ခင္ခMay 22, 20131min31524
“ရွာထဲမှာ ဆုံကြတာပေါ့´´   မန္တလေးမြို့ရဲ့  အဝေးပြေးယာဉ်ရပ်နားစခန်းရှိ အောင်ကမ္ဘာကားဂိတ်ရှေ့က ခရီးသည်များခေတ္တစောင့်ဆိုင်းရာ ခုံတန်းလျားလေးမှာ တောင်ကြီးသွားမယ့်ကားထွက်မည့် အချိန်မရောက်သေးတာနဲ့ ခင်ခ တစ်ယောက်ထိုင် စောင့်ရင် လက်ကိုင်ဖုန်းလေးနဲ့ အင်တာနက်ဖွင့်ကာ ကြည့်ရှု့ဖတ်နေစဉ်မှာ ခင်ခ ထိုင်သည့်ဘေး သူ့အနီးနားမှာ ကားဂိတ်က စပယ်ယာလေးတစ်ယောက်က အခုလိုအော်လိုက်ရင်ဘဲ “အောင်ကမ္ဘာ တောင်ကြီးခရီး ကားနံပါတ် ၂ – ခုံနံပါတ် ၂၅ နဲ့လိုက်မည့်ခရီးသည် ရှိလား ကားထွက်တော့ မှာပါ၊ အောင်ကမ္ဘာ တောင်ကြီးခရီး ကားနံပါတ် ၂ – ခုံနံပါတ် ၂၅ နဲ့လိုက်မည့်ခရီးသည် ရှိလား ကားထွက်တော့ မှာပါ၊´´ “ဒီမှာ ဒီမှာ ရှိတယ်ဗျ´´ ဆိုပြီး ခင်ခ လည်း ကဗျာကရာ ထိုင်ရာကထပြီး ကိုယ့်အထုပ်အပိုးတွေ ယူမယ်လုပ် တော့ […]


ခင္ခMay 21, 20131min40433
“ဒေဝေါကြီး လာမှာစိုးတယ်´´   ကလေးဘဝငယ်ငယ်တုန်းက ရန်ကုန်မြို့ စမ်းချောင်းမှာ ဦးလေးတွေ အဒေါ်တွေနဲ့ ခင်ခ တို့မိသားစု ပေါင်းစည်း ကာနေခဲ့စဉ်က မိုးရာသီ မိုးချိန်းသံတွေ လျှပ်စီးလက် တဲ့ အလင်းတွေကြားမှာ အကယ်လို့များ ပြောမရတာရှိတဲ့ အခါ  ဥပမာ- အိမ်ရှေ့ လမ်းပေါ်ဆော့နေတော့ မိုးတွေ ချိန်း လျှပ်စီးလက်လို့ မိုးရွာတော့မယ့် ဟန်မှာ အဒေါ်က အိမ်ထဲဝင်တော့ ပြောပေမယ့် အဆော့မက်နေတော့ မဝင်ဖြစ်သေးရင် “အေး အေး ဆက်ဆော့နေ ခဏနေ ဒေဝေါကြီး လာ လိမ့်မယ်´´ လို့လည်းဆိုရော ဒေဝေါ ဆိုတာ ဖြူသလား မဲသလား ဘယ်လိုမှန်းမသိပေမယ့် စိတ်ထဲ ကြောက် တာ နဲ့ ဆော့တာရပ်ပြီး အိမ်ထဲဝင်ခဲ့ရတဲ့ အဖြစ်လေးတွေက အခုလိုမိုးရာသီရောက်ခါနီးဆို ပြန်လည်က […]


