ခင္ခOctober 23, 20121min24825
ရွာထဲရေသန့်ရောင်းဖြစ်ပုံလေးပါ။ ဒီကနေ့ အလုပ်ပိတ်ရက်လေးမို့ နေ့လည်နေ့ခင်း ခင်ခနေတဲ့ ဟိုရွာအပြင်ဇနပုဒ်တဲလေးရဲ့ အိမ်ရှေ့ကပြင် လေးမှာ စာအုပ်ဖတ်နေမိတယ်လေ၊ ညဖက်ကျရင် လျှပ်စစ်မီးကလည်း အားကမပြည့်တော့ မီးအလင်းရောင်က ဆီမီးမှိန်တုတ်မှောင်ရီ သလောက်ဘဲအလင်းရတာမို့ ညဖက်စာဖတ်လို့အဆင်မပြေတာနဲ့ ဖတ်ချင်တဲ့စာအုပ် တွေဆိုနေ့လည်နေ့ခင်း အိပ်ရှေ့ကပြင်မှာ ဖတ်ဖြစ်နေတာပေါ့လေ။ ဒါကြောင့်လည်း ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ လို့အမည်နာမ ထွင်ခဲ့တာပါဗျာ။ ဒါနဲ့ဘဲ ကြက်သွန်ဖြူ ဆေးဘက်ဝင်ပုံစာအုပ်ဖတ်လို့ တဝက်မရှိသရှိလောက်မှာဘဲ ရွာထဲက တက်ကြွတဲ့ လူငယ်အုပ်စုထဲက အဂ္ဂမဟာ ဂန္ဓ ဝါစဣ ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန္တ အူးဘဖင်းဗိုက်၊ ဇမ္ဗူ့လောကပါလ ကြောင်ဝတုတ် နဲ့ မိုးမြင့်ဇမ္ဗူ မှန်ကူနန်းရှင် ဘုရင့်တကာဘုရင် မဟာရာဇာ ပျိုတိုင်းကြိုက်တဲ့ ကိုကိုအံစာ တို့ ၃ ယောက်သား […]


ခင္ခOctober 18, 20121min19624
တိုင်ပင်မထား တူညီကြရာ နေ့လည် ၁၂ နာရီဝန်းကျင်ပါ။ ကလင်—–ကလင်——–ကလင်———-ကလင်———ကလင်။ ဟေး ——- ဟေး —— ဟေး ။ မူလတန်းကျောင်းတစ်ကျောင်းက နေ့လည် ၁၂ နာရီ ထမင်းစားချိန် ကျောင်းဆင်းတဲ့ ခေါင်းလောင်းဘဲတီးသံ ကြားလိုက်ရတာနဲ့ စာသင်ခန်းထဲမှာ စာသင်နေကြတဲ့ ကလေးတွေ အော်ဟစ်ဆူညံတဲ့ အသံတွေ ကျောင်း ဝန်းကျင် တစ်ခုလုံးပျံလွင့်သွားတယ်လေ။ ကျောင်းသားကျောင်းသူ တွေထဲက ထမင်းချိုင့်ပါလာသူတွေ ကလည်းကိုယ်ခင်မင်ရာ သူငယ်ချင်းတွေစုလို့ နေ့လည်ထမင်းစားဖို့ပြင်ကြ စားကြတာပေါ့၊ တစ်ချို့တွေလည်း ကျောင်းမုန့်ဈေးတန်းဆီ ပြေးကြလေပြီ၊ တစ်ချို့တွေလည်း မိမိတို့အိမ်က လာပို့တဲ့ ထမင်းချိုင့်ကို ကျောင်း ပေါက်ဝမှာ သွားပြေးယူသူယူ။ တစ်ချို့တွေကတော့ မိမိတို့အိမ်က နေ့လည်ထမင်းစားချိန် လာရောက်စောင့် ကျွေးကြလို့ သစ်ပင်ရိပ်လေးတွေ၊ ကားနောက်ခန်းမှာတွေ စသည်ဖြင့် နေ့လည်စာကို စားသောက်နေကြတယ် […]


