ခင္ခAugust 28, 20121min34215
ပြီးပြီးပျောက်ပျောက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ပေါ့။ တနင်္ဂနွေရုံးပိတ်လို့ နေ့လည်နေ့ခင်းအပျင်းပြေ ရန်ကုန်ရဲ့ Shopping Centre တစ်ခုကိုရောက်ပြီး ဟိုငေးဒီငေး သွားလုပ်ရင်း ကျွန်တော်ရောက်တဲ့ ရှော့ပင်းစင်တာမှာ ပြုလုပ်နေတဲ့ ပိုမိုးရှင်းစတိတ်စင်နားရောက် သွားတာနဲ့ ရပ်ကြည့်နေ လိုက်တယ်လေ။ ကျွန်တော်ရပ်ကြည့်နေလို့ မကြာခင်မှာဘဲ Dancer အဖွဲ့ဖျော်ဖြေမှု့ပြီးလို့ ပဟေဠိ အစီအစဉ်လေးတစ်ခု စတင်ပါရောဗျာ။ ပထမဆုံး announcer တစ်ဦးတက်လာပါတယ်။ ပြီးတော့သူက အခုလိုကျင်းပမယ့် အစီစဉ်လေးကို ပြောပါတယ်။“ အခုကျင်းပပြုလုပ်မှာကတော့ ခေတ်နဲ့လျှော်ညီသော အဖြေလေးတွေကို အဖြေညှို့ဖို့ပဟေဠိအစီစဉ်လေးဖြစ်ပါတယ်၊ အဲဒီပဟေဠိအစီအစဉ်လေးကို ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတဲ့အထဲက ဒီအစီအစဉ်ကို ပံပိုးကူညီတဲ့အဖွဲ့မှ တာဝန်ရှိသူတွေက မဲနှိုက်ရွေးချယ်ထားတဲ့ (၇)ဦးကနေပြီးတော့ ပြိုင်ပွဲဝင် ဖြေဆိုကြရမှာပါ။ ဒါကြောင့်ရွေးချယ်ထားတဲ့ (၇)ဦးကို ဖိတ်ခေါ်ပေးပါ့မယ် စင်ပေါ်မှာနေရာယူပေးကြပါခင်ဗျာ။ ပြိုင်ပွဲဝင်အမှတ်စဉ် ( ၁ ) – […]


ခင္ခAugust 25, 20121min21518
facebook မှာတွေ့လို့ ကာတွန်းအောင်မော်တဲ့။ မြို့ရွှေရန်ကုန်မှာ အခုတလော မိုးများပြီး ရေလျှံနေတယ်ကြားလို့ပါ။ ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။


ခင္ခAugust 24, 20121min1028
တူ တူ ပုန်းတမ်း ကစားမယ်။ ဒီအပတ်ထုတ် 7 DAY NEWS Journal မှာ ဖတ်လိုက်ရတဲ့ သတင်းတပုဒ်က- သတင်းဂျာနယ်များအား စီစစ်ဖြတ်တောက်မှု ရပ်ဆိုင်း ပြည်တွင်းထုတ် သတင်းဂျာနယ်နှင့် စာစောင်၊ မဂ္ဂဇင်းများအားလုံး ဩဂုတ် ၁ဝ ရက်မှစ၍ စာပေစီစစ်ရေးသို့ ကြို၍တင်စရာမလိုတော့ဘဲ ပုံနှိပ်ပြီးမှ တင်ပြရသည့် ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း စာပေ စီစစ်နှင့်မှတ်ပုံတင် ညွှန်ကြားရေးမှုးမှာပြောကြားသည်။ ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ စာများကို ကြိုတင်စီစစ်ဖြတ်တောက်သည့် စာပေစီစစ်ရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဦးစီး ဌာနသို့ ယခုကဲ့သို့ မိတ္တူနှစ်စောင် တင်ပြနေ ရခြင်းမျာက ဆယ်စုနှစ် ၅ ခုနီးပါးကြာခဲ့ပြီဖြစ်ပြီး ယခုနောက်ဆုံး အဆင့်အဖြစ် သတင်းဂျာနယ်များကို ဖြေလျော့ပေးလိုက်ခြင်းဖြစ်သည်။“ပုံမနှိပ်မီ ကြိုတင်ခဲ့ ရတဲ့ ကာလက ၄၈ နှစ်နဲ့နှစ်ပတ်ရှိပါပြီ၊ ခုတော့ အားလုံးစီစစ်ခြင်းမရှိတော့ပါဘူး´´ […]