ခင္ခMay 17, 20131min16410
“တစ်ခါက အင်းယားရယ်´´   သူဆံနွယ်လေး သပ်ကာပေးရင်း အကြင်နာတေးလေး ဆိုခဲ့တယ်။   အင်းယားရေပြင် ဖြတ်ကာတိုက်တာ လေနုအေးလေး ဆိုရမယ်။   ညနေဆည်းဆာ နေဝင်အလှမှာ သူ့မျက်နှာအလှ ပိုခဲ့တယ်။   တွေ့ဆုံချိန်လေး ကုန်မှာစိုးလို့ နှမျောမိတာ အချိန်လေးရယ်။   အချိန်တန်တော့ အိမ်ပြန်ရပေါ့ အလွမ်းမောလေး ဖြစ်ရမယ်။   ဟိုအရင်အတိတ် ကြည်းနူးခဲ့ရာ ရည်းစားဘဝ ဆိုကြတယ်။   ခုတော့လည်းဘဲ အင်းယားရောက်တော့ အလွမ်းအမောလေး ဖြေရတယ်။     ခုများတွေ့ရင် ဘယ်လိုဖြစ်မလဲ ဟိုရှာဒီရှာ ကြည့်မိတယ်။   ဘယ်ဆီရောက်လဲ ငယ်ချစ်လေးရဲ့ တစ်ခါတစ်ခါတော့ ဆွေးမိတယ်။   ခုများတော့လည်း အင်းယားဘောင်မှာ အလွမ်းပြေလား ကျန်းမာရေးလား မသဲကွဲဘဲ ညနေဆည်းဆာ […]


ခင္ခMay 15, 20131min1477
“တံခါးဖွင့်ကာ ကမ်းလင့်ပါလို့ ……..။´´   “ ခင် ရေ ပြီးပြီလား၊ အောက်ထပ်မှာ ဧည့်သည်တွေတောင် အတော်စုံစွာရောက်နေလောက်ပြီ´´ “ပြီးပါပြီ ကို ရဲ့၊ ဆံထိုးလေး ထိုးဖို့ဘဲ ကျန်တော့တာပါ ´´ “ဟုတ်ပါပြီ၊ အခါပေးမယ့်သူက အခါတော်ပေး စဖတ်တော့မလို့ လာအကြောင်းကြားနေလို့လေ´´ “ဟုတ်ကဲ့ပါ ကို ရယ်၊ ခဏလေးပါ´´ ဒီလိုနဲ့ ခင်ယမုံ တစ်ယောက် အလှပြင်ဖီးလိမ်းမှု့ကို လက်စသတ်လိုက်ပြီး အောက်ထပ်ခန်းမ ဆင်းမယ့်လှေကား ထိပ်မှာ သတိုးသား သတိုးသမီး နဲ့အတူ နှစ်ဖက်မိဘများ ပန်းကျဲမည့်ရှေ့ဆုံးက အချောအလှ ကလေးမလေး စသည်ဖြင့် အသီးသီး နေရာယူအသင့်ဖြစ်ချိန်မှာတော့ အောက်ထပ်ခန်းမတွင် ဩဘာဖတ်သံကို စတင်ကြား ရပြီး ခဏအကြာမှာတော့ အခါတော်ပေးတာက ………… အစချီကာ မင်္ဂလာတေးသံ လွှင့်ပျံလာသည်နှင့် […]


ခင္ခMay 15, 20131min28322
“ကျန်းမာရေးအတွက် အရက် နဲ့ အုန်းသီး(အုန်းရည်) အသုံးဝင်ပုံ´´   အရည်သောက်ခြင်းတွေပါဘဲ တစ်ခုက အရက်သောက်ခြင်း နဲ့ နောက်တစ်ခုက အုန်းရည်သောက်ခြင်းပါ။ အတော်များများ ယေဘူယျပြောကြတယ် အရက်သောက်ခြင်းဟာ ကျန်းမာရေးအတွက်မကောင်းဘူး ဘာညာ ပေါ့၊ အခုဖတ်ရတဲ့ သတင်းဆောင်းပါးမှာတော့ အရက်ရဲ့ ကောင်းကျိုးကို သုတေသီတွေက တွေ့ရှိချက်လေး တင်ပြထားတာပါ၊ အဲလိုဘဲ အုန်းသီးစား အုန်းရည်သောက်ရင် အပူကန်မယ် ဘာမယ်လို့ ထင်ကာပြောသူတွေ လည်း ရှိဖူးလို့ တကယ်တော့ အုန်းသီး၊ အုန်းရည်ဟာ ဘယ်လောက်အကျိုးများသလဲ သိစေချင်လို့ ဖေ့ဘုတ် ထဲက သိရတဲ့ ကျန်းမာရေးဗဟုသုတလေးကို မျှဝေပေးလိုက်ပါတယ်။ အရက်သောက်ခြင်းက ရေဒီယိုဓာတ် အဆိပ်သင့်မှု ပျောက်ကင်းစေ တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာ တွေ့ရှိချက် ဖြစ်ပါတယ်။ တကယ် လည်း ရေဒီယိုဓာတ် […]