ခင္ခOctober 17, 20121min19412
ကျန်းမာရေးနဲ့ဆိုင်သော သတင်းလေးပါ။ ခင်ခ FB ထဲကို Mg Mandalay ကနေပို့လိုက်တဲ့ သတင်းလေးကို ဖတ်ကြည့်ပြီး ရွာသူားတွေလည်း ကျန်းမာ ရေး သတိပေးချင်တာနဲ့ သတင်းအဖြစ် မျှဝေတင်ပေးမိတာပါ။ စီပွားရေးသမားတွေလုပ်ရပ် ကလည်းအတော့် ကို ဆိုးသည်ထက်ဆိုးနေပါလားနော်။   ရန်ကုန်တွင် ဆာလဖျူရစ် အက်ဆစ်ပြင်း ပါသော ငရုတ်သီးများတွေ ့ ……. ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံနှင့် အင်းစိန်မြို ့နယ်တို ့ရှိ အရောင်းဆိုင်များတွင် ဝက်သားတုတ်ထိုးနှင့် အသုပ်စုံများ ရောင်းချရာ၌အသုံးပြုသော ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြုထား သည်ကို စစ်ဆေးတွေ ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က the voice သို့ ပြောကြားသည်။ […]


ခင္ခOctober 16, 20121min33926
အိမ်ထောင်သည် အမျိုးသမီးများ နှုတ်ဆိတ်နေခြင်း နှင့် ရလာဒ်။ မိန်းမတွေက မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့် အချစ်မှာ၊ တစ်ချို့အခြေအနေမှာ နှုတ်ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။ “silence is golden” ဆိုသလို တစ်ခါ တလေမှာ နှုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ သယ်လာပေးနိုင်ပါတယ်။ မကြာမှီ သတင်းကျွတ်လို့ ဝါကျွတ်ပြီမို့ အိမ်ထောင်ပြုမယ်လို့ ရည်ရွယ်သူများနဲ့ အိမ်ထောင်ပြုပြီး ဇနီးမောင်နှံများအတွက် ရှာဖွေ စုဆောင်း ထားတာလေးတွေ ထဲက ကောက်နုတ်ခါရေးပေးမယ်ဗျာ။ (၁) သူ မီးဖိုချောင် ဝင်တဲ့အခါ အမျိုးသမီးတွေသည် မီးဖိုချောင်က ကိုယ့်နယ်ပယ်လို့သတ်မှတ်ပြီး မီးဖိုချောင်ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့ ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့မှာ လိမ္မာပါးနပ်တဲ့သင်က ဟင်းရွက်ဆေးကူ၊အိုးခွက် ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို ရှောင်နေလိုက်ပါ။ […]


ခင္ခOctober 16, 20121min19115
စေတနာအဟုုတ်နဲ့ အမှန်လုုပ်ပါ လူအချို့ဟာ အတော်များများ အလုုပ်လုုပ်တဲ့အခါ ဟန်ပြလုုပ်တာတွေ၊ ဟန်ဆောင်လုုပ်တာတွေကို လုုပ်ပြလေ့ ရှိတတ်ပါတယ်။ စေတနာ မပါဘဲ သူများအထင်ကြီးအောင်၊ သူများလေးစားအောင် လူရှေ့သူရှေ့ ဟန်ဆောင် လေ့ ရှိတတ်ပါတယ်။ ဒါဟာ အမှန်ပြယုဂ်မဟုုတ်ဘဲ ဟန်ဆောင်သရုပ်သာ ဖြစ်တဲ့အတွက် အချိန်တန်တော့ လည်း သူ့အလုိုလုို လဲသွားကြတော့တာ ဖြစ်ပါတယ်။ အမှန်တော့ ကုိုယ်လုုပ်တဲ့အလုုပ်ဟာ သူများအထင်ကြီးဖုို့၊ သူများချီးကျူးခံရဖုို့ အဓိကမကျပါဘူး။ ကုိုယ့်စေတနာ မှန်ဖုို့ပဲ အရေးကြီးလှတာ ဖြစ်ပါတယ်။ ကောင်းတဲ့အလုုပ်တွေမှာ စေတနာမှန်နဲ့သာ လုုပ်သွားကြမယ်ဆိုရင် ဘယ်သူ အထင်ကြီးကြီး မကြီးကြီး၊ ဘယ်သူလေးစားစား မစားစား ကုိုယ့်ကုိုယ်ကိုတော့ ကုိုယ်ကုိုယ်တုိုင် အထင်ကြီးလေးစားနုိုင်တာ ဖြစ်ပါတယ်။ ကုိုယ့်ကိုယ်စောင့်နတ်နဲ့ သူတော်ကောင်းတွေကတော့ သာဓုု ခေါ်နေ ကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ စေတနာ […]


