
“တူ တူ ပုန်းတန်း ကစားတာတော့မဟုတ်ပါ ဒါပေမယ့်ပုန်းခဲ့မိပါတယ်´´   စားပွဲခုံဘေးနံရံမှာ ချိတ်ထားတဲ့ ပြက္ခဒိန်လေးလိုလှမ်းကြည့်မိရင်း ၈ ရက် ၈ လ တောင် ရောက်တော့မှာ ပါလားလို့ စိတ်ထဲရေရွတ်မိရင်း ……………………. “ဟေ့ကောင်တွေ မပြေးနဲ့ ရပ်၊ ဟေ့ကောင်တွေ မပြေးနဲ့ ရပ်´´ ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်းးးးးးးးးးး ဒုံး ဒုံး  ဝုန်း ဝုန်း ဝုန်းးးးးးးးးးးးး ဒုံး ဒုံး ဝုန်းဝုန်းဝုန်းးးးး ဖလပ် ဖလပ် ဝုန်းဝုန်း “အပေါ်ဆက်တက်မယ်ကွာ´´ “အောက်ပြန်ဆင်းရင်ကော´´ “အောက်ပြန်ဆင်းရင် မင်းအဖေတွေက အောက်မှ ပြည့်နေမလားဘဲ´´ ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်းးးးးးးးးးး ဒုံး ဒုံး  ဝုန်း ဝုန်း […]


ခင္ခJuly 18, 20131min1538
“မမေ့နိုင်ပါအတည် အလေးပြုပါသည်´´   လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆ နှစ် ကျော်ကာလက ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း)ပြောခဲ့တာနော်။ ဒါပေမယ့် အခုခေတ်အချိန်အခါ လုပ်ဆောင်နေကြပုံကိုများ သူထပြောလေသလား ထင်ရလောက်အောင် အကျုံးဝင်နေစဲ မိန်ခွန်းများကို ပြန်လည်ရှာဖွေတင်ပြလိုပါတယ်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမိန့်ခွန်းမှ ကောက်နုတ် ရလျှင် – “လူမျိုးရေးတရားဟောလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကြီး စိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ့်လူမျိုးကိုချစ်ခင်သော်လည်း တခြား လူမျိုးများကို မုန်းတီးခြင်း အထင်သေးခြင်းမဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်စေအောင် ဆောက်ရွက်တဲ့ လူမျိုးရေးတရားမျိုးလဲဖြစ်ရမယ်´´   ၁၉၄၆ ခုနှစ် ဇန်နာဝါရီလ ၂၃ ရက် ဖဆပလပြည်လုံးကျွတ်ညီလာခံတွင်တင်သွင်းခဲ့သောအဆိုမှ ကောက်နုတ် […]