ခင္ခSeptember 13, 20141min842
” ဘဝဘာလို့ခါးတယ် “   သစ်ရွက်လှုပ်သံ တိုးညှင်းနေတယ် မိုင်းပေါက်သံက ပိုကျယ်လို့ မိုးသံတွေက ပိုဆူသလိုကွယ် စက်သေနတ်က မပြတ်ပစ်လို့ အေးဆေးစွာရယ် မစားသောက်ရ ဘဝလှလှ မရှိလှဘူး စားသုတ်သုတ် သွားသုတ်သုတ်နဲ့ ပြေးလွှားခိုအောင်း နေခဲ့ရတာကြာလှပါပေါ့ ငြိမ်းချမ်းရေးပွဲ ဆွေးနွေးပါလျှက် နှစ်နဲ့ချီကြာ မငြိမ်းချမ်းသေးပါ ဒို့ကချင်ပြည်နယ် ဘဝက ခါးလှတယ်ဗျာ။     ခင်ခ။


ခင္ခSeptember 13, 20141min1527
သတင်းသတင်း အတင်းမတုတ်ရက် မင်း ဆိုးတယ်လည်း ငါမပြောဘူး။ ကမ္ဘာပတ်ကာ မကြာမကြာလည်ပတ် မင်း သုံးလို့လဲ ငါမပြောဘူး။ အရင်အပေါင်းအသင်း ရောင်းရင်းတွေကို အနားခေါ်ကာ အဖွဲ့တွေထား မင်း ဖြုန်းလို့လဲ ငါမပြောဘူး။ ဟိုဟာဒီဟာ လုပ်ပေးမယ်ဗျာ စကားလေထွား ပြောဟန်များပြီး လက်တွေ့မှာတာ ဖြစ်မလာတာကို မင်း ညံလို့လဲ ငါပြောဘူး။ ငါတို့ပြောလည်း အလေးမထားဘဲ မင်း လုပ်ချင်ရာ လုပ်နေတာမို့ ပြောမရ ပြုမရ ငါတို့ဘဝ။ ခင်ခ။


ခင္ခSeptember 12, 20141min1075
” မဆုံမိလေ ကောင်းလေ “   မျဉ်းပြိုင်နှစ်ခု ပေါင်းဆုံပြုဖို့ မဖြစ်နိုင်ဘူး သူ့လမ်းသူသွား ကိုယ်လမ်းကိုယ်သွား တစ်ထီးတစ်နန်း နေသည်မှန်လဲ သူမရှိမဖြစ် ကိုယ်မရှိမဖြစ် ပေါင်းဆုံဖို့လဲ မဖြစ်ပါဘဲ အမြဲတူယှဉ် ပြိုင်လျှက်အစဉ် ရှိမှကောင်းတာ ဒို့တိုင်းပြည်က မီးရထားလမ်းပါ။   ခင်ခ။


ခင္ခSeptember 12, 20141min1357
” မနိုင်သော်လည်း မရှုံးပါနဲ့ “   ” မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်း MBC မှ လာရောက်တွေ့ဆုံရိုက်ကူးခဲ့ပြီး သရဖူပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိကြောင်း ဖြေကြားခဲ့ မြန်မာအလှမယ် မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးခဲ့ပြီး မေမြတ်နိုးက ဖြစ်ပွားနေသောကိစ္စရပ်များအားလုံး ပြီးဆုံးစေချင်ပြီဖြစ်ကြောင်း နှင့် သရဖူပြန်လည်ပေးအပ်သွားရန်လည်း အစီအစဉ်ရှိကြောင်း ဖြေကြားသည်။ MBC ရုပ်သံလိုင်းမှ တွေ့ဆုံမေးမြန်းမှုတွင် Miss Asia Pacific World Organization ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပုံ အဆင့်ဆင့်၊ ဆုရရှိပြီးနောက်ယင်း Organization နှင့်ချုပ်ဆိုခဲ့ရသည့် စာချုပ်ပါ စည်းကမ်းချက်များ၊ ကိုရီးယားနိုင်ငံသို့ မိခင်ဖြစ်သူနှင့်အတူ ဒုတိယအကြိမ် သွားရောက်နေထိုင်စဉ် တွေ့ကြုံခဲ့ရမှုများ၊ စပွန်ဆာရှာရန်ပြောဆိုခဲ့မှုနှင့် ပလက်စတစ်ဆာဂျရီ လုပ်ဆောင်ရန် တိုက်တွန်းခဲ့မှုအခြေအနေများ၊ သရဖူရုတ်သိမ်းခံရခြင်းကိစ္စရပ်များ၊ National […]