ခင္ခOctober 12, 20121min36921
နေတတ်အောင် ကြိုးစားကြည့်ခြင်း ********************** တစ်ချို့က တစ်ယောက်တည်းဆုိုရင် မနေတတ်ဘူး။ တစ်ချို့က အများနဲ့ဆုို မနေတတ်ဘူး။ တစ်ချို့က တစ်ယောက်တည်းနေလည်း ပြဿနာဖြစ်တယ်။ အများနဲ့နေလည်း ပြဿနာ ဖြစ်တယ်။ ဘယ်မှာ ဘယ်သူနဲ့ နေနေ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကုိုယ့်ကုိုယ်ကုို ပြုပြင်မှု၊ ကုိုယ့်စိတ်ကို ဆင်ခြင်မှု အားနည်းလုို့ပဲဖြစ်ပါတယ်။ တကယ်တော့ ဘဝမှာ အထီးကျန်ခြင်း၊ မကျန်ခြင်းဆုိုတာဟာ အမြဲပြောင်းလဲနေတဲ့ လောကဓံ သဘောပဲ ဖြစ်တဲ့အတွက် တစ်ယောက်တည်းရှိနေလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်သလုို၊ အများနဲ့ဆုိုလည်း နေတတ်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ နေတတ်အောင် ကြိုးစားတယ်ဆုိုတာက အပြစ်မဖြစ်အောင် ထိန်းသိမ်းနေထုိုင်းခြင်းပဲ ဖြစ်ပါတယ်။ ကုိုယ့်စိတ်နဲ့ကုိုယ့်ကုို ကုိုယ့်အလုိုအတိုင်း မဖြစ်ခဲ့ရင်လည်း အကုုသုိုလ် မဖြစ်အောင် ကြိုးစားပြီး သတိနဲ့ နေထုိုင်ကြည့်ခြင်းမျိုးပဲ […]


ခင္ခOctober 9, 20121min87948
တွဲဖက်စားသောက်ခြင်း၊ သုံးစွဲခြင်း မပြုသင့်သော အရာများ။   အရင်တစ်ပတ်က ကျောက်ပန်းတောင်းဘက်မှာ သနပ်ခါးလိမ်းပြီး သနပ်ခါးပေတဲ့လက်နဲ့ ကလေးကို ပန်းသီးကျွေးမိတော့ ကလေးသေဆုံးသွားတယ်၊ အဲဒါကို ဖခင်ဖြစ်သူက မယုံလို့ ပန်းသီးနဲ့သနပ်ခါး ရောပြီးစားလိုက်တော့ ဖခင်လည်း သေဆုံးတယ်လို့ ဖေ့ဘုတ်မှာပျံလွင်နေခဲ့တဲ့ သတင်းကို သိကြပြီးဖြစ်မှာပါ။ အဲဒါကြောင့် ခင်ခ ဖေ့ဘုတ်ထဲကို အသိမိတ်ဆွေတစ်ယောက် share ပေးထားတဲ့ တွဲဖက်မစားသင့်သော ၊ မသုံးစွဲသင့်သော အရာများကို ပို့ပေးထားတာရှိလို့ လိုက်ရှာပြီး ရွာသူားများ ဖတ်ရအောင်ပြန် Share ပေးမိ တာပါ။ ဖတ်ပြီးတဲ့သူများရှိပြီးဖြစ်နိုင်သလို မဖတ်ရသေးတဲ့သူများလည်း ဖတ်ရအောင်ပါဗျာ။ ဟုတ်မဟုတ်တော့ မသိပေမယ့် ဗဟုသုတ အတွက်ပါဗျာ။ က ကကတစ် နှင့် ကြာဟင်း ကုန်းကျေး နှင့် ပုစွန် ကန့်ချုပ်နီ နှင့် […]