ခင္ခAugust 23, 20121min23025
ဟင်းတောင်းထဲမှာ ပါလာသမျှ။ နေ့စဉ်စားတဲ့အစားအစာအတွက် ဈေးဝယ်သွားပြီး ပြန်လာတဲ့အခါ ပါလာတဲ့စားသောက်စရာတွေထဲက ကျန်မာရေးအတွက် ဘယ်လိုအစာတွေဟာ ကောင်းသလို ဘယ်လိုအစာတွေကတော့ အကျိုးအပြစ် ဘယ်လိုရှိလဲဆိုတာကို ဖတ်ဖူးတဲ့ထဲက မျှဝေသိစေဖို့ ရေးတတ်တဲ့အကျင့်လေးကပါနေတော့ ခုလည်း ရေးပါရစေအုံးနော်။ နေ့စဉ်စားတဲ့ အစားအစာအဖြစ် ဟင်းတောင်းထဲက တိရိစ္ဆာန်တွေရဲ့ အတွင်းကလီစာမှာ ကိုလက်စထရော အများအပြားပါတတ်ပါတယ်၊ ဥပမာ- သသည်း၊ နှလုံး၊ အူ ၊ အစာအိမ် ၊ ဂဏန်းအဆီ၊ ပုဇွန်းခေါင်းတို့လိုပါ။ အစားအစာကို ဆီရွှဲရွှဲနဲ့ ကြော်လှော်ချက်ပြုပ်ရင် အဆီတွေကို အများကြီးစုပ်ယူထားနိုင်ပါတယ်၊ ဒါကြောင့်  ပေါင်းတဲ့၊ ပြုပ်တဲ့၊ ဆီပြန်ရေပြန်နပ်တဲ့၊ သုတ်တဲ့နည်းဖြင့် စီမံတဲ့ဟင်းတွေနဲ့ ပိုသင့်တော်ပါတယ်၊ ဟင်းချက်ရာ မှာလဲ တိရိစ္ဆာန်ကရတဲ့ ဆီတွေ မသုံးဘဲ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပြောင်းဆီတွေ […]


ခင္ခAugust 22, 20121min14619
တွေးမိတွေးရာ တွေးမိပြန်တယ်လေ။ မနက်ရုံးလာရင်းနဲ့ ရုံးအတူလုပ်တဲ့ ဝန်ထမ်းတယောက်ရဲ့ သားလေး ရက် ( ၁၀ဝ )ပြည့် အမည်ပေးကင်မွန်းတပ် အလှုဖိတ်ထားလို့ ဝင်ပြီးတော့ ခင်ခ တစ်ယောက် နံနက်စာအလွတ်( ကိုယ့်ဖာသာဝယ်မစားရတော့ဘူးပေါ့) းအားပေးခဲ့တယ်လေ။ သူတို့ဧည့်ခံကျွေးတဲ့ကြာဇံချက်လေးက ပူပူနွေးနွေး ရာသီဥတုက ခပ်အေးအေးနဲ့ သောက်လို့ ကောင်းပေါ့ဗျာ။ လက်ဗလာကြည်ဘဲတော့ သွားတာမဟုတ်ပါဘူး ကလေးအတွက် လက်ဆောင်လေး တော့ယူသွား ဖြစ်တာပေါ့။ အဲဒီမှာ ကြာဇံချက်ကို အရသာခံစားပြီး အိမ်ရှင်တွေကိုနုတ်ဆက် အပြန်ခရီးမှာတော့ အတွေးတွေ တွေးတတ် တဲ့ ခင်ခ တယောက် တွေးမိတွေးရာ   တွေးမိပြန်ရောလေ။ တွေးမိတွေးရာ တွေးမိလိုက်ပုံက အခုကလေး လေးက ဘဝအတွက် သူ့အမည်ဟာ ဘယ်သူပါလို့ သတ်မှတ်ပေးလိုက် ကြတဲ့ အမည်ပေးကင်မွန်တပ်ပေါ့၊ များသောအားဖြင့် အတော်များများကတော့ […]