ခင္ခSeptember 11, 20141min2089
” သွေးခုန်နှုန်း စမ်းကြရာဝယ် “   သွေတိုးအကြောင်း သွေးတိုးပုံအကြောင်း ဖတ်ဖူးခဲ့တဲ့စာပေလွှာတွေထဲက ကျန်းမာရေးဗဟုသုတအနေနဲ့ သွေးခုန်နှုန်းစမ်းတာနဲ့ပက်သက်ပြီး ပြန်မျှဝေချင်ပါတယ်။ မိမိမှာသွေးတိုးနေလား၊ မိမိသွေးပေါင်ချိန်ဘယ်လောက်လဲ သိရအောင်သွေးခုန်နှုန်းကို စမ်းသပ်ကြလေ့ရှိကြ မှာပါ၊ ဒါပေမယ် တကယ်သွေးခုန်နှုန်းအမှန်ရဖို့အတွက် သွေးစမ်းတော့မယ်ဆိုရင် ခေတ္တ ခဏ နားပြီးမှသာ သွေးစမ်းရပါမယ်၊ ဆေးရုံဆေးခန်းတွေမှာ တွေ့နေရတာက ဆရာဝန်လာပြတဲ့ လူနာတွေက ဆရာဝန်ပြချိန် ဆိုရင်အရမ်းများတာရယ် သက်ဆိုင်ရာဆေးဝန်ထမ်းတွေ အလုပ်တစ်ခုပြီးရောတွေကြောင့် ကျွန်တော်တို့ တွေ့နေရတာတော့ လူနာက ဆေးရုံ၊ ဆေးခန်းကို အပြင်ကရောက်လို့ လူနာမှတ်တမ်းစာအုပ်ထပ်လိုက်ရင်ဘဲ တာဝန်ကျသူနာပြု ဆရာမက သွေးခုန်နှုန်းတိုင်းတော့တာမျိုးတွေ တွေ့မြင်ရတာများပါတယ်။ တကယ်တော့ အရေးပေါ်ဝေဒနာရှင်ကလွဲပြီး အပြင်ကရောက်လျှင်ရောက်ခြင်း သွေးမစမ်းသင့်ပါဘူး၊ ခေတ္တ ခဏ နားပြီးမှသာ သွေးစမ်းသင့်သလို၊ ဝေဒနာရှင်ကလည်း ဆေးရုံ၊ဆေးခန်း ရောက်ရင်ခဏခန့် ထိုင်ကာနားပြီး မှ […]


ခင္ခSeptember 11, 20141min20310
” ပြောင်းပြန်သီအိုရီ “   ထန်းလျက်ဆို ချိုမှာပေါ့ ဆားဆို ငံတယ်လေ ငရုတ်သီးက စပ်တယ်ဟ ကြက်ဟင်းခါးသီး အခါးကြီး သဘာဝတရား ရှိပြီးသားကို မျိုးရိုးဗီဇ ပြင်လို့ရတော့ ဆားအချို ငရုတ်သီးခါး ထန်းလျက်ကယ် ချဉ်အောင်ပြု နောင်တစ်ချိန် မယ်ဖြစ်လာတု ပြောင်းပြန်သီအိုရီ မှန်နိုင်သည်။ ခင်ခ။