ခင္ခOctober 6, 20121min21448
ကြံကြံဖန်ဖန် တွေးမိပ။ တစ်နေ့က နေ့လည်ခင်း သင်တန်းတစ်ခုတက်တုန်းက စတင်လို့ရင်းနှီးခင်မင်လာတဲ့ အသိမိတ်ဆွေ တစ်ယောက်ဆုံးပါးသွားလို့ ဈာပနပို့ဆောင်ဖို့ နာရေးအိမ်ကိုရောက်သွားတာပေါ့၊ မန္တလေးမှာက အများအား ဖြင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို အိမ်မှာဘဲ ပြင်ဆင်ထားပြီး အိမ်ကနေဘဲ သုဿန်ကို သင်္ဂြု ိလ်တဲ့နေ့မှ ကားနဲ့ပိုဆောင်ကြတာများတယ်၊ ရန်ကုန်လို ရုပ်အလောင်းကို သုဿန်ရဲ့ ရေခဲတိုက်မှာ သေဆုံးတဲ့နေပို့ပြီး ဈာပနချမယ့်နေမှ သေဆုံးသူအလောင်းထုတ် အခန်းတစ်ခုမှာ ပြင်ဆင်ပြီး မီးသင်္ဂြု ိလ် ဒါမှမဟုတ် ဂူသွင်း အဲလိုမျိုးမဟုတ်ဘူးလေ။ ဆုံးပါးသွားတဲ့သူငယ်ချင်းက သေဆုံးချိန်ထိ ကုမ္မဏီတစ်ခုမှာမန်နေဂျာအဖြစ် လုပ်နေတဲ့သူတစ်ဦးပေါ့၊ ဒါနဲ့ နာရေးအိမ်ရောက်တော့ သေဆုံးသူရဲ့ ဇနီးနဲ့တွေ့ အားပေးနှစ်သိမ့်စကားပြော လွမ်းသူ့ပန်းခွေလေး အလောင်း ပြင်ထားတဲ့ သင့်လျော်ရာနေရာမှာထားပေါ့။ ဒီလိုနဲ့ ဈာပနချမယ့်အချိန်ရောက်တော့ နေအိမ်မှ သုဿန်ကို အသုဘလိုက်ပါပို့တဲ့ ယာဉ်တန်းနဲ့မောင်းလာကြပြီး […]


ခင္ခOctober 3, 20121min12947
ဒါဆိုရင်ကော ကူညီမှာလား။ မိုးတွေအရမ်းဘဲရွာနေတဲ့အချိန် ကောင်မလေးတစ်ယောက်ထီးမပါဘဲ လမ်းပေါ်မှာ အပြေးလေးသွားနေတယ်။ အဲဒိအချိန်မှာ ထိုမိန်းကလေးဖြတ်သွားတဲ့ လမ်းဘေးက ကော်ဖီဆိုင်လေးရဲ့ ရှေ့မျက်နှာစာ တံစက်မြိတ်မှာ မိုးအရမ်းသဲနေလို့ မိုးခိုနေတဲ့သူတွေရှိကြတယ် ခင်ခလည်းအပါအဝင်ပေါ့။ အဲဒီမှာ ကောင်လေးတစ်ယောက် ကထီးလေးတစ်ချောင်းကိုင်ပြီး ခုနဖြတ်လျှောက်သွားတဲ့ ကောင်မလေးဆီပြေးသွားပြီး နှစ်ယောက်ဆုံ တဲ့အချိန် မှာ သူလက်ထဲကထီးကို ဖွင့်လို့ ကောင်မလေးကို ဆောင်းပေးရင်း အဲဒီထီးကို ကောင်မလေးလက်ထဲထဲ့လိုက် တာတွေ့လိုက်ရတယ်၊ သူတို့နှစ်ဦးတွေ့ချိန် ခဏလေးမှာ စကားလေးအနည်းငယ်ပြောဖြစ်ကြပြီး ကောင်လေး ပေးတဲ့ထီးလေးကို ကောင်မလေးကဆောင်းသွားရင်း လမ်းဆက်လျှောက်သွား တယ်၊ ကောင်ကလေးကတော့ မိုးရေတွေရွဲပြီး ခုနကော်ဖီဆိုင်လေးမှာ မိုးဆက်ခိုနေတယ်လေ။ အဲဒီလိုကောင်လေးက ကောင်မလေးဆီပြေးသွားပြီး ထီလေးဆောင်းပေးပုံ စကားခဏပြောပုံ ထီးလေး ကောင်မလေး ကိုပေးလိုက်ပုံ စတဲ့ခုနမြင်ကွင်း ကို ကော်ဖီဆိုင်လေးမှာ မိုးခိုနေကြသူတွေမြင်ကြတာပေါ့၊ အဲလိုမြင်ကြတဲ့သူတွေထဲက တစ်ချို့ကတော့ […]