ခင္ခMay 14, 20131min1578
“ကျေးဇူးပြုကာ ကူညီပါ ………. ဟု´´   ပိုစ့်တွေဖတ်ပြီး မန့်ချက်ကြီးကို အနုတ်မှသည် အပေါင်းတို့ချီ ရေးသူတွက်အား ဖြစ်စေညားဖို့ ကူကာပြုပေး အခုမနှေးရင် ပျော်ရွှင်လှပ ပို၍ကြွမို့ ရေးသူပီတိ ဖြစ်စေညှိကာ အတွေးသစ်များ ထပ်ဆင့်ပွားပြီး နောက်ထက်ပိုစ့်တွေ ကွန်မန့်တွေနဲ့ ဖတ်သူကျေနပ် အားရဖွယ်ရာ တို့တွေရွာကို သာယာစေဖို့ ဝိုင်းကာကူလှည့် မနုတ်စေလျှက် အပေါင်းတွေပေး မကျေနပ်သေး မပေးဘဲနေ ရှိပါစေလို့ မြင်ရရှု့ရ အလွန်လှသမို့ ကျေးဇူးပြုကာ ကူညီပါဟု တိုက်တွန်းနိုးဆော် အကျိုးမျှော်သည် ဂဇက်ရွာလေး လှစေသတည်း။   ။     ဖတ်ရှု့သူများကျေးဇူးပါ။ ခင်ခ။  


ခင္ခMay 13, 20131min42864
“သို့ …… သူကြီး သိစေရန်´´   ပိုစ့်တွေရဲ့ ကွန်မန့်တွေမှာ အခုတလော အနုတ် ကလေးတွေဟာ သီတင်းကျွတ်မီးထွန်းပွဲ ဆီမီးထွန်းသလို အတွဲလိုက်ကို တွေ့နေရပါတယ်။ အဲဒီအနုတ်ပေးခံရတဲ့ အကြောင်းနဲ့ပက်သက်ပြီး သူကြီးကတော့ ပြန်မန့်ဘူးပါတယ် အနုတ်ပေးတဲ့ သူတို့ တွေက အချိန်ပေးပြီးဖတ်ကြ လုပ်ကြရတာပါတဲ့။ ဒါဆိုရင် ပိုစ့်ရေးတဲ့သူကရော အချိန်မပေးရလို့လားဗျာ။ ပိုစ့်ရေးသူတွေက အချိန်မပေးရဘဲ အုံ ဖွ မန်း ရတဲ့ ဆရာတွေမို့လား သူကြီးရေ။ ပိုစ့်တစ်ပုဒ်ရေးဖို့အတွက်လည်း စဉ်းစားရ တွေးရ ရေးရနဲ့ အခြားသတင်းကို ပြန်ရေးပေးတာတောင် ပြန်ရေးရ ပြီးရင် ကွန်နက်လေးကိုကြည့်ကာတင်ရနဲ့ ရေးသူမှာလည်း အချိန်ပေးရတာပါ။ ဒီလိုပါဘဲ မန့်ကြသူတွေလည်း ပိုစ့်ကိုဖတ်ရ မန့်ဖို့ရေးရ အချိန်ပေးရပါတယ်။ ဟိုတလောက သူကြီးပြောတာ ဖတ်ရပါတယ် ပိုစ့်တွေမှာ မန့်တဲ့သူ […]