ခင္ခSeptember 10, 20141min19010
” ဟိုအရင် ထိုင်ခဲ့ဖူးတဲ့ခုံလေး “   ငယ်ငယ်တုန်းက စာသင်ကျောင်းဝယ် မူလတန်းအရွယ် ကလေးငယ်တို့ တူယှဉ်တွဲထိုင် ခုံတန်းရှည်မှာ တစ်ယောက်ကို တစ်ယောက် ညာတာထောက်လို့ မျှတစွာတွေး ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။   အလယ်တန်းအောင် အထက်တန်းရောက် တစ်ယောက်တစ်ခုံ ထိုင်တဲ့ကျောင်းမို့ ကိုယ့်စားပွဲကိုယ် ကိုယ့်ထိုင်ခုံနဲ့ သဘောတွေကျ ဟန်ကျခဲ့ကာ ကိုယ်စားပွဲပေါ် ပစ္စည်းတင်ရင် ဟောက်ဟန်းချင်ကာ ရန်တွေ့ချင်လို့ ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။   တက္ကသိုလ်တက်တော့ တစ်ဆင့်ပြီးမြင့် ခုံတန်းရှည်နဲ့ ခန်းမတွေ့တော့ အပေါ်စီးက မြင်တွေ့ရအောင် အမြင့်ဆုံးဖြစ် နောက်ဆုံးတန်းမှာ ထိုင်စာသင်လို့ သဘောကျတယ် တက်ရဆင်းရ မောလှပါရဲ့ ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။   ဘွဲ့တွေလည်းရ ဝန်ထမ်းဘဝတွင် ကိုယ်စားပွဲကိုယ်ထိုင် အလုပ်လုပ်ရလည်း မန်နေဂျာထိုင် ဆုံလည်ခုံဝယ် ဘယ်အချိန်ထိုင်ရ […]


ခင္ခSeptember 10, 20141min925
” သူတို့တွေ ကျပျောက်လို့ ငိုတာတဲ့ “     ကျွန်တော်တွေ့ခဲ့တဲ့ လူလေးယောက်အကြောင်းပြန်ပြောပြမလို့ပါ။ အဲဒီ လေးယောက်ဟာ တစ်ခုခုကျပျောက်သွားတာလည်းတူညီပြီး အဲလိုကျပျောက်လို့ ငိုနေကြတာလည်း တူကြတာမို့ တူတာလေးတွေစုပြီး ပြန်ပြောပြမယ်နော်။   ပထမလူ ပထမလူကတော့ လေးနှစ် ငါးနှစ်အရွယ် ကလေးငယ်လေးတစ်ဦးပါ လမ်းသွားရင်း သူထိုင်ငိုနေတာတွေ့လို့ စပ်စုကာမေးလိုက်မိတာပါ။ ” ကလေး ဘာလို့ ငိုနေတာလဲဗျ ” ” သားသား မုန့်ဖိုးတစ်ရာကျပျောက်သွားလို့ပါ ” ” သား မုန့်ဖိုး ဘယ်မှာ ကျပျောက်တာလဲကွ ” ” ဦးကလည်း အိမ်ကနေ မုန့်ဆိုင်အသွား ဘယ်မှာကျပျောက်ခဲ့မှန်းမသိလို့ပေါ့ဗျ ဘယ်မှာကျပျောက်တယ် ဆိုတာ သိမှတော့ပြန်ကောက်ပြီး မုန့်ဆိုင်သွားပြီပေါ့ ဦးလေးကြီးရာ”     ဒုတိယလူ ဒုတိယလူက […]


ခင္ခSeptember 9, 20141min1827
” ပြောမကောင်းပေမယ့် ပြောခွင့်ပြုဗျာ “   “၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် မူလတန်းကျောင်းသား တစ်ဦးကို တစ်ထောင်ကျပ်နှုန်း ထောက်ပံ့ရာ ကျပ်သန်းပေါင်း ၅၅၉၆.၄ရ ကုန်ကျသည်” မူလတန်းကျောင်းလာအပ်တဲ့ ကျောင်းသားတစ်ဦးကို ငွေတစ်ထောင်ကျပ်ပေးလိုက်တာ ဘာများအထောက်အပံဖြစ် သွားလည်း နည်းနည်းစဉ်းစားကြည့်စမ်းပါဗျာ၊ ပြီးတော့ ထောက်ပံမှုပြုတယ်ဆိုပြီး တင်စားကာ ပဏာကဝင်ယူနေသေးတယ်၊ ငွေတစ်ထောင်ထောက်ပံပေးလိုက်လို့ အဲဒီ မူလတန်းကျောင်းသား အတော်ကို အထောက်အပံရသွားမှာဘဲ များတွေး နေကြလားမသိဘူးဗျာ သူပေးလိုက်လို့ရသွားတဲ့ ကလေးက လမ်းမုန့်ဟင်းခါးဝင်စားရင်ကို ဟောကနဲ ခဏ လေးနဲ့ ပြောင်သွားမယ်ဉ္စာမျိုး တကယ်တော့ ထောက်ပံငွေလို့ မသုံးဘဲ ဒီလိုရေးသင့်တာ “၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းလာအပ်သော မူလတန်းကျောင်းသား တစ်ဦးကို တစ်ထောင်ကျပ်နှုန်း အစိုးရမှ မုန့်ဖိုးပေး ရာ ကျပ်သန်းပေါင်း ၅၅၉၆.၄ရ ကုန်ကျသည်” …. […]