ခင္ခAugust 21, 20121min74
Mandalay Gazette က သောက်ကုလား Admin တွေ… မင်းတို့ဆိုဒ်မှာ တင်ထားတဲ့ တဖက်သတ်အစွန်းရောက် ရေးထားတဲ့ပို့စ်တွေ / လူမျိုးရေး ပြသနာဖြစ်အောင် ရေးထားတဲ့ ပို့စ်တွေ  ကိုအခု အချိန်ကစပီး ၁နာရီအတွင်းပြီးအောင်ဖျက်ပါ..မဖျက်ရင် မင်းတို့ဆိုဒ်တသက်လုံး အွန်လိုင်းပေါ်တက်မလာရပဲဖြစ်သွားမယ်


ခင္ခAugust 21, 20121min19721
ဟိုအတွေး ဒီအတွေး၊ ဟိုရေး ဒီရေး။ ရန်ကုန်မှာတော့ မိုးကကောင်းလိုက်တာ နေ့တိုင်းလိုလို ရွာပေါ့။ ကျွန်တော်နေတဲ့ မန္တလေးမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ မိုးရွာတာဗျ။ အဲဒီတော့မိုးက ရွာနေတော့  ဘယ်မှလည်း သွားလို့မကောင်းပြီမို့ မိုးအေးအေးနဲ့ အတွေးလေးတွေ ဟိုရောက်ဒီရောက် တွေးမိတွေးရာ  တွေးမိ တာကို အခုပြန်ပြီး ဟိုရေး ဒီရေး ရေးမိရေးရာ ရေးလိုက်မလို့ပါဗျာ။ ကလေးဘဝက အတူတူ ကစားကြ၊ ဆော့ကြတဲ့ အပေါင်းအဖော်တွေကို ဆော့ဖော်ဆော့ဖက်၊ ကစားဖော် ကစားဖက်တဲ့။ အဲဒီတုံးက ကျွန်တော် တို့တွေရဲ့စိတ်ထဲမှ ကောင်ကျစ်မှု့တွေသိပ်မတွေ့ရဘူ ရိုးသားမှု့အရင်းခံလေတွေဘဲ၊ တစ်ခါတရံ စိတ်ကောက်လိုက်ကြ သူနဲ့ သူကခေါ်လို့ သူကိုမခေါ်လို့ သူနဲ့သူမခေါ်နဲ့ ဒါလေးတွေလည်း ကြုံရပေမယ့်၊ ပြီးတော့လည်း တစ်ခါပြန်ခေါ်ကြ ဆော့ကြပြန်ရောပေါ့ဗျာ။ အဲဒီတုံးက ဆော့နေ ရရင်ပြီးတာဘဲ ကျန်တာဘာမှ […]


ခင္ခAugust 20, 20121min39122
နှင်းဆီပန်းလက်ဆောင်ပေးကြရာဝယ်။ မနေ့ကညနေ ဆိုင်ကြော်ငြာလေးဖတ်ပြီး မန္တလေးမြို့၊ နန်းရှေ့ ရေစစ်ကန် ရေနီမြောင်းဘေးက ရိုးရာစားသောက်ဆိုင်လေးမှာ ငါးထမင်းသွားစားခဲ့ရင်း အဲဒီဆိုင်လေးမှာ နှင်းဆီပန်း(အစို)လက်ဆောင်ပေးတဲ့အခါ အပွင့်အရေအတွက်မူတည်ပြီး အဓိပ္ပါယ်လေးတွေ ရေးထားတာတွေ့လို သိပြီးသားသူတွေ   ပြန်လည်အမှတ်ရဖို့နဲ့  မသိသေးတဲ့သူတွေ သိရအောင်လို့ ပြန်လည်မျှဝေရေးပေးလိုက်ပါတယ်။ “ဝေးနေသူတွေ နီးကပ်စေဖို့ နီးနေသူတွေ ပိုမိုနွေးထွေးစေဖို့ မန္တလေးရဲ့ အထင်ကရ နန်းရှေ့က ရေနီမြောင်းဘေးမှ ဆုံရအောင်————-။´´ လို့ စိတ်ဝင်စားအောင် ကြော်ငြာလေးရေးထားတာလေ။ နှင်းဆီပန်း အပွင့်အရေအတွက်များ၏ အဓိပ္ပါယ်တွေက— ၁ ပွင့် – မင်းကကို့ရဲ့ တစ်ဦးတည်းသောအချစ်၊ ၂ ပွင့် – မင်းနဲ့ကိုယ်နဲ့ အပြန်အလှန်မှီခို ဆက်နွယ်နေတယ်၊ ၃ ပွင့် – I Love You ၄ ပွင့် – […]