ခင္ခMay 13, 20131min1758
“ဘေးကင်းကြပါစေ´´   “ ဒိုင်း ´´ ကြားရအသံ ဘာသံလို့မေး ကချင်မြေတနင်း စစ်ခင်းနေသေး ထိုနေရာရှိ ရွာလူထုလည်း ဟိုပြေး ဒီပြေး ဪ စစ်ဘေး။   “ ဝုန်း ´´ ကြားရအသံ ဘာသံလို့မေး နာဂစ်ရေလှိုင်း ပုတ်ခတ်သံလေး ပြေးကြသူဌာ ဆူညံစွာနဲ့ ဪ ရေဘေး။   “ ရှီး ´´ ကြားရအသံ ဘာသံလို့မေး တစ်နာ၈ဝနှုန်း တိုက်တဲ့လေသံ မုန်တိုင်းဟန်တဲ့ ပြိုလဲသစ်ပင် လွှင့်ပျံသွပ်မိုး ပျက်စီးအဆောက်အအုံ ရွဲစိုကြရဲ့ ဪ လေဘေး။   “ ဟဲ ´´ ကြားရအသံ ဘာသံလို့မေး ဝါယာရှော့ဆိုလား ပေါ့စတာလား ဘာဘဲဖြစ်ဖြစ် အိုးအိမ်ပစ်လို့ ပြေးကြသူဌာ ငိုယိုကာနှင့် ဪ […]


ခင္ခMay 11, 20131min34519
“စိတ်မကောင်းမိပါရဲ့ ………..´´   ဖေ့ဘုတ်မှတွေ့တာပါ။ သတင်းလေးဖတ်ပြီးစိတ်မကောင်းမိဘူးဗျ၊ ငါတို့ဆီက အလှုတွေမှာ မန်းဘက်က ဘုရားပွဲတွေမှာတော့ သနားစာနာတဲ့သူတွေက ကျွေးမွေးစွန့်ကြဲကြပြီး ခုလိုတော့ လှောင်အိမ်ထဲ ထဲ့ပြီး မထားသေးဘူးဆိုတော့ တော်သေးတယ်ဆိုမလားဘဲ။ ဖတ်လိုက်ရတဲ့ သတင်းလေးက —– “တရုတ်ပွဲတော်တစ်ခုအတွက် သူတောင်းစားတို့ကို လှောင်အိမ်သွင်းထားရ တရုတ်ပြည်တောင်ပိုင်း Jiangxi ပြည်နယ်၊ Nanchang မြို ့မှာ ကျင်းပတဲ့ ရိုးရာ ယဉ်ကျေးမှု ပွဲတော်တစ်ခုမှာ ဖြစ်ပါတယ်။ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကြလိုပေါ့။ ပွဲတစ်ခုရှိလာပြီဆိုရင် ယင်းပွဲ ပတ်လည်မှာ သူတောင်းစားနဲ့ အိမ်ခြေရာမဲ့များ လာရောက် တောင်းစား ပါတယ်။ ယခုလည်း နန်းချန်းမြို ့ငယ်လေးမှာ ပွဲကျင်းပတော့ နှစ်စဉ်တိုင်း သူတောင်းစား အများအပြား လာရောက်ကြပါတယ်။ ယင်းကဲ့သို့ လာရောက် မှု အတွက် […]