ခင္ခSeptember 9, 20141min1439
” မိုးမင်းကြီး နဲ့ ကျွန်တော် “     အင်းယားကန်ဘောင်တစ်နေရာက ခုံတစ်ခုမှာ ထိုင်နေရင်း မိုးကောင်းကင်ကိုမော့ကြည်ပြီး ကျုပ်ငိုချင်လာမိတယ် အတော်ရက်စက်မည့်မိုးမင်းကြီး ဒေါသကြီးတဲ့မျက်နှာပေးလို မဲမောင်ကြုတ်ပြီး ရွာတော့မယ့်ဟန် မိုးသားတွေ တလိပ်လိပ်နဲ့လာနေပြီ ဘယ်အငြိုးနဲ့များ ရက်ရက်စက်စက်ရွာမလို့လဲမိုးရယ် မရွာပါနဲ့လို့တားရရင် တားချင်ပေမယ့် တားခွင့်မရှိတဲ့အခြေအနေလေ တကယ်သာရွာခဲ့ရင် ဒီနေရာက တစ်ဖဝါးမှခုချိန်မှာခွာလိုခြင်းမရှိသူမို့ မိုးရေထဲဆက်ထိုင်ပြီး မျက်ရည်တွေကို မိုးနဲ့အတူ ရောပြီးရေစက်ချရတော့မယ့်အခြေအနေတော့ဖြစ်ရတော့မယ် ကြံရာမရတဲ့အဆုံး မိုးကောင်းကင်ကို မော့ကြည့်ရင် အရိုအသေပြု လက်အုပ်ဖြစ်ရင်း မျက်စိလေးမှိတ်ကာ မိုးမင်းကြီးရယ် မရွာလိုက်ပါနဲ့အုံးနော် တဖွဖွ အခါခါပြောနေမိစဉ် ဆုတောင်းဆန္ဒက မပြည့်ခဲ့ဘူး မိုးပေါက်တွေကန်ရေပြင်ကို တသဲသဲကျနေပြီ ကျုပ်နံဘေးမှာလည်း မိုးစက်တွေ ဝိုင်းကာကျနေပါရဲ့ ကျုပ်ကိုယ်ပေါ်ဘာလို့ ရွာမချပါလိမ့် မော့ကြည့်မိတဲ့ခဏမှာတော့ ထီးမိုးပေးထားတဲ့ ကျုပ်ချစ်သူကိုတွေ့လိုက်ပြီဆိုရင်ဘဲ ချစ်သူနဲ့ချိန်းထားတာ သူမရောက်ခင်မိုးရွာခဲ့ရင်ဖြင့် ရောက်လာမှာ […]


ခင္ခSeptember 8, 20141min911
” ကြုံတတ်ပုံ “   တောက်ပလို့ ရွှန်းလဲ့ရောင်ထ မှောင်လှတဲ့ စင်ပေါ်ဝယ် မျက်လုံးရယ် နှစ်လုံးသာပြူး တွေ့လိုက်တဲ့ ခဏမှာဖြင့် ကြောက်အားငယ်ပိုတဲ့ကလေး လန့်ကာအော်ငိုလှလေတော့ အပြေးသာမီးဖွင့်ကာကြည့် စင်ပေါ်မှာငုတ်တုတ်သာမိ မိကြားဆိုတဲ့ ကြောင်နက်မရယ် အမှောင်ထဲဝယ် ထိုင်ကာနေလို့ မျက်လုံးသာပေါ်သည်မို့ကွယ် ငါ့ကလေးရယ် သရဲထင်ကာငို ဖြစ်ရလေ ကြုံမှကြုံတတ်သကိုး။     ခင်ခ။