ခင္ခAugust 20, 20121min1509
တုပ်ကွေးဖြစ်လျှင် ဘယ်လိုနေမလဲ ယခုရာသီတွင် မိုးမိခြင်း၊ အအေးပတ်ခြင်းတို့ကြောင့် တုပ်ကွေး ဟူသော ဖျားနာမှု့မျိုးကြုံရသဖြင့် တိုလီမိုလီစာပေစုထဲမှ တုတ်ကွေးဖြစ်ရင် ဘယ်လိုနေမလဲ ဆိုတာလေးကို ဖတ်ခဲ့ဖူးသမျှ ပြန်လည်ဝေဌလိုက်ပါသည်။ တုပ်ကွေးဖြစ်ရခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရသည်၊ ထိုပိုးများကို ပတိဇီဝဆေးများဖြင့် နိမ်နင်း၍မရနိုင်၊ သို့သော် တုပ်ကွေးဖြစ်စ ပထမ ၄၈ နာရီ၌ ဆရာဝန်ထံ ရောက်လျှင် ဗိုင်းရပ်စ်ပိုးကို ခုခံသောဆေးမျိုးထိုးပေးလိုက်ပါက တုပ်ကွေးပျောက်ကင်းမှု အချိန်တိုနိုင်သည်။ အကောင်းဆုံးကာကွယ်နည်းမှာ ဗိုင်းရပ်ပိုးမကျအောင် ရှောင်ခြင်းဖြစ်သည်။ ရှောင်တိမ်း၍မရဘဲ တုပ်ကွေးဖြစ်ပြီဆိုပါက အောက်ပါနည်းလမ်းများက ခံစားမှုသက်သာစေရန် အထောက်အကူပြုပါ လိမ့်မည်ဖြစ်ပါသည်။ ၁။ အိမ်မှာနေပါ – တုပ်ကွေးဗိုင်းရပ်သည် ပျံနှံတတ်သဖြင့် အိမ်မှာနေ၍ အနားယူ သင့်ပါသည်။ ၂။ အနားယူပါ – အိပ်ယာထဲတွင် အနားယူခြင်းက တုပ်ကွေးကို ခန္ဓာကိုယ်က ပြန်တိုက်ရန် […]


ခင္ခAugust 17, 20121min1379
ဖြစ်ရလေခြင်းကွယ်။ ဘတ်စ်ကားမှတ်တိုင် ရောက်တာနဲ့ အလျှဉ်းသင့်ကားရောက်လာလို့ အပြေးလေးတက်လိုက်ပါတယ်။ ဟူးးးးးးးးးးးး ။ ကားပေါ်ရောက်မှဘဲ သက်ပြင်းချရတော့တယ်လေ မနေ ့ညက အင်တာနက်သုံးနေတာ ညည့်နက်သွားတော့ ဒီနေ ့ မနက် မနည်းကြီးကို ကုန်းရုန်းထကာ အလုပ်သွားဖို ့ပြင်ဆင်လာခဲ ့ရသည် ဖြစ်ချင်တော့  ဒီနေ ့ ရုုံးမှာ ဝါဆိုသင်္ဏန်းကပ် ရှိနေသည့်အတွက် ရှိုးကလဲ ထုတ်ခဲ ့ရသေးတာ၊ ခါတိုင်းထမင်းချိုင့်လေးနဲ့ ရုံးသွားရပေမယ့် ဒီနေ့တော့  ထမင်းချိုင် ့ကယူစရာ မလို လို ့သာ  တော်သေးသည် ။ မဟုတ်လို ့ကတော့ ဒီမနက်လို နောက်ကျအိပ်ရာထမိတာနဲ့ ဆိုတော့ မလွယ်ဘူးလေ၊ အခုတောင် အပြေးအလွား ထွက်လာရပြီး ကားပေါ်ကျမှ အမောဖြေရင်း  မနက်ကပြာယာခက်နေတဲ့ ကိုယ့်အဖြစ်ကိုပြန်တွေးနေမိလျှက် ဘတ်စ်ကားလေးစီးလာတာပေါ့။ ကားက […]