ခင္ခMay 4, 20131min17013
“အလွန်ပူသော နွေရာသီ ဒီကာလမှာဖြင့် …….´´   ရာသီဥတုက နွေရာသီကာလကိုရောက်နေပြီး အခုတလော ရန်ကုန် နဲ့ မန်း အပါအဝင် မြို့တွေ အတော်များ များမှာ အပူလွန်ကဲကာ ပူပြင်းမှု့ကိုတွေ့ကြုံနေကြရပါတယ်။ အဲဒီမှာ ခင်ခ တွေးမိတဲ့ ကျန်းမာရေးဆိုင်ရာလေး တွေကို ပြောမလို့ပါ။ အခုကာလ မော်တော်ကားလေး အဲကွန်းဖြင့် နေ့လည်ခင်းသွားကြရင်ဖြင့် အခု မော်တော်ကားတွေက ဈေးလေးတွေလည်း ဝယ်နိုင်စီးနိုင်လာကြတော့ ကားလေးတွေကလှ ကားသစ်လေး တွေနဲ့ကြွပြီး ပူလွန်းအိုက်လွန်းလှလို့ အေးစိမ့်သွားအောင် ကားလေးကိုမှန်လေးလုံအောင်ပိတ်ကာ အဲကွန်းကို အအေးဆုံးမှာထားကာသွားကြတတ်ပါတယ်၊ အဲဒီမှာ ကားလေးရပ်ကာ ပြင်ပမှာ တစ်ခုခုကိစ္စရှိလို့ ကားတံခါး လေးဖွင့်ပြီး ဆင်းလိုက်ရင် နေ့လည်နေ့ခင်းဘက်ဆို အဲကွန်းအေးစိမ့်အောင်ဖွင့်ထားတဲ့ ကားအတွင်းအပူ ချိန်ကြောင့် မိမိခန္ဓာကိုယ်အပူချိန်ဟာနိမ့်ကျနေတုန်း ဗြုန်းဆိုပြင်ပ အလွန်ပူနေတဲ့ပတ်ဝန်းကျင်အပူချိန် ကွာဟမှု့ ခြားနားချက်နှုန်းကြောင့် […]


ခင္ခMay 2, 20131min24118
“အတိတ်ကပျော်ခဲ့သော အရိပ်တွေ ခုတော့ဖြင့်  ရန်ကုန်ရယ်…….´´   အမိတက္ကသိုလ် အဓိပတိလမ်းဆို သိကြသူရှိခဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ တက်ရောက်စဉ်အချိန်ကာလကလို ရန်ကုန်ဟာပျော်စရာ မကောင်းတော့သလို၊ အပြုံးတွေပေါ်မှာ အသားအရောင်တွေ တံဆိပ်ကပ်လာတယ် အပြုံးတွေပေါ်မှာ ဘာသာတရားတွေ တံဆိပ်ကပ်လာတယ် ငါတို့အလှုမှာ မင်းတို့ မုန့်ဟင်းခါးလာစားကြတုန်းကလို မင်းတို့ အိမ်မှာ ငါတို့ စမိုင်လာသောက်ကြတုန်းကလို သူတို့ခရစ်စမတ်မှာ ငါတို့သီချင်းဝိုင်းဆိုကြတုန်းကလို အဲလိုအချိန် အဲဒီအခြေတုန်းက တစ်ပျော်တပါး ဟေးလားဝါးလား ။   သူ့လမ်းကိုယ့်လမ်း တစ်ထီးတစ်နန်းဆန်ကာ သူ့နယ်ကိုယ့်နယ် ကြီးကျယ်ချင်လာ သားရိုင်းတွေလို မာန်ထောင်ရန်စွာရှိခဲ့ကြကာ သမိုင်းကို မရိုင်းရိုင်းအောင် ဝိုင်းလောင်နေကြပါပေါ့ ခုတော့ရန်ကုန် အရင်လိုမဟုတ်တော့ပြီလေ အတိတ်ကအချိန်ကာလတစ်ခုစီဝယ် စစ်ဖိနပ်အောက်ကလွတ်ဖို့ မင်းတို့ဗလီထဲ တို့များဝင်ပုန်းခဲ့ကြသလို နံပါတ်တုတ်နဲ့လွဲဖို့ ငါတို့ဘုန်းကြီးကျောင်းထဲ မပ်းတို့ဝင်ကာပုန်းခိုနေခဲ့ကြသလို အဲသလိုကပ်ဆိုးကြီးလောက်တောင် ပျော်စရာမကောင်းတော့ဘူးထင် အတိတ်ကပျော်ခဲ့သော အရိပ်တွေ […]