ခင္ခOctober 2, 20121min24111
ပါရာစီတမောဆေး နဲ့ ကလေး လူရွယ် အသွယ်သွယ်အတွက်။ ကလေးတွေနေထိုင်မကောင်းကြဘူးဆိုရင် အသုံးအများဆုံး တိုက်ကျွေးမှုအများဆုံးသော ဆေးဟုဆိုလို့ရတာ က ပါရာစီတမောဆေးပါဘဲလေ။ ဒါပေမယ့် ကလေးဆိုတဲ့ သဘာဝအရ ဆေးကို ကလေးကသူ့ဖာသာ ပါရာစီ တမောသောက်မယ်လို့ဆိုပြီး ယူသောက်ခြင်းထက် မိဘ သို့မဟုတ် လူကြီးက သောက်စေ ချင်လို့၊ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားလို့ သောက်ဖြစ်ကြတာများမယ်ထင်ပါတယ်၊ အဲဒီလိုဆိုရင် ပါရာစီတမောဆေးရဲ့ အကျိုး အပြစ်လေးများ ဗဟုသုတ အနေနဲ့ သိထားကြရင်ဖြင့် ကလေးကိုတိုက်ကျွေးတဲ့အခါ အသုံးများဝင်လေမလား လို့တွေးမိတာကြောင့် ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ ဆေးပညာ စာပေထဲက ပြန်လည်ရေး သာ ဝေမျှပေးပါရစေလို့။ ဖျားတဲ့အခါတိုင်း ပါရာစီတမောဆေးတိုက်ဖို့လိုသလား၊ ကလေးဖျားတာသည် ကလေး၏ ရောဂါပြီးစနစ်က ရောဂါကို ပြန်တိုက်နေသည် ဆိုသည့်လက္ခဏာ ပင်ဖြစ်ပါသည်၊ တစ်ချို့ ကလေးဖျားတာကို ပါရာစီတမော […]


ခင္ခOctober 1, 20121min30929
ပုံမှန်ဘဲ အများသုံးနေကြတာ တွေ့ရ ကြားရတဲ့ ဒီစကားလေးပါ။ လဘက်ရည်ဆိုင်ကို မဒမ်ခင်ခနဲ့ရုံးသွားရင်း မနက်စာဝင်စားဖို့ဆိုင်ထဲဝင်တော့ အဝင်ဝ စားပွဲမှာ ထိုင်နေတဲ့ အသိမိတ်ဆွေ တစ်ယောက်ကို တွေ့တာနဲ့ ကျွန်တော်က “ သာကော နေကောင်းလား၊ အရောင်းအဝယ်တွေ ရော အဆင်ပြေ တယ်ဟုတ် ´´ ဆိုတော့ မိတ်ဆွေက “ နေကောင်းပါတယ်၊ အရောင်းအဝယ်ကတော့ ပုံမှန် ဘဲ၊ တစ်ခါ တစ်လေဆို ပုံမှန်လောက်တောင် မဖြစ်ချင်ဘူး၊ ဆရာတို့ အလုပ်ကော´´ ပြန်မေးတော့လည်း “ကျွန်တော်တို့ လည်းပုံမှန်ဘဲဗျာ´´ လို့နုတ်ဆက် စကားပြောကြ တဲ့ထဲမှာ ထဲ့ပြောဖြစ်လိုက်ကြတဲ့ ပုံမှန်ဘဲ ဆိုတဲ့စကားရပ်လေး။ ဒါနဲ့ဘဲ မနက်စာ စားချင်တာမှာပြီး စားနေတုန်း မဒမ်ခင်ခကို “ဒီနေ့ရုံးမှာ အလုပ်များ မှာလား´´ မေးမိတော့ မဒမ်ခင်ခပြန်ဖြေတယ် […]