ခင္ခSeptember 8, 20141min1065
” မမှီလောက်တော့သည်မို့ “   ဒီတံတားကို ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့ ဒီဌက်သမ္မာန်နဲ့ ဒီမြစ်ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့ ဒီစက်လှေနဲ့ ဒီမြစ်ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့ မမောမပန်းဘဲ လုပ်နိုင်မယ်ဆို ဒီမြစ်ကြီးကို လက်ပစ်ကူးကာ ဖြတ်နိုင်ရင်လည်း ဟိုဘက်ကမ်းကိုရောက် တယ်တဲ့   အဓိကတော့ ဟိုဘက်ကမ်းကိုရောက်ဖို့အတွက်ဆို ဒီမြစ်ကြီးကိုဖြတ်ရမယ်ပေါ့ ဘယ်လိုဖြတ်ကြမလဲဘဲစဉ်းစားရမှာ တံတား ဌက်သမ္မာန် စက်လှေတွေနဲ့ ဖြတ်ရင် ပင်ပန်းမှုနဲပြီး ဒီမြစ်ကိုအသာလေး ဖြတ်သွားနိုင်ကြပေမယ့် လက်ပစ်ကူးပြီးဖြတ်ချင်ရင်တော့ အားအင်တွေ အချိန်တွေ အလွန်ဆုံးရှုံးပြီး နောက်ဆုံးရလာဒ်ကတော့ ဟိုဘက်ကမ်းရောက်ရတာခြင်း အတူတူပါဘဲလေ။ ဒါပေမယ့် လက်ရှိအုပ်ချုပ်သူတွေက ရှေးရိုးကထဲက လက်ဆင့်ကမ်းလာတဲ့ အမူအကျင့်အတိုင်း ဆက်လက်လက်ကိုင် ထားမြဲမို့ လက်ပစ်ကူးဘဲ ဖြတ်ချင်ကြလေရဲ့ဗျာ။ ဒါကြောင့်လည်း မြန်မြန်ရောက်ရမယ့်ခရီးကို မကြာသင့်ဘဲ ကြာနေရတာပါလို့ သိလိုက်တဲ့အချိန်မှာတော့ ငါ့သည်လည်း ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ […]


ခင္ခSeptember 7, 20141min753
ပန်းပျိုးသူက သူပန်းလှဖို့ ဆန္ဒရှိမယ် သီးနှံပင်စိုက်သူက သူသီးနှံအထွက်တိုးဖို့ ဆန္ဒရှိမယ် ဘစ်ကားမောင်းသူက ခရီးသည်များများရဖို့ ဆန္ဒရှိမယ် ကျောင်းဆရာက တပည့်တော်ဖို့ ဆန္ဒရှိမယ် ပန်းချီဆရာက လက်ရာမြောက်ဖို့ ဆန္ဒရှိမယ် ဓာတ်ပုံဆရာက ပုံကောင်းရဖို့ ဆန္ဒရှိမယ် ပန်းပုဆရာက ပုံအသက်ဝင်ဖို့ ဆန္ဒရှိမယ် ရသေ့သူတော်စင်က တရားထူးရဖို့ ဆန္ဒရှိမယ် ရှေးဘုရင်များက တိုင်းပြည်သာဖို့ ဆန္ဒရှိမယ် မိဘများက သားသမီကောင်းစားဖို့ ဆန္ဒရှိမယ် ဆန္ဒအားလုံး သုံးသပ်ကြည့်ရင် ကောင်းကျိုးလိုလား ရှိသူများပင် ဆန္ဒနဲ့ဘဝ ထပ်တူကျက အိမ်မက်လှလှ မက်သူများဟုတင်စားနိုင်သမို့ သင့်အိမ်မက်လည်း လှနိုင်ပါစေ။ ခင်ခ