ခင္ခApril 29, 20131min22820
“မုန်းသည်။´´   ငယ်ဘဝကကျောင်းမှာ နှစ်သက်သူတစ်ယောက်ကို ချစ်မိတဲ့အကြောင်း လိုက်ခါပြောတော့ သူကပြန်ဆို ရှိခဲ့ဘူးသည် “နင့် ကို မုန်းသည်´´ ဟုဆိုပြီ။   ဆယ်တန်းစာမေးပွဲ ဖြေကာနွဲတော့ ထိုနှစ်ကျခဲ့ဆိုသောအခါ နောက်နှစ်မကြိုးစား ဝေလေများရင် အဖေပြောသည် “သား ကို မုန်းသည်´´ ဟုဆိုပြီ။   အိမ်ရှေ့ အခင်း မြေသလင်းဝယ် အရိပ်ကကောင်း သဘောကောင်းမို့ ကလေးများစွာ စုစည်းကာသာ ဆော့ခဲ့ကြတာ နှစ်လရှည်ကြာ၊ မနေ့ကတော့ ခေါင်းကကိုက်လို့ ကလေးတစ်သိုက် ဆော့ကာဆူပွက် နားမခံလျှက်တော့ ထွက်ကာအော်မိ ဆော့တာရပ်၏ သို့သော် ထိုကလေးများက ပြိုင်တူပြောသည် “လေးလေးကြီးကို မုန်းသည်´´ ဟုဆိုပြီ။   ဪ ကြည့်ကာ ပီတိ ချစ်ကာညှိသည့် ငယ်ချစ်ကလေး ဖခင်ဝေးနှင့် အမြဲဆော့လာ ကလေးများစွာ […]


ခင္ခApril 27, 20131min23115
ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအတွက် အဟာရ   ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားတို့ဟာ ရက်သတ္တပတ်အလိုက် သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ဖြစ်ပေါ်ဖွံဖြိုးမှု့နဲ့ အညီ မိခင်အနေနဲ့ လိုအပ်တဲ့ အဟာရသုံးစွဲနိုင်ဖို့ ဖတ်ဖူးခဲ့တဲ့စာပေစုတွေထဲက ဗဟုသုတ အဖြစ်သိကြ ရအောင် ပြန်လည်မျှဝေရေးပေးလိုက်ပါတယ်။ သန္ဓေသားရက်သတ္တနှစ်ပတ်ကနေ သုံးပတ် သွေးလည်ပတ်မှုစတင်ပြီး သိုင်းရွိူက် Thyroid ( လည်ပင်အကျိတ်အဖွဲအစည်း၊ ကျောက်ကပ်၊ မျက်လုံး၊ နား ) တို့ စတင်ဖွံဖြိုးစပြူ၊ လိုအပ်တဲ့ အာဟာရ ဓာတ်တွေကတော့ ထုံးဓာတ်ခေါ်တဲ့ ကယ်လ်စီယမ်၊ ကြေးနီဓာတ် ဖြစ်တဲ့ Copper၊ မီးစုန်းဓာတ်၊ ဖော့စ်ဖရပ်စ် နဲ့ ဗီတာမင်အေ တို့ဖြစ်ကြပါတယ်၊ အဲဒီအဟာရတွေကို နွားနို့၊ ငါး၊ အဆီ၊ ကြက်ဥ၊ ပဲ အဝါရောင်-အစိမ်းရောင်ဟင်းရွက်တွေက ရနိုင်ပါတယ်။ ရက်သတ္တလေးပတ် ခြေလက်တွေစတင်ဖြစ်ပေါ် […]