ခင္ခAugust 16, 20121min9610
ကိုကြီးဏှောက် – ဟေ့မောင်လုံး ဒီနေ့ကော ရေပူစမ်းမှာ ရေသွားချိုးအုံးမှာလား။ မောင်လုံး – ချိုးရအုံးမှာပေါ့ဗျာ။ ကိုကြီးဏှောက် – မင်းကလည်းကွာ တစ်ခါလာလည်း အဖွဲ့လိုက် တစ်ခါလာလည်း အဖွဲ့လိုက်ပါလား၊ မောင်လုံး – ကျွန်တော်က အဖွဲ့လိုက်မှ သွားတတ်တာ ကိုကြီးဏှောက်လည်းသိသားနဲ့ ဒါမှလည်းမြိုင်မှာပေါ့လေ။ ကိုကြီးဏှောက်-ထားပါတော့ ထားပါတော့ ကျုပ်ကတော့ တကိုယ်တည်းသမား အေးဆေးဘဲဗျာ။ အူလေး – ဟေ့ ရောက်နေကြပြီလား မောင်လုံး – ရေပူစမ်းသွားဖို့အဆင့်သင့်ဘဲလေ၊ ဒါနဲ့ အူလေး တစ်ယောက်ထဲလား၊ အူလေး – ဟုတ်ဘူး၊ အဖော် ၃ ယောက်ပါသေးတယ်၊ ဟော ပြောရင်နဲ့တောင် ဖြူဥ တို့စုံတွဲရောက်လာပြီ ဖြူဥ – တယ်လည်းဝိရီယ ရှိကြပါလားဗျ ရောက်နေကြပြီကိုး၊ ဒါနဲ့ ငကပ် […]


ခင္ခAugust 15, 20121min7710
ဆည်းဆာအချိန် တစ်နေ့ကညနေဖက် ရုံးဆင်းတော့ရန်ကုန်က ကျောင်းနေဖက်သူငယ်ချင်းရောက်နေပြီး မန္တလေးတောင်သွားချင်တယ်ဆိုလို့ လိုက်ပို့ပေးဖြစ်တယ်လေ။ တောင်ပေါ်ရောက်တော့ နေဝင်ချိန် ( Sun Sit ) ဖြစ်တဲ့ ဆည်းဆာအလှကို ကြည့်မယ့်သူတွေ၊ ဆည်းဆာအလှရှုခင်းကို ဓာတ်ပုံရိုက်ဖို့စောင့်တဲ့သူတွေ အများကြီးနေရာယူရောက်နေတာတွေ့လိုက်ရတယ်၊ ခရီးသွားဧည့်သည် နိုင်ငံခြားသားတွေက ပိုများတာပေါ့။ ပြီးခဲ့တဲ့နှစ် ပုဂံရောက်ခဲ့စဉ်တုံးကလည်း ဆည်းဆာအလှနဲ့ပုဂံရှုခင်းကို တန်ဖိုးထားဓာတ်ပုံရိုက်မယ့် ခရီးသွားတွေအများကြီးတွေ့ခဲ့ရတယ်။ မနက်အာရုံတက်အလင်းပြပြဖြာလို့ အရှေ့ဆီကနေ ထွက်ပေါ်လာတဲ့ ရှင်နေမင်းကြီးသည် စွမ်းသမျှအပူ၊ အလင်းအားနဲ့ တစ်နေ့တာခရီးကိုဖြတ်သန်းခဲ့ရလို့   မောလျှသောအသွင်သဏ္ဍန်နဲ့ အားပျော့စွာဖြင့် တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားတော့မယ့်စဲစဲ ကျန်သေးတဲ့အင်အားလေးနဲ့ အလင်းပေးလို့ဖြစ်လာ တဲ့ ရှုခင်းလေးတွေကိုတောင် ဆည်းဆာအလှရယ်လို့ တယုတယ အမြတ်တနိုး ဓာတ်ပုံရိုက်ကြတဲ့ သူတွေမဟုတ်ပါလားဗျာ။ အဲဒီမှာ အတွေးလေးတစ်ခုဖြစ်မိတယ် လူရယ်လို့မွေးဖွားခဲ့ပြီး ဘဝတစ်လျှောက်လုံး အမျိူးမျိုးအဖုံဖုံ တစ်ချို့လည်းကံကောင်းစွာနဲ့ တစ်ချို့လည်း ရုန်းကန်လှုပ် ရှားရင်း […]