ခင္ခSeptember 27, 20121min20917
မင်းတို့တတွေ ခြေကန်ဆွဲလို့ ငါ့မှာအမြဲ ငိုရတယ်၊ ငါ့အစောပိုင်းလေး လာကာပြတော့ ပြိုင်တူထွက်လို့ ကြိုကြတယ်၊ အဲဒီတော့—–၊ မျှဝေပေးမယ် ဆိုပြန်တော့လည်း အပြည့်မရသမို့ ငြူကြတယ်၊ ဆွဲသုံးကြအား အလွန်များတော့ ငါ့မှာမခံနိုင် လစ်ရတယ်၊ လစ်တာကြာတော့ ဘာလို့ပျောက်လည်း တိုင်းတန်းခြင်းလည်း ခံရတယ်၊ အဲလိုတိုင်လို့ အမြဲလာတော့ ကုန်ကျငွေကြ များတယ်တဲ့၊ ဒါကြောင့်မို့လည်း စိတ်တွေညစ်တစ်မို့ မိုးချူပ်မှဘဲ လာရဲတယ်။   ။   (  လျှပ်စစ်မီးလေးရဲ့ ညီးတွားသံပါ ) စာကြွင်း – လူတွေအိပ် မိုးချုပ်ရင်တော့ မြန်မာပြည်လျှပ်စစ်မီး ဗိုစ့်အား ၂၂ဝ အပြည့်ပါ။   ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။ ကိုခင်ခ


ခင္ခSeptember 27, 20121min33536
ကျွန်တော်ဖေ့ဘုတ်ထဲကို ရောက်လာတဲ့ ဓာတ်ပုံလေးတစ်ခုကို ကျွန်တော်ထိုင်ကြည့်နေရင်းနဲ့ တွေးမိတာလေး ကိုရေးချမလို့ပါ။ သူတို့အရွယ် ကလေးတွေ မနက်ဆို အဖြူ နဲ့ အစိမ်း ဝတ်ပြီး၊ အဖေဘဲဖြစ်ဖြစ် အမေကဘဲဖြစ်ဖြစ် ဒါမှမဟုတ် ဦးလေး၊ အဒေါ်နဲ့ဘဲဖြစ်ဖြစ် သို့မဟုတ် တနည်းနည်းနဲ့ ကျောင်းသွားနေကြပြီး စာသင်နေကြတယ်၊ ဒါ့အပြင် ဘဝမပြည့်စုံတဲ့ တစ်ချို့ကလေး   တွေကျတော့ မိဘမရှိ၊ ခိုကိုးရာ မရှိလို့ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ဘာသာအသီးသီးရဲ့ ကလေးစောင့်ရှောက်ရေး နေရာတွေမှာ ခိုလှုံခွင့်ရပြီး စာသင်နေကြသေးတယ်၊ သူတို့တွေကျတော့ ခုနမိဘမဲ့ စာသင် ရာနေရာတွေထက် ဆိုးတယ်လို့ပြောရမလား၊ ဘယ်လိုပြောရမလဲ မတွေးတတ်အောင်ဘဲလေ။ ကျောင်းသွားပို့တဲ့ကလေးကို မနက်စာကို လဘက်ရည်ဆိုင်မှာ သူ့မိဘက ဝင်ပြီးကျွေးတော့ အဲဒီကလေး စားဖို့အတွက် မှာထားတဲ့ စားစရာကိုသယ်ယူလာတဲ့ စားပွဲထိုးလေးက ရွယ်တူဖြစ်နေတာကို […]